မိန်းကလေးချင်းမို့လက်တို့ပြောရဦးမယ်။ ( အပိုင်း၂)
Tampon နှင့် အယူအဆမှားများ
Tampon ဆိုတဲ့အမျိုးသမီးလစဉ်သုံး မိန်းမကိုယ်ထဲထည့်တဲ့ပစ္စည်းလေးအကြောင်းကိုရှေ့ဆောင်းပါးတုန်းကဖော်ပြပြီးဖြစ်တာကြောင့် ဒီတစ်ခါမှာတော့သူနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေ၊ အယူအဆမှားတွေအကြောင်းပြောပြချင်ပါတယ်။
Tampon ဟာ အသက်ကြီးမှသုံးလို့ရတာမဟုတ်ဘူးလား?
မဟုတ်ပါဘူး။ ရာသီစပေါ်တဲ့အပျိုပေါက်လေးတွေကစပြီးသုံးလို့ရပါတယ်။သုံးစွဲပုံ၊ လဲလှယ်ပုံတို့ကို သေချာသင်ထားပေးဖို့လိုပါလိမ့်မယ်။
Tampon ဟာ အပျိုရည်ပျက်စေတယ်မဟုတ်ဘူးလား?
အပျိုအမှေးပါးလို့ခေါ်တဲ့ Hymen ဟာ Tampon ထည့်လိုက်ရင်ပြဲသွားမှာပေါ့??မဟုတ်ပါဘူး။ အပျိုရည်ပျက်တာဟာ အပျိုအမှေးပါးပေါက်သွားတာကြောင့်လို့သတ်မှတ်ကြပါတယ်။
Tampon ကိုမိန်းမကိုယ်ထဲထည့်လိုက်တဲ့အချိန်မှာ အပျိုအမှေးပါးဆီ ထိမိတာမျိုးတော့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပျိုအမှေးပါးကိုဆွဲလိုက်သလိုမျိုးပဲဖြစ်စေတာမို့
မပြဲစေပါဘူး။
Tampon ကြီးထည့်လိုက်တော့ အပြင်ကပိုးတွေဝင်ကုန်မှာပေါ့။
မှန်သင့်သလောက်တော့မှန်ပါတယ်။ သေချာဆေးကြောပြီးထည့်မယ်။စနစ်တကျထည့်မယ်ဆို ပိုးဝင်နိုင်ခြေရာခိုင်နှုန်းအလွန်နည်းပါတယ်။၄နာရီ တစ်ခါလဲလယ်ဖို့ကိုတော့မမေ့ာနဲ့။
Tampon ထည့်ထားချိန် ဆီးသွားလို့အဆင်ပြေပါ့မလား။
ပြေပါတယ်။ ပုံမှန်အတိုင်းသွားရုံပါပဲ။
Tampon က နေရာရွေ့ပြီး ဗိုက်ထဲဝင်သွားတာမျိုးရော?
မရှိနိုင်ပါဘူး။ မိန်းမကိုယ်ကထည့်လိုက်တဲ့ Tampon ဟာ မွေးလမ်းကြောင်းထဲမှာပဲ ရှိနေပြီး အပေါ်မှာလဲ သားအိမ်ခေါင်းအဝဟာ ရာသီသွေးဆင်းဖို့ အပေါက်အသေးလေးသာပါတာမို့ ဗိုက်ထဲဝင်မသွားနိုင်ပါဘူး။ ဒီလောက်ဆို Tampon အကြောင်း ကောင်းကောင်းသိပြီပေါ့ ယောင်းယောင်းတို့ရေ။
မယ်တင်( ဆေး ၁)
မိန္းကေလးခ်င္းမို႔လက္တို႔ေျပာရဦးမယ္။ ( အပိုင္း၂)
Tampon ႏွင့္ အယူအဆမွားမ်ား
Tampon ဆိုတဲ့အမ်ိဳးသမီးလစဥ္သံုး မိန္းမကိုယ္ထဲထည့္တဲ့ပစၥည္းေလးအေၾကာင္းကိုေရွ႕ေဆာင္းပါးတုန္းကေဖာ္ျပၿပီးျဖစ္တာေၾကာင့္ ဒီတစ္ခါမွာေတာ့သူနဲ႔ပတ္သက္တဲ့ ယံုတမ္းစကားေတြ၊ အယူအဆမွားေတြအေၾကာင္းေျပာျပခ်င္ပါတယ္။
Tampon ဟာ အသက္ႀကီးမွသံုးလို႔ရတာမဟုတ္ဘူးလား?
မဟုတ္ပါဘူး။ ရာသီစေပၚတဲ့အပ်ိဳေပါက္ေလးေတြကစၿပီးသံုးလို႔ရပါတယ္။သံုးစြဲပံု၊ လဲလွယ္ပံုတို႔ကို ေသခ်ာသင္ထားေပးဖို႔လိုပါလိမ့္မယ္။
Tampon ဟာ အပ်ိဳရည္ပ်က္ေစတယ္မဟုတ္ဘူးလား?
အပ်ိဳအေမွးပါးလို႔ေခၚတဲ့ Hymen ဟာ Tampon ထည့္လိုက္ရင္ျပဲသြားမွာေပါ့??မဟုတ္ပါဘူး။ အပ်ိဳရည္ပ်က္တာဟာ အပ်ိဳအေမွးပါးေပါက္သြားတာေၾကာင့္လို႔သတ္မွတ္ၾကပါတယ္။
Tampon ကိုမိန္းမကိုယ္ထဲထည့္လိုက္တဲ့အခ်ိန္မွာ အပ်ိဳအေမွးပါးဆီ ထိမိတာမ်ိဳးေတာ့ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အပ်ိဳအေမွးပါးကိုဆြဲလိုက္သလိုမ်ိဳးပဲျဖစ္ေစတာမို႔
မျပဲေစပါဘူး။
Tampon ႀကီးထည့္လိုက္ေတာ့ အျပင္ကပိုးေတြဝင္ကုန္မွာေပါ့။
မွန္သင့္သေလာက္ေတာ့မွန္ပါတယ္။ ေသခ်ာေဆးေၾကာၿပီးထည့္မယ္။စနစ္တက်ထည့္မယ္ဆို ပိုးဝင္ႏိုင္ေျခရာခိုင္ႏႈန္းအလြန္နည္းပါတယ္။၄နာရီ တစ္ခါလဲလယ္ဖို႔ကိုေတာ့မေမ့့ာနဲ႔။
Tampon ထည့္ထားခ်ိန္ ဆီးသြားလို႔အဆင္ေျပပါ့မလား။
ေျပပါတယ္။ ပံုမွန္အတိုင္းသြားရံုပါပဲ။
Tampon က ေနရာေရြ႕ၿပီး ဗိုက္ထဲဝင္သြားတာမိ်ဳးေရာ?
မရွိႏိုင္ပါဘူး။ မိန္းမကိုယ္ကထည့္လိုက္တဲ့ Tampon ဟာ ေမြးလမ္းေၾကာင္းထဲမွာပဲ ရွိေနၿပီး အေပၚမွာလဲ သားအိမ္ေခါင္းအဝဟာ ရာသီေသြးဆင္းဖို႔ အေပါက္အေသးေလးသာပါတာမို႔ ဗိုက္ထဲဝင္မသြားႏိုင္ပါဘူး။ ဒီေလာက္ဆို Tampon အေၾကာင္း ေကာင္းေကာင္းသိၿပီေပါ့ ေယာင္းေယာင္းတို႔ေရ။
မယ္တင္( ေဆး ၁)