HIV နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေ

HIV ရောဂါပိုးဆိုတာ…. အသစ်မဟုတ်ဘဲ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမယ့်….. လူတွေကြားထဲမှာတော့ HIV နဲ့ ပတ်သက်တဲ့ အယူအဆအလွဲတွေ… ထင်မြင်ချက်အမှားတွေရှိနေဆဲပါ…. ခုဆက်လက်ဖော်ပြမှာကတော့…. လူတွေသိနေတဲ့ လွဲမှားနေတဲ့ HIV နဲ့ပတ်သက်တဲ့…. အယူအဆအမှားတွေပဲ ဖြစ်ပါတယ်…..

(1) HIV ပိုးရှိတဲ့သူအနားမှာ နေရုံနဲ့ ရောဂါကူးနိုင်တယ်

တကယ်တော့ HIV ဆိုတာ ရောဂါပိုးရှိတဲ့ သူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တစ်ခုခု (ဥပမာ သွေး သုတ်ရည် မိန်းမကိုယ်ကနေထွက်တဲ့အရည် နို့ရည်) နဲ့ နောက်တစ်ယောက်ရဲ့ ပါးစပ် မိန်းမကိုယ် စအို ဒါမှမဟုတ် ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုခုရှိနေရင်…..ဒါမှမဟုတ် သွေးကြောထဲကို တိုက်ရိုက် ဝင်သွားမှသာ ကူးနိုင်တာမျိူးပါ…သာမန်ပွေ့ဖက်ရုံ အစားအသောက်အတူစားရုံ အတူတစ်အိမ်တည်းနေရုံ ရေချိူးခန်း အိမ်သာအတူသုံးရုံ ထိတွေ့ရုံ ချွေးနဲ့ထိရုံ လောက်နဲ့ မကူးနိုင်ပါဘူး
..

(2) HIV ကို ကုလို့ပျောက်တယ်

တကယ်တော့ HIV ကို အပြီးအပြတ်ပျောက်အောင် ကုလို့ရတဲ့ဆေး ဒီနေ့ထိမပေါ်သေးပါဘူး…. သင့်လျော်တဲ့ ကုထုံးနဲ့ကုသမှူကို တိတိကျကျ မှန်မှန်ကန်ကန်လိုက်နာ ရင်တော့…. HIV ပိုးကို အတော်ပမာဏနည်းသွားသည်အထိ လျှော့ချလို့ရနိုင်ပြီး သက်တမ်းကြာကြာနေနိုင်တာမျိူးလောက်ပဲ ကုသနိုင်တာပါ….

(3) HIV ဟာ လိင်တူဆက်ဆံတဲ့အခြောက်တွေမှာသာ ဖြစ်တဲ့ရောဂါ

လုံးဝမှားပါတယ်…. HIV ဟာ လိင်တူလိင်ကွဲ ဘယ်လိုပုံစံနဲ့ မဆို အကာအကွယ်မပါဘဲ ဆက်ဆံရင် ကူးနိုင်တဲ့ရောဂါမျိူးပါ

(4) လက်ထပ်ပြီးသူတွေမှဆို HIV ပိုးစစ်စရာမလိုတော့သလို ကူးမှာလဲ စိတ်မပူရတော့ဘူး

လက်တွေ့မှာတော့ မှားပါတယ်…. သင်ဟာ သင့်အိမ်ထောင်ဖက်ကို အမြဲသံသယနဲ့ ဆက်ဆံနေဖို့ မလိုအပ်သလို… မျက်စိစုံမှိတ် တသက်လုံးစာ ယုံကြည်ပစ်လိုက်ဖို့ကျတော့လည်း ရာနှူန်းပြည့် သင့်တော်မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ပါဘူး…
က ံမကောင်းစွာနဲ့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အပြုအမူတွေကိုပဲ ထိန်းချုပ်လို့ရတာပါ… တဖက်သားရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေထိ လိုက်ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး…. တချို့စုံတွဲတွေဟာ နှစ်စဉ် HIV အပါအဝင် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါရှိမရှိ စစ်ဆေးကြတာဟာ…. တကယ်တော့ ကောင်းတဲ့အလေ့အထတစ်ခုပါ

(5) နှစ်ယောက်စလုံးမှာ HIV ပိုးရှိနေရင် ကွန်ဒုံးသုံးစရာမလိုတော့ဘူး

လက်တေ့်မှာတော့ ဒါဟာမဟုတ်ပါဘူး…. HIV ပိုးရှိနေတဲ့လူနှစ်ယောက် အကာအကွယ်မသုံးဘဲ အတူနေလိုက်ရင်… မလိုလားအပ်ဘဲ ကိုယ်ဝန်ရနိုင်ပါတယ်… သောက်နေတဲ့ ART ဆေးက ကိုယ်ဝန်မရဖို့တော့ မကာကွယ်ပေးနိုင်ပါဘူး… ကွန်ဒုံးကသာ အကာအကွယ်ပေးနိုင်မှာပါ…. နောက်အရေးကြီးတဲ့ တစ်ချက်က ကိုယ်ကူးခံထားရတဲ့ HIV အမျိူးအစားနဲ့ ကိုယ့် partner ရဲ့ HIV အမျိူးအစားမတူညီတဲ့အခါ …လက်ရှိသောက်နေတဲ့ HIV ကုထုံးကို မအောင်မမြင်ဖြစ်စေနိုင်ပြီး ကုသမှူကိုရှူပ်ထွေးစေပြီး ဒုက္ခများစေနိုင်ပါတယ်….

မေတ္တာဖြင့်

Dr. စိမ်းမိုးစက်




တကယ်တော့ HIV ဆိုတာ ရောဂါပိုးရှိတဲ့ သူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တစ်ခုခု (ဥပမာ သွေး သုတ်ရည် မိန်းမကိုယ်ကနေထွက်တဲ့အရည် နို့ရည်) နဲ့ နောက်တစ်ယောက်ရဲ့ ပါးစပ် မိန်းမကိုယ် စအို ဒါမှမဟုတ် ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုခုရှိနေရင်…..ဒါမှမဟုတ် သွေးကြောထဲကို တိုက်ရိုက် ဝင်သွားမှသာ ကူးနိုင်တာမျိုးပါ…သာမန်ပွေ့ဖက်ရုံ အစားအသောက်အတူစားရုံ အတူတစ်အိမ်တည်းနေရုံ ရေချိုးခန်း အိမ်သာအတူသုံးရုံ ထိတွေ့ရုံ ချွေးနဲ့ထိရုံ လောက်နဲ့ မကူးနိုင်ပါဘူး
..


တကယ်တော့ HIV ကို အပြီးအပြတ်ပျောက်အောင် ကုလို့ရတဲ့ဆေး ဒီနေ့ထိမပေါ်သေးပါဘူး…. သင့်လျော်တဲ့ ကုထုံးနဲ့ကုသမှူကို တိတိကျကျ မှန်မှန်ကန်ကန်လိုက်နာ ရင်တော့…. HIV ပိုးကို အတော်ပမာဏနည်းသွားသည်အထိ လျှော့ချလို့ရနိုင်ပြီး သက်တမ်းကြာကြာနေနိုင်တာမျိုးလောက်ပဲ ကုသနိုင်တာပါ….


လုံးဝမှားပါတယ်…. HIV ဟာ လိင်တူလိင်ကွဲ ဘယ်လိုပုံစံနဲ့ မဆို အကာအကွယ်မပါဘဲ ဆက်ဆံရင် ကူးနိုင်တဲ့ရောဂါမျိုးပါ




လက်တေ့်မှာတော့ ဒါဟာမဟုတ်ပါဘူး…. HIV ပိုးရှိနေတဲ့လူနှစ်ယောက် အကာအကွယ်မသုံးဘဲ အတူနေလိုက်ရင်… မလိုလားအပ်ဘဲ ကိုယ်ဝန်ရနိုင်ပါတယ်… သောက်နေတဲ့ ART ဆေးက ကိုယ်ဝန်မရဖို့တော့ မကာကွယ်ပေးနိုင်ပါဘူး… ကွန်ဒုံးကသာ အကာအကွယ်ပေးနိုင်မှာပါ…. နောက်အရေးကြီးတဲ့ တစ်ချက်က ကိုယ်ကူးခံထားရတဲ့ HIV အမျိုးအစားနဲ့ ကိုယ့် partner ရဲ့ HIV အမျိုးအစားမတူညီတဲ့အခါ …လက်ရှိသောက်နေတဲ့ HIV ကုထုံးကို မအောင်မမြင်ဖြစ်စေနိုင်ပြီး ကုသမှူကိုရှူပ်ထွေးစေပြီး ဒုက္ခများစေနိုင်ပါတယ်….

မေတ္တာဖြင့်

Dr. စိမ်းမိုးစက်

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *