ကိုယ်ဝန်ဆောင်နှင့်လွဲမှားသောအယူအဆများ

ကိုယ်ဝန်ဆောင်ပြီဆိုတာနှင့် ပတ်ဝန်းကျင်၊မိဘဆွေမျိုးများက အကြံပေးခြင်း။ ဗဟုသုတမျှဝေပေးခြင်းမျိုး အနည်းနဲ့အများကြုံရမည်ဖြစ်ပါသည်။ အချို့မှာ အသုံးဝင်မှန်ကန်ပြီး တချို့မှာလွဲမှားသောအယူအဆများသာဖြစ်တတ်ပါသည်။

ဒါကြောင့် ကြားရလေ့ရှိသော လွဲမှားသောအယူအဆများကို အမှတ်မမှားစေရန် ဖော်ပြလိုက်ပါသည်။

၁) ကလေးကိုယ်ဝန်ဆောင်စဉ် စိတ်ပူပင်ခြင်းသည် ကလေးအတွက်မကောင်း။
ဒီအချက်ဟာ မှန်သင့်သလေညက်မှန်ပါတယ်။ အကြောင်းမှာ စိတ်ဖိစီးခြင်းဟာ ခန္တာကိုယ် ခုခံအားစနစ် ကျဆင်းစေ
တာကြောင့် မိခင်မှာဖျားနာတတ်ပါသည်။ ကလေးအတွက်လည်း မကောင်းပါ။ ဒါပေမယ့် လေ့လာချက်အရ သင့်တင့်သော ဖိစီးမှုသည်ကလေးအတွက်လိုအပ်သည်ဟုဆိုပါသည်။ ဖိစီးမှုသည် ကလေးဉာဏ်ရေဖွင့်ဖြိုးစေပါသည်။ ဖိစီးခြင်း အတန်အသင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်မွေးသော ကလေးများသည် စိတ် ဖိစီးခြင်းမရှိသော မိခင်များ၏ကလေးများထက်ဉာဏ်ရေပိုကောင်းသည်ကို တွေ့ရပါသည်။

၂) ကိုယ်ဝန်ဆောင်များ ပင်လယ်စာမစားသင့်။
ဒီအချက်ကတော့ မမှန်ပါဘူး၊ ပင်လယ်စာစားခြင်းဟာ ကလေးအတွက်ကောင်းပါသည်။ ငါးများတွင် omega 3 Fatty acid များပြားစွာနှင့် မာကျူရီဓာတ်အနည်ူငယ်ပါဝင်ပါသည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ငါးစားတဲ့ မိခင်များဟာ တော်တဲ့ကလေးများမွေးလေ့ရှိပါသည်။ ငါးတစ်ပတ်ခန့် စားသုံးသူများသည် IQ ပိုမြင့်သော ကလေးများမွေးတတ်ကြပါသည်

၃) ကိုယ်ဝန်ဆောင်စဉ် လေယာဉ်မစီးရ။
ဒါကတော့ ယခုခေတ်ပြောင်းလဲခြင်းရဲ့ အယူအဆမှားဖြစ်ပါတယ်။ ဒါလေကြောင်းလိုင်းတွေရဲ့ မီးဖွားချိန် နာကျင်၍ အရေးပေါ်မဆင်းသက်လိုသောကြောင့် ဖြစ်သည်ဟု ယူဆရပါသည်။ သိပ္ပံနည်းအရတော့ ကိုယ်ဝန် ၄၀ ပတ်အထိလေယာဉ်စီးနိုင်သည်ဟု ဆိုပါသည်။ အမြင့်ရောက်လျှင် ကလေးမွေးတတ်သည်ဟူသော အယူအဆမှာ လုံလောက်သောသက်သေမရှိပါ။ ဒါကြောင့် ၃၄ပတ်ကျော်မှသာလျှင် ဆရာဝန်ခွင့်ပြုချက်ယူသင့်ပါသည်။

၄) ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း မပြုရ။
အချို့က ကိုယ်ဝန်ဆောင်စဉ်လိင်ဆက်ဆံလျှင် ကလေးအတွက်မကောင်းဟုယူဆသည်။ ဒီအယူအဆဟာ မှားပါတယ်။ကလေးကို ရေမွာက ကာကွယ်ထားတာမို့ သုတ်ပိုးဟာ ကလေးဆီမရောက်နိုင်ပါဘူး။ ဒါအပြင့် ကိုယ်ဝန် ၃၁ပတ်နောက်ပိုင်းတွင် ဆက်ဆံပါက မွေးလမ်းကြောင်း ကြွက်သားကျယ်စေတဲ့အပြင် ထွက်လာတဲ့ ဟော်မုန်း ကြောင့်မွေးဖွားချိန် ကျယ်ရန်လိုအပ်သော ဆီးခုံရိုးကို ကျယ်စေပါသည်။ ကိုယ်ဝန် လနုစဉ် ပမထ ၃လတွင်မူ လိင်ဆက်ဆံခြင်းလျော့သင့်ပါသည်။

၅) ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းမလုပ်ရပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်ခြင်းကောင်းစေတာမို့ ကလေးဆီကို အာဟာရပိုမိုရရှိစေပါသည်။ မိခင်အတွက်လည်း ခါးနာသက်သာစေပါသည်။ပြင်းထန်သောလေ့ကျင့်ခန်းမျိုးကိုမူ မလုပ်သင့်ပါ။

၆) အုန်းဆီက အကြောပြတ်ခြင်းကို ပျောက်ကင်းစေသည်။
ဒီအချက်ဟာ လုံးဝမမှန်ပါဘူး၊ သက်သေပြစရာ အချက်တစ်ချက်မှ မရှိတဲ့အပြင် အချိုွမိန်းမသားများတွင် အုန်းဆီနှင့် မတည့်၍ ယားယံတတ်ပါသည်။

၇) ကြောင်မမွေးရ။
ဒါဟာ အပြည့်အဝမမှန်ပါဘူး ကြောင်က ကိုယ်ဝန်ကို တိုက်ရိုက်မထိခိုက်စေပါဘူး။ ဒါပေမယ့် ကြောင်ချေးကတော့Toxoplasmosis ပိုး ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် ကြောင်ချေး နှင့် မထိသင့်ပါ။

၈) ကိုယ်ဝန်ဆောင်စဉ်ဆေးမသောက်ရ။
အတန်အသင့်မှန်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်ညွန်ကြားချက်မရှိဘဲ ဆေးလုံးဝမသောက်သင့်ပါ။ ဆေးတချို့၏ ဘေးထွက်ဆိုးကျိုးမှာ သန္တေသားကို ထိခိုက်နိုင်သဖြင့် သတိထားသင့်ပါသည်။