ရွာကအပျိုကြီးဗိုက်ကြီးလို့တဲ့
ဒီနေ့ဒေါက်တာစုအိမ်မှာ အမေ့ရွာက အဒေါ်တစ်ယောက်ရောက်လာလို့ ထိုင်စကားပြောနေတဲ့ နား ဒေါက်တာစု ရောက်သွားသည်။ အဒေါ်က အမေ့ကိုအာပေါင်အာရင်းသန်သန်ပင်
” မမသိတယ်မှတ်လား ရွာက ငွေတိုးချေးစားတဲ့ဒေါ်ဆုံဆိုတဲ့အပျိုကြီးလေ အသက်၄၀နားနီးမှ ဗိုက်ကြီးပူလာလို့ ရန်ကုန်တက်ကုနေရတယ်။ ဗိုက်ကြီးပူလာမှတော့ ဗိုက်ကြီးလို့ ရန်ကုန်တက်မွေးတာပဲ နေမယ်။”
အဒေါ်တစ်ယောက် သူ့ဟာသူပြော သူ့ဟာသူမှတ်ချက်ပေးနေလေသည်။
ဒီတစ်ခါတော့ ဒေါက်တာစု ” တတ်သည့်ပညာမနေသာ” ပဲခေါ်ရမလား? လွဲနေသည် များကို ပြင်ပေးမှဖြစ်တော့မယ်ဟုတွေးပြီး
” အဒေါ်ရယ် သူက အိမ်ထောင်မရှိဘူးဆို ဗိုက်ကြီးတာမဟုတ်ဘဲ သားအိမ်အသားလုံးတည်တာ ဖြစ်နေပါဦးမယ်၊ သူများကိုသွားပြီး”
အဒေါ်က မျက်လုံးအပြူးသားနဲ့ “ဘာလဲ သားအိမ်အသားလုံး? ကင်ဆာကိုပြောတာလား?”
ဟူး သူ့ပြောမှ ဒေါ်ဆုံလည်းရ စရာမရှိတော့ဟု ဒေါက်တာစု တွေးလိုက်သည်။
” အဒေါ်ကို ဗဟုသုတရအောင်ရှင်းပြလိုက်မယ်။ ရွာကလူတွေလည်း သေချာပြန်ပြောပြလိုက်နော်” သူ့လည်း သေချာမှာလိုက်ရသေး။
“အေးပါအေ ငါတို့က ကျန်းမာရေးနဲ့ဝေးတယ်အေ့”
” ဒီလိုအဒေါ်ရဲ့ သားအိမ်အသားလုံးဆိုတာ ကင်ဆာမဟုတ်ဘူး။ သားအိမ်ကြွက်သားတွေ ပွားလာများလာရာကနေ ကြွက်သားအလုံးဖြစ်လာတာ။ အသက် ၃၅_၄၅ကြား ကလေးမမွေးဘူးတဲ့လူ၊ ကလေး နဲနဲပဲမွေးထားတဲ့လူ၊ အပျိုကြီးတွေမှာ အဖြစ်များတယ်၊ အရွယ်အစားက စပျစ်သီး အရွယ်ကနေ ၃လ ၄လ ကိုယ်ဝန်အရွယ်ထိ ကြီးတတ်လို့ ကိုယ်ဝန်ရှိတယ်လို့ အထင်မှားကြတတ်တယ်။ အမျိုးသမီးဟော်မုန်းတွေကြောင့် အဓိကဖြစ်လို့ သွေးဆုံးပြီးသွားရင်လည်း သူ့ဟာသူ ပြန်ကျုံ့သွားတတ်ကြတယ်။ ”
အဒေါ်ကလဲ” ငါတို့ကအလုံးဆိုကြောက်တယ်အေ။ ငါလဲ ကလေးတစ်ယောက်ပဲမွေးထားတာဆိုတော့ ဘယ်လိုလက္ခဏာတွေပြတတ်လဲအေ”
” အလုံးရှိတယ်ဆို ရာသီသွေး အရင်ကထက်များလာတတ်တယ်။ ရာသီလာရက် ကြာလာတတ်တယ်။ ဆင်းရင်လည်းသွေးအတုံးအခဲတွေအများကြီးပါတတ်တယ်။
ရာသီလာချိန်မဟုတ်ဘဲသွေးဆင်းတတ်တယ်။ သားအိမ်နေရာမှာ ခဲဆွဲထားသလို လေးလေးပင်ပင်ခံစားရတတ်တယ်။ အရမ်းကြီးလာရင်တော့ ဆီးအိမ်ကိုဖိလို့ဆီးခဏခဏသွားတာ၊ ဝမ်းချုပ်တာအပြင်။ ဗိုက်ကြီးသလို အလုံးပေါ်လာတတ်တာတွေပဲ”
” အဲ့လိုလက္ခဏာတွေပြတယ်ဆို ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက် အလုံးအသေးအကြီး၊ အသက်အပိုင်းအခြားပေါ်မူတည်ပြီး ဟော်မုန်းဆေးတိုက်၊
တအားကြီးရင် အလုံးထုတ်ဖို့ခွဲတာ၊ တအားလိုအပ်ရင်သားအိမ်ထုတ်တာထိ ကုသရတတ်ပါတယ်။”
“အဒေါ်က “ဟုတ်လားအေ။ ခုမှကြားဘူးတာပဲ ။ ငါတို့ရွာမှာတော့ အပျိုကြီးဗိုက်ပူတော့ ဟိုဟာဒီဟာပဲ ထင်နေကြတာအေ့ ။ တူမလေးပြောမှပဲ ရွာထဲငါလိုက်ပြောတော့မယ်”
ဒေါက်တာစုလည်း စိတ်ထဲမှ က်ုယ့် အဒေါ်ကိုယ်ယုံတယ် “ရပ်ကွက်မောင်း”မို့ သူရွာပြန်ချိန် ရွာကလူတွေ ကျန်းမာရေးအသိလေးတိုးပြီပေါ့လို့ ကြံဖန်တွေးရင်း ဝမ်းသာနေတော့သည်။
မယ်တင်(ဆေး ၁)
ရြာကအပ်ိဳႀကီးဗိုက္ႀကီးလို႔တဲ့
ဒီေန႔ေဒါက္တာစုအိမ္မွာ အေမ့ရြာက အေဒၚတစ္ေယာက္ေရာက္လာလို႔ ထိုင္စကားေျပာေနတဲ့ နား ေဒါက္တာစု ေရာက္သြားသည္။ အေဒၚက အေမ့ကိုအာေပါင္အာရင္းသန္သန္ပင္
” မမသိတယ္မွတ္လား ရြာက ေငြတိုးေခ်းစားတဲ့ေဒၚဆံုဆိုတဲ့အပ်ိဳႀကီးေလ အသက္၄၀နားနီးမွ ဗိုက္ႀကီးပူလာလို႔ ရန္ကုန္တက္ကုေနရတယ္။ ဗိုက္ႀကီးပူလာမွေတာ့ ဗိုက္ႀကီးလို႔ ရန္ကုန္တက္ေမြးတာပဲ ေနမယ္။”
အေဒၚတစ္ေယာက္ သူ႔ဟာသူေျပာ သူ႔ဟာသူမွတ္ခ်က္ေပးေနေလသည္။
ဒီတစ္ခါေတာ့ ေဒါက္တာစု ” တတ္သည့္ပညာမေနသာ” ပဲေခၚရမလား? လြဲေနသည္ မ်ားကို ျပင္ေပးမွျဖစ္ေတာ့မယ္ဟုေတြးၿပီး
” အေဒၚရယ္ သူက အိမ္ေထာင္မရွိဘူးဆို ဗိုက္ႀကီးတာမဟုတ္ဘဲ သားအိမ္အသားလံုးတည္တာ ျဖစ္ေနပါဦးမယ္၊ သူမ်ားကိုသြားၿပီး”
အေဒၚက မ်က္လံုးအျပဴးသားနဲ႔ “ဘာလဲ သားအိမ္အသားလံုး? ကင္ဆာကိုေျပာတာလား?”
ဟူး သူ႔ေျပာမွ ေဒၚဆံုလည္းရ စရာမရွိေတာ့ဟု ေဒါက္တာစု ေတြးလိုက္သည္။
” အေဒၚကို ဗဟုသုတရေအာင္ရွင္းျပလိုက္မယ္။ ရြာကလူေတြလည္း ေသခ်ာျပန္ေျပာျပလိုက္ေနာ္” သူ႔လည္း ေသခ်ာမွာလိုက္ရေသး။
“ေအးပါေအ ငါတို႔က က်န္းမာေရးနဲ႔ေဝးတယ္ေအ့”
” ဒီလိုအေဒၚရဲ႕ သားအိမ္အသားလံုးဆိုတာ ကင္ဆာမဟုတ္ဘူး။ သားအိမ္ႂကြက္သားေတြ ပြားလာမ်ားလာရာကေန ႂကြက္သားအလံုးျဖစ္လာတာ။ အသက္ ၃၅_၄၅ၾကား ကေလးမေမြးဘူးတဲ့လူ၊ ကေလး နဲနဲပဲေမြးထားတဲ့လူ၊ အပ်ိဳႀကီးေတြမွာ အျဖစ္မ်ားတယ္၊ အရြယ္အစားက စပ်စ္သီး အရြယ္ကေန ၃လ ၄လ ကိုယ္ဝန္အရြယ္ထိ ႀကီးတတ္လို႔ ကိုယ္ဝန္ရွိတယ္လို႔ အထင္မွားၾကတတ္တယ္။ အမ်ိဳးသမီးေဟာ္မုန္းေတြေၾကာင့္ အဓိကျဖစ္လို႔ ေသြးဆံုးၿပီးသြားရင္လည္း သူ႔ဟာသူ ျပန္က်ံဳ႕သြားတတ္ၾကတယ္။ ”
အေဒၚကလဲ” ငါတို႔ကအလံုးဆိုေၾကာက္တယ္ေအ။ ငါလဲ ကေလးတစ္ေယာက္ပဲေမြးထားတာဆိုေတာ့ ဘယ္လိုလကၡဏာေတြျပတတ္လဲေအ”
” အလံုးရွိတယ္ဆို ရာသီေသြး အရင္ကထက္မ်ားလာတတ္တယ္။ ရာသီလာရက္ ၾကာလာတတ္တယ္။ ဆင္းရင္လည္းေသြးအတံုးအခဲေတြအမ်ားႀကီးပါတတ္တယ္။
ရာသီလာခ်ိန္မဟုတ္ဘဲေသြးဆင္းတတ္တယ္။ သားအိမ္ေနရာမွာ ခဲဆြဲထားသလို ေလးေလးပင္ပင္ခံစားရတတ္တယ္။ အရမ္းႀကီးလာရင္ေတာ့ ဆီးအိမ္ကိုဖိလို႔ဆီးခဏခဏသြားတာ၊ ဝမ္းခ်ဳပ္တာအျပင္။ ဗိုက္ႀကီးသလို အလံုးေပၚလာတတ္တာေတြပဲ”
” အဲ့လိုလကၡဏာေတြျပတယ္ဆို ကြန္ျပဴတာဓာတ္မွန္( Ultrasound) ရိုက္ အလံုးအေသးအႀကီး၊ အသက္အပိုင္းအျခားေပၚမူတည္ၿပီး ေဟာ္မုန္းေဆးတိုက္၊
တအားႀကီးရင္ အလံုးထုတ္ဖို႔ခြဲတာ၊ တအားလိုအပ္ရင္သားအိမ္ထုတ္တာထိ ကုသရတတ္ပါတယ္။”
“အေဒၚက “ဟုတ္လားေအ။ ခုမွၾကားဘူးတာပဲ ။ ငါတို႔ရြာမွာေတာ့ အပ်ိဳႀကီးဗိုက္ပူေတာ့ ဟိုဟာဒီဟာပဲ ထင္ေနၾကတာေအ့ ။ တူမေလးေျပာမွပဲ ရြာထဲငါလိုက္ေျပာေတာ့မယ္”
ေဒါက္တာစုလည္း စိတ္ထဲမွ က္ုယ့္ အေဒၚကိုယ္ယံုတယ္ “ရပ္ကြက္ေမာင္း”မို႔ သူရြာျပန္ခ်ိန္ ရြာကလူေတြ က်န္းမာေရးအသိေလးတိုးၿပီေပါ့လို႔ ၾကံဖန္ေတြးရင္း ဝမ္းသာေနေတာ့သည္။
မယ္တင္(ေဆး ၁)