ရာသီဓမ္မတာနဲ့ပတ်သတ်သော အယူအဆမှားများ

ရာသီဓမ္မတာနဲ့ပတ်သတ်ပြီး သင်အပါအဝင် လူအများစု ယုံကြည်ထားကြတဲ့ အယူအဆလေးတွေ မှန်/မမှန် ကြည့်လိုက်ကြရအောင်…….

(1)ရာသီလာနေစဉ် ခေါင်းမလျှော်ရဘူး
ဆေးပညာမှာတော့ ရာသီလာနေတုန်း ခေါင်းမလျှော်ရဘူးလို့ မညွှန်ကြားထားပါဘူး။ ခေါင်းလျှော်ခြင်းဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ငန်းစဉ်တွေထဲကတစ်ခုဖြစ်တဲ့အတွက် ရာသီလာနေချိန်ဖြစ်ဖြစ်၊ အခြားအချိန်ဖြစ်ဖြစ် လိုအပ်တဲ့အချိန်မှာ ခေါင်းလျှော်လို့ရပါတယ်။

(2)ရာသီလာနေစဉ်လက်ဖက်မစားရဘူး။
ဒီအချက်ကိုလည်းပဲ ဆေးပညာအရ ကန့်သတ်ထားတာမျိုးမရှိပါဘူး။ (တစ်ခုရှိတာကတော့ ရာသီလာနေချိန်မှာ ရာသီသွေးနဲ့အတူ ကိုယ်ခန္ဓာထဲက သံဓာတ်အချို့ဆုံးရှုံးသွားပါတယ်။လက်ဖက်မှာပါတဲ့ ဓာတ်တစ်မျိုးဟာ အစားအစာတွေထဲက သံဓာတ်ကိုခန္ဓာကိုယ်တွင်းသို့ စုပ်ယူမှုကိုတားဆီးတာကြောင့်….ရာသီလာနေချိန် လက်ဖက်စားမိရင် သံဓာတ်အားနည်းမှုဖြစ်ပေါ်မှာစိုးတာကြောင့် လူကြီးတွေက မစားခိုင်းတာဖြစ်နိုင်ပါတယ်။ဒါပေမယ့် လက်ဖက်ကိုအလွန်အကျွံမဟုတ်ဘဲ အတန်အသင့်စားရင် ပြသနာမရှိနိုင်ပါဘူး။)

(3)ရာသီလာနေစဉ် ချစ်တင်းနှောရင် ကိုယ်ဝန်လုံးဝမရနိုင်ဘူး။
ရာသီမလာခင် ၇ရက်နဲ့ ရာသီစလာတဲ့ရက်ကနေစနေရင် ၇ရက် (ရာသီလာရက်တွေအပါအဝင်)….ထို ၁၄ရက်က ကိုယ်ဝန်ရနိုင်ချေနည်းတဲ့ရက်တွေဆိုပေမယ့် လုံးဝကိုယ်ဝန်မရနိုင်တာတော့မဟုတ်ပါဘူး။ကိုယ်ဝန်ယူဖို့ အစီအစဉ်မရှိသေးဘူးဆိုရင်တော့ စိတ်ချရမယ့် ကိုယ်ဝန်တားနည်းကို သုံးတာပိုသင့်လျော်ပါတယ်။

(4)ရာသီလာနေစဉ်လေ့ကျင့်ခန်းမလုပ်သင့်ဘူး၊နားနားနေနေ နေသင့်တယ်။
-ဒီအယူအဆဟာလည်းမမှန်ကန်ပါဘူး။ရာသီလာစဉ် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းဟာ ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းစေလို့ ရာသီမလာမီနဲ့ရာသီလာစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို သိသိသာသာသက်သာစေပြီး စိတ်ခံစားမှုပိုမိုကောင်းစေပါတယ်။

(5)ရာသီလာနေချိန်အတွင်း ရေကူးလို့မရဘူး။
ရပါတယ်။ရာသီနေစဉ်ရေကူးမယ်ဆိုရင် ပုံမှန်သုံးနေကျအမျိုးသမီးလစဉ်သုံးပစ္စည်းထက် tampon(ဂွမ်းတောင့်)ကိုအသုံးပြုရင် ပိုအဆင်ပြေနိုင်ပါတယ်။Tampon မသုံးချင်ရင်လည်း အမျိုးသမီးလစဉ်သုံးပစ္စည်းကို ပုံမှန်အတိုင်းအတွင်းကခံပြီး အပေါ်ကရေကူးဝတ်စုံထပ်ဝတ်ပြီး ကူးလည်းရပါတယ်။

ဒီလောက်ဆိုရင် ဘယ်အယူအဆကမှန်/မမှန်သိလောက်ပြီပေါ့နော်…

ဒေါက်တာဝင်း (UM 2)
ရာသီဓမၼတာနဲ႔ပတ္သတ္ေသာ အယူအဆမွားမ်ား

ရာသီဓမၼတာနဲ႔ပတ္သတ္ၿပီး သင္အပါအဝင္ လူအမ်ားစု ယံုၾကည္ထားၾကတဲ့ အယူအဆေလးေတြ မွန္/မမွန္ ၾကည့္လိုက္ၾကရေအာင္…….

(1)ရာသီလာေနစဥ္ ေခါင္းမေလ်ွာ္ရဘူး
ေဆးပညာမွာေတာ႔ ရာသီလာေနတုန္း ေခါင္းမေလ်ွာ္ရဘူးလို႔ မၫႊန္ၾကားထားပါဘူး။ ေခါင္းေလ်ွာ္ျခင္းဟာ တစ္ကိုယ္ရည္သန္႔႐ွင္းေရးလုပ္ငန္းစဥ္ေတြထဲကတစ္ခုျဖစ္တဲ့အတြက္ ရာသီလာေနခ်ိန္ျဖစ္ျဖစ္၊ အျခားအခ်ိန္ျဖစ္ျဖစ္ လိုအပ္တဲ့အခ်ိန္မွာ ေခါင္းေလ်ွာ္လို႔ရပါတယ္။

(2)ရာသီလာေနစဥ္လက္ဖက္မစားရဘူး။
ဒီအခ်က္ကိုလည္းပဲ ေဆးပညာအရ ကန္႔သတ္ထားတာမ်ိဳးမ႐ွိပါဘူး။ (တစ္ခု႐ွိတာကေတာ့ ရာသီလာေနခ်ိန္မွာ ရာသီေသြးနဲ႔အတူ ကိုယ္ခႏၶာထဲက သံဓာတ္အခ်ိဳ႕ဆံုး႐ွံုးသြားပါတယ္။လက္ဖက္မွာပါတဲ့ ဓာတ္တစ္မ်ိဳးဟာ အစားအစာေတြထဲက သံဓာတ္ကိုခႏၶာကိုယ္တြင္းသို႔ စုပ္ယူမႈကိုတားဆီးတာေၾကာင့္….ရာသီလာေနခ်ိန္ လက္ဖက္စားမိရင္ သံဓာတ္အားနည္းမႈျဖစ္ေပၚမွာစိုးတာေၾကာင့္ လူႀကီးေတြက မစားခိုင္းတာျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္ လက္ဖက္ကိုအလြန္အကြၽံမဟုတ္ဘဲ အတန္အသင့္စားရင္ ျပသနာမ႐ွိႏိုင္ပါဘူး။)

(3)ရာသီလာေနစဥ္ ခ်စ္တင္းေႏွာရင္ ကိုယ္ဝန္လံုးဝမရႏိုင္ဘူး။
ရာသီမလာခင္ ၇ရက္နဲ႔ ရာသီစလာတဲ့ရက္ကေနစေနရင္ ၇ရက္ (ရာသီလာရက္ေတြအပါအဝင္)….ထို ၁၄ရက္က ကိုယ္ဝန္ရႏိုင္ေခ်နည္းတဲ့ရက္ေတြဆိုေပမယ့္ လံုးဝကိုယ္ဝန္မရႏိုင္တာေတာ့မဟုတ္ပါဘူး။ကိုယ္ဝန္ယူဖို႔ အစီအစဥ္မ႐ွိေသးဘူးဆိုရင္ေတာ့ စိတ္ခ်ရမယ့္ ကိုယ္ဝန္တားနည္းကို သံုးတာပိုသင့္ေလ်ာ္ပါတယ္။

(4)ရာသီလာေနစဥ္ေလ့က်င့္ခန္းမလုပ္သင့္ဘူး၊နားနားေနေန ေနသင့္တယ္။
-ဒီအယူအဆဟာလည္းမမွန္ကန္ပါဘူး။ရာသီလာစဥ္ ကိုယ္လက္လႈပ္႐ွားအားကစားလုပ္ျခင္းဟာ ခႏၶာကိုယ္ေသြးလည္ပတ္မႈေကာင္းေစလို႔ ရာသီမလာမီနဲ႔ရာသီလာစဥ္ခံစားရတဲ့ နာက်င္ကိုက္ခဲမႈေတြကို သိသိသာသာသက္သာေစၿပီး စိတ္ခံစားမႈပိုမိုေကာင္းေစပါတယ္။

(5)ရာသီလာေနခ်ိန္အတြင္း ေရကူးလို႔မရဘူး။
ရပါတယ္။ရာသီေနစဥ္ေရကူးမယ္ဆိုရင္ ပံုမွန္သံုးေနက်အမ်ိဳးသမီးလစဥ္သံုးပစၥည္းထက္ tampon(ဂြမ္းေတာင့္)ကုိအသံုးျပဳရင္ ပိုအဆင္ေျပႏိုင္ပါတယ္။Tampon မသံုးခ်င္ရင္လည္း အမ်ိဳးသမီးလစဥ္သံုးပစၥည္းကို ပံုမွန္အတိုင္းအတြင္းကခံၿပီး အေပၚကေရကူးဝတ္စံုထပ္ဝတ္ၿပီး ကူးလည္းရပါတယ္။

ဒီေလာက္ဆိုရင္ ဘယ္အယူအဆကမွန္္/မမွန္သိေလာက္ၿပီေပါ့ေနာ္…

ေဒါက္တာဝင္း (UM 2)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *