All Articlesအခြားရောဂါများအထွေထွေရောဂါများ

သင်သုံးနေကြ ပါရာစီတမောဆေး နှင့် ပတ်သတ်ပြီး မသိမဖြစ်အချက်များ

1 Mins read

သင်သုံးနေကြ ပါရာစီတမောဆေး နှင့် ပတ်သတ်ပြီး မသိမဖြစ်အချက်များ

ခုကာလ ဟာ တုပ်ကွေးရာသီပါ မဖျားတဲ့သူ ဆိုတာ လက်ချိုးရေလို့ ရလောက်အောင် ဖျားနေကြတာ အရမ်းပါပဲ ဖျားတာ ခေါင်းကိုက် နာကျင်တာ တွေအတွက် ဆေးခန်းကို မပြသေးခင် ပါရာစီတမော့ လေးသောက်တတ်ကြပါတယ် အိမ်တိုက်းလည်း ဆောင်ထားလေ့ရှိတော့ တော်ရုံတန်ရုံဆို ပါရာစီတမော့လေး သောက် နားနေလေ့ရှိကြပါတယ် ဒါပေမယ့် သူများသောက်လို့ သူများပြောလို့ ဆေးဆိုင်ကပေးလို့သာသောက်နေကြပေမယ့် ပါရာစီတမော့ အကြောင်း သေချာသိသူ ရှားပါတယ် အဲလိုတွေကြောင့် စာဖတ်သူတို့ သောက်နေကြ ပါရာစီတမော့ ရဲ့ အသုံးဝင်ပုံတွေ နှင့် ကိုယ်ပူ ဖျားနာခြင်း အကြောင်းကို ရေးသားပေးလိုက်ပါတယ်နော်။

ဆေးရဲ့ အသုံးဝင်ပုံတွေ ဆရာဝန်ညွှန်ကြားချက်မလိုသောဆေးပါ သောက်လို့တော်တော်များများ ဘေးဥပါဒ်မရှိပါဘူး ကိုယ်ဝန်ဆောင် နို့တိုက်မိခင်နှင့် ကလေးတွေမှာပါ သောက်လို့ရပါတယ် ဆေးက ကိုက်ခဲတာ ဖျားတာ တွေအတွက် သောက်လို့ရပါတယ် ရောင်ရမ်းတာကို သက်သာစေသော အာနိသင်တော့မပါပါဘူး ခြွင်းချက်က အသည်းရောဂါသမားတွေ အရင်ကဓါတ်မတည့်ဖူးသူတွေ တီဘီဆေး အတတ်ရောဂါဆေးသောက်နေသူတွေ အရက်သမားတွေကတော့ မသောက်ခင် ဆရာဝန် နဲ့ပြသရပါမယ် ဆေးကို ပမာဏ မှန်မှန်သောက်ဖို့ ကလိုအပ်ပါတယ် ဆေးကို တမင်ရည်ရွယ် လို့ပဲဖြစ်ဖြစ် ပမာဏများကာ အသဲပျက်စီးသွားသူတွေက ကမ္ဘာတဝန်း အများကြီး နေ့စဉ်ဖြစ်ပွားနေပါတယ် ဒါကြောင့် ဆေးကို ပမာဏမှန်မှန်သောက်ဖို့လိုပါတယ်။

တစ်နေ့ကို ဆေး၆လုံးအထက်သောက်သူတွေ တစ့်နေ့ကို ငါးကြိမ်အထက် တိုက်နေရတဲ့ ကလေးတွေ အသည်းရောဂါသမားတွေဟာ ဆေးများအဆိပ်သင့်နိုင်တာမို့ ဂရုပြုဖို့လိုပါတယ် ဒါကြောင့် ဆေးကိုစမသောက်ခင်မှာ အမြဲတမ်း ဆေးအိတ်ကို စစ်ကာ ပမာဏမှန် မမှန် စစ်ဆေးဖို့လိုပါတယ် ကလေးတွေအတွက်ဆေးခန်းကို သေချာ ပြသ ဆေးပမာဏ တွက်ဖို့လိုပါတယ် မပြင်းထန်သော ကိုက်ခဲနာကျင်မှု အတွက်လည်း ပါရာစီတမော့ ဟာ အလွန်ကောင်းပါတယ် ဒါပေမယ့် နာတာက ၃ပတ်ကျော်လာခြင်း နာကျင်တာကနေ စိတ်ဖိစီး လာခြင်း ကိုက်ခဲ နာကြင်လို့ နိုးလာခြင်း နေ့စဉ်ပုံမှန်အလုပ်တွေမလုပ်နိုင်ခြင်းတွေရှိလာပါက ဆေးခန်းပြဖို့ လိုပါတယ် ကျန်သော နာကျင်မှုတွေကတော့ အနားယူ ဆေးသောက်လိုက်ရင် သက်သာစေနိုင်ပါတယ် နောက်ဆက်ပြီး ဖျားနာတာနှင့် ပါရာစီတမော့အကြောင်းဆက်ဖော်ပြလိုက်ပါတယ် လူတယောက်ဖျားးနေကြောင်း သိနိုင်မယ့် အချက်လေးများ လူကြီးတယောက်ဖျားနေရင်အောက်ပါတို့ ဖြစ်လာပါမယ်။

၁ ခေါင်းတွေကိုက်လာမယ်

၂ နဖူးက အဓိက ပူလာပြီး မျက်ရည်ပူတွေကျလါမယ်

၃ ချမ်းလာမယ် ကြွက်သားတွေ ညောင်းလာကိုက်မယ်

၄ နုန်းချိပြီး အစားအသောက်ပျက်လာပါမယ်

လူကြီးက ဖျားတာ နာတာကို သိနိုင်ပေမယ့် ကလေးလေးတွေဖျားတာ မဖျားတာက သိဖို့ က ဒါလေးတွေ သင့်ကလေး ဖြစ်မဖြစ် ကြည့်နေဖို့လိုပါတယ်။ ကလေးဖျားနေပြီဆို …

၁ ပို ဂျီကျလါလေ့ရှိပါတယ်

၂ တခါတလေ နုန်းချိ မှိန်းနေတတ်တယ်

၃ နို့တိုက်လို့ မသောက်တာ အစားမစားတာတွေဖြစ်လါ ပါတယ်

၄ အသက်ရှုမြန်တာ အသက်ရှုပုံမမှန်တာတွေရှိလာပါတယ်

အဲလိုဆိုရင်တော့ ဆေးခန်းဆေးရုံပြေးဖို့လိုပါတယ် ဒါလေးတွေကတော့ ကလေးလေးတွေ ဖျားရင် ဖြစ်တတ်တာလေးတွေပါ အဖျားကျအောင် ဘယ်လိုလုပ်မလဲ အရေးအကြီးဆုံးသိရမှာက ဖျားတာကရောဂါမဟုတ်ပါ ရောဂါတခုရဲ့ လက္ခဏာပါ ဥပမာ တုပ်ကွေး ပိုး ကြောင့် ဖျားတာ ငှက်ဖျားပိုးကြောင့် ဖျားတာ စသည်ဖြင့် ပါ ဖျားတာဟာ လူကိုယ်ထဲ ရောဂါ ပိုးတခုခု ဝင်လာပြီဆို alarmပေးတဲ့ လက္ခဏာပါ ဒါကြောင့် ဖိားပြီဆိုမကြောက်ပါနဲ့ အဖျားကျအောင် ဒါလေးတွေလုပ်ပါ ပထမ ဦးစွာ အဖျားကျဆေး ပါရာစီတမော သောက်ပေးပါ လူကြီးအတွက် ၅၀၀မီလီဂရမ်ကနေ ၁ ဂရမ်ထိသောက်လို့ရပါတယ် ကလေးအတွက်က တော့ ဆရာဝန်ညွှန်ကြားတဲ့ ပမာဏသောက်လို့ရပါတယ် ပါရာစီတမော့ ဆေးဟာ ဈေးကွက်ထဲ လွယ်လွယ်ကူကူရနိုင်ပါတယ် မတည့်တာလည်းနည်းပါတယ် ဒါကြောင့် သင်ဖျားပြီ ဆိုတာနဲ့ ပါရာစီတမော့ လေးကို အစာလေးတစ်ခုခုစားပြီး စသောက်ပါ ဆေးက အာနိသင်ပြဖို့ တစ်နာရီလောက်ကြာတတ်ပါတယ် ဒီကြားထဲ နားနားနေနေနေပါ လှုပ်ရှားမှုများလေလေ ပိုဖျားလေလေပါ နောက်တစ်ခုက ရေများများသောက်ပါ အထက်ပါအကြောင်းလေးတွေက လူအများ လွယ်ကူစွာပြုလုပ်နိုင်သော အိမ်တိုင်းဆောင်ထားသင့်တဲ့ ပါရာစီတမော့ ဆေးအကြောင်းဖြစ်ပါတယ်

မေတ္တာဖြင့် ဒေါက်တာ လင်း မိသားစုဆေးပညာ

သင္သံုးေနျက ပါရာစီတေမာေဆး နွင့္ ပတ္သတ္ျပီး မသိမျဖစ္အခ်က္မ်ား

ခုကာလ ဟာ တုပ္ေကြးရာသီပါ မဖ်ားတဲ႕သူ ဆိုတာ လက္ခ်ိဳးေရလို့ ရေလာက္ေအာင္ ဖ်ားေနျကတာ အရမ္းပါပဲ ဖ်ားတာ ေခါင္းကိုက္ နာက်င္တာ ေတြအတြက္ ေဆးခန္းကို မျပေသးခင္ ပါရာစီတေမာ့ ေလးေသာက္တတ္ျကပါတယ္ အိမ္တိုက္းလည္း ေဆာင္ထားေလ့ရွိေတာ့ ေတာ္ရံုတန္ရံုဆို ပါရာစီတေမာ့ေလး ေသာက္ နားေနေလ့ရွိျကပါတယ္ ဒါေပမယ့္ သူမ်ားေသာက္လို့ သူမ်ားေျပာလို့ ေဆးဆိုင္ကေပးလို့သာေသာက္ေနျကေပမယ့္ ပါရာစီတေမာ့ အေျကာင္း ေသခ်ာသိသူ ရွားပါတယ္ အဲလိုေတြေျကာင့္ စာဖတ္သူတို့ ေသာက္ေနျက ပါရာစီတေမာ့ ရဲ႕ အသံုးဝင္ပံုေတြ နွင့္ ကိုယ္ပူ ဖ်ားနာျခင္း အေျကာင္းကို ေရးသားေပးလိုက္ပါတယ္ေနာ္။

ေဆးရဲ႕ အသံုးဝင္ပံုေတြ ဆရာဝန္ညႊန္ျကားခ်က္မလိုေသာေဆးပါ ေသာက္လို့ေတာ္ေတာ္မ်ားမ်ား ေဘးဥပါဒ္မရွိပါဘူး ကိုယ္ဝန္ေဆာင္ နို့တိုက္မိခင္နွင့္ ကေလးေတြမွာပါ ေသာက္လို့ရပါတယ္ ေဆးက ကိုက္ခဲတာ ဖ်ားတာ ေတြအတြက္ ေသာက္လို့ရပါတယ္ ေရာင္ရမ္းတာကို သက္သာေစေသာ အာနိသင္ေတာ့မပါပါဘူး ျခြင္္းခ်က္က အသည္းေရာဂါသမားေတြ အရင္ကဓါတ္မတည့္ဖူးသူေတြ တီဘီေဆး အတတ္ေရာဂါေဆးေသာက္ေနသူေတြ အရက္သမားေတြကေတာ့ မေသာက္ခင္ ဆရာဝန္ နဲ႕ျပသရပါမယ္ ေဆးကို ပမာဏ မွန္မွန္ေသာက္ဖို့ ကလိုအပ္ပါတယ္ ေဆးကို တမင္ရည္ရြယ္ လို့ပဲျဖစ္ျဖစ္ ပမာဏမ်ားကာ အသဲပ်က္စီးသြားသူေတြက ကမာၻတဝန္း အမ်ားျကီး ေန့စဥ္ျဖစ္ပြားေနပါတယ္ ဒါေျကာင့္ ေဆးကို ပမာဏမွန္မွန္ေသာက္ဖို့လိုပါတယ္။

တစ္ေန့ကို ေဆး၆လံုးအထက္ေသာက္သူေတြ တစ့္ေန့ကို ငါးျကိမ္အထက္ တိုက္ေနရတဲ႕ ကေလးေတြ အသည္းေရာဂါသမားေတြဟာ ေဆးမ်ားအဆိပ္သင့္နိုင္တာမို့ ဂရုျပဳဖို့လိုပါတယ္ ဒါေျကာင့္ ေဆးကိုစမေသာက္ခင္မွာ အျမဲတမ္း ေဆးအိတ္ကို စစ္ကာ ပမာဏမွန္ မမွန္ စစ္ေဆးဖို့လိုပါတယ္ ကေလးေတြအတြက္ေဆးခန္းကို ေသခ်ာ ျပသ ေဆးပမာဏ တြက္ဖို့လိုပါတယ္ မျပင္းထန္ေသာ ကိုက္ခဲနာက်င္မႈ အတြက္လည္း ပါရာစီတေမာ့ ဟာ အလြန္ေကာင္းပါတယ္ ဒါေပမယ့္ နာတာက ၃ပတ္ေက်ာ္လာျခင္း နာက်င္တာကေန စိတ္ဖိစီး လာျခင္း ကိုက္ခဲ နာျကင္လို့ နိုးလာျခင္း ေန့စဥ္ပံုမွန္အလုပ္ေတြမလုပ္နိုင္ျခင္းေတြရွိလာပါက ေဆးခန္းျပဖို့ လိုပါတယ္ က်န္ေသာ နာက်င္မႈေတြကေတာ့ အနားယူ ေဆးေသာက္လိုက္ရင္ သက္သာေစနိုင္ပါတယ္ ေနာက္ဆက္ျပီး ဖ်ားနာတာနွင့္ ပါရာစီတေမာ့အေျကာင္းဆက္ေဖာ္ျပလိုက္ပါတယ္ လူတေယာက္ဖ်ားးေနေျကာင္း သိနိုင္မယ့္ အခ်က္ေလးမ်ား လူျကီးတေယာက္ဖ်ားေနရင္ေအာက္ပါတို့ ျဖစ္လာပါမယ္။

၁ ေခါင္းေတြကိုက္လာမယ္

၂ နဖူးက အဓိက ပူလာျပီး မ်က္ရည္ပူေတြက်လါမယ္

၃ ခ်မ္းလာမယ္ ျကြက္သားေတြ ေညာင္းလာကိုက္မယ္

၄ နုန္းခ်ိျပီး အစားအေသာက္ပ်က္လာပါမယ္

လူျကီးက ဖ်ားတာ နာတာကို သိနိုင္ေပမယ့္ ကေလးေလးေတြဖ်ားတာ မဖ်ားတာက သိဖို့ က ဒါေလးေတြ သင့္ကေလး ျဖစ္မျဖစ္ ျကည့္ေနဖို့လိုပါတယ္။ ကေလးဖ်ားေနျပီဆို …

၁ ပို ဂ်ီက်လါေလ့ရွိပါတယ္

၂ တခါတေလ နုန္းခ်ိ မွိန္းေနတတ္တယ္

၃ နို့တိုက္လို့ မေသာက္တာ အစားမစားတာေတြျဖစ္လါ ပါတယ္

၄ အသက္ရႈျမန္တာ အသက္ရႈပံုမမွန္တာေတြရွိလာပါတယ္

အဲလိုဆိုရင္ေတာ့ ေဆးခန္းေဆးရံုေျပးဖို့လိုပါတယ္ ဒါေလးေတြကေတာ့ ကေလးေလးေတြ ဖ်ားရင္ ျဖစ္တတ္တာေလးေတြပါ အဖ်ားက်ေအာင္ ဘယ္လိုလုပ္မလဲ အေရးအျကီးဆံုးသိရမွာက ဖ်ားတာကေရာဂါမဟုတ္ပါ ေရာဂါတခုရဲ႕ လကၡဏာပါ ဥပမာ တုပ္ေကြး ပိုး ေျကာင့္ ဖ်ားတာ ငွက္ဖ်ားပိုးေျကာင့္ ဖ်ားတာ စသည္ျဖင့္ ပါ ဖ်ားတာဟာ လူကိုယ္ထဲ ေရာဂါ ပိုးတခုခု ဝင္လာျပီဆို alarmေပးတဲ႕ လကၡဏာပါ ဒါေျကာင့္ ဖိားျပီဆိုမေျကာက္ပါနဲ႕ အဖ်ားက်ေအာင္ ဒါေလးေတြလုပ္ပါ ပထမ ဦးစြာ အဖ်ားက်ေဆး ပါရာစီတေမာ ေသာက္ေပးပါ လူျကီးအတြက္ ၅၀၀မီလီဂရမ္ကေန ၁ ဂရမ္ထိေသာက္လို့ရပါတယ္ ကေလးအတြက္က ေတာ့ ဆရာဝန္ညႊန္ျကားတဲ႕ ပမာဏေသာက္လို့ရပါတယ္ ပါရာစီတေမာ့ ေဆးဟာ ေစ်းကြက္ထဲ လြယ္လြယ္ကူကူရနိုင္ပါတယ္ မတည့္တာလည္းနည္းပါတယ္ ဒါေျကာင့္ သင္ဖ်ားျပီ ဆိုတာနဲ႕ ပါရာစီတေမာ့ ေလးကို အစာေလးတစ္ခုခုစားျပီး စေသာက္ပါ ေဆးက အာနိသင္ျပဖို့ တစ္နာရီေလာက္ျကာတတ္ပါတယ္ ဒီျကားထဲ နားနားေနေနေနပါ လႈပ္ရွားမႈမ်ားေလေလ ပိုဖ်ားေလေလပါ ေနာက္တစ္ခုက ေရမ်ားမ်ားေသာက္ပါ အထက္ပါအေျကာင္းေလးေတြက လူအမ်ား လြယ္ကူစြာျပုလုပ္နိုင္ေသာ အိမ္တိုင္းေဆာင္ထားသင့္တဲ႕ ပါရာစီတေမာ့ ေဆးအေျကာင္းျဖစ္ပါတယ္

ေမတၱာျဖင့္ ေဒါက္တာ လင္း မိသားစုေဆးပညာ

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…