ထပ်မံပေါ်ပေါက်လာတဲ့ ကူးစက်မှု အမြန်ဆုံး Covid မျိုးစိတ်သစ် Omicron
WHOက အတည်ပြု ထားတဲ့ ယခင် ကိုဗစ် ထက် ပိုမို ကူးစက်ပြန့်ပွားလွယ်တဲ့ မျိုးစိတ်သစ် တမျိုးဟာ တောင်အာဖရိက မှ စပြီး စတင်ကူးစက်ပေါ်ပေါက်လာပြီး အထူးစိုးရိမ်ဖွယ်ရှိနေကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ ကိုဗစ် မျိုးစိတ်သစ်ဟာ စိုးရိမ်စရာကောင်းတဲ့ Gene ပြောင်းလဲမှုတွေ မြောက်များစွာရှိကြောင်းနဲ့ အထောက်အထားများ လေ့လာတွေ့ရှိမှုများအရ ပြန်လည် ကူးစက်လာနိုင်ခြေ တိုးလာနိုင်ကြောင်းကိုလည်း WHO အဖွဲ့အစည်းက အတည်ပြုပြောကြားထားပြီး မျိုးစိတ်သစ် B.1.1.529 ကို Omicron လို့ နာမည်ပေးခေါ်ဆိုထားပါတယ်။
Omicron ရဲ့ မျိုးစိတ်သစ်အကြောင်းနဲ့ Virus မျိုးကွဲအသစ်ရဲ့ အကျိုးသက်ရောက်မှုများကို ပိုမိုလေ့လာသိရှိနိုင်ရန် ရက်သတ္တပတ်ခန့်ကြာနိုင်ပါတယ် လို့ WHO ကခန့်မှန်းပြောဆိုထားပါတယ်။
ယခင် Delta ထက် အဆ ၅၀၀ ကူးစက်မြန်ပြီး ကာကွယ်ဆေးမတိုးနိုင်သည့် အန္တရာယ် ရှိနိုင်ကြောင်းကို နိုင်ငံတကာ သတင်းအများစုက ဖော်ပြထားပါတယ်။
လက်ရှိတွင် ကာကွယ်ဆေး တိုး မတိုး စမ်းသပ်လုပ်ဆောင်နေကြပီး တစ်ကမ္ဘာလုံး စိုးရိမ်ပူပန်မှုအလွန်မြင့်တက် နေကြပါတယ်။ မိမိကိုယ်ကိုယ် ကာကွယ်ဖို့
လက်ခဏခဏဆေး
လူစုလူဝေးကိုရှောင်
Mask တပ်ပြီး ကျန်းမာရေးနဲ့ အညီ ဆက်လက် ကာကွယ်နေထိုင်ကြဖို့ သတိပေးမျှဝေတိုက်တွန်းလိုက်ပါတယ်နော်။
မြန်မာပြည်သူ၊ပြည်သား အပေါင်း ကပ်ရောဂါဘေး အမျိုးမျိုးမှ ကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေ။
” တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”myDoctor ရဲ့ Telemedicine App ဖြင့် ဆရာဝန် များမှကျန်းမာရေး စောင့်ရှောက်မှုများကို Online-Care, Home-Care, LAB Services အနေဖြင့် ကူညီစောင့်ရှောက်မှုများ ရယူနိုင်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုနှင့် မေးမြန်းစုံစမ်းရန် Customer Service => 09-977 835 686 (or) Page Messenger တွင် ဆက်သွယ်ရန်ဖုန်းနံပတ် ချန်ထားခဲ့ခြင်းဖြင့် ဝန်ဆောင်များရယူလိုက်ပါ။