မီးတွင်းကာလ အယူအဆမှားများနှင့် သတိပြုစရာလေးများ
” ကိုးလ လွယ် ဆယ်လ ဖွား ” အမျိုးသမီးတစ်ယောက် ကိုယ်ဝန်စရှိတာနဲ့ “မဗိုက် မဗိုက်”နဲ့ .. အိမ်က လူတွေ သဲသဲလှုပ် ဂရုစိုက်ကြသကိုး… ကိုယ်ဝန်ဆောင်နေတုန်းလည်း ကလေးအတွက် ပူရ… အမေအတွက် ပူရနဲ့…. ဆေးနည်းဆိုတာ တစ်ယောက်တမျိုး… ရိုးရာနဲ့ မကိုက်ဖူး… နေ့နံနဲ့ မလိုက်ဖူး.. မွေးမယ့်ချိန်ရွေးပါဟဲ့… ရက်ကောင်းမှ မြတ်မယ်… ဒီလို မွေးလာမယ့် ကလေးကို ချစ်ကြသလို မမဗိုက်ကိုလဲ ချစ်ကြတော့…ဟိုဟာစိတ်မချ ဒီဟာ စိတ်မဖြောင့်.. မွေးဖွားပြီးသည့်တိုင် ဗျာများကြသကိုး…
ဒါတင်လားဆိုတော့ မဟုတ်သေး… မီးဖွားပြီးတဲ့အခါမှာလည်း ဟိုဟာ မစားရ ဒီဟာ မစားရ .. ကလေးနဲ့ မတည့် အမေနဲ့မတည့်.. ဒါမျိုးတွေ ပြောရင်းက လွဲမှားနေတာလေးတွေ ရှိတတ်ပြန်ပါတယ်… ဒီလို အယူအဆ မှားလေးတွေနဲ့ သတိထားသင့်တဲ့အချက် အချို့ကို ပြောပြချင်ပါတယ်…
” ရေအေး မသောက်ရဘူး.. အနာမကျက်ပဲနေမယ်… ရေနွေး (သို့) ပူနွေးနွေးအရည်လေးပဲသောက် ”
– မီးတွင်းကာလမှာ ရေအေးသောက်ရင် အအေးမိ ချောင်းဆိုးမယ်… ကလေးကို နို့တိုက်တဲ့ခါ ကူးမယ်… အအေးကြောင့် အနာကျက်နေစေမယ် စသဖြင့် စိုးရိမ်စိတ်နဲ့ ပြောကြပါတယ်… သို့ပေမယ့် .. ရေအေးကြောင့်မို့ မီးနေသည်ကို ထိခိုက်တာမျိုး မရှိနိုင်ပါလို့.. သုတေသနပြလုပ်သူများက ဆိုကြပါတယ်.. ဒါပြင် အပူပိုင်းဒေသက မိခင်တို့အတွက် ပူပြင်းရတဲ့ထဲ ရေနွေးပူကိုသောက်နေရတာ ခက်လှပါတယ်.. မိခင်ဟာ ကလေးကို နို့ချိုတိုက်ကျွေးဖို့ လုံလောက်တဲ့ ရေပမာဏ ရရှိဖို့သာ အဓိက ဖြစ်ပါတယ်.. ဒါကြောင့် စိတ်ထဲ ရှိတာ သောက်ပါစေ…
“အရွက်တွေ မစားနဲ့.. အသားဆို ဟိုအသား ဒီအသားရှောင် ”
– ကိုယ်ဝန်ဆောင်နေစဉ်ကလည်း ဝမ်းကြာတိုက်ထဲက သန္ဓေသားလေးအတွက် မိခင်ဟာ အားရှိနေဖို့ လိုသလို.. မီးဖွားပြီးကာလမှာ.. အားအင်ပြန်ပြည့်ဖို့ရယ်.. ကလေးကို နို့တိုက်ဖို့ရယ်အတွက် ပိုမို အားဖြည့်တင်းရပါမယ်.. ဒါကြောင့် အာဟာဖြစ်သော အသီးအနံှ၊ အသားငါး အကုန်ကျွေးနိုင်ပါတယ်..
” ကလေးကို နို့တိုက်တဲ့အခါမှာ မိခင်ပိန်သွားတတ်တယ်ဆိုတဲ့ အယူအဆ “ဟာ မှားပါတယ် … မိခင်အတွက် လုံလောက်တဲ့ အဟာရ ရရှိအောင် စားသောက်ရုံဖြင့် ကလေးကိုလဲ နို့တိုက်နိုင်သလို မိမိလဲ ဝိတ်မကျသွားပါဘူး…
-တချို့သော မိခင်တွေမှာ မိမိနဲ့ မတည့်တဲ့ အစားအစာမျိုး ၊ allergy ထတတ်တာမျိုးဆိုရင်တော့ တခါတရံမှာ ကလေးကိုသာ သက်ရောက်နိုင်တာမို့ .. ရှောင်သင့်ပါတယ်
– ” အရက် ” သောက်တတ်တဲ့ မိခင်တွေ အဖို့ မီးတွင်းကာလရော မွေးဖွားပြီး လေးငါးလထိ အရက်မသောက်သုံးသင့်ပါဘူး… သို့မဟုတ်ပါက မိခင်နို့ရည်ထဲက alcohol ဟာ ကလေးဆီရောက်သွားနိုင်ပါတယ်..မိခင်ကဲ့သို့မဟုတ်ပဲ ကလေးရဲ့ အသည်းဟာ သိပ်မဖွံ့ဖြိုးသေးတာမို့ အသည်းကို ထိခိုက်စေနိုင်ပါတယ်
-ကဖင်းဓာတ်များလွန်းတဲ့ဟာတွေ မသောက်ပါနဲ့.. ကလေး အအိပ်နည်းတာ…ကနာမငြိမ်တာတွေ ဖြစ်တတ်ပါတယ်…
– အစားအသောက်တွေဟာ အဟာရ မျိးစုံအရသာ မျိုးစုံ ပါဝင်ပြီး.. တချို့သော အစားအသောက်လေးတွေရဲ့ အရသာက မိခင်ရဲ့နို့ရည်မှတဆင့် ကလေးကိုပါ ပေးစွမ်းနိုင်တာမို့ ကလေးလေးလဲ အရသာ စမ်းလို့ရပြီပေါ့..
“မီးနေသည်ဆိုတာ.. နွေးနွေးထွေးထွေးနေရမယ်.. အအေးမခံနဲ့… လေးစိမ်းတိုက်မခံနဲ့.. ပန်ကာ အဲကွန်း မဖွင့်နဲ့ … ရေမချိုးရဖူးနော်…”
– မီးနေသည်နဲ့ ကလေး နေထိုင်ရမခက်ဖို့ကသာ အဓိက ဖြစ်ပါတယ်.. အဲကွန်းပန်ကာ ဖွင့်ခြင်းက မထိခိုက်စေနိုင်ပါဘူး.. ဒါပြင် အပူကြောင့် ထွက်တဲ့ အဖုအပိမ့်တွေကိုလဲ သက်သာစေနိုင်ပါတယ်…
– သာမန်လူဖြစ်ဖြစ် မီးနေသည် ဖြစ်ဖြစ်.. တကိုယ်ရည် သန့်ရှင်းမှုဟာ အရေးပါလှပါတယ်.. ဒါကြောင့် ပုံမှန် ခြေထောက်လက်တောက်ဆေးခြင်း၊ ရေချိုးခြင်း ပြုလုပ်နိုင်ပါတယ်… အရေပြားမှ အနာကို ပိုးမွှားကူးစက်တာတွေကိုလဲ လျေ့ာပါးစေနိုင်ပါတယ်..
ဒါပြင်
– မီးဖွားပြီး နောက်ပိုင်းမှာလဲ အားအင် အလုံအလောက်ရှိဖို့ အားဆေးတွေ ဆက်သောက်နိုင်ပါတယ်…
– သွေးများစွားဆုံးရှုံးထားတဲ့အတွက် ပြန်လည်ဖြည့်တင်းဖို့ရာ လိုအပ်သော ဆေးကို ဆရာဝန်မှ ညွှန်ကြားထားသည့်အတိုင်းသောက်ပါ..
– တချို့ အမျိုးသမီးတွေဟာ မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်း အားငယ်တာတွေခံစားရတတ်တာမို့ မိသားစုမှ နွေးထွေးကြင်နာပါ…
ကျန်းမာသာယာ ပျော်ရွှင်သော မိသားစု ဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက်….
ပိုင်နီမောင်
မီးတြင္းကာလ အယူအဆမွားမ်ားႏွင့္ သတိျပဳစရာေလးမ်ား
” ကိုးလ လြယ္ ဆယ္လ ဖြား ” အမ်ိဳးသမီးတစ္ေယာက္ ကိုယ္ဝန္စ႐ွိတာနဲ႔ “မဗိုက္ မဗိုက္”နဲ႔ .. အိမ္က လူေတြ သဲသဲလႈပ္ ဂ႐ုစိုက္ၾကသကိုး… ကိုယ္ဝန္ေဆာင္ေနတုန္းလည္း ကေလးအတြက္ ပူရ… အေမအတြက္ ပူရနဲ႔…. ေဆးနည္းဆိုတာ တစ္ေယာက္တမ်ိဳး… ႐ိုးရာနဲ႔ မကိုက္ဖူး… ေန႔နံနဲ႔ မလိုက္ဖူး.. ေမြးမယ့္ခ်ိန္ေရြးပါဟဲ့… ရက္ေကာင္းမွ ျမတ္မယ္… ဒီလို ေမြးလာမယ့္ ကေလးကို ခ်စ္ၾကသလို မမဗိုက္ကိုလဲ ခ်စ္ၾကေတာ့…ဟိုဟာစိတ္မခ် ဒီဟာ စိတ္မေျဖာင့္.. ေမြးဖြားၿပီးသည့္တိုင္ ဗ်ာမ်ားၾကသကိုး…
ဒါတင္လားဆိုေတာ့ မဟုတ္ေသး… မီးဖြားၿပီးတဲ့အခါမွာလည္း ဟိုဟာ မစားရ ဒီဟာ မစားရ .. ကေလးနဲ႔ မတည့္ အေမနဲ႔မတည့္.. ဒါမ်ိဳးေတြ ေျပာရင္းက လဲြမွားေနတာေလးေတြ ႐ွိတတ္ျပန္ပါတယ္… ဒီလို အယူအဆ မွားေလးေတြနဲ႔ သတိထားသင့္တဲ့အခ်က္ အခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္…
” ေရေအး မေသာက္ရဘူး.. အနာမက်က္ပဲေနမယ္… ေရေႏြး (သို႔) ပူေႏြးေႏြးအရည္ေလးပဲေသာက္ ”
– မီးတြင္းကာလမွာ ေရေအးေသာက္ရင္ အေအးမိ ေခ်ာင္းဆိုးမယ္… ကေလးကို ႏို႔တိုက္တဲ့ခါ ကူးမယ္… အေအးေၾကာင့္ အနာက်က္ေနေစမယ္ စသျဖင့္ စိုးရိမ္စိတ္နဲ႔ ေျပာၾကပါတယ္… သို႔ေပမယ့္ .. ေရေအးေၾကာင့္မို႔ မီးေနသည္ကို ထိခိုက္တာမ်ိဳး မ႐ွိႏိုင္ပါလို႔.. သုေတသနျပလုပ္သူမ်ားက ဆိုၾကပါတယ္.. ဒါျပင္ အပူပိုင္းေဒသက မိခင္တို႔အတြက္ ပူျပင္းရတဲ့ထဲ ေရေႏြးပူကိုေသာက္ေနရတာ ခက္လွပါတယ္.. မိခင္ဟာ ကေလးကို ႏို႔ခ်ိဳတိုက္ေကြၽးဖို႔ လံုေလာက္တဲ့ ေရပမာဏ ရ႐ွိဖို႔သာ အဓိက ျဖစ္ပါတယ္.. ဒါေၾကာင့္ စိတ္ထဲ ႐ွိတာ ေသာက္ပါေစ…
“အရြက္ေတြ မစားနဲ႔.. အသားဆို ဟိုအသား ဒီအသားေ႐ွာင္ ”
– ကိုယ္ဝန္ေဆာင္ေနစဥ္ကလည္း ဝမ္းၾကာတိုက္ထဲက သေႏၶသားေလးအတြက္ မိခင္ဟာ အား႐ွိေနဖို႔ လိုသလို.. မီးဖြားၿပီးကာလမွာ.. အားအင္ျပန္ျပည့္ဖို႔ရယ္.. ကေလးကို ႏို႔တိုက္ဖို႔ရယ္အတြက္ ပိုမို အားျဖည့္တင္းရပါမယ္.. ဒါေၾကာင့္ အာဟာျဖစ္ေသာ အသီးအႏံွ၊ အသားငါး အကုန္ေကြၽးႏိုင္ပါတယ္..
” ကေလးကို ႏို႔တိုက္တဲ့အခါမွာ မိခင္ပိန္သြားတတ္တယ္ဆိုတဲ့ အယူအဆ “ဟာ မွားပါတယ္ … မိခင္အတြက္ လံုေလာက္တဲ့ အဟာရ ရ႐ွိေအာင္ စားေသာက္ရံုျဖင့္ ကေလးကိုလဲ ႏို႔တိုက္ႏိုင္သလို မိမိလဲ ဝိတ္မက်သြားပါဘူး…
-တခ်ိဳ႕ေသာ မိခင္ေတြမွာ မိမိနဲ႔ မတည့္တဲ့ အစားအစာမ်ိဳး ၊ allergy ထတတ္တာမ်ိဳးဆိုရင္ေတာ့ တခါတရံမွာ ကေလးကုိသာ သက္ေရာက္ႏိုင္တာမို႔ .. ေ႐ွာင္သင့္ပါတယ္
– ” အရက္ ” ေသာက္တတ္တဲ့ မိခင္ေတြ အဖို႔ မီးတြင္းကာလေရာ ေမြးဖြားၿပီး ေလးငါးလထိ အရက္မေသာက္သံုးသင့္ပါဘူး… သို႔မဟုတ္ပါက မိခင္ႏို႔ရည္ထဲက alcohol ဟာ ကေလးဆီေရာက္သြားႏိုင္ပါတယ္..မိခင္ကဲ့သို႔မဟုတ္ပဲ ကေလးရဲ႕ အသည္းဟာ သိပ္မဖြံ႔ၿဖိဳးေသးတာမို႔ အသည္းကို ထိခိုက္ေစႏိုင္ပါတယ္
-ကဖင္းဓာတ္မ်ားလြန္းတဲ့ဟာေတြ မေသာက္ပါနဲ႔.. ကေလး အအိပ္နည္းတာ…ကနာမၿငိမ္တာေတြ ျဖစ္တတ္ပါတယ္…
– အစားအေသာက္ေတြဟာ အဟာရ မ်ိးစံုအရသာ မ်ိဳးစံု ပါဝင္ၿပီး.. တခ်ိဳ႕ေသာ အစားအေသာက္ေလးေတြရဲ႕ အရသာက မိခင္ရဲ႕ႏို႔ရည္မွတဆင့္ ကေလးကိုပါ ေပးစြမ္းႏိုင္တာမို႔ ကေလးေလးလဲ အရသာ စမ္းလို႔ရၿပီေပါ့..
“မီးေနသည္ဆိုတာ.. ေႏြးေႏြးေထြးေထြးေနရမယ္.. အေအးမခံနဲ႔… ေလးစိမ္းတိုက္မခံနဲ႔.. ပန္ကာ အဲကြန္း မဖြင့္နဲ႔ … ေရမခ်ိဳးရဖူးေနာ္…”
– မီးေနသည္နဲ႔ ကေလး ေနထိုင္ရမခက္ဖို႔ကသာ အဓိက ျဖစ္ပါတယ္.. အဲကြန္းပန္ကာ ဖြင့္ျခင္းက မထိခိုက္ေစႏိုင္ပါဘူး.. ဒါျပင္ အပူေၾကာင့္ ထြက္တဲ့ အဖုအပိမ့္ေတြကိုလဲ သက္သာေစႏိုင္ပါတယ္…
– သာမန္လူျဖစ္ျဖစ္ မီးေနသည္ ျဖစ္ျဖစ္.. တကိုယ္ရည္ သန္႔႐ွင္းမႈဟာ အေရးပါလွပါတယ္.. ဒါေၾကာင့္ ပံုမွန္ ေျခေထာက္လက္ေတာက္ေဆးျခင္း၊ ေရခ်ိဳးျခင္း ျပဳလုပ္ႏိုင္ပါတယ္… အေရျပားမွ အနာကို ပိုးမႊားကူးစက္တာေတြကိုလဲ ေလ့်ာပါးေစႏိုင္ပါတယ္..
ဒါျပင္
– မီးဖြားၿပီး ေနာက္ပိုင္းမွာလဲ အားအင္ အလံုအေလာက္႐ွိဖို႔ အားေဆးေတြ ဆက္ေသာက္ႏိုင္ပါတယ္…
– ေသြးမ်ားစြားဆံုး႐ွံုးထားတဲ့အတြက္ ျပန္လည္ျဖည့္တင္းဖို႔ရာ လိုအပ္ေသာ ေဆးကို ဆရာဝန္မွ ၫႊန္ၾကားထားသည့္အတိုင္းေသာက္ပါ..
– တခ်ိဳ႕ အမ်ိဳးသမီးေတြဟာ ေမြးဖြားၿပီးခ်ိန္မွာ စိတ္ဓာတ္က်တာ၊ ဝမ္းနည္း အားငယ္တာေတြခံစားရတတ္တာမို္ ့ မိသားစုမွ ေႏြးေထြးၾကင္နာပါ…
က်န္းမာသာယာ ေပ်ာ္ရႊင္ေသာ မိသားစု ဘဝကုိ ပိုင္ဆိုင္ၾကပါေစလို႔ ေတာင္းဆု ေမတၱာျပဳလ်က္….
ပိုင္နီေမာင္