” ဝမ်းပျက်ဝမ်းလျှောနှင့်အယူအဆမှားများ “
(1)ဝမ်းသွားနေချိန်အစာစားရင် ပိုဝမ်းသွားနိုင်လို့ အစားမစားသင့်ဘူး။
-> မှားပါတယ်။ ဝမ်းသွားတဲ့အခါ ခန္ဓာကိုယ်မှ ရေဓာတ်တွေဆုံးရှုံးသွားပါတယ်။ဒီအချိန်မှာ အစားပါမစားဘဲနေမယ်ဆိုရင် အာဟာရပြတ်လပ်သွားနိုင်ပါတယ်။ဒါကြောင့် ဝမ်းသွားနေတဲ့အချိနိမှာ ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြနိလည်ဖြည့်တင်းပေးဖို့ ဓာတ်ဆားသောက်ရမယ့်အပြင် အစားအစာကိုလည်း ပုံမှန်အတိုင်းစားနိုင်ပါတယ်။သတိထားရမယ့် တစ်ချက်ကတော့ အစာချေစနစ်ကို ဝန်မပိစေဖို့ တစ်ခါတည်းအစာအများကြီးစားခြင်းထက် အစာကို နည်းနည်းစီ ခဏခဏခွဲစားခြင်းက ပိုမိုသင့်လျော်ပါတယ်။
(2)အစပ်တွေစားလို့ဝမ်းသွားတယ်။
->ဝမ်းသွားရခြင်းရဲ့အဖြစ်အများဆုံးအကြောင်းရင်းက ဗိုင်းရပ်စပ်ပိုးတွေကြောင့်ပါ။ အစားအစာမသန့်လို့ဖြစ်စေ၊ လက်မသန့်လို့ဖြစ်စေ၊ ကိုယ်နဲ့ဓာတ်မတည့်တဲ့အစားအစာစားမိလို့ဖြစ်စေ၊ စိတ်ဖိစီးမှုကြောင့်၊ အချို့သောဆေးဝါးများကြောင့်ဖြစ်စေ ဝမ်းသွားစေတတ်ပါတယ်။
(3)ဝမ်းသွားနေရင် ကော်ဖီပူပူ၊ရေနွေးကြမ်းပူပူလေးသောက်ပေးရတယ်။
-> ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်း စတာတွေမှာ ကဖင်းဓာတ်ပါဝင်ပါတယ်။အဆိုပါကဖင်းဓာတ်မှာ ဝမ်းပျော့စေတဲ့အာနိသင်၊ဆီးသွားစေတဲ့အာနိသင်တွေရှိပါတယ်။ ဒီအချက်တွေက ဝမ်းသွားနေတဲ့အချိန်မှာ ရေဓာတ်ခမ်းခြောက်ခြင်းကို အားပေးသလိုဖြစ်နိုင်တာကြောင့် ဝမ်းသွားနေစဉ်အတောအတွင်းနဲ့ ဝမ်းသွားပြီးနောက်
သုံးရက်အတွင်း ကဖင်းပါဝင်သော အစားအသောက်များစားသုံးရှောင်ကြဉ်သင့်ပါတယ်။
(4)ဒိန်ချဉ်သောက်ရင် ဝမ်းသွားတာပိုဆိုးနိုင်တယ်။
->ဒိန်ချဉ်တွင် အစာအိမ်နဲ့အူလမ်းကြောင်းအတွက် ကောင်းကျိုးမျပေးတဲ့ သက်စောင့်ပိုးများစွာပါဝင်တာကြောင့် ဝမ်းသွားနေစဉ် ဒိန်ချဉ်သောက်နိုင်ပါတယ်။
ဆောင်ရန်ရှောင်ရန်လေးတွေ ထပ်ပြောရမယ်ဆိုရင်တော့
->ဝမ်းသွားနေစဉ် ဓာတ်ဆားအပါအဝင် သတ္တုဓာတ်ကြွယ်ဝတဲ့ အရည်များ (ဥပမာ – ကြက်စွပ်ပြုတ်၊အုန်းရည်)များများသောက်ပေးပါ။
->နှလုံးရောဂါ၊ကျော်ကပ်ရောဂါအခံရှိသူများအနေနဲ့ အရည်ပမာဏ အနည်းအများကို သေလျာတွက်ချက်သောက်သုံးသင့်တာကြောင့်ဆရာဝန်ထံမှ အကြံဉာဏ်ရယူပြီး ညွှန်ကြားတဲ့ပမာဏအတိုင်းသောက်သုံးပါ။
->ဝမ်းသွားနေစဉ်မစားသုံးသင့်တဲ့ အစားအစာများကတော့
– အရက်၊ဘီယာ
– အထက်မှာဖော်ပြထားတဲ့ ကဖင်းပါဝင်သော ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်းစသည်…
– အချိုရည်ဘူးများ
– အစာချေရခက်သော နို့နဲ့နို့ထွက်ပစ္စည်းများ(ထောပတ်၊ချိစ်၊ရေခဲမုန့် စသည်)
– အဆီများသော အစားအစာများ
နောက်ဆုံးအနေနဲ့ကပြောချင်တာကတော့ ခုဆို ဝမ်းပျက်ဝမ်းလျှော အဖြစ်များတဲ့ မိုးရာသီလည်းရောက်လာပြီဆိုတော့ အစားအစာတွေကို သန့်ရှင်းစွာဆေးကြောထားသိုဖို့၊အစားမစားမီ၊ စားပြီး၊အိမ်သာသွားပြီးချိန်တွေမှာ လက်ကိုဆပ်ပြာနဲ့စင်ကြယ်စွာ တိုက်ချွတ်ဆေးကြောဖို့ပြဲဖစ်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
မေ (ဆေး ၂)
” ဝမ္းပ်က္ဝမ္းေလ်ွာႏွင့္အယူအဆမွားမ်ား “
(1)ဝမ္းသြားေနခ်ိန္အစာစားရင္ ပိုဝမ္းသြားႏိုင္လို႔ အစားမစားသင့္ဘူး။
-> မွားပါတယ္။ ဝမ္းသြားတဲ့အခါ ခႏၶာကိုယ္မွ ေရဓာတ္ေတြဆံုးရံႈးသြားပါတယ္။ဒီအခ်ိန္မွာ အစားပါမစားဘဲေနမယ္ဆိုရင္ အာဟာရျပတ္လပ္သြားႏိုင္ပါတယ္။ဒါေၾကာင့္ ဝမ္းသြားေနတဲ့အခ်ိနိမွာ ဆံုးရံႈးသြားတဲ့ေရဓာတ္ေတြကို ျပနိလည္ျဖည့္တင္းေပးဖို႔ ဓာတ္ဆားေသာက္ရမယ့္အျပင္ အစားအစာကိုလည္း ပံုမွန္အတိုင္းစားႏိုင္ပါတယ္။သတိထားရမယ့္ တစ္ခ်က္ကေတာ့ အစာေခ်စနစ္ကို ဝန္မပိေစဖို႔ တစ္ခါတည္းအစာအမ်ားႀကီးစားျခင္းထက္ အစာကို နည္းနည္းစီ ခဏခဏခြဲစားျခင္းက ပိုမိုသင့္ေလ်ာ္ပါတယ္။
(2)အစပ္ေတြစားလို႔ဝမ္းသြားတယ္။
->ဝမ္းသြားရျခင္းရဲ႕အျဖစ္အမ်ားဆံုးအေၾကာင္းရင္းက ဗိုင္းရပ္စပ္ပိုးေတြေၾကာင့္ပါ။ အစားအစာမသန္႔လို႔ျဖစ္ေစ၊ လက္မသန္႔လို႔ျဖစ္ေစ၊ ကိုယ္နဲ႔ဓာတ္မတည့္တဲ့အစားအစာစားမိလို႔ျဖစ္ေစ၊ စိတ္ဖိစီးမႈေၾကာင့္၊ အခ်ိဳ႕ေသာေဆးဝါးမ်ားေၾကာင့္ျဖစ္ေစ ဝမ္းသြားေစတတ္ပါတယ္။
(3)ဝမ္းသြားေနရင္ ေကာ္ဖီပူပူ၊ေရေႏြးၾကမ္းပူပူေလးေသာက္ေပးရတယ္။
-> ေကာ္ဖီ၊လက္ဖက္ရည္၊ေရေႏြးၾကမ္း စတာေတြမွာ ကဖင္းဓာတ္ပါဝင္ပါတယ္။အဆိုပါကဖင္းဓာတ္မွာ ဝမ္းေပ်ာ့ေစတဲ့အာနိသင္၊ဆီးသြားေစတဲ့အာနိသင္ေတြ႐ွိပါတယ္။ ဒီအခ်က္ေတြက ဝမ္းသြားေနတဲ့အခ်ိန္မွာ ေရဓာတ္ခမ္းေျခာက္ျခင္းကို အားေပးသလိုျဖစ္ႏိုင္တာေၾကာင့္ ဝမ္းသြားေနစဥ္အေတာအတြင္းနဲ႔ ဝမ္းသြားၿပီးေနာက္
သံုးရက္အတြင္း ကဖင္းပါဝင္ေသာ အစားအေသာက္မ်ားစားသံုးေ႐ွာင္ၾကဥ္သင့္ပါတယ္။
(4)ဒိန္ခ်ဥ္ေသာက္ရင္ ဝမ္းသြားတာပိုဆိုးႏိုင္တယ္။
->ဒိန္ခ်ဥ္တြင္ အစာအိမ္နဲ႔အူလမ္းေၾကာင္းအတြက္ ေကာင္းက်ိဳးမ်ေပးတဲ့ သက္ေစာင့္ပိုးမ်ားစြာပါဝင္တာေၾကာင့္ ဝမ္းသြားေနစဥ္ ဒိန္ခ်ဥ္ေသာက္ႏိုင္ပါတယ္။
ေဆာင္ရန္ေ႐ွာင္ရန္ေလးေတြ ထပ္ေျပာရမယ္ဆိုရင္ေတာ့
->ဝမ္းသြားေနစဥ္ ဓာတ္ဆားအပါအဝင္ သတၱဳဓာတ္ႂကြယ္ဝတဲ့ အရည္မ်ား (ဥပမာ – ၾကက္စြပ္ျပဳတ္၊အုန္းရည္)မ်ားမ်ားေသာက္ေပးပါ။
->ႏွလံုးေရာဂါ၊ေက်ာ္ကပ္ေရာဂါအခံ႐ွိသူမ်ားအေနနဲ႔ အရည္ပမာဏ အနည္းအမ်ားကို ေသလ်ာတြက္ခ်က္ေသာက္သံုးသင့္တာေၾကာင့္ဆရာဝန္ထံမွ အၾကံဥာဏ္ရယူၿပီး ၫႊန္ၾကားတဲ့ပမာဏအတိုင္းေသာက္သံုးပါ။
->ဝမ္းသြားေနစဥ္မစားသံုးသင့္တဲ့ အစားအစာမ်ားကေတာ့
– အရက္၊ဘီယာ
– အထက္မွာေဖာ္ျပထားတဲ့ ကဖင္းပါဝင္ေသာ ေကာ္ဖီ၊လက္ဖက္ရည္၊ေရေႏြးၾကမ္းစသည္…
– အခ်ိဳရည္ဘူးမ်ား
– အစာေခ်ရခက္ေသာ နိဳ႕နဲ႔ႏို႔ထြက္ပစၥည္းမ်ား(ေထာပတ္၊ခ်ိစ္၊ေရခဲမုန္႔ စသည္)
– အဆီမ်ားေသာ အစားအစာမ်ား
ေနာက္ဆံုးအေနနဲ႔ကေျပာခ်င္တာကေတာ့ ခုဆို ဝမ္းပ်က္ဝမ္းေလ်ွာ အျဖစ္မ်ားတဲ့ မိုးရာသီလည္းေရာက္လာၿပီဆိုေတာ့ အစားအစာေတြကို သန္႔႐ွင္းစြာေဆးေၾကာထားသိုဖို႔၊အစားမစားမီ၊ စားၿပီး၊အိမ္သာသြားၿပီးခ်ိန္ေတြမွာ လက္ကိုဆပ္ျပာနဲ႔စင္ၾကယ္စြာ တိုက္ခြၽတ္ေဆးေၾကာဖို႔ပျဲဖစ္ပါတယ္။
အားလံုးက်န္းမာၾကပါေစ။
ေမ (ေဆး ၂)