All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အမာရွတ်အသစ်နှင့်အမာရွတ်အဟောင်း

1 Mins read

အမာရွတ်အသစ်နှင့်အမာရွတ်အဟောင်း

အမာရွတ်တွေကတော့ လူတိုင်းနဲ့မကင်းကြတဲ့သေရာပါအမှတ်တွေပဲဖြစ်ပါတယ်။ကလေးဘဝကဆော့ကစားမိလို့၊ဒဏ်ရာရလို့၊ချော်လဲလို့၊သူများကလုပ်လို့၊ကိုယ့်ဖာသာဖြစ်လို့ စသဖြင့်အကြောင်းပေါင်းစုံပါပဲ။ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အမာရွတ်တွေကတော့ကိုယ်နဲ့အမြဲပါသွားတော့မှာပါပဲ။တစ်ချို့အမာရွတ်တွေက လူမသိသာတဲ့နေရာမှာဖြစ်လို့ဘာမှအနှောင့်အယှက်မပေးပေမယ့် လူမြင်သူမြင်နေရာတွေမှာဖြစ်တော့ကျ အလှပျက်ရတတ်ပါတယ်။အမာရွတ်တွေဟာ မကုပဲထားရင်ဘဝတစ်လျှောက်လုံးပါသွားမှာဖြစ်ပြီး ကြာလာတာနဲ့အမျှ ကုသရတာလက်ဝင်လာနိုင်ပါတယ်။ဒါကြောင့် အမာရွတ်အသစ်ပဲဖြစ်ဖြစ်၊အဟောင်းကိုပဲဖြစ်ဖြစ် ပျောက်ကင်းစေချင်ကြတဲ့သူများအတွက် အမာရွတ်ပျောက်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အမာရွတ်အသစ်၊အဟောင်းတွေကို ဘယ်လိုဖျောက်မလဲ???

အောက်ပါနည်းလမ်းကလေးတွေကအတော့်ကိုအသုံးဝင်နိုင်မှာဖြစ်ပါတယ်-

၁။ရှားစောင်းလက်ပတ်။

-ရှားစောင်းလက်ပတ်အရည်ကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပတ်ပုံစံဖွဖွလေးစိမ့်ဝင်အောင်လိမ်းပေးပါ။

-နာရီဝက်ခန့်ထားပြီးနောက် ရေအေးအေးသန့်သန့်လေးဖြင့် ဆေးချပါ။

-တစ်ရက်ကို (၂-၃)ကြိမ် ပြုလုပ်နိုင်ပါတယ်။

၂။ဗီတာမင်အီး။

-ဗီတာမင်အီးဆေးတောင့်ထိပ်ကိုဖြတ်ပြီး အမာရွတ်တစ်ခုလုံးအုပ်မိအောင်ညှစ်ချပါ။

-၁၀ မိနစ်ခန့်ထားပြီးနောက် အမာရွတ်ဝန်းကျင်ကိုဖွဖွလေးနှိပ်ပေးပါ။

-မိနစ်(၂၀)ခန့်ထားပြီး ရေနွေးနွေးလေးဖြင့်ဆေးချပါ။

-တစ်ရက်ကို အနည်းဆုံး(၃)ကြိမ်ပြုလုပ်ပေးပါ။

၃။ပျားရည်။

-ညအိပ်ရာမဝင်မီ အမာရွတ်ပေါ်တွင် ပျားရည်ကိုအုပ်လိမ်းပေးပါ။

-ပဝါစနွေးနွေးပါးပါးလေးဖြင့် တစ်ညလုံးဖုံးအုပ်ထားပေးပါ။

-မနက်မိုးလင်းပါက ရေနွေးနွေးဖြင့်သေချာဆေးကြောပေးပါ။

-ညစဉ် ပြုလုပ်ပေးနိုင်ပါတယ်။

၄။အုန်းဆီ။

-အုန်းဆီကိုအရည်အနည်းငယ်ပျော်ပြီးနွေးအောင် အပူပေးပါ။

-အရည်နွေးနွေးဖြင့် အမာရွတ်ကိုလိမ်းကျံပြီး (၁၀)မိနစ်ခန့်နှိပ်နယ်ပေးပါ။

-(၁)နာရီခန့်ထားပြီးနောက် ရေနွေးလေးဖြင့်ဆေးကြောပေးပါ။

-တစ်ရက်ကို ၂ကြိမ်မှ ၄ကြိမ်အထိပြုလုပ်ပေးနိုင်ပါတယ်။

၅။ရှာလကာရည်။

-ရှာလကာရည်နဲ့ရေသန့်ကို စားပွဲတင်ဇွန်း ၁:၂ အချိုးဖြင့်လိုသလောက် ရောစပ်ပါ။

-ရောစပ်ထားသောအရည်ကို အမာရွတ်ပေါ်တွင်ဖွဖွလေးစိမ့်ဝင်အောင်သုတ်လိမ်းပေးပါ။

-အခြောက်ခံပြီး တစ်ညလုံးထားနိုင်ပါတယ်။

-မနက်အိပ်ရာနိုးတဲ့အခါ ရေအေးဖြင့်ဆေးချပါ။

-ညစဉ်ပြုလုပ်ပေးနိုင်ပါတယ်။

၆။သံလွင်ဆီ။

-သံလွင်ဆီကို အမာရွတ်ပေါ်မှာညင်သာစွာစက်ဝိုင်းပုံသဏ္ဏန်စိမ့်ဝင်အောင် လိမ်းပေးပါ။

-(၅)မိနစ်ခန့်ခပ်ဖွဖွနှိပ်နယ်ပြီးနောက် နာရီဝက်ခန့်ထားပါ။

-၎င်းနောက် ရေနွေးနွေးဖြင့်ဆေးချပေးပါ။

-တစ်ရက်ကို အနည်းဆုံး(၃)ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

၇။ရှောက်သီးဖျော်ရည်။

-ပထမဦးဆုံး အမာရွတ်တစ်ဝိုက်ကို သေချာစွာဆေးကြောသန့်စင်ပါ။

-ရှောက်သီးအရည်ကို အမာရွတ်အပေါ်တို့ပြီးလိမ်းကျံပေးပါ။

-(၁၀)မိနစ်ခန့်ထားပြီး ရေအေးဖြင့်ဆေးချပါ။

-နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

၈။အမာရွတ်ပျောက်ဆေးများ။

-ဈေးကွက်ထဲတွင်ပေါများစွာရှိနေသော အမာရွတ်ပျောက်ဆေးများထဲမှ အရည်အသွေးစစ်မှန်သော၊ဆရာဝန်များညွှန်ကြားသောဆေးများကို ညွှန်ကြားချက်အတိုင်းသုံးစွဲပေးနိုင်ပါတယ်။

၉။လေဆာကုထုံး။

-အထက်ပါကုသနည်းများဖြင့် မပျောက်ကင်းပါက လေဆာဖြင့်ကုသနိုင်ပါတယ်။

-လေဆာဖြင့်အမာရွတ်ကုသခြင်းဟာ နည်းလမ်းအားလုံးထဲမှာထိရောက်မှုအရှိဆုံးနည်းလမ်းလဲဖြစ်ပါတယ်။

အထက်ပါနည်းလေးတွေကတော့ အမာရွတ်အသစ်ရော အဟောင်းအတွက်ပါအသုံးဝင်မယ့်နည်းလေးတွေဖြစ်ပါတယ်။လိုက်ပါလုပ်ဆောင်ခြင်းဖြင့် အထိုက်အလျောက်အကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်။

အမာရွတ်ကင်းစင်၍ လှပချောမွေ့နိုင်ကြပါစေ။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…