နို့ဘူးတိုက်ခြင်းနဲ့ ဝေခွဲမရ ဒွီဟများ
နို့ဘူးတိုက်တယ်ဆိုတာ အခုခေတ်မှာ မထူးဆန်းတော့ပါဘူး။ မွေးပြီး အကြောင်းကြောင်းကြောင့်( နို့မထွက်လို့၊ နို့ ပါးစပ်ရှိလို့) နို့မတိုက်ရတဲ့ မေမေတို့လည်း ရှိသလို၊ အလုပ်ခွင့်ရက်စေ့လို့ကလေးကို နို့ဘူးနဲ့ထားခဲ့ရတဲ့ မေမေတို့လည်းရှိတာကိုး။အမေနို့ကအကောင်းဆုံးဆိုပေမယ့် နို့ဘူးနဲ့ပတ်သက်လို့ လူအများမကောင်းပါဘူးလို့ပြောတဲ့ အရာတွေကရော ” မှန်ရဲ့လား”တိုက်ဆိုင်စစ်ဆေးကြည့်ပါဦး။
၁) နို့ဘူးတိုက်တဲ့ကလေးက ဉာဏ်ရည်နိမ့်တတ်တယ်။
လုံးဝမှားပါတယ်။အရင်ခေတ်က အမေနို့မှာဘာတွေပါလဲ မခွဲခြားနိုင်ခင်ကတော့ အတိုင်းအတာတစ်ခုမှန်ပါလိမ့်မယ်။ အခုခေတ်ကျ အမေနို့မှာပါတဲ့ ဉာဏ်ကောင်းစေတဲ့ DHA တွေကို နို့မှုန့်တွေမှာထည့်ထားတော့ဉာဏ်မကောင်းဘူးဆိုတာ မှားပါတယ်။
၂) နို့ဘူးတိုက်ရင် ကလေးနဲ့အမေ တွယ်တာမှုမရစေဘူး။
ကလေးနဲ့အမေရဲ့တွယ်တာမှု( Bonding)ဟာ အဓိကအားဖြင့် ကလေးငယ်ရဲ့အမေမျက်နှာကိုမှတ်မိနိုင်စွမ်း၊ နီးကပ်မှု နွေးထွေးစွာဆက်ဆံမှုတို့ပေါ်မူတည်ပြီး နှို့တိုက်မတိုက်ပေါ် မ မူတည်ပါဘူးတဲ့။အမေနို့မတိုက်ဘဲ နို့ဘူးကို ကလေးမျက်နှာလေးကြည့် ထွေးပွေ့တိုက်မယ်ဆိုရင်လည်း တူတူပါပဲတဲ့နော်။
၃) နို့ဘူးတိုက်တဲ့ကလေးက အဝလွန်ဖြစ်နိုင်တယ်။
ဒါလည်းမှားပါတယ်။ တကယ်က နို့ဘူးက ဝစေတာမဟုတ်ဘဲ တိုက်တဲ့နည်းစနစ်မမှန်လို့ ကလေး အဝလွန်တာပါ။ အမေနို့နဲ့မတူတာက နို့ဘူးက ဆန္ဒရှိသလောက်စိတ်ကြိုက်သောက်နိုင်တော့ ဗိုက်ပြည့်နေရင်တောင် ထပ်သောက်နေနိုင်လို့ သူ့အသက်အရွယ်နဲ့ သောက်သင့်တဲ့ပမာဏကိုပဲ တိုက်သင့်ပါတယ်။တစ်ကြိုက်ထဲ အများကြီးမဝင်စေဘဲ နို့ဘူးတစ်ဘူးကို ၁၀မိနစ်မှ ၁၅မိနစ်ကြား မှ ကုန်အောင်ထိန်းတိုက်ပေးနိုင်ပါတယ်။
၄) နို့ဘူးတိုက်ခြင်းဟာ အမေနို့ကို ခမ်းစေတယ်။
ဒီဟာလည်း မှားယွင်းပါတယ်။မိခင်နို့ထွက်များခြင်း နည်းခြင်းဟာ ကလေးနို့စို့မစို့ပေါ်ဘဲ မူတည်ပါတယ်။ နို့ဘူးတိုက်လို့ ကလေးနို့စို့ တာ နည်းသွားရင် အမေနို့ထွက်တာလည်း နည်းသွားမှာပါဘဲ။တစ်ချို့ဆို နို့ဘူးကို အလုပ်သွားချိန်တိုက်ပြီး အမေနို့ကို အလုပ်ပြန်ချိန် ညဘက်တိုက်ကြပါတယ်။
၅) နို့ဘူးတိုက်ခြင်းဟာ ကလေးကို အာဟာရလုံလောက်စွာမပေးနိုင်ပါဘူး။
မိခင်နို့ဟာ ကလေးအတွက်အကောင်းဆုံးဆိုပေမယ့် နို့မှုန့်ထဲမှာလည်း ကလေးငယ်အတွက်လိုအပ်မယ့်ဗီတာမင်၊ သတ္တုဓာတ်၊ ကိုယ်ခံအားကောင်းစေတဲ့ဓာတ်တွေလုံလောက်စွာ ထည့်ပေးထားလို့ ပူစရာမလိုပါဘူး။ဒါတော့ လူပြောများတဲ့ နို့ဘူးတိုက်ခြင်းနဲ့ ပတ်သက်တဲ့ ဒွီဟတွေထဲက တစ်ချို့ကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
မယ်တင်( ဆေး ၁)
ႏို႔ဘူးတိုက္ျခင္းနဲ႔ ေဝခြဲမရ ဒြီဟမ်ား
ႏို႔ဘူးတိုက္တယ္ဆိုတာ အခုေခတ္မွာ မထူးဆန္းေတာ့ပါဘူး။ ေမြးၿပီး အေၾကာင္းေၾကာင္းေၾကာင့္( ႏို႔မထြက္လို႔၊ ႏို႔ ပါးစပ္ရွိလို႔) ႏို႔မတိုက္ရတဲ့ ေမေမတို႔လည္း ရွိသလို၊ အလုပ္ခြင့္ရက္ေစ့လို႔ကေလးကို ႏို႔ဘူးနဲ႔ထားခဲ့ရတဲ့ ေမေမတို႔လည္းရွိတာကိုး။အေမႏို႔ကအေကာင္းဆံုးဆိုေပမယ့္ ႏို႔ဘူးနဲ႔ပတ္သက္လို႔ လူအမ်ားမေကာင္းပါဘူးလို႔ေျပာတဲ့ အရာေတြကေရာ ” မွန္ရဲ႕လား”တိုက္ဆိုင္စစ္ေဆးၾကည့္ပါဦး။
၁) ႏို႔ဘူးတိုက္တဲ့ကေလးက ဥာဏ္ရည္နိမ့္တတ္တယ္။
လံုးဝမွားပါတယ္။အရင္ေခတ္က အေမႏို႔မွာဘာေတြပါလဲ မခြဲျခားႏိုင္ခင္ကေတာ့ အတိုင္းအတာတစ္ခုမွန္ပါလိမ့္မယ္။ အခုေခတ္က် အေမႏို႔မွာပါတဲ့ ဥာဏ္ေကာင္းေစတဲ့ DHA ေတြကို ႏို႔မႈန္႔ေတြမွာထည့္ထားေတာ့ဥာဏ္မေကာင္းဘူးဆိုတာ မွားပါတယ္။
၂) ႏို႔ဘူးတိုက္ရင္ ကေလးနဲ႔အေမ တြယ္တာမႈမရေစဘူး။
ကေလးနဲ႔အေမရဲ႕တြယ္တာမႈ( Bonding)ဟာ အဓိကအားျဖင့္ ကေလးငယ္ရဲ႕အေမမ်က္ႏွာကိုမွတ္မိႏိုင္စြမ္း၊ နီးကပ္မႈ ေႏြးေထြးစြာဆက္ဆံမႈတို႔ေပၚမူတည္ၿပီး ႏႈိ့တိုက္မတိုက္ေပၚ မ မူတည္ပါဘူးတဲ့။အေမႏို႔မတိုက္ဘဲ ႏို႔ဘူးကို ကေလးမ်က္ႏွာေလးၾကည့္ ေထြးေပြ႕တိုက္မယ္ဆိုရင္လည္း တူတူပါပဲတဲ့ေနာ္။
၃) ႏို႔ဘူးတိုက္တဲ့ကေလးက အဝလြန္ျဖစ္ႏိုင္တယ္။
ဒါလည္းမွားပါတယ္။ တကယ္က ႏို႔ဘူးက ဝေစတာမဟုတ္ဘဲ တိုက္တဲ့နည္းစနစ္မမွန္လို႔ ကေလး အဝလြန္တာပါ။ အေမႏို႔နဲ႔မတူတာက ႏို႔ဘူးက ဆနၵရွိသေလာက္စိတ္ႀကိဳက္ေသာက္ႏိုင္ေတာ့ ဗိုက္ျပည့္ေနရင္ေတာင္ ထပ္ေသာက္ေနႏိုင္လို႔ သူ႔အသက္အရြယ္နဲ႔ ေသာက္သင့္တဲ့ပမာဏကိုပဲ တိုက္သင့္ပါတယ္။တစ္ႀကိဳက္ထဲ အမ်ားႀကီးမဝင္ေစဘဲ ႏို႔ဘူးတစ္ဘူးကို ၁၀မိနစ္မွ ၁၅မိနစ္ၾကား မွ ကုန္ေအာင္ထိန္းတိုက္ေပးႏိုင္ပါတယ္။
၄) ႏို႔ဘူးတိုက္ျခင္းဟာ အေမႏို႔ကို ခမ္းေစတယ္။
ဒီဟာလည္း မွားယြင္းပါတယ္။မိခင္ႏို႔ထြက္မ်ားျခင္း နည္းျခင္းဟာ ကေလးႏို႔စို႔မစို႔ေပၚဘဲ မူတည္ပါတယ္။ ႏို႔ဘူးတိုက္လို႔ ကေလးႏို႔စို႔ တာ နည္းသြားရင္ အေမႏို႔ထြက္တာလည္း နည္းသြားမွာပါဘဲ။တစ္ခ်ိဳ႕ဆို ႏို႔ဘူးကို အလုပ္သြားခ်ိန္တိုက္ၿပီး အေမႏို႔ကို အလုပ္ျပန္ခ်ိန္ ညဘက္တိုက္ၾကပါတယ္။
၅) ႏို႔ဘူးတိုက္ျခင္းဟာ ကေလးကို အာဟာရလံုေလာက္စြာမေပးႏိုင္ပါဘူး။
မိခင္ႏို႔ဟာ ကေလးအတြက္အေကာင္းဆံုးဆိုေပမယ့္ ႏို႔မႈန္႔ထဲမွာလည္း ကေလးငယ္အတြက္လိုအပ္မယ့္ဗီတာမင္၊ သတၱဳဓာတ္၊ ကိုယ္ခံအားေကာင္းေစတဲ့ဓာတ္ေတြလံုေလာက္စြာ ထည့္ေပးထားလို႔ ပူစရာမလိုပါဘူး။ဒါေတာ့ လူေျပာမ်ားတဲ့ ႏို႔ဘူးတိုက္ျခင္းနဲ႔ ပတ္သက္တဲ့ ဒြီဟေတြထဲက တစ္ခ်ိဳ႕ကို ေဖာ္ျပထားျခင္းျဖစ္ပါတယ္။
မယ္တင္( ေဆး ၁)