ပါဝင်သောဆေး-Al and Mg hydroxide
ဆေးပုံစံ-ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ် အက်ဆစ်အထွက်များခြင်း၊ အစာအိမ်ရောင်ခြင်း၊ ရင်ပူခြင်း၊ အစာမကြေဖြစ်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်းများ။
သုံးစွဲရန်အညွှန်း- ၁-၂ ထုပ် တစ်နေ့ ၃ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီး သောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ကျောက်ကပ်ဆေးနေရသူများ၊ ကျောက်ကပ် မကောင်းသူများ၊ အူမကြီးရောင်၍အနာဖြစ်နေသူများ၊ အူအတက်ရောင်သူများ၊ မီးမဖွားမှီ အတက်ရောဂါဖြစ်သူများ၊ ၆နှစ်အောက် ကလေးများ။
သတိပြုရမည့်အချက်များ-ကြာရှည် မသုံးသင့်ပါ။ phosphate ဓာတ်ချို့တဲ့နိုင်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ နာတာရှည်ဝမ်းလျောနေသူများ၊ ကျောက်ကပ်အားနည်းသူများ၊ ဝမ်းချုပ်သူများ၊ ဝမ်းတွင်းသွေးပါသူများ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ ဖောခြင်း၊ အရိုးထိခိုက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ- tetracycline ပိုးသတ်ဆေး၊ Digoxin နှလုံးဆေးများနှင့် တွဲမသောက်သင့်ပါ။ norfloxacin, ciprofloxacin ပိုးသတ်ဆေးများနှင့် တွဲသောက်ပါက ကျောက်ကပ်ပို၍ ထိခိုက်စေပါသည်။ mecamylamine, methenamine, Na polystyrene sulfonarte resin ဆေးများနှင့် လုံးဝတွဲမသောက်ရ။
ဒေါက်တာချို(ဆေး ၁)