ပါဝင်သောဆေး-alpha amylase, papain, simethicone၊
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-လေပွခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အစာစားပြီး ရင်ခေါင်းတောင့်ခြင်း၊ ကလေးများ ဝမ်းပျော့ခြင်း၊ အာဟာရချို့တဲ့သော ကလေးများ။
သုံးစွဲရန်အညွှန်း- ၁ လုံး တစ်နေ့ ၂ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ မုန့်ချိုအိတ်ရောင်နေသူများနှင့် နာတာရှည် မုန့်ချိုအိတ်ရောဂါများ။
သတိပြုရမည့်အချက်များ-ဆေးများစွာ သောက်သုံးမိပါက ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း။
ဘေးထွက်ဆိုးကျိုး-အစာအိမ်နှင့် အူလမ်းကြောင်း မအီမသာဖြစ်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အစာအိမ် အက်ဆစ်လျော့စေသောဆေးများနှင့် ဓာတ်ပြုမှုများရှိတတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)