စိတ်ကြီးဝင်သောပြဿနာ သို့ အုန်းလွဲခြင်း

ငယ်သူငယ်ချင်း မင်းမင်းတစ်ယောက် ဒေါက်တာစု အိမ်အလည်လာသော တစ်နေ့။ ဝင်လာကထဲက မျက်နှာက ခပ်မော့မော့ လည်ပင်လေးတောင် နည်းနည်းစောင်းနေလိုက်သေး။ ဒေါက်တာစု တစ်ယောက် မင်းမင်းအိမ်ထဲ ဝင်လာတာနဲ့ ” ဟဲ့ နင်က ဘာတွေစိတ်ကြီးဝင်နေတာလဲ? သူငယ်ချင်းအိမ်လာတာတောင် မျက်နှာကြီးမော့မော့ လည်ပင်းကြီးစောင်းစောင်းနဲ့ ချေနေလိုက်တာများ။”

မင်းမင်းလည်း ” အမလေးဟ မချေရပါဘူး၊ ငါမနက်မိုးလင်းထဲက ညာဘက်လှည့်လိုက်တိုင်း နာနေလို့။ အောက်ငုံ့လိုက်တိုင်းနာလွန်းလို့ ဒီလိုပုံစံဖြစ်နေရတာပါဟာ၊ ငါ့ကို ဆေးကုပေးဦးဟ” ဒီလိုမှ ဒေါက်တာစု အကဲခတ်မိသည်။

” ဟုတ်ပါ့ အုန်းလွဲနေတာပဲ။ ဘယ်လိုဖြစ်တာလဲ ? ညဘက်ခေါင်းအုံးအထူနဲ့ အိပ်မိလို့လား?”

” ဟာ နင်ပြောမှ သတိရတယ် ဆိုင်လို့လားဟ ? မနေ့က ငါ့အမေက ခေါင်းအုန်းအသစ်လဲပေးပြီး အိပ်လိုက်တာ မနက်ကျ ဒီလိုဖြစ်သွားတာပဲ” ဒေါက်တာစုလည်း ” ငါရှင်းပြမယ်ဟ ဖြစ်တာက အဓိကကတော့ လည်ပင်းကြွက်သားကို သေးသေးမွားမွား ထိခိုက်မိတာဖြစ်ဖြစ် ၊ ခေါင်းအုန်းအမြင့် အုန်းမိ၊ လည်ပင်း တစောင်းအနေအထားအိပ်မိရင် လည်ပင်အရိုးအဆစ်လေးတွေက တခါးတွေပတ်တာညှပ်သလို ညှပ်သွားတယ်။

အဲ့ဒီအခါ အပေါ်က လည်ပင်းကြွက်သားက အရိုးကိုကာကွယ်တဲ့အနေနဲ့ တောင့်ပြီး နာလာတာ တင်းလာတာ” ” တော်တော်များများကတော့ သူ့အလိုလို ကြွက်သားလျှော့လာတာနဲ့ နာတာ သက်သာလာတတ်တယ်။ တကယ်လို့ မြန်မြန်သက်သာခြင်ရင်တော့ ကြွက်သားနာသက်သာတဲ့ Paracetamol လို အနာသက်သာဆေးတွေသောက်ပေးလို့ရတယ်။ ဆေးပူလေးလိမ်း။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးစိမ်ထားတဲ့ သဘက်လေးဖြစ်တဲ့ဘက်ကို ကပ်ပြီး ကြွက်သားပျှော့အောင်လိုပ်လို့ရတယ်။ ဆေးလိမ်းပြီးတာနဲ့ အသာအယာလေးနှိပ်နယ်ပေးလို့ရတယ်။ နဲနဲသပ်သာတာနဲ့ နာတယ်ဆိုပြီး တောင့်မထားဘဲ နာတဲ့ဘက်ကို ဖြည်းဖြည်းဆီရသလောက် လည်ပင်းကိုလှည့်ပေးကြည့်ရင် မြန်မြန်ပိုသက်သာတယ်။

နောက်အိပ်တဲ့အချိန်မှာ ခေါင်းအုံးခပ်နိမ့်နိမ့်နဲ့ အိပ်ပေးမယ် ဆိုရင် ၁ရက်၊ ၂ရက်နဲ့ပျောက်ပါတယ် ဟ”မင်းမင်းလဲ ” အေးဟာ တော်သေးတယ် ။ ခုတော့ အရမ်းနာနေတာ ။ ကားမောင်းလို့ရော ရလားဟင်?” ” ခုနာနေတဲ့ အချိန် ခေါင်းလှည့်တာအဆင်မပြေနိုင်သေးလို့ ကားမမောင်းတာတော့ ပိုကောင်းမယ်။ သက်သာမှ ပြန်မောင်းပေါ့ ” ” ဟုတ်ပါပြီ သူငယ်ချင်းဆရာဝန်တစ်ယောက်ရှိတာ တော်တော်အဆင်ပြေတာပဲ။ ရောဂါအကြောင်း အကုန်သိရတယ်”

ဒေါက်တာစုလည်း ” အေး နောက်ဆို နင်လည်း စိတ်ကြီးမဝင်နဲ့တော့ ” ဆိုပြီး ရယ်နေလျှက်။

မယ်တင်( ဆေး ၁)

စိတ္ႀကီးဝင္ေသာျပႆနာ သို႔ အုန္းလြဲျခင္း

ငယ္သူငယ္ခ်င္း မင္းမင္းတစ္ေယာက္ ေဒါက္တာစု အိမ္အလည္လာေသာ တစ္ေန႔။ ဝင္လာကထဲက မ်က္ႏွာက ခပ္ေမာ့ေမာ့ လည္ပင္ေလးေတာင္ နည္းနည္းေစာင္းေနလိုက္ေသး။ ေဒါက္တာစု တစ္ေယာက္ မင္းမင္းအိမ္ထဲ ဝင္လာတာနဲ႔ ” ဟဲ့ နင္က ဘာေတြစိတ္ႀကီးဝင္ေနတာလဲ? သူငယ္ခ်င္းအိမ္လာတာေတာင္ မ်က္ႏွာႀကီးေမာ့ေမာ့ လည္ပင္းႀကီးေစာင္းေစာင္းနဲ႔ ေခ်ေနလိုက္တာမ်ား။”

မင္းမင္းလည္း ” အမေလးဟ မေခ်ရပါဘူး၊ ငါမနက္မိုးလင္းထဲက ညာဘက္လွည့္လိုက္တိုင္း နာေနလို႔။ ေအာက္ငံု႔လိုက္တိုင္းနာလြန္းလို႔ ဒီလိုပံုစံျဖစ္ေနရတာပါဟာ၊ ငါ့ကို ေဆးကုေပးဦးဟ” ဒီလိုမွ ေဒါက္တာစု အကဲခတ္မိသည္။

” ဟုတ္ပါ့ အုန္းလြဲေနတာပဲ။ ဘယ္လိုျဖစ္တာလဲ ? ညဘက္ေခါင္းအံုးအထူနဲ႔ အိပ္မိလို႔လား?”

” ဟာ နင္ေျပာမွ သတိရတယ္ ဆိုင္လို႔လားဟ ? မေန႔က ငါ့အေမက ေခါင္းအုန္းအသစ္လဲေပးၿပီး အိပ္လိုက္တာ မနက္က် ဒီလိုျဖစ္သြားတာပဲ” ေဒါက္တာစုလည္း ” ငါရွင္းျပမယ္ဟ ျဖစ္တာက အဓိကကေတာ့ လည္ပင္းႂကြက္သားကို ေသးေသးမြားမြား ထိခိုက္မိတာျဖစ္ျဖစ္ ၊ ေခါင္းအုန္းအျမင့္ အုန္းမိ၊ လည္ပင္း တေစာင္းအေနအထားအိပ္မိရင္ လည္ပင္အရုိးအဆစ္ေလးေတြက တခါးေတြပတ္တာညႇပ္သလို ညႇပ္သြားတယ္။

အဲ့ဒီအခါ အေပၚက လည္ပင္းႂကြက္သားက အရိုးကိုကာကြယ္တဲ့အေနနဲ႔ ေတာင့္ၿပီး နာလာတာ တင္းလာတာ” ” ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔အလိုလို ႂကြက္သားေလၽွာ့လာတာနဲ႔ နာတာ သက္သာလာတတ္တယ္။ တကယ္လို႔ ျမန္ျမန္သက္သာျခင္ရင္ေတာ့ ႂကြက္သားနာသက္သာတဲ့ Paracetamol လို အနာသက္သာေဆးေတြေသာက္ေပးလို႔ရတယ္။ ေဆးပူေလးလိမ္း။ ေရေႏြးအိတ္ ဒါမွမဟုတ္ ေရေႏြးစိမ္ထားတဲ့ သဘက္ေလးျဖစ္တဲ့ဘက္ကို ကပ္ၿပီး ႂကြက္သားေပၽွာ့ေအာင္လိုပ္လို႔ရတယ္။ ေဆးလိမ္းၿပီးတာနဲ႔ အသာအယာေလးႏွိပ္နယ္ေပးလို႔ရတယ္။ နဲနဲသပ္သာတာနဲ႔ နာတယ္ဆိုၿပီး ေတာင့္မထားဘဲ နာတဲ့ဘက္ကို ျဖည္းျဖည္းဆီရသေလာက္ လည္ပင္းကိုလွည့္ေပးၾကည့္ရင္ ျမန္ျမန္ပိုသက္သာတယ္။

ေနာက္အိပ္တဲ့အခ်ိန္မွာ ေခါင္းအံုးခပ္နိမ့္နိမ့္နဲ႔ အိပ္ေပးမယ္ ဆိုရင္ ၁ရက္၊ ၂ရက္နဲ႔ေပ်ာက္ပါတယ္ ဟ”မင္းမင္းလဲ ” ေအးဟာ ေတာ္ေသးတယ္ ။ ခုေတာ့ အရမ္းနာေနတာ ။ ကားေမာင္းလို႔ေရာ ရလားဟင္?” ” ခုနာေနတဲ့ အခ်ိန္ ေခါင္းလွည့္တာအဆင္မေျပႏိုင္ေသးလို႔ ကားမေမာင္းတာေတာ့ ပိုေကာင္းမယ္။ သက္သာမွ ျပန္ေမာင္းေပါ့ ” ” ဟုတ္ပါၿပီ သူငယ္ခ်င္းဆရာဝန္တစ္ေယာက္ရွိတာ ေတာ္ေတာ္အဆင္ေျပတာပဲ။ ေရာဂါအေၾကာင္း အကုန္သိရတယ္”

ေဒါက္တာစုလည္း ” ေအး ေနာက္ဆို နင္လည္း စိတ္ႀကီးမဝင္နဲ႔ေတာ့ ” ဆိုၿပီး ရယ္ေနလၽွက္။

မယ္တင္( ေဆး ၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *