ခေတ်မှီမိန်းကလေးများရွေးချယ်စရာ၊ ခေတ်မှီသားဆက်ခြားနည်းအဖြာဖြာ
မိန်းကလေးဘဝမှာ ရွေးချယ်စရာတွေ အလွန်များပြားပါတယ်။ တစ်ကိုယ်ရေ လစဉ်သုံးပစ္စည်းကအစ အဝတ်အထည်၊ အလှကုန်အဆုံးကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်ကြ ရပါတယ်။ အိမ်ထောင်ကျလာတဲ့အခါကြတော့လည်း မိမိနဲ့အဆင်ပြေတဲ့ ကိုယ်ဝန်တားနည်းတွေကို ဆရာဝန်နဲ့ဖြစ်စေ ဆွေမျိုးသူငယ်ချင်းများနှင့်ဖြစ်စေ တိုင်ပင်ရွေးချယ်ကြရပါသေးတယ်။
ရွေးချယ်တဲ့နေရာမှာ မိမိအနေနဲ့ ကိုယ်ဝန်တားနည်း စုံစုံလင်လင် သိထားတော့ ရွေး ချယ်ရာမှာ ပိုအဆင်ပြေမှာမို့ ခေတ်ပေါ်ကိုယ်ဝန်တားနည်းအသစ်များကိုဖော်ပြလိုက်ပါတယ်။
ရေတိုတားမှာလား? ရေရှည်တားမှာလား အရင်စဉ်းစားပါ။
ရေတို ကိုယ်ဝန်တားနည်းတွေကတော့
၁) သောက်ဆေး
သောက်ဆေးတွေမှာတော့ တစ်လတစ်ခါ ရာသီလာစေပါတယ်။ ဆေးရပ်လျှင်ရပ်ခြင်း ကလေးရနိုင်ပါတယ်။ ဆေးအနေနဲ့ကတော့… Marvellon 28; Lydia; Microgynon; Ok pill; စိတ်ချ စတဲ့နာမည်တွေနဲ့ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ နို့တိုက်မိခင်တွေအတွက်တော့ Exluton နာမည်နဲ့ဝယ်ယူနိုင်ပါတယ်။
၂) ထိုးဆေး
၃လဆေးလို့ လူသိများကြပါတယ်။ ရာသီမလာတတ်ပါဘူး။ ဆေးဖြတ်ပြီးအတန်ကြာမှ ကလေးရတာမျိုး ရှိနိုင်ပါတယ်။
၃) မိန်းမကိုယ်ထဲထည့်ရတဲ့ကွင်း( Vaginal Ring)
မိန်းမကိုယ်ထဲထည့်ရတဲ့ ကွင်းအပျော့လေးပါ။ တစ်လတစ်ခါ ထည့်ပေးခြင်းဖြင့် ကိုယ်ဝန်ရတာကိုတားဆီးပေးပါတယ်။ ဒါကိုထည့်ထားပေးရင် ရာသီပုံမှန်လာတယ်ဆိုပေမယ့် Vaginal Ring အသွင်းအထုတ်ကိုတော့ မိမိဘာသာပြုလုပ်ရမှာဖြစ်ပါတယ်
၄) ကိုယ်ဝန်တားနိုင်သော အာနိသင်ရှိကပ်ခွာလေးများ ( Contraceptive Patch)
သူကတော့ ကိုယ်ခန္တာမှာကပ်လို့ရတဲ့ ကပ်ခွာအသေးလေးတွေပါ။ ကပ်ခွာလေးတွေမှာတော့ တားဆေးတွေမှာပါလေ့ရှိတဲ့ Oestrogen, Progestrone ပါဝင်ပြီး ကိုယ်ဝန်တားပေတဲ့ အာနိသင်ရ စေပါတယ်။ တားဆေး သောက်ရင်ဖြစ်လေ့ရှိတဲ့ ခေါင်းမူး၊ခေါင်းကိုက်တာတွေတော့ ခံစားရနိုင် ချေရှိပါတယ်။ ဒါပေမယ့် ဆေးသောက်မေ့မှာမပူရတော့သလို။ ဆေးထိုးသလို နာမှာလည်းမပူရတော့ပါဘူး။ ကပ်ခွာတစ်ခုကို တစ်ပတ်ခံလေ့ရှိပြီး တစ်ပတ်တစ်ခါ ၃ပတ် ဆက်တိုက်ကပ်ပေးရပါတယ်။ ၄ပတ်မြောက်မှာောတ့ မကပ်ဘဲ ရာသီလာတာကို စောင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မရနိုင်သေးဘူးလို့ သိထားပါတယ်။
၅) သားအိမ်ခေါင်းဖုံး ဦးထုပ် (Diaphragm)
သားအိမ်ခေါင်းအဝမှာ ဦးထုတ်လေးကဲ့သို့ အမျိုးသားသုတ်ပိုးဝင်ခြင်းကိုတားဆီးပေးမှာဖြစ်ပါတယ်။ ၉၄% ထိ ကိုယ်ဝန်တားနိုင်ပါတယ်။
ရေရှည်နည်းလမ်းတွေဆိုရင်တော့
၆) သားအိမ်တွင်းထည့် သားဆက်ခြားနည်း( IUD)
နောက်ပိုင်းနှစ်တွေမှာ ဟော်မုန်းဘေးထွက်ဆိုးကျိုး မခံစားခြင်သူတွေ သုံးကြတဲ့ပစ္စည်းလေးပါ။ ကျွမ်းကျင်တဲ့ ဆရာဝန်က သားအိမ်ထဲ ပစ္စည်းလေးထည့်ေ့ပးထားမယ်ဆိုရင် ၅နှစ်မှ ၁၀နှစ်ထိ ကိုယ်ဝန်တားစေတဲ့ အာနိသင်ပေးပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ရာသီများတာမျိုးဖြစ်နိုင်ပါတယ်။ ရာသီများတတ်တဲ့ အမျိုးသမီးတွေ အတွက်တော့Progestrone Hormone ပါတဲ့ Mirena လို့ခေါ်တဲ့ IUD ကိုထည့်လို့ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ထည့်နိုင်ပါတယ်။
၇)လက်မောင်းတွင်းထည့်သားဆက်ခြားနည်း
လက်မောင်းတွင်းကို ဟော်မုန်းပါတဲ့ အချောင်းအပျော့လေးထည့်ပေးတာဖြစ်ပါတယ်။ ၃နှစ်တာရှည်ခံတာရှိသလို ၅နှစ်တာရှည်ခံတာလည်းရှိပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်မှ လက်မောင်းအရေပြားအောက်သို့ ထုံဆေးထိုးပြီးထည့်ပေးမှာဖြစ်ပါတယ်။ ရာသီ ပုံမှန်လာတာလည်းဖြစ်နိုင်သလို ရာသီမလာတာလည်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လက်မောင်းတွင်းသားဆက်ခြားနည်း လုပ်ဆောင်နိုင်ပါတယ်။
ဒါဆို ခေတ်မှီသူတိုင်းသိကြတဲ့ သားဆက်ခြားနည်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေတာရွေးချယ်နိုင်ကြပါစေ။
မယ်တင်( ဆေး ၁)
ေခတ္မွီမိန္းကေလးမ်ားေရြးခ်ယ္စရာ၊ ေခတ္မွီသားဆက္ျခားနည္းအျဖာျဖာ
မိန္းကေလးဘဝမွာ ေရြးခ်ယ္စရာေတြ အလြန္မ်ားျပားပါတယ္။ တစ္ကိုယ္ေရ လစဥ္သံုးပစၥည္းကအစ အဝတ္အထည္၊ အလွကုန္အဆံုးကိုယ္နဲ႔အဆင္ေျပရာကို ေရြးခ်ယ္ၾက ရပါတယ္။ အိမ္ေထာင္က်လာတဲ့အခါၾကေတာ့လည္း မိမိနဲ႔အဆင္ေျပတဲ့ ကိုယ္ဝန္တားနည္းေတြကို ဆရာဝန္နဲ႔ျဖစ္ေစ ေဆြမ်ိဳးသူငယ္ခ်င္းမ်ားႏွင့္ျဖစ္ေစ တိုင္ပင္ေရြးခ်ယ္ၾကရပါေသးတယ္။
ေရြးခ်ယ္တဲ့ေနရာမွာ မိမိအေနနဲ႔ ကိုယ္ဝန္တားနည္း စံုစံုလင္လင္ သိထားေတာ့ ေရြး ခ်ယ္ရာမွာ ပိုအဆင္ေျပမွာမို႔ ေခတ္ေပၚကို္ယ္ဝန္တားနည္းအသစ္မ်ားကိုေဖာ္ျပလိုက္ပါတယ္။
ေရတိုတားမွာလား? ေရရွည္တားမွာလား အရင္စဥ္းစားပါ။
ေရတို ကိုယ္ဝန္တားနည္းေတြကေတာ့
၁) ေသာက္ေဆး
ေသာက္ေဆးေတြမွာေတာ့ တစ္လတစ္ခါ ရာသီလာေစပါတယ္။ ေဆးရပ္လၽွင္ရပ္ျခင္း ကေလးရႏိုင္ပါတယ္။ ေဆးအေနနဲ႔ကေတာ့... Marvellon 28; Lydia; Microgynon; Ok pill; စိတ္ခ် စတဲ့နာမည္ေတြနဲ႔ အလြယ္တကူဝယ္ယူႏိုင္ပါတယ္။ ႏို႔တိုက္မိခင္ေတြအတြက္ေတာ့ Exluton နာမည္နဲ႔ဝယ္ယူႏိုင္ပါတယ္။
၂) ထိုးေဆး
၃လေဆးလို႔ လူသိမ်ားၾကပါတယ္။ ရာသီမလာတတ္ပါဘူး။ ေဆးျဖတ္ၿပီးအတန္ၾကာမွ ကေလးရတာမ်ိဳး ရွိႏိုင္ပါတယ္။
၃) မိန္းမကိုယ္ထဲထည့္ရတဲ့ကြင္း( Vaginal Ring)
မိန္းမကိုယ္ထဲထည့္ရတဲ့ ကြင္းအေပ်ာ့ေလးပါ။ တစ္လတစ္ခါ ထည့္ေပးျခင္းျဖင့္ ကိုယ္ဝန္ရတာကိုတားဆီးေပးပါတယ္။ ဒါကိုထည့္ထားေပးရင္ ရာသီပံုမွန္လာတယ္ဆိုေပမယ့္ Vaginal Ring အသြင္းအထုတ္ကိုေတာ့ မိမိဘာသာျပဳလုပ္ရမွာျဖစ္ပါတယ္
၄) ကိုယ္ဝန္တားႏိုင္ေသာ အာနိသင္ရွိကပ္ခြာေလးမ်ား ( Contraceptive Patch)
သူကေတာ့ ကို္ယ္ခနၱာမွာကပ္လို႔ရတဲ့ ကပ္ခြာအေသးေလးေတြပါ။ ကပ္ခြာေလးေတြမွာေတာ့ တားေဆးေတြမွာပါေလ့ရွိတဲ့ Oestrogen, Progestrone ပါဝင္ၿပီး ကိုယ္ဝန္တားေပတဲ့ အာနိသင္ရ ေစပါတယ္။ တားေဆး ေသာက္ရင္ျဖစ္ေလ့ရွိတဲ့ ေခါင္းမူး၊ေခါင္းကိုက္တာေတြေတာ့ ခံစားရႏိုင္ ေခ်ရွိပါတယ္။ ဒါေပမယ့္ ေဆးေသာက္ေမ့မွာမပူရေတာ့သလို။ ေဆးထိုးသလို နာမွာလည္းမပူရေတာ့ပါဘူး။ ကပ္ခြာတစ္ခုကို တစ္ပတ္ခံေလ့ရွိၿပီး တစ္ပတ္တစ္ခါ ၃ပတ္ ဆက္တိုက္ကပ္ေပးရပါတယ္။ ၄ပတ္ေျမာက္မွာောတ့ မကပ္ဘဲ ရာသီလာတာကို ေစာင့္ရမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ မရႏိုင္ေသးဘူးလို႔ သိထားပါတယ္။
၅) သားအိမ္ေခါင္းဖံုး ဦးထုပ္ (Diaphragm)
သားအိမ္ေခါင္းအဝမွာ ဦးထုတ္ေလးကဲ့သို႔ အမ်ိဳးသားသုတ္ပိုးဝင္ျခင္းကိိုတားဆီးေပးမွာျဖစ္ပါတယ္။ ၉၄% ထိ ကိုယ္ဝန္တားႏိုင္ပါတယ္။
ေရရွည္နည္းလမ္းေတြဆိုရင္ေတာ့
၆) သားအိမ္တြင္းထည့္ သားဆက္ျခားနည္း( IUD)
ေနာက္ပိုင္းႏွစ္ေတြမွာ ေဟာ္မုန္းေဘးထြက္ဆိုးက်ိဳး မခံစားျခင္သူေတြ သံုးၾကတဲ့ပစၥည္းေလးပါ။ ကၽြမ္းက်င္တဲ့ ဆရာဝန္က သားအိမ္ထဲ ပစၥည္းေလးထည့္ေ့ပးထားမယ္ဆိုရင္ ၅ႏွစ္မွ ၁၀ႏွစ္ထိ ကိုယ္ဝန္တားေစတဲ့ အာနိသင္ေပးပါတယ္။
ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ေတာ့ ရာသီမ်ားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ရာသီမ်ားတတ္တဲ့ အမ်ိဳးသမီးေတြ အတြက္ေတာ့Progestrone Hormone ပါတဲ့ Mirena လို႔ေခၚတဲ့ IUD ကိုထည့္လို႔ရႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ထည့္ႏိုင္ပါတယ္။
၇)လက္ေမာင္းတြင္းထည့္သားဆက္ျခားနည္း
လက္ေမာင္းတြင္းကို ေဟာ္မုန္းပါတဲ့ အေခ်ာင္းအေပ်ာ့ေလးထည့္ေပးတာျဖစ္ပါတယ္။ ၃ႏွစ္တာရွည္ခံတာရွိသလို ၅ႏွစ္တာရွည္ခံတာလည္းရွိပါတယ္။ ကၽြမ္းက်င္တဲ့ဆရာဝန္မွ လက္ေမာင္းအေရျပားေအာက္သို႔ ထံုေဆးထိုးၿပီးထည့္ေပးမွာျဖစ္ပါတယ္။ ရာသီ ပံုမွန္လာတာလည္းျဖစ္ႏိုင္သလို ရာသီမလာတာလည္းျဖစ္ႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာ လက္ေမာင္းတြင္းသားဆက္ျခားနည္း လုပ္ေဆာင္ႏိုင္ပါတယ္။
ဒါဆို ေခတ္မွီသူတိုင္းသိၾကတဲ့ သားဆက္ျခားနည္းေလးေတြထဲက ကိုယ္နဲ႔အဆင္ေျပတာေရြးခ်ယ္ႏိုင္ၾကပါေစ။
မယ္တင္( ေဆး ၁)