မျှော့ ဆိုတာကြောက်စရာကြီးလား
မျှော့ဆိုသည်မှာ သတ္တဝါမျှော့ကို ပြောခြင်းမဟုတ် ။ အရပ်သုံးစကား အထူးသဖြင့် ယောက်ျားလေးများကြားရေပန်းစားသည် ။ ဘယ်လိုမိန်းမကတော့ဖြင့် မျှော့ပါသည် ဘယ်သူကတော့ဖြင့် တန်းတန်းစွဲဖြစ်ကြသည် အစရှိသည်ဖြင့် ခေတ်အဆက်ဆက် ယောက်ျားတို့စကားဝိုင်းတွင်ပါလေ့ရှိကြသည် ။
အရပ်ထဲပြောအရ မျှော့ဆိုသည့်မိန်းမကိုယ်အတွင်းရှိ အကောင်ကဲ့သို့အရာကြောင့် ယောက်ျားများ တန်းတန်းစွဲဖြစ်စေသည်ဟုဆို၏ ။ တချို့က မျှော့ပါခြင်းသည် အိမ်ထောင်ရေးအတွက်ကောင်းသောလည်း ကလေးမွေးဖွားရာတွေ အခက်တွေ့စေသည် သေစေတတ်သည် သားအိမ်က ကလေးကို ပြန်ပြန်ဆွဲသည် မျှော့ပါလျှင် မွေးခါနီး ဆားနှင့်ပက်ရမယ် အချင်းကို နင်းရမည် အစရှိသည်ဖြင့် လူအမျိုးမျိုး အထွေထွေ အယူအဆ အလွဲများဖြင့် ပြည့်နှက်နေသည် ။ လွဲမှားရုံမက တချို့သော အယူအဆများမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် အတွက် မျှော့အကြောင်း သိသလောက် ဝေမျှလိုက်ရပါသည် ။
တကယ်တော့ မျှော့ဆိုသည်မှာ ဘာမှမဟုတ် ။ အမျိုးသမီးတိုင်းတွင် ရှိသည် ။ လိင်ဆက်ဆံချိန်တွင် ဆက်ဆံ၍ climax အထွတ်အထိပ်ရောက်ချိန်မှာ မိန်းမအင်္ဂါထဲမှ ကြွက်သားများ ကျုံ့ချင်း ဆန့်ချင်း ဖြစ်ပြီး ယောက်ျား လိင်အင်္ဂါကို ဆွဲညှစ်သလို ဖြစ်တတ်ခြင်းကြောင့် “မျှော့” ကြွက်သားလို့ခေါ်ကြသည် ။ တချို့အမျိုးသမီးများတွင် တကယ်ပြီးမြောက်ချိန် ထိုကြွက်သားများက အလွန်အမင်း ကြုံ့ဆန့်သွားပြီး လက်နဲ့ညှစ်ထားသကဲ့သိုဖြစ်သည့်အတွက် အမျိုးသားများ တန်းတန်းစွဲရခြင်းဖြစ်သည် ။
ဒီလိုဖြစ်လာအောင် လေ့ကျင့်လို့ရပါတယ် ။ pelvic floor muscles exercises ဆိုပြီး youtube မှာ ရှာပြီး လေ့ကျင့်နိုင်ပါတယ် ။ ကလေးရိုးရိုးမွေးထားသော မိခင်များ သားအိမ်ဆီးအိမ်ကျွံကျနေသော အမျိုးသမီးများအတွက် သင့်လျှော်တဲ့ လေ့ကျင့်ခန်းများဖြစ်ပါတယ်။ မျှော့ကြိုက်သော ကိုကိုဦးဦးတို့လည်း မိမိ ချစ်သူ ဇနီးများကို လေ့ကျင့်ခိုင်းနိုင်ပါတယ် ။ နည်းလမ်းမှာမခက်လှ ။ လိင်ဆက်ဆံချိန်တွင် စအိုကြွက်သားများကို ရှုံ့ရှုံ့ပေးခြင်းဖြင့် ထို မျှော့ကြွက်သားများပါ သန်မာလာစေသည် ။
တကယ်တော့ အိမ်ထောင်တစ်ခု သာယာဖို့ လက်တွဲဖော်နှင့် အဆင်ပြေဖို့ဆိုသည်မှာ လိင်ကိစ္စတစ်ခုထဲမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု ဖေးမမှု အစရှိသည်တို့ဖြင့် တည်ဆောက်ထားခြင်းသာဖြစ်ပါသည် ။
နောက်လွဲမှားနေသည့် အယူအဆဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် မျှော့ ဆိုရာတွင်လည်း pelvic floor muscles (မျှော့ကြွက်သား) နဲ့ ကလေးမမွေးနိုင်တာ လုံးဝ (လုံးဝ) မသက်ဆိုင်ပါ ။ကလေး မျက်နှာညိုမည်းနေတာဟာ တစ်ခါတစ်ရံ မျက်နှာနဲ့အောက်ကိုမွေးလမ်းကြောင်းထဲဆင်းလာချိန် အချိန်ကြာလာခြင်း venous congestion နဲ့ မျက်နှာ ညိုမဲနေတတ်ပါတယ်။
ကျွမ်းကျင်သော သားဖွားဆရာမ၊ဆရာဝန်၊ သားဖွားအထူးကုများဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု မှန်မှန်ယူကြပါ ။ ပေါက်ကရ အတွေးအခေါ်များမှ ရှောင်ရှားနိုင်ကြပါစေ ။
အားလုံးကျန်းမာ ကြပါစေ
ဒေါက်ပီ
ေမွ်ာ့ ဆုိတာေၾကာက္စရာႀကီးလား
ေမွ်ာ့ဆိုသည္မွာ သတၱဝါေမွ်ာ့ကို ေျပာျခင္းမဟုတ္ ။ အရပ္သံုးစကား အထူးသျဖင့္ ေယာက္်ားေလးမ်ားၾကားေရပန္းစားသည္ ။ ဘယ္လိုမိန္းမကေတာ့ျဖင့္ ေမွ်ာ့ပါသည္ ဘယ္သူကေတာ့ျဖင့္ တန္းတန္းစြဲျဖစ္ၾကသည္ အစရွိသည္ျဖင့္ ေခတ္အဆက္ဆက္ ေယာက္်ားတို႔စကားဝိုင္းတြင္ပါေလ့ရွိၾကသည္ ။
အရပ္ထဲေျပာအရ ေမွ်ာ့ဆိုသည့္မိန္းမကိုယ္အတြင္းရွိ အေကာင္က့ဲသို႔အရာေၾကာင့္ ေယာက္်ားမ်ား တန္းတန္းစြဲျဖစ္ေစသည္ဟုဆို၏ ။ တခ်ဳိ့က ေမွ်ာ့ပါျခင္းသည္ အိမ္ေထာင္ေရးအတြက္ေကာင္းေသာလည္း ကေလးေမြးဖြားရာေတြ အခက္ေတြ႕ေစသည္ ေသေစတတ္သည္ သားအိမ္က ကေလးကို ျပန္ျပန္ဆြဲသည္ ေမွ်ာ့ပါလွ်င္ ေမြးခါနီး ဆားႏွင့္ပက္ရမယ္ အခ်င္းကို နင္းရမည္ အစရွိသည္ျဖင့္ လူအမ်ဳိးမ်ဳိး အေထြေထြ အယူအဆ အလြဲမ်ားျဖင့္ ျပည့္ႏွက္ေနသည္ ။ လြဲမွားရံုမက တခ်ဳိ႕ေသာ အယူအဆမ်ားမွာ အသက္အႏၲရာယ္ကိုပါ ထိခိုက္ေစႏိုင္သည့္ အတြက္ ေမွ်ာ့အေၾကာင္း သိသေလာက္ ေဝမွ်လိုက္ရပါသည္ ။
တကယ္ေတာ့ ေမွ်ာ့ဆိုသည္မွာ ဘာမွမဟုတ္ ။ အမ်ဳိးသမီးတိုင္းတြင္ ရွိသည္ ။ လိင္ဆက္ဆံခ်ိန္တြင္ ဆက္ဆံ၍ climax အထြတ္အထိပ္ေရာက္ခ်ိန္မွာ မိန္းမအဂၤါထဲမွ ႂကြက္သားမ်ား က်ဳံ႕ခ်င္း ဆန္႔ခ်င္း ျဖစ္ၿပီး ေယာက္်ား လိင္အဂၤါကို ဆြဲၫွစ္သလို ျဖစ္တတ္ျခင္းေၾကာင့္ “ေမွ်ာ့” ႂကြက္သားလို႔ေခၚၾကသည္ ။ တခ်ဳိ့အမ်ဳိးသမီးမ်ားတြင္ တကယ္ၿပီးေျမာက္ခ်ိန္ ထိုျကြက္သားမ်ားက အလြန္အမင္း ၾကံဳ႕ဆန္႔သြားၿပီး လက္နဲ႔ညႇစ္ထားသက့ဲသိုျဖစ္သည့္အတြက္ အမ်ဳိးသားမ်ား တန္းတန္းစြဲရျခင္းျဖစ္သည္ ။
ဒီလိုျဖစ္လာေအာင္ ေလ့က်င့္လို႔ရပါတယ္ ။ pelvic floor muscles exercises ဆိုၿပီး youtube မွာ ရွာၿပီး ေလ့က်င့္ႏိုင္ပါတယ္ ။ ကေလး႐ိုး႐ိုးေမြးထားေသာ မိခင္မ်ား သားအိမ္ဆီးအိမ္ကၽြံက်ေနေသာ အမ်ဳိးသမီးမ်ားအတြက္ သင့္ေလွ်ာ္တဲ့ ေလ့က်င့္ခန္းမ်ားျဖစ္ပါတယ္။ ေမွ်ာ့ႀကိဳက္ေသာ ကိုကိုဦးဦးတို႔လည္း မိမိ ခ်စ္သူ ဇနီးမ်ားကို ေလ့က်င့္ခိုင္းႏိုင္ပါတယ္ ။ နည္းလမ္းမွာမခက္လွ ။ လိင္ဆက္ဆံခ်ိန္တြင္ စအိုႂကြက္သားမ်ားကို ႐ွဳံ႕႐ွဳံ့ေပးျခင္းျဖင့္ ထို ေမွ်ာ့ႂကြက္သားမ်ားပါ သန္မာလာေစသည္ ။
တကယ္ေတာ့ အိမ္ေထာင္တစ္ခု သာယာဖို႔ လက္တြဲေဖာ္ႏွင့္ အဆင္ေျပဖို႔ဆိုသည္မွာ လိင္ကိစၥတစ္ခုထဲမဟုတ္ဘဲ တစ္ဦးႏွင့္တစ္ဦး အျပန္အလွန္ နားလည္မႈ ေဖးမမႈ အစရွိသည္တို႔ျဖင့္ တည္ေဆာက္ထားျခင္းသာျဖစ္ပါသည္ ။
ေနာက္လြဲမွားေနသည့္ အယူအဆျဖစ္သည့္ ကိုယ္ဝန္ေဆာင္ႏွင့္ ေမွ်ာ့ ဆိုရာတြင္လည္း pelvic floor muscles (ေမွ်ာ့ႂကြက္သား) နဲ႔ ကေလးမေမြးႏိုင္တာ လံုးဝ (လံုးဝ) မသက္ဆိုင္ပါ ။ကေလး မ်က္ႏွာညိဳမည္းေနတာဟာ တစ္ခါတစ္ရံ မ်က္ႏွာနဲ႔ေအာက္ကိုေမြးလမ္းေၾကာင္းထဲဆင္းလာခ်ိန္ အခ်ိန္ႀကာလာျခင္း venous congestion နဲ႔ မ်က္ႏွာ ညိဳမဲေနတတ္ပါတယ္။
ကၽြမ္းက်င္ေသာ သားဖြားဆရာမ၊ဆရာဝန္၊ သားဖြားအထူးကုမ်ားျဖင့္ ကိုယ္ဝန္ေစာင့္ေရွာက္မႈ မွန္မွန္ယူၾကပါ ။ ေပါက္ကရ အေတြးအေခၚမ်ားမွ ေရွာင္ရွားႏိုင္ၾကပါေစ ။
အားလံုးက်န္းမာ ၾကပါေစ
ေဒါက္ပီ