နို့သီးခေါင်းမှ အရည်ထွက်ခဲ့လျှင်
အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်နေစဉ် (သို့) နို့ချိုတိုက်ကျွေးနေစဉ်မှာတော့.. နို့ဦးရည်၊ နို့ရည်များ ထွက်လေ့ရှိပါတယ်…သို့သော် ကိုယ်ဝန်ဆောင်မိခင်(သို့) နို့တိုက်မိခင် မဟုတ်ပဲ နို့သီးခေါင်းမှ ပုံမှန်မဟုတ်သော အရည်များ ထွက်လာပါက စိုးရိမ်စရာထွက်နိုင်သလဲ တစ်ခုပါ..ဒီလိုအခါမှာ စစ်ဆေးကုသမှုတွေ ပြုလုပ်သင့်ပါတယ်…
ဒါဆို အမျိုးသမီးတစ်ယောက်ရဲ့ နို့သီးခေါင်းကနေ ဘယ်လို အရည်များ ?..
milky discharge (နို့ရည်)
နို့ရည်ထွက်သကဲ့သို့ ကိုယ်ဝန်နှောင်းပိုင်းကာလနဲ့ မီးဖွားပြီးမှာ ပရိုလက်တင် လို့ခေါ်တဲ့ နို့ရည်ထွက်မှုကို အားပေးသောဓာတ်မြင့်တက်လာပါတယ် ဒီအခါမှာ တခြား ပုံမှန်မဟုတ်သော ရောဂါများ(ဥပမာ- သားမြတ်ကင်ဆာ၊စပျစ်ခိုင်သန္ဓေသား) တွေမှာလည်း အဖြူရောင် အရည်များ ထွက်တတ်ပါတယ်..
စေးကပ်ပြီး အရောင်မျိုးစုံသော အရည်များ (multicoloured and sticky discharges)
အမျိုးသမီးတစ်ယောက်အကြောင်းရင်ဆောင်(သို့) နို့တိုက်မိခင်မဟုတ်ပဲ သားမြတ်ကြီးထွား လာတယ်.. ယောင်ရမ်းလာတတ်တယ်.. အကြောင်းရင်းမှာ သားမြတ်ထဲမှာ ရှိသော ပြွန်များ ပိတ်ဆို့တာကြောင့်ပါ.. ဒီအခါမှာ နို့သီးခေါင်းမှ ပုံမှန်မဟုတ်သော အရည်များ ထွက်တတ်ပါတယ်.. များသောအားဖြင့် အစိမ်းရောင်ရှိသော အရည်များ ဖြစ်ပါတယ်..ဒီလိုမျိုးဖြစ်ပါက သားမြတ်ကင်ဆာထိ ဖြစ်ပွားနိုင်တာမို့ သတိထားစရာပါ…
ပြည် ကဲအကျိတ်တည်ခြင်းတွေမှာ(discharge)
မီးဖွားပြီးနောက်ပိုင်း သားမြတ်ယောင်ခြင်း၊ သားမြတ်တွင်း အကျိတ်တည်ခြင်းတွေမှာ နို့သီးခေါင်းမှ ပြည်များ ထွက်တတ်ပါတယ်.. လိုအပ်သော စစ်ဆေးမှုတွေ လုပ်ရပါမယ်.. အကယ်၍များ.. မိမိမှာ ကင်ဆာ ဖြစ်ပွားနိုင်သော အကျိတ်ရှိနေပါက ခွဲစိပ်ကုသမှုများထိ ပြလုပ်ရပါမယ်..
သွေး(သို့)အနံ့နံသော အရည်များ(bloody discharges၊serous discharges )
များသောအားဖြင့် … သားမြတ်အတွင်းရှိ နို့်လမ်းကြောင်းပြွန်ထဲတွင် ကင်ဆာအဆင့် မဟုတ်သေးသော အဖုအကျိတ်များ ဖြစ်တဲ့အခါမှာ ဒီလို အရည်များထွက်တတ်ပါတယ်..ဒါ့ပြင် သားမြတ်တွင်း ကင်ဆာမဟုတ်သော အရည်အိတ်တည်ခြင်းများ၊ သားမြတ်ကင်ဆာ အရှိတာတွေမှာလဲ ထွက်နိုင်ပါတယ်.. ဒီလို သွေးကဲ့သို့သော အရည်များထွက်ပါက.. စစ်ဆေးကုသမှုများ အမြန်ဆုံး ပြုလုပ်ရပါမယ်.. ခွဲစိတ်ကုသမှု မဖြစ်မနေ ခံယူရမည်ထိ ဖြစ်နိုင်ပါတယ်..
ဒါကြောင့် အမျိုးသမီးတွေ သားမြတ်ကင်ဆာ ဖြစ်ပွားမှုကို လျော့ချရန်..
- ဆေးလိပ် အရစမ်းသပ်ကြည့်ခြင်းပါ…
- မိမိဘာသာ သားမြတ်တွင်း အလုံးအကျိတ်များ ရှိမရှိ စမ်းသပ်ကြည့်ခြင်း…
- ကိုယ်အလေးချိန် ထိန်းညှိခြင်း..
- သင့်တင့်မျှတသော အစားအသောက် စားခြင်း
- အိပ်စက်ချိန် ပုံမှန်ရှိခြင်း ကဲ့သို့သော အလေ့အကျင့်များ ထားသင့်ပါတယ်..
ကျန်းမာ လှပသော အမျိုးသမီးဘဝ ကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုပြုလျက်
Ref: NCBI
ပိုင်နီမောင်
ႏို႔သီးေခါင္းမွ အရည္ထြက္ခဲ့လ်ွင္
အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္ဝန္ေဆာင္ေနစဥ္ (သို႔) ႏို႔ခ်ိဳတိုက္ေကြၽးေနစဥ္မွာေတာ့.. ႏို႔ဦးရည္၊ ႏို႔ရည္မ်ား ထြက္ေလ့႐ွိပါတယ္...သို႔ေသာ္ ကုိယ္ဝန္ေဆာင္မိခင္(သို႔) ႏို႔တိုက္မိခင္ မဟုတ္ပဲ ႏို႔သီးေခါင္းမွ ပံုမွန္မဟုတ္ေသာ အရည္မ်ား ထြက္လာပါက စိုးရိမ္စရာထြက္ႏိုင္သလဲ တစ္ခုပါ..ဒီလိုအခါမွာ စစ္ေဆးကုသမႈေတြ ျပဳလုပ္သင့္ပါတယ္...
ဒါဆို အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ႏို႔သီးေခါင္းကေန ဘယ္လို အရည္မ်ား ?..
milky discharge (ႏို႔ရည္)
ႏို႔ရည္ထြက္သကဲ့သို႔ ကုိယ္ဝန္ေႏွာင္းပိုင္းကာလနဲ႔ မီးဖြားၿပီးမွာ ပ႐ိုလက္တင္ လို႔ေခၚတဲ့ ႏို႔ရည္ထြက္မႈကို အားေပးေသာဓာတ္ျမင့္တက္လာပါတယ္ ဒီအခါမွာ တျခား ပံုမွန္မဟုတ္ေသာ ေရာဂါမ်ား(ဥပမာ- သားျမတ္ကင္ဆာ၊စပ်စ္ခိုင္သေႏၶသား) ေတြမွာလည္း အျဖဴေရာင္ အရည္မ်ား ထြက္တတ္ပါတယ္..
ေစးကပ္ၿပီး အေရာင္မ်ိဳးစံုေသာ အရည္မ်ား (multicoloured and sticky discharges)
အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းရင္ေဆာင္(သို႔) ႏို႔တိုက္မိခင္မဟုတ္ပဲ သားျမတ္ႀကီးထြား လာတယ္.. ေယာင္ရမ္းလာတတ္တယ္.. အေၾကာင္းရင္းမွာ သားျမတ္ထဲမွာ ႐ွိေသာ ႁပြန္မ်ား ပိတ္ဆို႔တာေၾကာင့္ပါ.. ဒီအခါမွာ ႏို႔သီးေခါင္းမွ ပံုမွန္မဟုတ္ေသာ အရည္မ်ား ထြက္တတ္ပါတယ္.. မ်ားေသာအားျဖင့္ အစိမ္းေရာင္႐ွိေသာ အရည္မ်ား ျဖစ္ပါတယ္..ဒီလိုမ်ိဳးျဖစ္ပါက သားျမတ္ကင္ဆာထိ ျဖစ္ပြားႏိုင္တာမို႔ သတိထားစရာပါ...
ျပည္ ကဲအက်ိတ္တည္ျခင္းေတြမွာ(discharge)
မီးဖြားၿပီးေနာက္ပိုင္း သားျမတ္ေယာင္ျခင္း၊ သားျမတ္တြင္း အက်ိတ္တည္ျခင္းေတြမွာ ႏို႔သီးေခါင္းမွ ျပည္မ်ား ထြက္တတ္ပါတယ္.. လိုအပ္ေသာ စစ္ေဆးမႈေတြ လုပ္ရပါမယ္.. အကယ္၍မ်ား.. မိမိမွာ ကင္ဆာ ျဖစ္ပြားႏိုင္ေသာ အက်ိတ္႐ွိေနပါက ခဲြစိပ္ကုသမႈမ်ားထိ ျပလုပ္ရပါမယ္..
ေသြး(သို႔)အနံ႔နံေသာ အရည္မ်ား(bloody discharges၊serous discharges )
မ်ားေသာအားျဖင့္ ... သားျမတ္အတြင္း႐ွိ ႏို္႔လမ္းေၾကာင္းႁပြန္ထဲတြင္ ကင္ဆာအဆင့္ မဟုတ္ေသးေသာ အဖုအက်ိတ္မ်ား ျဖစ္တဲ့အခါမွာ ဒီလို အရည္မ်ားထြက္တတ္ပါတယ္..ဒါ့ျပင္ သားျမတ္တြင္း ကင္ဆာမဟုတ္ေသာ အရည္အိတ္တည္ျခင္းမ်ား၊ သားျမတ္ကင္ဆာ အ႐ွိတာေတြမွာလဲ ထြက္ႏိုင္ပါတယ္.. ဒီလို ေသြးကဲ့သို႔ေသာ အရည္မ်ားထြက္ပါက.. စစ္ေဆးကုသမႈမ်ား အျမန္ဆံုး ျပဳလုပ္ရပါမယ္.. ခဲြစိတ္ကုသမႈ မျဖစ္မေန ခံယူရမည္ထိ ျဖစ္ႏိုင္ပါတယ္..
ဒါေၾကာင့္ အမ်ဳိးသမီးေတြ သားျမတ္ကင္ဆာ ျဖစ္ပြားမႈကို ေလ်ာ့ခ်ရန္..
- ေဆးလိပ္ အရစမ္းသပ္ၾကည့္ျခင္းပါ...
- မိမိဘာသာ သားျမတ္တြင္း အလံုးအက်ိတ္မ်ား ႐ွိမ႐ွိ စမ္းသပ္ၾကည့္ျခင္း...
- ကိုယ္အေလးခ်ိန္ ထိန္းညႇိျခင္း..
- သင့္တင့္္မွ်တေသာ အစားအေသာက္ စားျခင္း
- အိပ္စက္ခ်ိန္ ပံုမွန္႐ွိျခင္း ကဲ့သို႔ေသာ အေလ့အက်င့္မ်ား ထားသင့္ပါတယ္..
က်န္းမာ လွပေသာ အမ်ိဳးသမီးဘဝ ကို ပိုင္ဆိုင္ၾကပါေစလို႔ ေတာင္းဆုျပဳလ်က္
Ref: NCBI
ပိုင္နီေမာင္