ဖြည့်စွက်စာကျွေးချိန် ဆောင်ရန်ရှောင်ရန်အချက်လေးတွေ
ကလေးငယ်တစ်ယောက်ကို အသက်ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာတိုက်ကျွေးရမယ်ဆိုတာကိုတော့ သိပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ အသက်ခြောက်လပြည့်တဲ့အချိန်မှာတော့ ဖြည့်စွက်စာကို စတင်ကျွေးနိုင်ပါပြီ။ ဒီလိုဖြည့်စွက်စာစတင်ကျွေးချိန်မှာ မှားတတ်တဲ့အမှားလေးတွေအကြောင်းကို တင်ပြချင်ပါတယ်။
ဖြည့်စွက်စာစတင်ပြီဆိုရင် စစချင်းရက်မှာ အဖတ်အမာကျွေးလို့မသင့်တော်ပါဘူး။ ဆန်မှုန့်၊ နို့မှုန့်ကနေစတင်ကျွေးရမှာပဲဖြစ်ပါတယ်။ ဆန်မှုန့်ကို တစ်နေ့နှစ်ကြိမ်ကျွေးရင်း မိခင်နို့ကိုလည်း ကလေးငယ်လိုအပ်သလို ဆက်တိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုနဲ့ ဖြည့်စွက်စာကျွေးပြီး လေးရက်နောက်ပိုင်းမှာတော့ ဆန်ပြုတ်အရည်ကျဲကို ကလေးငယ်ဆီသို့စတက်မိတ်ဆက်ပေးနိုင်ပါပြီ။ နောက်ပိုင်းမှာတော့ အသက်၇လအထိဆန်ပြုတ်ကိုအကြိမ်ရေတိုးသွားရမှာပဲဖြစ်ပါတယ်။ အဓိက သတိထားရမယ့်အချက်ကတော့ ကလေးကိုကျွေးချင်ဇောနဲ့ အချိုလွန်တဲ့အစားအစာတွေ၊ သကြား၊ သကြားများသောအချိုရည်တွေမတိုက်ဖို့ပါပဲ။
အဓိက ကျတဲ့နောက်တစ်ချက်ကတော့ မိဘတွေဆန္ဒမစောဖို့ မလောဖို့ပါဘဲ။ ကလေးငယ်အချို့ဟာ ထမင်းဟင်းစားချိန်မတန်သေးဘဲ မိဘတွေရဲ့မအားလပ်မှုကြောင့် ကလေးကိုဆန်ပြုတ်၊ထမင်းပြဲပြဲမကျွေးဘဲ မိဘတွေရဲ့ထမင်းဝိုင်းမှာတူတူထိုင်စားရပြီး အစာမကျေခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကလေးအသက်တစ်နှစ်မတိုင်မီမှာ မိသားစုစားသလို မကျွေးသေးဘဲ ဆန်မှုန့် မှ ဆန်ပြုတ်ရေကျဲ၊ ထို့နောက် ဆန်ပြုတ်ပျော့ပျော့၊ ထို့နောက်ထမင်းပျော့ပြဲစသည်ဖြင့် တစ်ဆင့်ချင်းစီ ကျွေးသွားဖို့လိုအပ်ပါတယ်။
ဖြည့်စွက်စာကျွေးစဉ်နဲ့ တစ်နှစ်အောက်အရွယ်မှာ လုံးဝရှောင်စေချင်တဲ့အစားအစာတွေကတော့
– သွားရည်စာ၊ အိတ်ပိတ်မုန့်များ၊ ဘီစကစ်အချို၊ အာလူးကြော်၊ စသော အာဟာရမဖြစ်စေသောအစာများ နှင့် အချိုအဆီများလွန်းသောအစာများ
– အချိုရည်ဗူးမျိုးစုံ၊ ဂက်စ်ပါသောအချိုရည်ပုလင်းများ၊ လက်ဖက်ရည်၊ကော်ဖီ စသော ကဖင်းဓာတ်ပါသောအစားအစာများ
– ချောကလက်၊ နို့ခဲ၊ သကြားလုံး၊ အားဖြည့်အချိုရည် စသော အစားအစာများပဖြစ်ပါတယ်။
ကလေးငယ်ရဲ့ ကိုယ်ရောစိတ်ပါဖွံ့ဖြိုးတိုးတက်မှုအတွက် မိခင်နို့ရည်နဲ့ သဘာဝကျသောအစားအစာများသာ အဓိကကျတာမို့ ရွေးချယ်စားသုံးနိုင်ရန်တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ျဖည့္စြက္စာေကြၽးခ်ိန္ ေဆာင္ရန္ေ႐ွာင္ရန္အခ်က္ေလးေတြ
ကေလးငယ္တစ္ေယာက္ကို အသက္ေျခာက္လအထိ မိခင္ႏို႔ရည္တစ္မ်ိဳးတည္းကိုသာတိုက္ေကြၽးရမယ္ဆိုတာကိုေတာ့ သိၿပီးသားျဖစ္ၾကမယ္ထင္ပါတယ္။ အသက္ေျခာက္လျပည့္တဲ့အခ်ိန္မွာေတာ့ ျဖည့္စြက္စာကို စတင္ေကြၽးႏိုင္ပါၿပီ။ ဒီလိုျဖည့္စြက္စာစတင္ေကြၽးခ်ိန္မွာ မွားတတ္တဲ့အမွားေလးေတြအေၾကာင္းကို တင္ျပခ်င္ပါတယ္။
ျဖည့္စြက္စာစတင္ၿပီဆိုရင္ စစခ်င္းရက္မွာ အဖတ္အမာေကြၽးလို႔မသင့္ေတာ္ပါဘူး။ ဆန္မႈန္႔၊ ႏို႔မႈန္႔ကေနစတင္ေကြၽးရမွာပဲျဖစ္ပါတယ္။ ဆန္မႈန္႔ကို တစ္ေန႔ႏွစ္ႀကိမ္ေကြၽးရင္း မိခင္ႏို႔ကိုလည္း ကေလးငယ္လိုအပ္သလို ဆက္တိုက္ေပးဖို႔လိုအပ္ပါတယ္။ ဒီလိုနဲ႔ ျဖည့္စြက္စာေကြၽးၿပီး ေလးရက္ေနာက္ပိုင္းမွာေတာ့ ဆန္ျပဳတ္အရည္က်ဲကို ကေလးငယ္ဆီသို႔စတက္မိတ္ဆက္ေပးႏိုင္ပါၿပီ။ ေနာက္ပိုင္းမွာေတာ့ အသက္၇လအထိဆန္ျပဳတ္ကိုအႀကိမ္ေရတိုးသြားရမွာပဲျဖစ္ပါတယ္။ အဓိက သတိထားရမယ့္အခ်က္ကေတာ့ ကေလးကိုေကြၽးခ်င္ေဇာနဲ႔ အခ်ိဳလြန္တဲ့အစားအစာေတြ၊ သၾကား၊ သၾကားမ်ားေသာအခ်ိဳရည္ေတြမတိုက္ဖို႔ပါပဲ။
အဓိက က်တဲ့ေနာက္တစ္ခ်က္ကေတာ့ မိဘေတြဆႏၵမေစာဖို႔ မေလာဖို႔ပါဘဲ။ ကေလးငယ္အခ်ိဳ႕ဟာ ထမင္းဟင္းစားခ်ိန္မတန္ေသးဘဲ မိဘေတြရဲ႕မအားလပ္မႈေၾကာင့္ ကေလးကိုဆန္ျပဳတ္၊ထမင္းျပဲျပဲမေကြၽးဘဲ မိဘေတြရဲ႕ထမင္းဝိုင္းမွာတူတူထိုင္စားရၿပီး အစာမေက်ျခင္း၊ ဝမ္းေလ်ွာျခင္းတို႔ ျဖစ္ရတတ္ပါတယ္။ ဒါေၾကာင့္ ကေလးအသက္တစ္ႏွစ္မတိုင္မီမွာ မိသားစုစားသလို မေကြၽးေသးဘဲ ဆန္မႈန္႔ မွ ဆန္ျပဳတ္ေရက်ဲ၊ ထို႔ေနာက္ ဆန္ျပဳတ္ေပ်ာ့ေပ်ာ့၊ ထို႔ေနာက္ထမင္းေပ်ာ့ျပဲစသည္ျဖင့္ တစ္ဆင့္ခ်င္းစီ ေကြၽးသြားဖို႔လိုအပ္ပါတယ္။
ျဖည့္စြက္စာေကြၽးစဥ္နဲ႔ တစ္ႏွစ္ေအာက္အရြယ္မွာ လံုးဝေ႐ွာင္ေစခ်င္တဲ့အစားအစာေတြကေတာ့
– သြားရည္စာ၊ အိတ္ပိတ္မုန္႔မ်ား၊ ဘီစကစ္အခ်ဳိ၊ အာလူးေၾကာ္၊ စေသာ အာဟာရမျဖစ္ေစေသာအစာမ်ား ႏွင့္ အခ်ိဳအဆီမ်ားလြန္းေသာအစာမ်ား
– အခ်ိဳရည္ဗူးမ်ိဳးစံု၊ ဂက္စ္ပါေသာအခ်ိဳရည္ပုလင္းမ်ား၊ လက္ဖက္ရည္၊ေကာ္ဖီ စေသာ ကဖင္းဓာတ္ပါေသာအစားအစာမ်ား
– ေခ်ာကလက္၊ ႏို႔ခဲ၊ သၾကားလံုး၊ အားျဖည့္အခ်ိဳရည္ စေသာ အစားအစာမ်ားပျဖစ္ပါတယ္။
ကေလးငယ္ရဲ႕ ကိုယ္ေရာစိတ္ပါဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ မိခင္ႏို႔ရည္နဲ႔ သဘာဝက်ေသာအစားအစာမ်ားသာ အဓိကက်တာမို႔ ေရြးခ်ယ္စားသံုးႏိုင္ရန္တင္ျပလိုက္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ