လိင်အင်္ဂါအစိတ်အပိုင်းများကိုစားသုံးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာသာယာကျေနပ်မှုရရှိခြင်း
လူအမျိုးမျိုးစိတ်အထွေထွေရှိကြတဲ့လောကမှာ မိမိတို့မကြားဖူး မကြုံဖူးတဲ့ဆန်းကျယ်တဲ့ဖြစ်ရပ်တွေရှိတတ်ကြစမြဲပါ။လူသားတစ်ယောက်အတွက် လိင်မှုကိစ္စဟာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်သလို သဘာဝကိစ္စတစ်ခုလည်းဖြစ်ပါတယ်။လိင်မှုကိစ္စ ဟာသဘာဝဆိုပေမယ့် သဘာဝကိုကျော်လွန်နေတဲ့ဆန်းကျယ်ထွေပြားတဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုတွေလည်း ရှိနေပါတယ်။
ဒီအထဲမှာ necrophagia ဆိုတဲ့ လိင်ပိုင်းဆိုင်ရာဖောက်လွှဲဖောက်ပြန်ဖြစ်တဲ့စိတ်အခြေအနေတစ်မျိုးလည်းပါဝင်ပါတယ်။
Necrophagia ဆိုတာဘာလဲ။
Necrophagia ဆိုတာ လူတစ်ယောက်ကိုသတ်ဖြတ်ပြီး သူ့ရဲ့အသား အထူးသဖြင့် လိင်အင်္ဂါအစိတ်အပိုင်းတွေကို စားသုံးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာသာယာကျေနပ်မှုကိုရရှိခြင်းဖြစ်ပါတယ်။ဒါကိုဖြစ်နိုင်ပါ့မလားဆိုပြီး အံ့သြရွံရှာသွားနိုင်ပေမယ့် ဒါဟာတကယ်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာပုံမမှန်မှုတစ်ခုပါ။
Necrophagia ဟာ Necrophilia နဲ့ဆက်စပ်မှုရှိလေ့ရှိပါတယ်။Necrophilia ဆိုတာကတော့ သေဆုံးပြီးဖြစ်တဲ့အလောင်းကို လိင်ဆက်ဆံရတာကြိုက်နှစ်သက်ခြင်းပါ။ဒီစိတ်ရောဂါရှိတတ်တဲ့လူမျိုးတွေဟာ လူသေအလောင်းတွေကို သူတို့နေထိုင်ရာအိမ်မှာကာလကြာမြင့်စွာစုဆောင်းထားရှိတတ်ကြပါတယ်။လူသေပုပ်နံ့နဲ့အေးစက်စက်အရေပြားရဲ့အထိအတွေ့ဟာ ဒီစိတ်ရောဂါကြွလာအောင်လှုံ့ဆော်တယ်လို့ဆိုပါတယ်။
Necrophagia ကို ဘယ်လိုလူတွေမှာတွေ့ရတတ်သလဲ?
- ဦးနှောက်ရဲ့ Temporal lobe လို့ခေါ်တဲ့အစိတ်အပိုင်းမှာ ပုံမမှန်မှုတစ်ခုခုရှိနေသူများ
- လသားအရွယ်မှာ ဦးခေါင်းကိုထိခိုက်ဒဏ်ရာရဖူးသူများ
- အရက်နဲ့မူးယစ်ဆေးဝါးသုံးစွဲသူများ
- မွေးရာပါဗီဇပါလာသူများ
- ကလေးဘဝမှာ လိင်အကြမ်းဖက်ခြင်းကိုခံစားခဲ့ရသူများ
- အမျိုးသမီးများအား အကြမ်းဖက်လိုစိတ်ကို ချိူးနှိမ်ခံထားရသူများမှာတွေ့ရတတ်ပါတယ်။
ဒီစိတ်ရောဂါရှိသူတွေဟာ လိင်ဆက်ဆံရာမှာ ဆက်ဆံဖော်ကိုလည်း ကြမ်းတမ်းစွာနှိပ်စက်ခြင်းတို့ကိုလည်းပြုလုပ်တတ်ကြပါတယ်။
Necrophagia ဖြစ်ဖြစ် Necrophilia ဖြစ်ဖြစ်ကျူးလွန်ကြောင်းထင်ရှားရင် နိုင်ငံတော်တော်များများမှာ ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။
ဒေါက်တာပွင့်ဖြိုးကျော်
လိင္အဂၤါအစိတ္အပိုင္းမ်ားကိုစားသံုးျခင္းျဖင့္ လိင္ပိုင္းဆိုင္ရာသာယာေက်နပ္မႈရ႐ွိျခင္း
လူအမ်ိဳးမ်ိဳးစိတ္အေထြေထြရွိၾကတဲ႔ေလာကမွာ မိမိတို႕မၾကားဖူး မၾကံဳဖူးတဲ႔ဆန္းက်ယ္တဲ႔ျဖစ္ရပ္ေတြရွိတတ္ၾကစျမဲပါ။လူသားတစ္ေယာက္အတြက္ လိင္မႈကိစၥဟာအေရးပါတဲ႔အခန္းက႑မွာပါဝင္သလုိ သဘာဝကိစၥတစ္ခုလည္းျဖစ္ပါတယ္။လိင္မႈကိစၥ ဟာသဘာဝဆိုေပမယ့္ သဘာဝကိုေက်ာ္လြန္ေနတဲ႔ဆန္းက်ယ္ေထြျပားတဲ႔ လိင္ပိုင္းဆိုင္ရာတိမ္းညြတ္မႈေတြလည္း ရွိေနပါတယ္။
ဒီအထဲမွာ necrophagia ဆိုတဲ႔ လိင္ပိုင္းဆိုင္ရာေဖာက္လႊဲေဖာက္ျပန္ျဖစ္တဲ႔စိတ္အေျခအေနတစ္မ်ိဳးလည္းပါဝင္ပါတယ္။
Necrophagia ဆိုတာဘာလဲ။
Necrophagia ဆိုတာ လူတစ္ေယာက္ကိုသတ္ျဖတ္ျပီး သူ႔ရဲ႕အသား အထူးသျဖင့္ လိင္အဂၤါအစိတ္အပိုင္းေတြကို စားသံုးျခင္းျဖင့္ လိင္ပိုင္းဆိုင္ရာသာယာေက်နပ္မႈကိုရရွိျခင္းျဖစ္ပါတယ္။ဒါကိုျဖစ္နိုင္ပါ့မလားဆိုျပီး အံ့ၾသရြံရွာသြားနိုင္ေပမယ့္ ဒါဟာတကယ္ရွိတဲ႔ စိတ္ပိုင္းဆိုင္ရာပံုမမွန္မႈတစ္ခုပါ။
Necrophagia ဟာ Necrophilia နဲ႔ဆက္စပ္မႈရွိေလ့ရွိပါတယ္။Necrophilia ဆိုတာကေတာ့ ေသဆံုးျပီးျဖစ္တဲ႔အေလာင္းကို လိင္ဆက္ဆံရတာၾကိဳက္နွစ္သက္ျခင္းပါ။ဒီစိတ္ေရာဂါရွိတတ္တဲ႔လူမ်ိဳးေတြဟာ လူေသအေလာင္းေတြကို သူတို႕ေနထိုင္ရာအိမ္မွာကာလၾကာျမင့္စြာစုေဆာင္းထားရွိတတ္ၾကပါတယ္။လူေသပုပ္နံ႔နဲ႔ေအးစက္စက္အေရျပားရဲ႕အထိအေတြ႕ဟာ ဒီစိတ္ေရာဂါၾကြလာေအာင္လႈ႔ံေဆာ္တယ္လို႔ဆိုပါတယ္။
Necrophagia ကို ဘယ္လိုလူေတြမွာေတြ႕ရတတ္သလဲ?
- ဦးေနွာက္ရဲ႕ Temporal lobe လို႔ေခၚတဲ႔အစိတ္အပိုင္းမွာ ပံုမမွန္မႈတစ္ခုခုရွိေနသူမ်ား
- လသားအရြယ္မွာ ဦးေခါင္းကိုထိခိုက္ဒဏ္ရာရဖူးသူမ်ား
- အရက္နဲ႔မူးယစ္ေဆးဝါးသံုးစြဲသူမ်ား
- ေမြးရာပါဗီဇပါလာသူမ်ား
- ကေလးဘဝမွာ လိင္အၾကမ္းဖက္ျခင္းကိုခံစားခဲ႔ရသူမ်ား
- အမ်ိဳးသမီးမ်ားအား အၾကမ္းဖက္လိုစိတ္ကို ခ်ိဴးနွိမ္ခံထားရသူမ်ားမွာေတြ႕ရတတ္ပါတယ္။
ဒီစိတ္ေရာဂါရွိသူေတြဟာ လိင္ဆက္ဆံရာမွာ ဆက္ဆံေဖာ္ကိုလည္း ၾကမ္းတမ္းစြာႏွိပ္စက္ျခင္းတို႕ကိုလည္းျပဳလုပ္တတ္ၾကပါတယ္။
Necrophagia ျဖစ္ျဖစ္ Necrophilia ျဖစ္ျဖစ္က်ဴးလြန္ေၾကာင္းထင္ရွားရင္ နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျပစ္မႈေျမာက္တယ္လို႕ ဆိုပါတယ္။
ေဒါက္တာပြင့္ၿဖိဳးေက်ာ္