မိန်းကလေးချင်းမို့လက်တို့ပြောရဦးမယ်( အပိုင်း_၄)

ရာသီသုံးခွက်( Menstrual Cup ) နဲ့ ဒွီဟများကျွန်မတို့ မိန်းကလေးတွေဟာ အထူးအဆန်း စူးဆန်းတာဝါသနာပါပေမယ့်အရာရာကို ပူပန်တတ်တဲ့ စိတ်လေးလည်းရှိတတ်ကြပါတယ်။ကိုယ်သုံးလေ့မရှိတဲ့ အသစ်အဆန်းဆို သေချာသိအောင်လုပ်ပြီးမှ သုံးတတ်ကြတာမို့ ခု Menstrual Cup နဲ့ ပတ်သက်တဲ့ဒွီဟလေးတွေအကြောင်းပြောပြချင်ပါတယ်။

– Menstrual Cup က ရာသီသွေးများတဲ့ အချိန်ဆို သုံးမရဘူးဆို?

မှားပါတယ်။ Menstrual cup ဟာ အရည် ၁အောင်စထိ ထိန်းသိမ်းနိုင်ပါတယ်။ဒါဟာ Tampon တို့ Pad တို့ထက် ၂ဆလောက်သိုလှောင်နိုင်တာပါ။

– Menstrual Cup သုံးရင် အနံ့ဆိုးတွေ ထွက်နိုင်လား?

မထွက်နိုင်ပါဘူး။ ရာသီသွေးဟာ ပြင်ပလေနဲ့တွေ့မှ အနံ့အသက်ထွက်တတ်တာမို့ Menstrual cup က ပြင်ပလေနဲ့မထိတွေ့စေလို့မပူရပါဘူး။

– ဈေးကြီးတယ်ဆို?

ပြန်လည်အသုံးပြုနိုင်တဲ့ Reusable Cup ဆို တအားတန်ပါတယ်။ တစ်ချို့ဆိုနှစ်အတော်ကြာသုံးလို့ရလို့ တစ်လဆီတွက်ကြည့်ရင် တန်ပါတယ်။ဒါ့အပြင် Tampon တို့ pad တို့ဆို ခဏခဏ လဲရတာမို့ ပိုတောင် အကုန်အကျများပါတယ်။

– ပိုးရောမဝင်နိုင်ဘူးလး?

Tampon နဲ့ ယှ၊်ရင်ပိုးဝင်နိုင်ခြေနည်းသလိုPad နဲ့ယှဉ်ရင်လည်း အသားပွန်းနိုင်ခြေနည်းပါတယ်။

– ကိုယ်နဲ့အဆင်ပြေတဲ့ Size ရှာရမယ်ဆိူ?

ဟုတ်ပါတယ်။ တစ်ချို့ဆိုသေချာ ကိုယ်နဲ့ကိုက်ညီအောင်ရွေးတာတောင်အဆင်မပြေတာမျိူးရှိနိုင်ပါတယ်။

– သားအိမ်သားဆက်ခြားပစ္စည်း IUD နဲ့တွဲမသုံးရဘူးဆို?

ဟုတ်ပါတယ်။ Menstrual cup လေးထုတ်တဲ့အချိန် IUD ကြိုးကို ဆွဲမိသလိုဖြစ်စေလို့IUD ထည့်ထားရင်တော့ မသူံးပါနဲ့လို့ အကြံပေးချင်ပါတယ်။မိန်းကလေးတိုင်း ပျော်ရွှင်တက်ကြွစွာနေ့ရက်တိုင်းဖြတ်သန်းနိုင်ပါစေလို့။

မယ်တင်( ဆေး ၁)

မိန္းကေလးခ်င္းမို႔လက္တို႔ေျပာရဦးမယ္( အပိုင္း_၄)

ရာသီသံုးခြက္( Menstrual Cup ) နဲ႔ ဒီြဟမ်ားကၽြန္မတို႔ မိန္းကေလးေတြဟာ အထူးအဆန္း စူးဆန္းတာဝါသနာပါေပမယ့္အရာရာကို ပူပန္တတ္တဲ့ စိတ္ေလးလည္းရွိတတ္ၾကပါတယ္။ကိုယ္သံုးေလ့မရွိတဲ့ အသစ္အဆန္းဆို ေသခ်ာသိေအာင္လုပ္ၿပီးမွ သံုးတတ္ၾကတာမို႔ ခု Menstrual Cup နဲ႔ ပတ္သက္တဲ့ဒီြဟေလးေတြအေၾကာင္းေျပာျပခ်င္ပါတယ္။

– Menstrual Cup က ရာသီေသြးမ်ားတဲ့ အခ်ိန္ဆို သံုးမရဘူးဆို?

မွားပါတယ္။ Menstrual cup ဟာ အရည္ ၁ေအာင္စထိ ထိန္းသိမ္းႏိုင္ပါတယ္။ဒါဟာ Tampon တို႔ Pad တို႔ထက္ ၂ဆေလာက္သိုေလွာင္ႏိုင္တာပါ။

– Menstrual Cup သံုးရင္ အနံ႔ဆိုးေတြ ထြက္ႏိုင္လား?

မထြက္ႏိုင္ပါဘူး။ ရာသီေသြးဟာ ျပင္ပေလနဲ႔ေတြ႕မွ အနံ႔အသက္ထြက္တတ္တာမို႔ Menstrual cup က ျပင္ပေလနဲ႔မထိေတြ႕ေစလို႔မပူရပါဘူး။

– ေစ်းႀကီးတယ္ဆို?

ျပန္လည္အသံုးျပဳႏိုင္တဲ့ Reusable Cup ဆို တအားတန္ပါတယ္။ တစ္ခ်ိဳ႕ဆိုႏွစ္အေတာ္ၾကာသံုးလို႔ရလို႔ တစ္လဆီတြက္ၾကည့္ရင္ တန္ပါတယ္။ဒါ့အျပင္ Tampon တို႔ pad တို႔ဆို ခဏခဏ လဲရတာမို႔ ပိုေတာင္ အကုန္အက်မ်ားပါတယ္။

– ပိုးေရာမဝင္ႏိုင္ဘူးလး?

Tampon နဲ႔ ယွ၊္ရင္ပိုးဝင္ႏိုင္ေျခနည္းသလိုPad နဲ႔ယွဥ္ရင္လည္း အသားပြန္းႏိုင္ေျခနည္းပါတယ္။

– ကိုယ္နဲ႔အဆင္ေျပတဲ့ Size ရွာရမယ္ဆိူ?

ဟုတ္ပါတယ္။ တစ္ခ်ိဳ႕ဆိုေသခ်ာ ကိုယ္နဲ႔ကိုက္ညီေအာင္ေရြးတာေတာင္အဆင္မေျပတာမ်ိဴးရွိႏိုင္ပါတယ္။

– သားအိမ္သားဆက္ျခားပစၥည္း IUD နဲ႔တြဲမသံုးရဘူးဆို?

ဟုတ္ပါတယ္။ Menstrual cup ေလးထုတ္တဲ့အခ်ိန္ IUD ႀကိဳးကို ဆြဲမိသလိုျဖစ္ေစလို႔IUD ထည့္ထားရင္ေတာ့ မသံူးပါနဲ႔လို႔ အၾကံေပးခ်င္ပါတယ္။မိန္းကေလးတိုင္း ေပ်ာ္ရႊင္တက္ႂကြစြာေန႔ရက္တိုင္းျဖတ္သန္းႏိုင္ပါေစလို႔။

မယ္တင္( ေဆး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *