ကိုယ်ဝန်နှင့် သားအိမ်အလုံး
အချို့သောအမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နေအတွင်း စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်တဲ့အခါ သားအိမ်မှာအလုံးရှိနေတယ်လို့ ကြားရတတ်ပါတယ်။ အဲဒီလိုမျိုးရှိနေပြီဆိုရင်တော့ အမျိူသမီးတိုင်းဟာ ကိုယ်ဝန်အတွက်စိုးရိမ်တတ်ကြပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်တာ၊ ကလေးကေင်းကောင်းမဖွံ့ဖြိုးမှာ တွေကိုစိုးရိမ်တတ်ကြသလို ကိုယ်ဝန်မရှိသူတွေကလည်း ကလေးမရတော့မှာကိုစိုးရိမ်တာတွေလည်းရှိပါတယ်။
သားအိမ်ထဲကအလုံးအနေနဲ့ ကိုယ်ဝန်အပေါ်ထိခိုက်နိုင်ခြေက သားအိမ်လုံးရဲ့ အနေအထား၊ အရွယ်အစား စတာတွေအပေါ်မူတည်ပါတယ်။ ယေဘုယျအားဖြင့် အသားလုံးဟာ သားအိမ်ရဲ့ပုံမှန်အနေအထားကို ပျက်စီးစေနိုင်ခြင်းမရှိရင်တော့ ကိုယ်ဝန်အပေါ်ကိုထိခိုက်စေမှာမဟုတ်ပါဘူး။
အချို့သောအသားလုံးတွေကတော့ အရွယ်အရမ်းကြီးတာ၊ သားအိမ်ဝမှာဆို့နေတာ၊ သန္ဓေသားကပ်တွယ်ရမယ့်နေရာမှာ အသားလုံးကရှိနေတာမျိုးဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ အများစုသော အသားလုံးများကတော့ ကိုယ်ဝန်မရနိုင်အောင် အနှောင့်အယှက်မပေးနိုင်ပါဘူး။
ကိုယ်ဝန်ရှိနေတဲ့အမျိူးသမီးတွေဆိုရင်လည်း အထက်ပါအချက်အလက်တွေပေါ်မူတည်ပြီးပဲ ထိခိုက်မှုရှိမရှိကြည့်ရမှာပါ။ အချို့အသားလုံးတွေက သားအိမ်ရဲ့အနေအထားကို ပျက်ယွင်းစေပြီတိုရင်တော့ ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ အသားလုံးတွေရဲ့ လက္ခဏာကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သွေးဆင်းတာ၊ ဗိုက်နာတာ၊ ဗိုက်မှာအလုံးအကြီးကြီးစမ်းမိတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတာတွေပါ။
အသားလုံးတွေဟာရင်သွေးပေါ်မှာလည်း သက်ရောက်မှုတွေရှိနိုင်ပါတယ်။ အလုံးကသားအိမ်ထဲမှာ နေရာအပြည့်ယူထားရင် ရင်သွေးကကောင်းကောင်းမဖွံ့ဖြိုးတော့ပဲ သေးငယ်နေနိုင်ပါတယ်။ မိခင်ရဲ့အချင်းကနေ ရင်သွေးဆီကို သွေး၊ အာဟာရ၊ oxygenစတာတွေ ကောင်းကောင်းမရောက်နိုင်အောင် အသားလုံးကဖိထားတာလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အသားလုံးရှိနေလို့ ခန့်မှန်းထားတဲ့ရက်ထက်စောပြီး ဗိုက်နာတာ၊ မီးဖွားတာတွေဖြစ်နိုင်ပါတယ်။
အဆိုပါအလုံးဟာ မီးဖွားနေစဉ်မှာလည်း နှောင့်ယှက်နိုင်ပါသေးတယ်။ ရိုးရိုးမွေးဖို့စီစဉ်ထားပြီးမှ ခွဲမွေးရတာ။ အလုံးကခံနေလို့ မွေးချိန်ကြာမြင့်တာတွေလည်းဖြစ်နိုင်ပါတယ်။
ထို့အတူပဲ သားအိမ်ကိုပုံစံပျက်စေတဲ့ အသားလုံးတွေမျိုးဆိုရင်တော့ ကလေးအနေအထားမမှန်တာ၊ ခေါင်းနဲ့မမွေးပဲ တင်ပါးဆုံနဲ့မွေးတာတွေလည်းဖြစ်တတ်ပါတယ်။
သားအိမ်အသားလုံးတွေဟာ များသောအားဖြင့်ဒုက္ခမပေးတတ်တာများပါတယ်။ စောစောစီးစီးကြိုသိထားရင် လိုအပ်တဲ့ကုသမှုတွေခံယူထားရင်ပျောက်ကင်းနိုင်ပါတယ်။ ကိုယ်ဝန်ကိုဒုက္ခပေးနိုင်တဲ့အသားလုံးတွေဖြစ်နေရင်တော့ ကြိုတင်ပြီးကုသထားလို့ရပါတယ်။ ultrasoundရိုက်တာ၊ ကျွမ်းကျင်သူတွေနဲ့ကုသမှုခံယူတာတွေက ကြိုတင်ပြုလုပ်ထားပြီး ကိုယ်ဝန်ကိုမထိခိုက်အောင် ကာကွယ်ထားရမှာဖြစ်ပါတယ်။
Dr. ZZ
ကိုယ္ဝန္ႏွင့္ သားအိမ္အလံုး
အခ်ဳိ႕ေသာအမ်ဳိးသမီးေတြမွာ ကိုယ္ဝန္ေဆာင္ေနအတြင္း စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္တဲ့အခါ သားအိမ္မွာအလံုးရိွေနတယ္လို႔ ၾကားရတတ္ပါတယ္။ အဲဒီလိုမ်ဳိးရိွေနၿပီဆိုရင္ေတာ့ အမ်ဴိသမီးတိုင္းဟာ ကိုယ္ဝန္အတြက္စိုးရိမ္တတ္ၾကပါတယ္။ ကိုယ္ဝန္ပ်က္က်ႏိုင္တာ၊ ကေလးေကင္းေကာင္းမဖြံ႕ၿဖိဳးမွာ ေတြကိုစိုးရိမ္တတ္ၾကသလို ကိုယ္ဝန္မရိွသူေတြကလည္း ကေလးမရေတာ့မွာကိုစိုးရိမ္တာေတြလည္းရိွပါတယ္။
သားအိမ္ထဲကအလံုးအေနနဲ႔ ကိုယ္ဝန္အေပၚထိခိုက္ႏိုင္ေျခက သားအိမ္လံုးရဲ႕ အေနအထား၊ အရြယ္အစား စတာေတြအေပၚမူတည္ပါတယ္။ ေယဘုယ်အားျဖင့္ အသားလံုးဟာ သားအိမ္ရဲ႕ပံုမွန္အေနအထားကို ပ်က္စီးေစႏိုင္ျခင္းမရိွရင္ေတာ့ ကိုယ္ဝန္အေပၚကိုထိခိုက္ေစမွာမဟုတ္ပါဘူး။
အခ်ဳိ႕ေသာအသားလံုးေတြကေတာ့ အရြယ္အရမ္းႀကီးတာ၊ သားအိမ္ဝမွာဆို႔ေနတာ၊ သေႏၶသားကပ္တြယ္ရမယ့္ေနရာမွာ အသားလံုးကရိွေနတာမ်ဳိးဆိုရင္ေတာ့ ကိုယ္ဝန္ရႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ပါတယ္။ အမ်ားစုေသာ အသားလံုးမ်ားကေတာ့ ကိုယ္ဝန္မရႏိုင္ေအာင္ အေႏွာင့္အယွက္မေပးႏိုင္ပါဘူး။
ကိုယ္ဝန္ရိွေနတဲ့အမ်ဴိးသမီးေတြဆိုရင္လည္း အထက္ပါအခ်က္အလက္ေတြေပၚမူတည္ၿပီးပဲ ထိခိုက္မႈရိွမရိွၾကည့္ရမွာပါ။ အခ်ဳိ႕အသားလံုးေတြက သားအိမ္ရဲ႕အေနအထားကို ပ်က္ယြင္းေစၿပီတိုရင္ေတာ့ ကိုယ္ဝန္ပ်က္က်ႏိုင္ပါတယ္။ အသားလံုးေတြရဲ႕ လကၡဏာကေတာ့ အမ်ဳိးမ်ဳိးျဖစ္ႏိုင္ပါတယ္။ ေသြးဆင္းတာ၊ ဗိုက္နာတာ၊ ဗိုက္မွာအလံုးအႀကီးႀကီးစမ္းမိတာေတြဟာ ျဖစ္ေလ့ျဖစ္ထရိွတာေတြပါ။
အသားလံုးေတြဟာရင္ေသြးေပၚမွာလည္း သက္ေရာက္မႈေတြရိွႏိုင္ပါတယ္။ အလံုးကသားအိမ္ထဲမွာ ေနရာအျပည့္ယူထားရင္ ရင္ေသြးကေကာင္းေကာင္းမဖြံ႕ၿဖိဳးေတာ့ပဲ ေသးငယ္ေနႏိုင္ပါတယ္။ မိခင္ရဲ႕အခ်င္းကေန ရင္ေသြးဆီကို ေသြး၊ အာဟာရ၊ oxygenစတာေတြ ေကာင္းေကာင္းမေရာက္ႏိုင္ေအာင္ အသားလံုးကဖိထားတာလည္းျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ အသားလံုးရိွေနလို႔ ခန္႔မွန္းထားတဲ့ရက္ထက္ေစာၿပီး ဗိုက္နာတာ၊ မီးဖြားတာေတြျဖစ္ႏိုင္ပါတယ္။
အဆိုပါအလံုးဟာ မီးဖြားေနစဥ္မွာလည္း ေႏွာင့္ယွက္ႏိုင္ပါေသးတယ္။ ႐ိုး႐ိုးေမြးဖို႔စီစဥ္ထားၿပီးမွ ခြဲေမြးရတာ။ အလံုးကခံေနလို႔ ေမြးခ်ိန္ၾကာျမင့္တာေတြလည္းျဖစ္ႏိုင္ပါတယ္။
ထို႔အတူပဲ သားအိမ္ကိုပံုစံပ်က္ေစတဲ့ အသားလံုးေတြမ်ဳိးဆိုရင္ေတာ့ ကေလးအေနအထားမမွန္တာ၊ ေခါင္းနဲ႔မေမြးပဲ တင္ပါးဆံုနဲ႔ေမြးတာေတြလည္းျဖစ္တတ္ပါတယ္။
သားအိမ္အသားလံုးေတြဟာ မ်ားေသာအားျဖင့္ဒုကၡမေပးတတ္တာမ်ားပါတယ္။ ေစာေစာစီးစီးႀကိဳသိထားရင္ လိုအပ္တဲ့ကုသမႈေတြခံယူထားရင္ေပ်ာက္ကင္းႏိုင္ပါတယ္။ ကိုယ္ဝန္ကိုဒုကၡေပးႏိုင္တဲ့အသားလံုးေတြျဖစ္ေနရင္ေတာ့ ႀကိဳတင္ၿပီးကုသထားလို႔ရပါတယ္။ ultrasound႐ိုက္တာ၊ ကြၽမ္းက်င္သူေတြနဲ႔ကုသမႈခံယူတာေတြက ႀကိဳတင္ျပဳလုပ္ထားၿပီး ကိုယ္ဝန္ကိုမထိခိုက္ေအာင္ ကာကြယ္ထားရမွာျဖစ္ပါတယ္။
Dr. ZZ