သင့်ကလေးငယ်အတွက် ချိုလိမ်သုံးတော့မယ်ဆိုရင်
ချိုလိမ်ဆိုတာဟာ မိခင်က ကလေးကိုနို့မတိုက်နိုင်သေးတဲ့အချိန်မှာ မိခင်ရဲ့နို့သီးခေါင်းအစား ကလေးစို့ဖို့၊ ကလေးငါ်အိပ်ပျော်စေဖို့၊ ကလေးငယ်ငြိမ်ငြိမ်နေစေဖို့တပ်ပေးတဲ့ အရာဝတ္ထုလေးဖြစ်ပါတယ်။ ဒီလိုချိုလိမ်ကိုအသုံးပြုတဲ့အခါမှာ နည်းစနစ်မှန်မှန်သုံးမှ ကလေးငယ်ဆီကို ရောဂါပိုးတွေမဝင်ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် ချိုလိမ်အသုံးပြုတဲ့အခါ ဆောင်ရန်ရှောင်ရန် အချက်တွေကို တင်ပြလိုက်ပါရတယ်။
- ချိုလိမ်ကို သင့်ကလေးငယ်အိပ်ပျော်စေရန်အသုံးပြုနိုင်ပါတယ်။
- အကယ်၍ကလေးငယ်က ချိုလိမ်စို့ဖို့ငြင်းဆန်တဲ့အခါ အတင်းထိုးမတပ်ပါနှင့်။
- ချိုလိမ်တွင်ကပ်စေးစေးဖြစ်ခြင်း၊ ပေါက်ပြဲနေခြင်းရှိပါက ချိုလိမ်အသစ်လဲလှယ်အသုံးပြုပါ။
- ချိုလိမ်ကို သကြားရည်၊ ပျားရည်၊ အချိုရည်များသုတ်လိမ်းပေးခြင်းကို လုံးဝမပြုလုပ်ရပါ။
- ချိုလိမ်ကို ကလေးအသက်တစ်လမပြည့်ခင် လုံးဝမသုံးသင့်ပါ။ အသက်တစ်လမပြည့်ခင်အသုံးပြုပါက ကလေးငယ်အတွက် မိခင်နို့သီးခေါင်းနှင့် ချိုလိမ်နှစ်ခုရောမှတ်သွားပြီး အမှန်တကယ်နို့တိုက်သောအခါတွင် နို့မစို့တော့ဘဲ မိခင်အတွက်အခက်အခဲဖြစ်တတ်ပါသည်။
- ချိုလိမ်ကို ကလေးလည်ပင်းတွင်ကြိုးနှင့်ဆွဲထားခြင်းမပြုလုပ်ရပါ။ ကလေးဘယ်ညာလှိမ့်ရင်းဖြင့် လည်ပင်းအစ်ကာ အသက်အန္တရာယ်ရှိတတ်ပါသည်။
- နို့ဗူးထိပ်များအား ချိုလိမ်အဖြစ်အသုံးပြုကိုရှောင်ကျဉ်ပါ။
- ချိုလိမ်ကိုမိမိကလေးငယ်၏ အသက်အရွယ်နှင့်လိုက်ဖက်သော အရွယ်အစားကိုသာအသုံးပြုပါ။
လက်မစုပ်ခြင်းအလေ့အကျင့်ကိုဖြတ်ရတာထက် ချိုလိမ်စုပ်ခြင်းအလေ့အကျင့်ကိုဖြတ်ရတာကပိုလွယ်ပါတယ်။ ဒါကြောင့် မိခင်တို့အတွက် ချိုလိမ်ကအရေးပါတဲ့အခန်းကဏ္ဌမှာရှိနေတဲ့အတွက် ချိုလိမ်ကိုမှန်မှန်ကန်ကန် အသုံးပြုနိုင်ရန် တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
သင့္ကေလးငယ္အတြက္ ခ်ိဳလိမ္သံုးေတာ့မယ္ဆိုရင္
ခ်ိဳလိမ္ဆိုတာဟာ မိခင္က ကေလးကိုႏို႔မတိုက္ႏိုင္ေသးတဲ့အခ်ိန္မွာ မိခင္ရဲ႕ႏို႔သီးေခါင္းအစား ကေလးစို႔ဖို႔၊ ကေလးငၚအိပ္ေပ်ာ္ေစဖို႔၊ ကေလးငယ္ၿငိမ္ၿငိမ္ေနေစဖို႔တပ္ေပးတဲ့ အရာဝတၳဳေလးျဖစ္ပါတယ္။ ဒီလိုခ်ိဳလိမ္ကိုအသံုးျပဳတဲ့အခါမွာ နည္းစနစ္မွန္မွန္သံုးမွ ကေလးငယ္ဆီကို ေရာဂါပိုးေတြမဝင္ေရာက္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်ိဳလိမ္အသံုးျပဳတဲ့အခါ ေဆာင္ရန္ေ႐ွာင္ရန္ အခ်က္ေတြကို တင္ျပလိုက္ပါရတယ္။
- ခ်ိဳလိမ္ကို သင့္ကေလးငယ္အိပ္ေပ်ာ္ေစရန္အသံုးျပဳႏိုင္ပါတယ္။
- အကယ္၍ကေလးငယ္က ခ်ိဳလိမ္စို႔ဖို႔ျငင္းဆန္တဲ့အခါ အတင္းထိုးမတပ္ပါႏွင့္။
- ခ်ိဳလိမ္တြင္ကပ္ေစးေစးျဖစ္ျခင္း၊ ေပါက္ျပဲေနျခင္း႐ွိပါက ခ်ိဳလိမ္အသစ္လဲလွယ္အသံုးျပဳပါ။
- ခ်ိဳလိမ္ကို သၾကားရည္၊ ပ်ားရည္၊ အခ်ိဳရည္မ်ားသုတ္လိမ္းေပးျခင္းကို လံုးဝမျပဳလုပ္ရပါ။
- ခ်ဳိလိမ္ကို ကေလးအသက္တစ္လမျပည့္ခင္ လံုးဝမသံုးသင့္ပါ။ အသက္တစ္လမျပည့္ခင္အသံုးျပဳပါက ကေလးငယ္အတြက္ မိခင္ႏို႔သီးေခါင္းႏွင့္ ခ်ိဳလိမ္ႏွစ္ခုေရာမွတ္သြားၿပီး အမွန္တကယ္ႏို႔တိုက္ေသာအခါတြင္ ႏို႔မစို႔ေတာ့ဘဲ မိခင္အတြက္အခက္အခဲျဖစ္တတ္ပါသည္။
- ခ်ိဳလိမ္ကို ကေလးလည္ပင္းတြင္ႀကိဳးႏွင့္ဆြဲထားျခင္းမျပဳလုပ္ရပါ။ ကေလးဘယ္ညာလွိမ့္ရင္းျဖင့္ လည္ပင္းအစ္ကာ အသက္အႏၲရာယ္႐ွိတတ္ပါသည္။
- ႏို႔ဗူးထိပ္မ်ားအား ခ်ိဳလိမ္အျဖစ္အသံုးျပဳကိုေ႐ွာင္က်ဥ္ပါ။
- ခ်ိဳလိမ္ကိုမိမိကေလးငယ္၏ အသက္အရြယ္ႏွင့္လိုက္ဖက္ေသာ အရြယ္အစားကိုသာအသံုးျပဳပါ။
လက္မစုပ္ျခင္းအေလ့အက်င့္ကိုျဖတ္ရတာထက္ ခ်ိဳလိမ္စုပ္ျခင္းအေလ့အက်င့္ကိုျဖတ္ရတာကပိုလြယ္ပါတယ္။ ဒါေၾကာင့္ မိခင္တို႔အတြက္ ခ်ိဳလိမ္ကအေရးပါတဲ့အခန္းကဏၭမွာ႐ွိေနတဲ့အတြက္ ခ်ိဳလိမ္ကိုမွန္မွန္ကန္ကန္ အသံုးျပဳႏုိင္ရန္ တင္ျပလုိက္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ