All Articlesအခြားရောဂါများအထွေထွေရောဂါများ

အရက်ကြောင့်မဟုတ်သောအသည်းအဆီဖုံးခြင်းနှင့်အသည်းရောင်ယမ်းခြင်း

1 Mins read

အရက်ကြောင့်မဟုတ်သောအသည်းအဆီဖုံးခြင်းနှင့်အသည်းရောင်ယမ်းခြင်း

အသည်းအဆီဖုံးခြင်းနှင့်အသည်းရောင်ခြင်းကို လူအတော်များများက အရက်သောက်မှဖြစ်တယ်လို့ ထင်နေကြပါတယ်။ ဟုတ်ပါတယ် အရက်သောက်ခြင်းဟာ အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်းသာမက အသည်းကင်ဆာအထိပါဖြစ်နိုင်တဲ့အထိ အသည်းကိုဒုက္ခပေးနိုင်တာမှန်ပါတယ်။ ဒါပေမယ့် အရက်မသောက်ပဲအသည်းရောဂါဖြစ်နေတဲ့လူတွေအများကြီးပါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်းတွေဟာလဲ အသည်းကင်ဆာနဲ့တစ်နည်းဆက်စပ်မှုရှိနေတာကို ဝမ်းနည်းဖွယ်တွေ့လာရပါတယ်။

ဒီဘက်ခေတ်တွေမှာ အဆိုပါရောဂါများပိုလို့အဖြစ်များ ခေတ်စားလာပါတယ်။ လူတွေရဲ့နေထိုင်စားသောက်မှုပုံစံ၊အလုပ်အကိုင်နဲ့ ဆေးလိပ်၊ဘီယာ၊အရက်တွေကို အလွယ်တကူသောက်သုံးလာကြတဲ့ အလေ့အထတွေဟာ ၎င်းရောဂါတွေကို ဦးမော့လာစေဖို့တွန်းအားပေးနေပါတယ်။

အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း (Non alcoholic fatty liver disease-NAFLD)

အရက်လုံးဝမသောက်သူ(သို့)တစ်ခါတစ်ရံမှအနည်းငယ်သာသောက်တဲ့သူတွေမှာဖြစ်တဲ့ အသည်းအဆီဖုံးခြင်းပါ။ တော်တော်များများကတော့ အသည်းအဆီဖုံးတဲ့အဆင့်မှာပဲရှိနေပြီး ပြင်းထန်တဲ့ရောဂါတွေဖြစ်လေ့မရှိပါဘူး။အသည်းဆဲလ်တွေထဲမှာ အဆီတွေဖုံးလွှမ်းလာပြီး ၎င်းတို့ထဲမှအနည်းစုကတော့(NASH-Non alcoholic steatohepatitis)လို့ ခေါ်တဲ့ အရက်ကြောင့်မဟုတ်သောအသည်းရောင်ခြင်းကို ခံစားရနိုင်ပါတယ်။

အရက်ကြောင့်မဟုတ်သော အသည်းရောင်ယမ်းခြင်း (Non alcoholic steatohepatitis-NASH)

NASH မှာ အသည်းဆဲလ်တွေဟာ အဆီဖုံးရာမှရောင်ယမ်းလာပြီး အသည်းမှာအမာရွတ်တွေကိုဖြစ်ပေါ်လာစေပါတယ်။၎င်းမှဆက်၍ အခန့်မသင့်လျှင် အသည်းခြောက်ခြင်းကိုပါ ဖြစ်ပေါ်စေတတ်ပါတယ်။အသည်းခြောက်တဲ့အခါ အသည်းဟာ၎င်းရဲ့တာဝန်တွေကိုမထမ်းဆောင်နိုင်တော့တာကြောင့် အသည်းခြောက်တဲ့အဆင့်ရောက်တဲ့အခါမှာ အသည်းအစားထိုးကုသမှုခံယူမှပကတိအတိုင်းပြန်ဖြစ်နိုင်မှာဖြစ်ပါတယ်။

ဘယ်အရာက အထက်ပါရောဂါများကို ဖြစ်ပေါ်စေနိုင်သလဲ…

Metabolic syndrome လို့ခေါ်တဲ့ အဝလွန်ခြင်း၊သွေးတွင်းအဆီဓါတ်များခြင်း၊ဆီးချိုနှင့် သွေးတိုးရောဂါတို့ပေါင်းစပ်နေတဲ့ရောဂါစုမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။အသည်းအဆီဖုံးရန်အတွက် ၎င်းရောဂါများအားလုံးပေါင်းစုနေရန်မလိုပဲလဲ ဖြစ်နိုင်ပါတယ်။ထိုအထဲမှ အဝလွန်ခြင်းဟာ အသည်းအဆီဖုံးခြင်းကိုအဖြစ်နိုင်ဆုံးသော အကြောင်းခြင်းရာဖြစ်ပါတယ်။အမျိုးသမီးတွေမှာဖြစ်တဲ့ သားဥအိမ်အရည်အိတ်များတည်ခြင်း(Polycystic ovarian syndrome)ဟာလဲ အသည်းအဆီဖုံးခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ…

စိတ်မကောင်းစွာနဲ့ပဲ အတော်များများဟာ ဘာရောဂါလက္ခဏာမှမပြတတ်ကြပါဘူး၊၊ အကြောင်းတစ်ခုခုကြောင့် အာထရာဆောင်းရိုက်ဖြစ်မှတွေ့ကြသိကြတာများပါတယ်။ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း(သို့)ရင်ညွန့်မှအောင့်ခြင်း၊ပျို့ခြင်း၊အန်ခြင်း၊မောပန်းနွမ်းလျခြင်းတို့လောက်သာလျှင် ဖြစ်ပေါ်တတ်တာကြောင့် ရောဂါလက္ခဏာများအား ယတိပြတ်ပြော၍မလွယ်ကူပါ။

ရောဂါရှိမှန်း ဘယ်လိုသိရမလဲ…

၁။အာထရာဆောင်း(သို့) CT ရိုက်ခြင်း၊ အသည်းအင်ဇိုင်းများစစ်ခြင်းဖြင့် သိနိုင်ပါတယ်။ အသည်းအင်ဇိုင်းဟာ အချို့လူတွေမှာပုံမှန်ပမာဏလောက်ပဲဖြစ်တတ်တာကြောင့် အာထရာဆောင်းဟာအလွယ်ကူဆုံးရောဂါရှာဖွေနည်းဖြစ်ပါတယ်။ ဒါပေမယ့် အခြားရောဂါတွေဖြစ်တဲ့အသည်းရောင်အသားဝါဘီပိုး/စီပိုး၊ဆေးဝါးအချို့၊ကိုယ်ခံအားစနစ်ရောဂါတွေဟာလဲ အသည်းအဆီဖုံးခြင်းကိုဖြစ်စေနိုင်တာကြောင့် အကောင်းဆုံးနဲ့အတိကျဆုံးသောနည်းလမ်းကတော့ အသည်းမှအသားစယူ၍စစ်ဆေးခြင်းပဲဖြစ်ပါတယ်။

ဘယ်လိုကုသမလဲ…

၁။အဝလွန်ခြင်းဟာအဓိကအကြောင်းအရာဖြစ်တာကြောင့် ကိုယ်အလေးချိန်လျှော့ချခြင်းဟာအရေးအပါဆုံးဖြစ်ပါတယ်။ကျန်းမာ၍အာဟာရပြည့်ဝသော စားသောက်မှုပုံစံ၊သင့်တင့်မျှတသော ကိုယ်လက်လေ့ကျင့်ခန်း၊အရက်လျှော့သောက်ခြင်းတို့ဟာ များစွာအထောက်အကူပြုစေနိုင်တဲ့ အရာတွေဖြစ်ပါတယ်။

၂။ဆီးချို၊သွေးတိုးကို ဆရာဝန်နှင့်ပုံမှန်ပြသကာဆေးဝါးကုသမှုခံယူခြင်း၊အဆီဓါတ်လျှော့ချခြင်းတို့ကို မဖြစ်မနေပြုလုပ်ပေးရပါမယ်။

၃။အင်တီအောက်ဆီးဒန့်များ(ဥပမာ ဗီတာမင်အီး)ပါဝင်သော ဆေးဝါးများဟာရောင်ယမ်းမှုကိုဖြစ်စေတဲ့ ဓါတ်သတ္တိတွေကိုကျစေရုံမက အသည်းကျန်းမာရေးကိုလဲ အားပေးစေနိုင်ပါတယ်။

၄။လေ့လာချက်အသစ်အချို့အရ ကော်ဖီစစ်စစ်ကိုသောက်သုံးခြင်းဟာလဲ အသည်းအဆီဖုံးခြင်းကို လျှော့ကျစေနိုင်တယ်လို့ ဆိုကြပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်တောင်းလျှက်။

dr.ye’lwin mm

အရက္ေၾကာင့္မဟုတ္ေသာအသည္းအဆီဖံုးျခင္းႏွင့္အသည္းေရာင္ယမ္းျခင္း

အသည္းအဆီဖံုးျခင္းႏွင့္အသည္းေရာင္ျခင္းကို လူအေတာ္မ်ားမ်ားက အရက္ေသာက္မွျဖစ္တယ္လို႕ ထင္ေနၾကပါတယ္။ ဟုတ္ပါတယ္ အရက္ေသာက္ျခင္းဟာ အသည္းအဆီဖံုးျခင္း၊အသည္းေရာင္ျခင္းသာမက အသည္းကင္ဆာအထိပါျဖစ္ႏိုင္တဲ့အထိ အသည္းကိုဒုကၡေပးႏိုင္တာမွန္ပါတယ္။ ဒါေပမယ့္ အရက္မေသာက္ပဲအသည္းေရာဂါျဖစ္ေနတဲ့လူေတြအမ်ားႀကီးပါ။ အရက္ေၾကာင့္မဟုတ္တဲ့ အသည္းအဆီဖံုးျခင္း၊အသည္းေရာင္ျခင္းေတြဟာလဲ အသည္းကင္ဆာနဲ႕တစ္နည္းဆက္စပ္မွဳရွိေနတာကို ဝမ္းနည္းဖြယ္ေတြ႕လာရပါတယ္။

ဒီဘက္ေခတ္ေတြမွာ အဆိုပါေရာဂါမ်ားပိုလို႕အျဖစ္မ်ား ေခတ္စားလာပါတယ္။ လူေတြရဲ႕ေနထိုင္စားေသာက္မွဳပံုစံ၊အလုပ္အကိုင္နဲ႕ ေဆးလိပ္၊ဘီယာ၊အရက္ေတြကို အလြယ္တကူေသာက္သံုးလာၾကတဲ့ အေလ့အထေတြဟာ ၎ေရာဂါေတြကို ဦးေမာ့လာေစဖို႕တြန္းအားေပးေနပါတယ္။

အရက္ေၾကာင့္မဟုတ္ေသာ အသည္းအဆီဖုံးျခင္း (Non alcoholic fatty liver disease-NAFLD)

အရက္လံုးဝမေသာက္သူ(သို႕)တစ္ခါတစ္ရံမွအနည္းငယ္သာေသာက္တဲ့သူေတြမွာျဖစ္တဲ့ အသည္းအဆီဖံုးျခင္းပါ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အသည္းအဆီဖံုးတဲ့အဆင့္မွာပဲရွိေနၿပီး ျပင္းထန္တဲ့ေရာဂါေတြျဖစ္ေလ့မရွိပါဘူး။အသည္းဆဲလ္ေတြထဲမွာ အဆီေတြဖံုးလႊမ္းလာၿပီး ၎တို႕ထဲမွအနည္းစုကေတာ့(NASH-Non alcoholic steatohepatitis)လို႕ ေခၚတဲ့ အရက္ေၾကာင့္မဟုတ္ေသာအသည္းေရာင္ျခင္းကို ခံစားရႏိုင္ပါတယ္။

အရက္ေၾကာင့္မဟုတ္ေသာ အသည္းေရာင္ယမ္းျခင္း (Non alcoholic steatohepatitis-NASH)

NASH မွာ အသည္းဆဲလ္ေတြဟာ အဆီဖံုးရာမွေရာင္ယမ္းလာၿပီး အသည္းမွာအမာရြတ္ေတြကိုျဖစ္ေပၚလာေစပါတယ္။၎မွဆက္၍ အခန္႕မသင့္လွ်င္ အသည္းေျခာက္ျခင္းကိုပါ ျဖစ္ေပၚေစတတ္ပါတယ္။အသည္းေျခာက္တဲ့အခါ အသည္းဟာ၎ရဲ႕တာဝန္ေတြကိုမထမ္းေဆာင္ႏိုင္ေတာ့တာေၾကာင့္ အသည္းေျခာက္တဲ့အဆင့္ေရာက္တဲ့အခါမွာ အသည္းအစားထိုးကုသမွဳခံယူမွပကတိအတိုင္းျပန္ျဖစ္ႏိုင္မွာျဖစ္ပါတယ္။

ဘယ္အရာက အထက္ပါေရာဂါမ်ားကို ျဖစ္ေပၚေစႏိုင္သလဲ…

Metabolic syndrome လို႕ေခၚတဲ့ အဝလြန္ျခင္း၊ေသြးတြင္းအဆီဓါတ္မ်ားျခင္း၊ဆီးခ်ဳိႏွင့္ ေသြးတိုးေရာဂါတို႕ေပါင္းစပ္ေနတဲ့ေရာဂါစုမွာ အျဖစ္အမ်ားဆံုးျဖစ္ပါတယ္။အသည္းအဆီဖံုးရန္အတြက္ ၎ေရာဂါမ်ားအားလံုးေပါင္းစုေနရန္မလိုပဲလဲ ျဖစ္ႏိုင္ပါတယ္။ထိုအထဲမွ အဝလြန္ျခင္းဟာ အသည္းအဆီဖံုးျခင္းကိုအျဖစ္ႏိုင္ဆံုးေသာ အေၾကာင္းျခင္းရာျဖစ္ပါတယ္။အမ်ဳိးသမီးေတြမွာျဖစ္တဲ့ သားဥအိမ္အရည္အိတ္မ်ားတည္ျခင္း(Polycystic ovarian syndrome)ဟာလဲ အသည္းအဆီဖံုးျခင္းနဲ႕ ဆက္စပ္မွဳရွိပါတယ္။

ေရာဂါလကၡဏာေတြက ဘာေတြလဲ…

စိတ္မေကာင္းစြာနဲ႕ပဲ အေတာ္မ်ားမ်ားဟာ ဘာေရာဂါလကၡဏာမွမျပတတ္ၾကပါဘူး၊၊ အေၾကာင္းတစ္ခုခုေၾကာင့္ အာထရာေဆာင္း႐ိုက္ျဖစ္မွေတြ႕ၾကသိၾကတာမ်ားပါတယ္။ဝမ္းဗိုက္ညာဘက္အေပၚပိုင္း(သို႕)ရင္ၫြန္႕မွေအာင့္ျခင္း၊ပ်ဳိ႕ျခင္း၊အန္ျခင္း၊ေမာပန္းႏြမ္းလ်ျခင္းတို႔ေလာက္သာလွ်င္ ျဖစ္ေပၚတတ္တာေၾကာင့္ ေရာဂါလကၡဏာမ်ားအား ယတိျပတ္ေျပာ၍မလြယ္ကူပါ။

ေရာဂါရွိမွန္း ဘယ္လိုသိရမလဲ…

၁။အာထရာေဆာင္း(သို႕) CT ႐ိုက္ျခင္း၊ အသည္းအင္ဇိုင္းမ်ားစစ္ျခင္းျဖင့္ သိႏိုင္ပါတယ္။ အသည္းအင္ဇိုင္းဟာ အခ်ဳိ႕လူေတြမွာပံုမွန္ပမာဏေလာက္ပဲျဖစ္တတ္တာေၾကာင့္ အာထရာေဆာင္းဟာအလြယ္ကူဆံုးေရာဂါရွာေဖြနည္းျဖစ္ပါတယ္။ ဒါေပမယ့္ အျခားေရာဂါေတြျဖစ္တဲ့အသည္းေရာင္အသားဝါဘီပိုး/စီပိုး၊ေဆးဝါးအခ်ဳိ႕၊ကိုယ္ခံအားစနစ္ေရာဂါေတြဟာလဲ အသည္းအဆီဖံုးျခင္းကိုျဖစ္ေစႏိုင္တာေၾကာင့္ အေကာင္းဆံုးနဲ႕အတိက်ဆံုးေသာနည္းလမ္းကေတာ့ အသည္းမွအသားစယူ၍စစ္ေဆးျခင္းပဲျဖစ္ပါတယ္။

ဘယ္လိုကုသမလဲ…

၁။အဝလြန္ျခင္းဟာအဓိကအေၾကာင္းအရာျဖစ္တာေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းဟာအေရးအပါဆံုးျဖစ္ပါတယ္။က်န္းမာ၍အာဟာရျပည့္ဝေသာ စားေသာက္မႈပံုစံ၊သင့္တင့္မွ်တေသာ ကိုယ္လက္ေလ့က်င့္ခန္း၊အရက္ေလွ်ာ့ေသာက္ျခင္းတို႕ဟာ မ်ားစြာအေထာက္အကူျပဳေစႏိုင္တဲ့ အရာေတြျဖစ္ပါတယ္။

၂။ဆီးခ်ဳိ၊ေသြးတိုးကို ဆရာဝန္ႏွင့္ပံုမွန္ျပသကာေဆးဝါးကုသမွဳခံယူျခင္း၊အဆီဓါတ္ေလွ်ာ့ခ်ျခင္းတို႕ကို မျဖစ္မေနျပဳလုပ္ေပးရပါမယ္။

၃။အင္တီေအာက္ဆီးဒန္႕မ်ား(ဥပမာ ဗီတာမင္အီး)ပါဝင္ေသာ ေဆးဝါးမ်ားဟာေရာင္ယမ္းမႈကိုျဖစ္ေစတဲ့ ဓါတ္သတၱိေတြကိုက်ေစရံုမက အသည္းက်န္းမာေရးကိုလဲ အားေပးေစႏိုင္ပါတယ္။

၄။ေလ့လာခ်က္အသစ္အခ်ဳိ႕အရ ေကာ္ဖီစစ္စစ္ကိုေသာက္သံုးျခင္းဟာလဲ အသည္းအဆီဖံုးျခင္းကို ေလွ်ာ့က်ေစႏိုင္တယ္လို႕ ဆိုၾကပါတယ္။

အားလံုးပဲ က်န္းမာခ်မ္းသာၾကပါေစေၾကာင္း ဆုမြန္ေတာင္းလွ်က္။

dr.ye’lwin mm

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…