ကလေးများတွင်နှာရည်ယို၊ နှာပိတ်ခြင်း
ကလေးတွေမှာနှာရည်ယိုတယ်၊ နှာပိတ်တယ်၊ နှာစေးတယ်ဆိုတာဖြစ်လေ့ရှိတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ နေမကောင်းရင်၊ အအေးပတ်ရင်၊ နှာခေါင်းထဲအမှုန်ရင်ဝင်ရင်စတာတွေမှာ နှာရည်ယိုနိုင်ပါတယ်။ နှာပိတ်တာ၊ အသက်ရှုရတာမကောင်းတာတွေဖြစ်စေနိုင်သလို နှာခြေတာနဲ့လည်းတွဲနေနိုင်ပါတယ်။ရာသီအကူးအပြောင်းမှာဖြစ်နိုင်သလို ရေချိုးမှားတာ၊ အစားမှားတာတွေကနေလည်းဖြစ်နိုင်ပါတယ်။
နှာရည်ယိုခြင်းရဲ့မူလသဘောတရားကတော့ နှာခေါင်းနဲ့အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးတာဖြစ်ပါတယ်။ နှာခေါင်းထဲမှာမလိုလားအပ်တဲ့ဖုန်၊ အညစ်အကြေး၊ ရောဂါပိုးစတာတွေဝင်ရောက်လာတဲ့အခါ အသက်ရှူလမ်းကြောင်းမှာရှိနေတဲ့cellတွေကနေ အရည်တွေထုတ်ပြီး မလိုလားအပ်တဲ့အရာတွေကို နှာခေါင်းထဲရောက်မလာအောင်၊ နှာခေါင်းထဲကနေထွက်သွားအောင် လုပ်တဲ့အနေနဲ့နှာရည်ယိုတာဖြစ်ပါတယ်။ နှာခေါငူ်တယထဲကိုဝင်လာတဲ့လေကအရမ်းကို ခြောက်သွေ့ပြီးရေငွေ့ပါဝင်တာနည်းပါးနေရင်လည်း နှာရည်ယိုတတ်ပါတယ်။
ကလေးတွေမှာနှာရည်ယိုတာနဲ့ ပုံမှန်ပါပဲဆိုပြီးပေါ့ဆနေလို့မရသလို ရောဂါကြီးဖြစ်နေပြီလားလို့လည်း မစိုးရိမ်သင့်ပါဘူး။ ရာသီတုပ်ကွေးဖြစ်လာရင်နှာရည်ယိုတတ်ပါတယ်။ ဘာကြောင်ယြိုလည်းဆိုတာကတော့ နှာခေါင်းထဲက ရောဂါပိုးကိုအပြင်ရောက်အောင်လုပ်ရာကနေယိုတာဖြစ်ပါတယ်။ ဓာတ်မတည့်တာတွေ ရှူမိတာကနေလည်း နှာရည်ယိုနိုင်ပါတယ်။ တော်ရုံတန်ရုံဆိုရင်တော့ နှာရည်ယိုထား၊ နှာချေတာလောက်နဲ့ပြီးသွားတတ်ပါတယ်။ ထိပ်ခပ်နာဖြစ်ရင်လည်းနှာရည်ယိုနိုင်ပါတယ်။ နှာရည်ယိုရာမှာတော့ ပမာဏကလည်းပိုများတဲ့အပြင်ပိုပြီးပျစ်ချွဲနေတာ၊ အရောင်ကကြည်မနေပဲ နောက်နေတာ၊ အဝါရောင်အစိမ်းရောင်သန်းနေတာတွေကလည်း ထိပ်ခပ်နာရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။
နှာရည်ယိုတာကိုကုသရာမှာတော့ ဘာကြောင်နှာရည်ယိုတာလည်းဆိုတာက အရေးကြီးပါတယ်။ virusကြောင့်ဖြစ်တယ်ဆိုရင်တော့ သူ့ဟာသူအလိုလိုပျောက်သွားမှာဖြစ်ပြီး ဆေးထိုးဆေးသောက်ဖို့မလိုအပ်ပါဘူး။ ကောင်းကောင်းအိပ်ကောင်းကောင်းစားပြီးအနားယူလိုက်တာနဲ့ ပြန်ကောင်းလာမှာဖြစ်ပါတယ်။ ဓာတ်မတည့်တာကြောင့်ဖြစ်တယ်ဆိုရင်တော ဆေးသောက်ရင်ပိုမိုမြန်ဆန်စွာပျောက်နိုင်ပါတယ်။ ထိပ်ခပ်နာဖြစ်နေရင်တော့ သင့်တော်တဲ့ပိုးသတ်ဆေးသောက်ရင် ပျောက်ကင်းနိုင်ပါတယ်။
ကာကွယ်နည်းတွေကလည်းအမျိုးမျိုးရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ခံအားကောင်းအောင်နေထိုင်တာဖြစ်ပါတယ်။ နှာချေပြီးတဲ့အခါလက်ကိုစင်ကြယ်စွာဆေးဖို့၊ နှာချေရင်လက်ကိုင်ပဝါ၊ လက်သုပ်ပုဝါနဲ့အုပ်ဖို့၊ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးတာတွေနဲ့ကာကွယ်နိုင်ပါတယ်။ ဓာတ်မတည့်တာတွေရှိရင်လည်းကြိုတင်ရှောင်တာ၊ ဖြစ်လာရင်လည်းဆေးသောက်တာတွေနဲ့ပိုဆိုးမလာအောင် ကာကွယ်နိုင်ပါတယ်။
နှာရည်ယိုတာကလည်းဖြစ်လေ့ဖြစ်ထရှိပြီး သု့အလိုလိုပျောက်သွးတတိပါတယ်။ သို့သော် ပြင်းထန်မှုရှိမရှိကိုတော့ လူကြီးတွေကဂရုစိုက်ပြီးကြည့်ရှုပေးရပါမယ်။ ဒါမှမပြင်းထန်ရင်လည်း လွယ်ကူစွာပျောက်ကင်းပြီး ပြင်းထန်ရင်လည်း ပိုမိုဆိုးမလာအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Dr.ZZ
ကေလးမ်ားတြင္ႏွာရည္ယို၊ ႏွာပိတ္ျခင္း
ကေလးေတြမွာႏွာရည္ယိုတယ္၊ ႏွာပိတ္တယ္၊ ႏွာေစးတယ္ဆိုတာျဖစ္ေလ့ရွိတဲ့အေျခအေနတစ္ရပ္ျဖစ္ပါတယ္။ ေနမေကာင္းရင္၊ အေအးပတ္ရင္၊ ႏွာေခါင္းထဲအမႈန္ရင္ဝင္ရင္စတာေတြမွာ ႏွာရည္ယိုႏိုင္ပါတယ္။ ႏွာပိတ္တာ၊ အသက္ရႈရတာမေကာင္းတာေတြျဖစ္ေစႏိုင္သလို ႏွာေျခတာနဲ႔လည္းတြဲေနႏိုင္ပါတယ္။ရာသီအကူးအေျပာင္းမွာျဖစ္ႏိုင္သလို ေရခ်ိဳးမွားတာ၊ အစားမွားတာေတြကေနလည္းျဖစ္ႏိုင္ပါတယ္။
ႏွာရည္ယိုျခင္းရဲ႕မူလသေဘာတရားကေတာ့ ႏွာေခါင္းနဲ႔အသက္ရႉလမ္းေၾကာင္းကို ကာကြယ္ေပးတာျဖစ္ပါတယ္။ ႏွာေခါင္းထဲမွာမလိုလားအပ္တဲ့ဖုန္၊ အညစ္အေၾကး၊ ေရာဂါပိုးစတာေတြဝင္ေရာက္လာတဲ့အခါ အသက္ရႉလမ္းေၾကာင္းမွာရွိေနတဲ့cellေတြကေန အရည္ေတြထုတ္ၿပီး မလိုလားအပ္တဲ့အရာေတြကို ႏွာေခါင္းထဲေရာက္မလာေအာင္၊ ႏွာေခါင္းထဲကေနထြက္သြားေအာင္ လုပ္တဲ့အေနနဲ႔ႏွာရည္ယိုတာျဖစ္ပါတယ္။ ႏွာေခါငူ္တယထဲကိုဝင္လာတဲ့ေလကအရမ္းကို ေျခာက္ေသြ႕ၿပီးေရေငြ႕ပါဝင္တာနည္းပါးေနရင္လည္း ႏွာရည္ယိုတတ္ပါတယ္။
ကေလးေတြမွာႏွာရည္ယိုတာနဲ႔ ပုံမွန္ပါပဲဆိုၿပီးေပါ့ဆေနလို႔မရသလို ေရာဂါႀကီးျဖစ္ေနၿပီလားလို႔လည္း မစိုးရိမ္သင့္ပါဘူး။ ရာသီတုပ္ေကြးျဖစ္လာရင္ႏွာရည္ယိုတတ္ပါတယ္။ ဘာေၾကာင္ႀယိဳလည္းဆိုတာကေတာ့ ႏွာေခါင္းထဲက ေရာဂါပိုးကိုအျပင္ေရာက္ေအာင္လုပ္ရာကေနယိုတာျဖစ္ပါတယ္။ ဓာတ္မတည့္တာေတြ ရႉမိတာကေနလည္း ႏွာရည္ယိုႏိုင္ပါတယ္။ ေတာ္႐ုံတန္႐ုံဆိုရင္ေတာ့ ႏွာရည္ယိုထား၊ ႏွာေခ်တာေလာက္နဲ႔ၿပီးသြားတတ္ပါတယ္။ ထိပ္ခပ္နာျဖစ္ရင္လည္းႏွာရည္ယိုႏိုင္ပါတယ္။ ႏွာရည္ယိုရာမွာေတာ့ ပမာဏကလည္းပိုမ်ားတဲ့အျပင္ပိုၿပီးပ်စ္ခြၽဲေနတာ၊ အေရာင္ကၾကည္မေနပဲ ေနာက္ေနတာ၊ အဝါေရာင္အစိမ္းေရာင္သန္းေနတာေတြကလည္း ထိပ္ခပ္နာရဲ႕လကၡဏာျဖစ္ေနႏိုင္ပါတယ္။
ႏွာရည္ယိုတာကိုကုသရာမွာေတာ့ ဘာေၾကာင္ႏွာရည္ယိုတာလည္းဆိုတာက အေရးႀကီးပါတယ္။ virusေၾကာင့္ျဖစ္တယ္ဆိုရင္ေတာ့ သူ႔ဟာသူအလိုလိုေပ်ာက္သြားမွာျဖစ္ၿပီး ေဆးထိုးေဆးေသာက္ဖို႔မလိုအပ္ပါဘူး။ ေကာင္းေကာင္းအိပ္ေကာင္းေကာင္းစားၿပီးအနားယူလိုက္တာနဲ႔ ျပန္ေကာင္းလာမွာျဖစ္ပါတယ္။ ဓာတ္မတည့္တာေၾကာင့္ျဖစ္တယ္ဆိုရင္ေတာ ေဆးေသာက္ရင္ပိုမိုျမန္ဆန္စြာေပ်ာက္ႏိုင္ပါတယ္။ ထိပ္ခပ္နာျဖစ္ေနရင္ေတာ့ သင့္ေတာ္တဲ့ပိုးသတ္ေဆးေသာက္ရင္ ေပ်ာက္ကင္းႏိုင္ပါတယ္။
ကာကြယ္နည္းေတြကလည္းအမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ အေကာင္းဆုံးကေတာ့ ကိုယ္ခံအားေကာင္းေအာင္ေနထိုင္တာျဖစ္ပါတယ္။ ႏွာေခ်ၿပီးတဲ့အခါလက္ကိုစင္ၾကယ္စြာေဆးဖို႔၊ ႏွာေခ်ရင္လက္ကိုင္ပဝါ၊ လက္သုပ္ပုဝါနဲ႔အုပ္ဖို႔၊ ႏွစ္စဥ္တုပ္ေကြးကာကြယ္ေဆးထိုးတာေတြနဲ႔ကာကြယ္ႏိုင္ပါတယ္။ ဓာတ္မတည့္တာေတြရွိရင္လည္းႀကိဳတင္ေရွာင္တာ၊ ျဖစ္လာရင္လည္းေဆးေသာက္တာေတြနဲ႔ပိုဆိုးမလာေအာင္ ကာကြယ္ႏိုင္ပါတယ္။
ႏွာရည္ယိုတာကလည္းျဖစ္ေလ့ျဖစ္ထရွိၿပီး သု႔အလိုလိုေပ်ာက္သြးတတိပါတယ္။ သို႔ေသာ္ ျပင္းထန္မႈရွိမရွိကိုေတာ့ လူႀကီးေတြကဂ႐ုစိုက္ၿပီးၾကည့္ရႈေပးရပါမယ္။ ဒါမွမျပင္းထန္ရင္လည္း လြယ္ကူစြာေပ်ာက္ကင္းၿပီး ျပင္းထန္ရင္လည္း ပိုမိုဆိုးမလာေအာင္ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။
Dr.ZZ