? အုန်းလွဲခြင်း (သို့မဟုတ်) လည်ပင်းကြွက်သားတွေနာပြီး ခေါင်းလှည့်မရတော့တဲ့အခါ ?

ကွန်ပျူတာရှေ့ အကြာကြီးထိုင်နေပြီး ထတော့မှ ဇက်ကြောတွေတောင့်ပြီး လှည့်မရပြုမရ ဖြစ်ဖူးလား?

ရုပ်ရှင်ကို ရှေ့ဆုံးတန်းက မော့ကြည့်ပြီး လည်ပင်းကြွက်သားတွေ နာလာတာမျိုးကြုံဖူးလား?

ချစ်သူမျက်နှာ တစ်ကမ္ဘာထင် ဖုန်းကိုတမေ့တမောငုံ့ကြည့် chat နေပြီး အပြင်လောကကို မော့ကြည့်တော့မှ လည်ပင်းကြွက်သားတွေနာနေတဲ့ ချစ်သက်သေတွေရော ပြဖူးလား?

ခရီးသွားရင်း ခေါင်းဘေးကိုစောင်းပြီးအိပ်ပျော်သွား နိုးလာတော့ ဇက်လှည့်မရပဲ အုန်းလွဲသွားပြီ ဆိုတာမျိူး ဖြစ်ဖူးလား?

အကြောင်းအရာတွေကွဲပေမဲ့ လည်ပင်းကြွက်သားတွေ နာစေတဲ့ အခြေခံသဘောတရားကတော့ တူတူပါပဲ။

? ဘာကြောင့်ဖြစ်

ခေါင်းမော့ ခေါင်းငုံ့ နဲ့ ဘယ်လှည့် ညာလှည့် လုပ်ဖို့အတွက် လည်ပင်းကြွက်သားတွေကို သုံးရပါတယ်။ ပုံမှန် လှုပ်ရှားမှုတွေကြောင့်တော့ ဒဏ်တွေ နာကျင်မှုတွေမဖြစ်စေနိုင်ပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ ဥပမာတွေလိုမျိုး လည်ပင်းကြွက်သားတွေကို အချိန်ကြာကြာ ဆွဲဆန့် ဒဏ်ပိစေတဲ့ အခြေအနေတွေမှာတော့ ကြွက်သားအတွင်းက yofibrils တွေပျက်စီးပြီး ကြွက်သားနဲ့ ကြွက်သားအစွန်းက tendon အကြောတွေ ဒဏ်ရာရသွားတတ်ပါတယ်။

– တခါတလေမှာ သိပ်လေးတဲ့ အလေးအပင် တစ်ခုခု မလိုက်ရာက လည်ပင်းကြွက်သားတွေကိုပါ သွားထိပြီး နာသွားတတ်ပါတယ်။

– တခါတလေ ရုတ်တရက် ကားဘရိတ် ဆောင့်အုပ်တာမျိုး မတော်တဆမှုတွေကြောင့်လည်း လည်ပင်းကြွက်သားတွေကို အားနဲ့ အရှိန်ပြင်းပြင်းဆွဲဆန့်သလို ဖြစ်စေပြီး နာသွားတတ်ပါတယ်။

– အားကစားသမားတွေမှာ အဖြစ်များပြီး ပထမဆုံးလေ့ကျင့်ရေးဆင်းတဲ့ ရက်တွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

? ဘယ်လိုလက္ခဏာတွေပြမလဲ

ထိတဲ့ ကြွက်သားအုပ်စုပေါ်မူတည်ပြီး လည်ပင်းပတ်လည်တနေရာရာမှာ အဲ့ဒီ့ဘက်ကို လှည့်မရအောင် နာနေ တောင့်နေတတ်ပါတယ်။

များသောအားဖြင့် ဖြစ်ဖြစ်ချင်း ပထမရက် ဒုတိယရက်တွေမှာ အရမ်းနာလာတတ်ပေမဲ့ တခါတလေ ချက်ချင်းမနာဘဲ နည်းနည်း နာရာက ရက်တော်တော်ကြာမှ ပိုဆိုးလာတတ်လို့ ရောဂါမြစ်ဖျားကို အစရှာမရဘဲ ဘာကြောင့်ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါတယ်။

? အိမ်မှာဘယ်လိုကုမလဲ

အုန်းလွဲရင် လူကြီးတိုင်းပြောလေ့ရှိတဲ့ ရိုးရာနည်းက ခေါင်းအုံးကို နေပူထုတ်လှမ်းခိုင်းတာပေါ့။ ဘာမှမဆိုင်တဲ့ ရယ်စရာ တစ်ခုလို့ထင်ရပေမဲ့ နေပူလှန်းထားတဲ့ ခေါင်းအုံးပူပူမှာ အိပ်ကြည့်ရင်တော့ တောင့်နေတဲ့ လည်ပင်းကြွက်သားတွေ အနွေးဓာတ်ကြောင့် အနည်းငယ်ပြေလျော့သက်သာစေနိုင်မယ် ထင်ပါတယ်။ ခေါင်းအုံးကိုနေပူလှမ်းရုံနဲ့တော့ မသက်သာစေပါဘူး။

အနောက်တိုင်းကုထုံးတွေအရတော့ ရေနွေးအိတ်ကပ်ပေးရင် အထိုက်အလျောက်သက်သာစေပါတယ်။

ခေါင်းအုံးပါးပါးနဲ့ အိပ်ရပါမယ်။ ခေါင်းအုံးအများကြီးဆင့်အိပ်တာမျိုးရှောင်ရပါမယ်။

ကြွက်သား နာကျင်တောင့်တင်းမှုလျော့စေမဲ့ လိမ်းဆေးတွေလိမ်းလို့ရပါတယ်။

သောက်ဆေးတွေလည်းသောက်လို့ရပေမဲ့ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း ကြောက်စရာမို့ ဆရာဝန်နဲ့ ပြသတိုင်ပင်တာတော့ အကောင်းဆုံးပါပဲ။

? ဆရာဝန်ပြဖို့ လိုလား

ပုံမှန် လည်ပင်းကြွက်သားနာကျင်မှုတွေက ရက်ပိုင်းအတွင်းသက်သာသွားတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကြာနေရင်တော့ ဆရာဝန်ပြဖို့လိုပါတယ်။

ကားအက်စီးဒင့်လိုမျိုး အမြင့်ကပြုတ်ကျတာမျိုး စတာတွေကြောင့် ဖြစ်တာဆိုရင် ဆရာဝန်ပြသင့်ပါတယ်။

အရမ်းတောင့်တင်းနာကျင်နေတဲ့အခြေအနေမျိုးမှာ လည်ပင်းလေ့ကျင့်ခန်းတွေလုပ်ဖို့လည်း လိုအပ်လို့ ကျွမ်းကျင်တဲ့ physiothreapist ရဲ့အကူအညီလည်း ယူရပါမယ်။

နာကျင်တာတွေပျောက်သွားရင်တောင်မှ ကြွက်သားလေးတွေ နဂိုမူလအခြေအနေပြန်ရောက်ဖို့ ၁၂ပါတ်လောက်အထိကြာတတ်တာမို့ ပြန်ဒဏ်မဖြစ်အောင် ကောင်းကောင်း အနားပေးထားရမယ်နော်…။

Dr ဖြိုးဝေလင်း

(28.3.19)
? အုန္းလြဲျခင္း (သို႔မဟုတ္) လည္ပင္းႂကြက္သားေတြနာၿပီး ေခါင္းလွည့္မရေတာ့တဲ့အခါ ?

ကြန္ပ်ဴတာေ႐ွ႕ အၾကာႀကီးထိုင္ေနၿပီး ထေတာ့မွ ဇက္ေၾကာေတြေတာင့္ၿပီး လွည့္မရျပဳမရ ျဖစ္ဖူးလား?

႐ုပ္႐ွင္ကို ေ႐ွ႕ဆံုးတန္းက ေမာ့ၾကည့္ၿပီး လည္ပင္းႂကြက္သားေတြ နာလာတာမ်ိဳးၾကံဳဖူးလား?

ခ်စ္သူမ်က္ႏွာ တစ္ကမ႓ာထင္ ဖုန္းကိုတေမ့တေမာငံု ့ၾကည့္ chat ေနၿပီး အျပင္ေလာကကို ေမာ့ၾကည့္ေတာ့မွ လည္ပင္းႂကြက္သားေတြနာေနတဲ့ ခ်စ္သက္ေသေတြေရာ ျပဖူးလား?

ခရီးသြားရင္း ေခါင္းေဘးကိုေစာင္းၿပီးအိပ္ေပ်ာ္သြား ႏိုးလာေတာ့ ဇက္လွည့္မရပဲ အုန္းလြဲသြားၿပီ ဆိုတာမ်ိဴး ျဖစ္ဖူးလား?

အေၾကာင္းအရာေတြကြဲေပမဲ့ လည္ပင္းႂကြက္သားေတြ နာေစတဲ့ အေျခခံသေဘာတရားကေတာ့ တူတူပါပဲ။

? ဘာေၾကာင့္ျဖစ္

ေခါင္းေမာ့ ေခါင္းငံု႔ နဲ႔ ဘယ္လွည့္ ညာလွည့္ လုပ္ဖို႔အတြက္ လည္ပင္းႂကြက္သားေတြကို သံုးရပါတယ္။ ပံုမွန္ လႈပ္႐ွားမႈေတြေၾကာင့္ေတာ့ ဒဏ္ေတြ နာက်င္မႈေတြမျဖစ္ေစႏိုင္ပါဘူး။

အေပၚမွာ ေျပာခဲ့တဲ့ ဥပမာေတြလိုမ်ိဳး လည္ပင္းႂကြက္သားေတြကို အခ်ိန္ၾကာၾကာ ဆြဲဆန္႔ ဒဏ္ပိေစတဲ့ အေျခအေနေတြမွာေတာ့ ႂကြက္သားအတြင္းက yofibrils ေတြပ်က္စီးၿပီး ႂကြက္သားနဲ႔ ႂကြက္သားအစြန္းက tendon အေၾကာေတြ ဒဏ္ရာရသြားတတ္ပါတယ္။

– တခါတေလမွာ သိပ္ေလးတဲ့ အေလးအပင္ တစ္ခုခု မလိုက္ရာက လည္ပင္းႂကြက္သားေတြကိုပါ သြားထိၿပီး နာသြားတတ္ပါတယ္။

– တခါတေလ ရုတ္တရက္ ကားဘရိတ္ ေဆာင့္အုပ္တာမ်ိဳး မေတာ္တဆမႈေတြေၾကာင့္လည္း လည္ပင္းႂကြက္သားေတြကို အားနဲ႔ အ႐ွိန္ျပင္းျပင္းဆြဲဆန္႔သလို ျဖစ္ေစၿပီး နာသြားတတ္ပါတယ္။

– အားကစားသမားေတြမွာ အျဖစ္မ်ားျပီး ပထမဆံုးေလ့က်င့္ေရးဆင္းတဲ့ ရက္ေတြမွာ ပိုျဖစ္ေလ့႐ွိပါတယ္။

? ဘယ္လိုလကၡဏာေတြျပမလဲ

ထိတဲ့ ႂကြက္သားအုပ္စုေပၚမူတည္ၿပီး လည္ပင္းပတ္လည္တေနရာရာမွာ အဲ့ဒီ့ဘက္ကို လွည့္မရေအာင္ နာေန ေတာင့္ေနတတ္ပါတယ္။

မ်ားေသာအားျဖင့္ ျဖစ္ျဖစ္ခ်င္း ပထမရက္ ဒုတိယရက္ေတြမွာ အရမ္းနာလာတတ္ေပမဲ့ တခါတေလ ခ်က္ခ်င္းမနာဘဲ နည္းနည္း နာရာက ရက္ေတာ္ေတာ္ၾကာမွ ပိုဆိုးလာတတ္လို႔ ေရာဂါျမစ္ဖ်ားကို အစ႐ွာမရဘဲ ဘာေၾကာင့္ျဖစ္မွန္းမသိ ျဖစ္ေနတတ္ပါတယ္။

? အိမ္မွာဘယ္လိုကုမလဲ

အုန္းလြဲရင္ လူႀကီးတိုင္းေျပာေလ့႐ွိတဲ့ ႐ိုးရာနည္းက ေခါင္းအံုးကို ေနပူထုတ္လွမ္းခိုင္းတာေပါ့။ ဘာမွမဆိုင္တဲ့ ရယ္စရာ တစ္ခုလို႔ထင္ရေပမဲ့ ေနပူလွန္းထားတဲ့ ေခါင္းအံုးပူပူမွာ အိပ္ၾကည့္ရင္ေတာ့ ေတာင့္ေနတဲ့ လည္ပင္းႂကြက္သားေတြ အေႏြးဓာတ္ေၾကာင့္ အနည္းငယ္ေျပေလ်ာ့သက္သာေစႏိုင္မယ္ ထင္ပါတယ္။ ေခါင္းအံုးကိုေနပူလွမ္းရံုနဲ႔ေတာ့ မသက္သာေစပါဘူး။

အေနာက္တိုင္းကုထံုးေတြအရေတာ့ ေရေႏြးအိတ္ကပ္ေပးရင္ အထိုက္အေလ်ာက္သက္သာေစပါတယ္။

ေခါင္းအံုးပါးပါးနဲ႔ အိပ္ရပါမယ္။ ေခါင္းအံုးအမ်ားႀကီးဆင့္အိပ္တာမ်ိဳးေ႐ွာင္ရပါမယ္။

ႂကြက္သား နာက်င္ေတာင့္တင္းမႈေလ်ာ့ေစမဲ့ လိမ္းေဆးေတြလိမ္းလို႔ရပါတယ္။

ေသာက္ေဆးေတြလည္းေသာက္လို႔ရေပမဲ့ အကိုက္အခဲေပ်ာက္ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကလည္း ေၾကာက္စရာမို႔ ဆရာဝန္နဲ႔ ျပသတိုင္ပင္တာေတာ့ အေကာင္းဆံုးပါပဲ။

? ဆရာဝန္ျပဖို႔ လိုလား

ပံုမွန္ လည္ပင္းႂကြက္သားနာက်င္မႈေတြက ရက္ပိုင္းအတြင္းသက္သာသြားတတ္ပါတယ္။ ဒီလိုမဟုတ္ဘဲ ၾကာေနရင္ေတာ့ ဆရာဝန္ျပဖို႔လိုပါတယ္။

ကားအက္စီးဒင့္လိုမ်ိဳး အျမင့္ကျပဳတ္က်တာမ်ိဳး စတာေတြေၾကာင့္ ျဖစ္တာဆိုရင္ ဆရာဝန္ျပသင့္ပါတယ္။

အရမ္းေတာင့္တင္းနာက်င္ေနတဲ့အေျခအေနမ်ိဳးမွာ လည္ပင္းေလ့က်င့္ခန္းေတြလုပ္ဖို႔လည္း လိုအပ္လို႔ ကြၽမ္းက်င္တဲ့ physiothreapist ရဲ႕အကူအညီလည္း ယူရပါမယ္။

နာက်င္တာေတြေပ်ာက္သြားရင္ေတာင္မွ ႂကြက္သားေလးေတြ နဂိုမူလအေျခအေနျပန္ေရာက္ဖို႔ ၁၂ပါတ္ေလာက္အထိၾကာတတ္တာမို႔ ျပန္ဒဏ္မျဖစ္ေအာင္ ေကာင္းေကာင္း အနားေပးထားရမယ္ေနာ္…။

Dr ၿဖိဳးေဝလင္း

(28.3.19)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…