Nephrotic syndrome ဆိုတာ ကျောက်ကပ်ထဲကဆန်ကာပေါက်သဖွယ် စစ်ထုတ်လုပ်ဆောင်ပေးတဲ့သွေးကြောအစုအဝေးတွေ ထိခိုက်တဲ့အတွက်ဖြစ်လာရတဲ့ လက္ခဏာအစုအဝေးကိုခေါ်ပါတယ်။ဆန်ကာပေါက်လေးတွေ ပျက်စီးယိုယွင်းတဲ့အခါ Protein ခေါ် အသားဓာတ်များကို ဆယ်ယူနိုင်ခြင်းမရှိတော့တဲ့အတွက် ဆီးထဲမှာ စွန့်ထုတ်ခြင်းဖြင့် ဆုံးရှုံးခြင်းကြောင့် ဒီရောဂါစုဖြစ်ပေါ်လာရပါတယ်။
ဘယ်လိုလူတွေမှာဖြစ်တတ်သလဲ?
အသက်အရွယ်ကျားမ မရွေးဖြစ်နိုင်ပါတယ်။အထူးသဖြင့် ဆီးချိုရောဂါ SLE ခေါ် အရေပြားလေးဘက်နာရောဂါ နဲ့အခြားသော ကျောက်ကပ်ရောဂါရှိသူတွေ အကိုက်အခဲပျောက်ဆေးတွေကို ကြာရှည်စွာသောက်သုံးရသူတွေနဲ့ HIV အသည်းရောင်အသားဝါ B ပိုး C ပိုးနဲ့ ငှက်ဖျားရောဂါဖြစ်နေသူတွေမှာ အဖြစ်များတွေ့ရပါတယ်။
ဘယ်လိုလက္ခဏာတွေပြတတ်သလဲ?
- ခန္ဓာကိုယ်တစ်ခုလုံး ဖောရောင်ခြင်း အထူးသဖြင့် မျက်လုံးမျက်နှာတစ်ဝိုက်
- ဆီးအမြှုပ်ထခြင်း
- ကိုယ်အလေးချိန်တိုးလာခြင်း
- မောပန်းလွယ်ခြင်း
- ခံတွင်းပျက်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။
နောက်ဆက်တွဲ ဘာဆိုးကျိုးတွေဖြစ်နိုင်သလဲ?
- သွေးခဲခြင်း
- သွေးတွင်းမှာ မကောင်းသောအဆီဓာတ်များပြားခြင်း
- အသားဓာတ်များဆီးထဲမှာ ဆုံးရှုံးရသည့်အတွက် အာဟာရချို့တဲ့ခြင်း
- သွေးအားနည်းခြင်း
- ကျောက်ကပ်ဆိပ်များစုပုံလာခြင်းကြောင့် သွေးပေါင်တက်ခြင်း
- ရုတ်တရက်ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါစွဲကပ်ခြင်း
- ကူးစက်ရောဂါပိုးများဝင်လွယ်ခြင်းတို့ဖြစ်နိုင်ပါတယ်။
ကုသနည်းအနေနဲ့ကတော့ ဖြစ်ပေါ်ရတဲ့အကြောင်းရင်းကိုလိုက်ပြီးကွာခြားတာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။
Ref;https://www.google.com/url…
Dr.ပွင့်ဖြိုးကျော်
Nephrotic syndrome ဆိုတာ ေက်ာက္ကပ္ထဲကဆန္ကာေပါက္သဖြယ္ စစ္ထုတ္လုပ္ေဆာင္ေပးတဲ႔ေသြးေၾကာအစုအေဝးေတြ ထိခိုက္တဲ့အတြက္ျဖစ္လာရတဲ႔ လကၡဏာအစုအေဝးကိုေခၚပါတယ္။ဆန္ကာေပါက္ေလးေတြ ပ်က္စီးယိုယြင္းတဲ႔အခါ Protein ေခၚ အသားဓာတ္မ်ားကို ဆယ္ယူနိုင္ျခင္းမရွိေတာ့တဲ႔အတြက္ ဆီးထဲမွာ စြန္႔ထုတ္ျခင္းျဖင့္ ဆံုးရႈံးျခင္းေၾကာင့္ ဒီေရာဂါစုျဖစ္ေပၚလာရပါတယ္။
ဘယ္လိုလူေတြမွာျဖစ္တတ္သလဲ?
အသက္အရြယ္က်ားမ မေရြးျဖစ္နို္င္ပါတယ္။အထူးသျဖင့္ ဆီးခ်ိဳေရာဂါ SLE ေခၚ အေရျပားေလးဘက္နာေရာဂါ နဲ႔အျခားေသာ ေက်ာက္ကပ္ေရာဂါရွိသူေတြ အကို္က္အခဲေပ်ာက္ေဆးေတြကို ၾကာရွည္စြာေသာက္သံုးရသူေတြနဲ႔ HIV အသည္းေရာင္အသားဝါ B ပိုး C ပိုးနဲ႔ ငွက္ဖ်ားေရာဂါျဖစ္ေနသူေတြမွာ အျဖစ္မ်ားေတြ႕ရပါတယ္။
ဘယ္လိုလကၡဏာေတြျပတတ္သလဲ?
- ခႏၶာကိုယ္တစ္ခုလံုး ေဖာေရာင္ျခင္း အထူးသျဖင့္ မ်က္လံုးမ်က္ႏွာတစ္ဝိုက္
- ဆီးအျမွဳပ္ထျခင္း
- ကိုယ္အေလးခ်ိန္တိုးလာျခင္း
- ေမာပန္းလြယ္ျခင္း
- ခံတြင္းပ်က္ျခင္းတို႔ကိုခံစားရႏိုင္ပါတယ္။
ေနာက္ဆက္တြဲ ဘာဆိုးက်ိဳးေတြျဖစ္ႏိုင္သလဲ?
- ေသြးခဲျခင္း
- ေသြးတြင္းမွာ မေကာင္းေသာအဆီဓာတ္မ်ားျပားျခင္း
- အသားဓာတ္မ်ားဆီးထဲမွာ ဆံုးရႈံးရသည့္အတြက္ အာဟာရခ်ိဳ႕တဲ႔ျခင္း
- ေသြးအားနည္းျခင္း
- ေက်ာက္ကပ္ဆိပ္မ်ားစုပံုလာျခင္းေၾကာင့္ ေသြးေပါင္တက္ျခင္း
- ရုတ္တရက္ေက်ာက္ကပ္ထိခိုက္ပ်က္စီးျခင္း
- နာတာရွည္ေက်ာက္ကပ္ေရာဂါစြဲကပ္ျခင္း
- ကူးစက္ေရာဂါပိုးမ်ားဝင္လြယ္ျခင္းတို႕ျဖစ္ႏိုင္ပါတယ္။
ကုသနည္းအေနနဲ႔ကေတာ့ ျဖစ္ေပၚရတဲ႔အေၾကာင္းရင္းကိုိုလိုက္ျပီးကြာျခားတာျဖစ္တဲ့အတြက္ ဆရာဝန္နဲ႔ျပသတိုင္ပင္သင့္ပါတယ္။
Ref;https://www.google.com/url…
Dr.ပြင့္ျဖိဳးေက်ာ္