ကျွန်တော့်ဆေးခန်းနှင့် ကျွန်တော့်ပတ်ဝန်းကျင်
ကြောက်သင့်တာကို ကြောက်ပါ
“ဆရာ၊ မခွဲဘူးနော် (အဲဒီလောက်ပဲ ရေးလိုက်ရင် ဆရာနဲ့မခွဲနိုင်ဘူးတို့တဲ့အဓိပ္ပါယ်ထွက်နေတယ်နော်) မခွဲဘူး၊ ဘယ်တော့မှ မခွဲဘူး”
“အေးပါ၊ ငါကလည်း မလိုရင် မခွဲပါဘူးဟာ။ (အင်မတန်ရင်းနှီးတဲ့လူနာပါ) နင်ချိုင်းမှာ ပြည်တည်နေ တယ်မဟုတ်လား”
“ဆရာ ဘယ်လိုသိသလဲ၊ ဘာဖြစ်ဖြစ် မခွဲဘူးနော်၊ ကြောက်တယ် နာမှာကြောက်တယ်”
“နာမှာ ကြောက်တယ်သာဆိုတယ်၊ အခုအတော်နာနေပြီမဟုတ်လား။ ခွဲလိုက်ရင် မနာတော့ဘူးပေါ့”
“ဟင့်အင်း ဟင့်အင်း၊ ခွဲရင် နာမှာပိုကြောက်တယ်”
“အဲ့ဒါဆိုရင် မနာအောင်လို့ဆေးရုံမှာခွဲ၊ မေ့ဆေးပေးထားရင် ဘယ်နာတော့မှာလဲ၊ သိတောင်သိမှာ မဟုတ်ဘူး”
“ဆရာကလည်း ဆေးရုံမှာသွားခွဲဖို့ တတ်နိုင်လို့ကတော့ ဆရာ့ဆီ လာတောင်မလာဘူး”
“ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်တို့အရပ်ထဲမှာ သောင်းဂဏန်းလောက်ကို အလွယ်တကူ မထုတ်နိုင်တဲ့သူတွေအတော်များပါတယ်။ သူတို့ရဲ့ မှီခိုရာဖြစ်တဲ့ ကျွန်တော့်ဆေးခန်းလေးကို ဒါနဲ့ပဲ ရပ်တည်နေတာပါ”
“အေး၊ နင် ငါ့ကိုအားကိုးတယ်ဆိုတာကို နားလည်ပါတယ်။ ကဲ …ခုတင်ပေါ်တက်။ ဘယ်လိုဖြစ်တယ်၊ ဘယ်လောက်ဖြစ်နေတယ်ဆိုတာကို ကြည့်ပါရစေဦး။ နင်က ညာဘက်မှာဖြစ်နေလို့ ညာဘက်ကခုတင်ပေါ် တက်”
“ဆရာက ဘယ်လိုသိလို့ ဘယ်၊ ညာ ခွဲပြောနေတာလဲ”
“နင့်ညာဘက်ချိုင်းကို ကပ်မထားဘဲ မြှောက်ပြီး ခါးပေါ်လက်ထောက်လာပြီး နာတယ်လို့အော်နေတာ ပုံမှန်အနေအထားမှ မဟုတ်တာ။ ဒါမျိုးက တို့ကျောင်းသားဘဝကတည်းက ခန့်မှန်းပညာသင်ခဲ့ပြီးသား။ ထိုင်ခုံမှာ အတည့်ထိုင်ရင်ဖြစ်ရဲ့သားနဲ့ ဖင်တစ်ခြမ်းစောင်းထိုင်ပြီး တစ်ခြမ်းကို ထိုင်ခုံနဲ့မထိအောင်ထိုင်ထားရင် (အခုခေတ် မော်ဒယ်လ်ထိုင် ထိုင်ရင်) အဲဒါစအိုဝပတ်လည်မှာ တစ်ခုခုရောင်နေလို့ပဲ။ ပြည်တည်တာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် စအိုကွဲနာပဲ။ အဲဒါလျှပ်တပြက်ရောဂါအမည်တပ်နည်းပေါ့။ ကဲ …ပြောစမ်းပါဦး၊ နင်ကဒီဘုကို ဒီလောက်ကြီးအောင် ဘာပြုလို့ ထားထားတာလဲ”
“ဘယ်သူက ထားချင်ပါ့မလဲဆရာရယ်၊ ဆရာတို့ဆီလာပြဖို့က ခြသေ့ၤတွေ လိုသေးတယ်လေ။ ဒါကြောင့် ဆေးဆိုင်မှာ ဆေးဝယ်သောက်တာပေါ့။ မပျောက်နိုင်ဘဲ ပိုကြီးလာတော့မှ ဆရာ့ဆီကို မရှိရှိတာ ပေါင်ပြီးလာကုရတာ”
“အေး ဘက်ဂျက်ကြောင့် ထိထိရောက်ရောက်မကုနိုင်တာကိုတော့ ငါလက်ခံပါတယ်ဟာ။ ဒါပေမယ့် အခုလို ဆေးဆိုင်မှာပြောပြီး ဆေးဝယ်သောက်တဲ့ပြဿနာက သေးတာမဟုတ်ဘူး။ ပါရာစီတမောလို၊ ဘာမီတွန်လို အိမ်သုံးဆေးတွေကို အလွယ်တကူရတာ ကောင်းပေမယ့် ဆရာဝန်ပေးမှ သောက်ရမယ့် ဆေးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ သုံးနေတာတော့ မကောင်းဘူး”
“ဘာများ မကောင်းတာရှိလို့လဲဆရာ၊ သူတို့ပေးတဲ့ ဆေးလည်း ရောဂါပျောက်တာပဲ မဟုတ်လား”
“သာမန်ရောဂါတွေက ဆေးမသောက်ဘဲတောင် ပျောက်နိုင်တာတွေရှိတယ်။ နောက်ပြီး ဘယ်သူတွေက ဘာဆေးနဲ့မတည့်ဘူးဆိုတာ ဆရာဝန်တွေက မှတ်ထားကြပေမယ့် ဆေးဆိုင်တွေက ဘယ်မှတ်ထားမှာတုံး။ မတည့်တဲ့ဆေးတွေ ပေးမိလို့ အစာအိမ်ပေါက်ထွက်သွားတာတွေ၊ ကျောက်ကပ်ပျက်စီး သွားတာတွေ၊ ရင်ကျပ်ပန်းနာထတာတွေ၊ အဆင်မသင့်တာတွေများတတ်တယ်။ နောက်ပြီး ဆေးသောက်ဖို့ အချိန်တွေ၊ ဆေးအချိန်အဆတွေလည်း အတိအကျသိတာမဟုတ်ဘူး။ ဆိုင်တာမဆိုင်တာလည်း သိတာမဟုတ် ဘူး။ ဒါဆိုရင်ဆေးယဉ်တဲ့ ပြဿနာတွေလည်း အများကြီးဖြစ်လာမှာ။ ခေတ်မီတဲ့နိုင်ငံမှာဆိုရင် ဒီလိုဆေးဆိုင် တွေက ဆရာဝန်လက်မှတ်ထိုးထားတဲ့ ဆေးစာ၊ ရက်စွဲပါတဲ့ဆေးစာနဲ့မှ ဆေးရောင်းတာ။ ရက်စွဲလို့ ပြောတာ ကလည်း ဟိုအရင်ကသောက်ထားတာကို အခုရောဂါနဲ့ဆိုင်၊ မဆိုင်မသိဘဲ ဝယ်သောက်တာ ဖြစ်မှာစိုးလို့ ဟုတ်ပြီလား။ အခုဆိုရင် ဆေးသောက်တာ မမှန်တာရယ်၊ ရောဂါပိုး ပြင်းတာရယ်ကြောင့် နင်ဆေးသောက် သော်လည်း မပျောက်။ ငွေကုန်၊ အနာခံရတာပေါ့”
“ဆရာ ရှင်းပြတာ မှတ်ထားပါ့မယ်။ ဒါနဲ့ဆရာက ခုတင်နှစ်လုံးတောင် ဘာဖြစ်လို့ထားထားတာလဲ”
“ငါ့ဆေးခန်းက နင်အခုဖြစ်သလို အနာတွေ၊ ပြည်တည်နာတွေ အများချည်း လာတတ်တယ်။ နောက်ပြီး အနာကိုင်ပြီးရင်ဖြစ်ဖြစ်၊ ဆေးထိုးပြီးရင်ဖြစ်ဖြစ် လူနာတွေက ချက်ချင်းထသွားဖို့ မကောင်းဘူး။ ခဏတော့ လှဲနေဖို့ကောင်းတယ်။ နို့မဟုတ်ရင် အပြင်ထွက်ပြီးမှ မူးလဲတတ်တဲ့ လူတွေများတယ်။ အဲဒီတော့ ခုတင်နှစ်လုံးရှိရင် လူနာလည်း ချက်ချင်းမဆင်းရတော့ဘူး။ ဟိုဘက်ခုတင်မှာ နောက်လူနာကို စစ်ဆေးပေးလို့ရ တယ်။ အလယ်မှာခန်းဆီးကာထားတော့ တစ်ယောက်ကို တစ်ယောက်မမြင်ရပါဘူး။ တစ်ဘက်က မေးနေသံ ကိုတော့ ကြားနိုင်တယ်ပေါ့။ ဒါပေမယ့် မကြားစေချင်တာရှိရင်တော့ ဟိုဘက်ကလူနာ ထွက်သွားပြီးမှပဲ ဒီဘက်က လူနာကို မေးမြန်းတာလုပ်ပါတယ်။ နင်တို့အကြောင်းတွေ သူများမသိစေရပါဘူး၊ ဟုတ်ပြီလား”
“မခွဲဘူးနော်၊ ကြောက်တယ်”
“အေးပါ၊ နင့်ပြည်ဘုက မှည့်တောင် မှည့်နေပြီ။ ကဲ … အန်တီရေ၊ သွေးမြင်ရင် လန့်တတ်သလား၊ မူးလဲတတ်သလား။ မူးတတ်ရင်တော့ အပြင်ကပဲစောင့်နော်။ ဆရာမ ရှိတယ်၊ သူ ကူညီပေးလိမ့်မယ်။ စိတ်ချ၊ ဘာမှ မဖြစ်စေရဘူး။ တော်တော်ကြာ ဘေးကလူ မူးလဲရင် ကျွန်တော့မှာ လူနာကို ဆက်ကြည့်ရမှာလား၊ မူးလဲတဲ့လူကို ကြည့်ရမှာလားဖြစ်နေဦးမယ်။ နောက်ပြီး မူးလဲသွားရင် ခေါင်းကွဲ၊ ဘာညာနဲ့ဆို နောက်ထပ်လူနာ တိုး လာရင် အန်တီတို့အတွက် မကောင်းဘူးလေ၊ ကဲ … ငါရေဆေးကြည့်မယ်နော်၊ ရေနွေးနဲ့ပါ”
“ပူလိုက်တာ”
“မပူပါဘူး၊ ငါတောင်လက်နဲ့ ကိုင်လို့ရတာပဲ”
“ဒီမှာ ရောင်နေတော့ ပူတာပေါ့”
“နည်းနည်းပါ၊ ကဲ … ငါ့ဆေးခန်းခေါင်မိုးကို ကြည့်လိုက်စမ်း၊ ဘာနဲ့မိုးထားသလဲ”
“သွပ်မိုးထားတာ မြင်သားပဲ။ ဆရာကလည်း ဘာတွေမေးနေပြန်ပြီလဲ။ ဒီမှာ နာနေရတဲ့ကြားထဲ”
“အေးလေ၊ သွပ်မိုးမှန်းတော့ သိတာပေါ့။ ဘယ်နှဂိတ်လဲ နင်သိသလား” (မင်းသိလား ဆိုတဲ့ သီချင်း ဆိုပြတာတော့ မဟုတ်ပါ)
“ဆရာကလည်း ဘယ်နှဂိတ်လဲဆိုတာ ဘာကိုပြောတာလဲ”
“အေး … နင်တို့ ကျောင်းစာရယ်၊ အင်တာနက်ချက်နေတာနဲ့ပဲ ဂျမခါနာ ဟောလစ်တွေနည်းကုန်ကြပြီ”
“ဘာလဲ ၊ဂျမခါနာ ဟောလစ်ဆိုတာ”
“ဂျမခါနာဆိုတာ အခုဗဟိုအမျိုးသမီးဆေးရုံကိုခေါ်တာ။ အခု ငါပြောတာက လူရွှင်တော်ပြက်လုံးမှာပါ တယ်။ ဂျင်နရယ်နောလိပ်၊ အထွေထွေ ဗဟုသုတကိုပြောတာ”
“အား”
“ဟော …ပြည်တွေ ထွက်သွားပြီ၊ နည်းနည်းနာမယ်။ ဆေးထည့်နေပြီ။ ငါ့မှာလေ နင်စိတ်ပြောင်းအောင် လို့ ပြောနေရတာ။ ငါတို့ပြင်ပဆေးခန်းတွေက ဆေးရုံတွေလို မေ့ဆေးလည်းပေးလို့မရ၊ လူနာတွေကိုလည်း သက်သာစေချင်တော့ စိတ်ပြောင်းအောင် လှည့်စားပြီး ဒီလိုအမြန်လုပ်တဲ့နည်းကိုသုံးရတယ်။ နိုင်ငံခြားမှာဆိုရင် တော့ တရားစွဲခံရကိန်းပေါ့။ ဒါပေမယ့် သူတို့ဆီမှာက ဘာလုပ်လုပ် လူနာတွေက နင့်ခနဲနေအောင်ပေးရတာ။ ဆရာဝန်ကလည်း မြက်မြက်ကလေးရတော့ အားလုံးလုပ်ပေးနိုင်အောင် ပြင်ဆင်ထားနိုင်တယ်။ တို့ဆီမှာက လိုအပ်တာတွေရဖို့လည်း အခက်အခဲရှိနေချိန်၊ နင်တို့ကလည်း သိပ်အကုန်အကျမခံနိုင်ဆိုတော့ နှစ်ဦးနှစ်ဖက် ပြေလည်စေ၊ အလုပ်လည်းဖြစ်စေ၊ အန္တရာယ်လည်းကင်းစေဆိုတဲ့ နည်းလမ်းတွေရှာရတယ်။ အန္တရာယ်မကင်း ရင်တော့ ဘယ်လုပ်ပါ့မလဲ။ ဘာဖြစ်ဖြစ် ဆေးရုံသာသွားဆိုရင်လည်း ဆေးရုံမှာလူတွေ ပိတ်ကျပ်နေပြီး ဘာမှ လုပ်လို့ရတော့မှာ မဟုတ်တော့ဘူးလေ။ အခုလိုဆိုတော့ ဆရာ့ဆရာကြီးတွေကတော့ ဘာပြောမလဲမသိဘူး။ လူနာနဲ့ ဆရာဝန်နဲ့တော့ အဆင်ကိုပြေနေတာပဲ မဟုတ်လား”
“မနာတော့ဘူး ဆရာ၊ အတော်သက်သာသွားပြီ”
“အေး၊ ချိုင်းကို ကပ်ထား။ ဒါမှ အကြွင်းအကျန်တွေကို ညှစ်ထုတ်လိုက်သလို ဖြစ်သွားမှာ။ အနာခြောက် သွားရင် ခဏလေးနဲ့ကျက်တယ်။ ဆေးခန်းမှာဆိုတော့ ဆေးရုံမှာလိုအကြီးကြီးခွဲလို့ မဖြစ်ဘူးလေ။ ဖောက်ထုတ်ရုံလောက်ပဲလုပ်တာဆိုတော့ လက်ကျန်တွေထွက်ဖို့ လူနာကိုပြန်အားကိုးရတယ်။ ဆေးရုံမှာဆိုတော့ မေ့ဆေးပေးပြီးလုပ်ရင် အကုန်အစင်ထုတ်ရလွယ်တယ်လေ။ ငါဟိုဘက်ခုတင်က လူနာ သွားကြည့်လိုက်ဦးမယ်။ အန်တီရေ၊ ဆေးကောင်တာမှာ သောက်ဆေးသွားယူလိုက်တော့နော်။ နင်လည်း မှတ်ထား။ ကြောက်တတ်တယ်။ နာမှာ ကြောက်တယ်ဆိုရင် ထိထိရောက်ရောက်ကုမှဖြစ်မယ် ဆိုတာရယ်၊ တတ်နိုင်သမျှ စောစောကုဖို့လိုမယ် ဆိုတာရယ်၊ ကြောက်ရမယ့်အရာကို မကြောက်ဘဲ မကြောက်သင့်တာ မကြောက်ဖို့ လိုတယ်ဆိုတာပဲ။ ကြောက်ရမှာက ဆေးကို အလွယ်တကူမသောက်ဖို့။ ဆရာဝန်ကို မပြဘဲ ဆေးသောက်တာတွေ ကြောက်ရမယ်။ ဆေးယဉ်သွားမှာကို ကြောက်ရမယ်။ မကြောက်သင့်တာက လိုအပ်လို့ ဆေးသောက်ရတာ၊ ဆေးထိုးရတာ၊ ခွဲစိတ်ရတာကိုပဲ၊ မှတ်ထားနော်”
ခိုင်စိုးဝင်း (ထွေ-ကု)
ကၽြန္ေတာ့္ေဆးခန္းႏွင့္ ကၽြန္ေတာ့္ပတ္၀န္းက်င္
ေၾကာက္သင့္တာကို ေၾကာက္ပါ
“ဆရာ၊ မခြဲဘူးေနာ္ (အဲဒီေလာက္ပဲ ေရးလိုက္ရင္ ဆရာနဲ႔မခြဲႏုိင္ဘူးတို႔တဲ့အဓိပၸါယ္ထြက္ေနတယ္ေနာ္) မခြဲဘူး၊ ဘယ္ေတာ့မွ မခြဲဘူး”
“ေအးပါ၊ ငါကလည္း မလိုရင္ မခြဲပါဘူးဟာ။ (အင္မတန္ရင္းႏွီးတဲ့လူနာပါ) နင္ခ်ိဳင္းမွာ ျပည္တည္ေန တယ္မဟုတ္လား”
“ဆရာ ဘယ္လိုသိသလဲ၊ ဘာျဖစ္ျဖစ္ မခြဲဘူးေနာ္၊ ေၾကာက္တယ္ နာမွာေၾကာက္တယ္”
“နာမွာ ေၾကာက္တယ္သာဆိုတယ္၊ အခုအေတာ္နာေနၿပီမဟုတ္လား။ ခြဲလိုက္ရင္ မနာေတာ့ဘူးေပါ့”
“ဟင့္အင္း ဟင့္အင္း၊ ခြဲရင္ နာမွာပိုေၾကာက္တယ္”
“အဲ့ဒါဆိုရင္ မနာေအာင္လို႔ေဆးရံုမွာခြဲ၊ ေမ့ေဆးေပးထားရင္ ဘယ္နာေတာ့မွာလဲ၊ သိေတာင္သိမွာ မဟုတ္ဘူး”
“ဆရာကလည္း ေဆးရံုမွာသြားခြဲဖို႔ တတ္ႏိုင္လို႔ကေတာ့ ဆရာ့ဆီ လာေတာင္မလာဘူး”
“ဟုတ္ေတာ့လည္း ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔အရပ္ထဲမွာ ေသာင္းဂဏန္းေလာက္ကို အလြယ္တကူ မထုတ္ႏိုင္တဲ့သူေတြအေတာ္မ်ားပါတယ္။ သူတို႔ရဲ႕ မွီခိုရာျဖစ္တဲ့ ကၽြန္ေတာ့္ေဆးခန္းေလးကို ဒါနဲ႔ပဲ ရပ္တည္ေနတာပါ”
“ေအး၊ နင္ ငါ့ကိုအားကိုးတယ္ဆိုတာကို နားလည္ပါတယ္။ ကဲ …ခုတင္ေပၚတက္။ ဘယ္လိုျဖစ္တယ္၊ ဘယ္ေလာက္ျဖစ္ေနတယ္ဆိုတာကို ၾကည့္ပါရေစဦး။ နင္က ညာဘက္မွာျဖစ္ေနလို႔ ညာဘက္ကခုတင္ေပၚ တက္”
“ဆရာက ဘယ္လိုသိလို႔ ဘယ္၊ ညာ ခြဲေျပာေနတာလဲ”
“နင့္ညာဘက္ခ်ိဳင္းကို ကပ္မထားဘဲ ေျမႇာက္ၿပီး ခါးေပၚလက္ေထာက္လာၿပီး နာတယ္လို႔ေအာ္ေနတာ ပံုမွန္အေနအထားမွ မဟုတ္တာ။ ဒါမ်ိဳးက တို႔ေက်ာင္းသားဘ၀ကတည္းက ခန္႔မွန္းပညာသင္ခဲ့ၿပီးသား။ ထိုင္ခံုမွာ အတည့္ထိုင္ရင္ျဖစ္ရဲ႕သားနဲ႔ ဖင္တစ္ျခမ္းေစာင္းထိုင္ၿပီး တစ္ျခမ္းကို ထိုင္ခံုနဲ႔မထိေအာင္ထိုင္ထားရင္ (အခုေခတ္ ေမာ္ဒယ္လ္ထိုင္ ထိုင္ရင္) အဲဒါစအို၀ပတ္လည္မွာ တစ္ခုခုေရာင္ေနလို႔ပဲ။ ျပည္တည္တာျဖစ္ရင္ျဖစ္၊ မျဖစ္ရင္ စအိုကြဲနာပဲ။ အဲဒါလွ်ပ္တျပက္ေရာဂါအမည္တပ္နည္းေပါ့။ ကဲ …ေျပာစမ္းပါဦး၊ နင္ကဒီဘုကို ဒီေလာက္ႀကီးေအာင္ ဘာျပဳလုိ႔ ထားထားတာလဲ”
“ဘယ္သူက ထားခ်င္ပါ့မလဲဆရာရယ္၊ ဆရာတို႔ဆီလာျပဖို႔က ျခေသ့ၤေတြ လိုေသးတယ္ေလ။ ဒါေၾကာင့္ ေဆးဆိုင္မွာ ေဆး၀ယ္ေသာက္တာေပါ့။ မေပ်ာက္ႏိုင္ဘဲ ပိုႀကီးလာေတာ့မွ ဆရာ့ဆီကို မရွိရွိတာ ေပါင္ၿပီးလာကုရတာ”
“ေအး ဘက္ဂ်က္ေၾကာင့္ ထိထိေရာက္ေရာက္မကုႏိုင္တာကိုေတာ့ ငါလက္ခံပါတယ္ဟာ။ ဒါေပမယ့္ အခုလို ေဆးဆိုင္မွာေျပာၿပီး ေဆး၀ယ္ေသာက္တဲ့ျပႆနာက ေသးတာမဟုတ္ဘူး။ ပါရာစီတေမာလို၊ ဘာမီတြန္လို အိမ္သံုးေဆးေတြကို အလြယ္တကူရတာ ေကာင္းေပမယ့္ ဆရာ၀န္ေပးမွ ေသာက္ရမယ့္ ေဆးေတြကို ဆရာ၀န္ရဲ႕ ၫႊန္ၾကားခ်က္မရွိဘဲ သံုးေနတာေတာ့ မေကာင္းဘူး”
“ဘာမ်ား မေကာင္းတာရွိလို႔လဲဆရာ၊ သူတို႔ေပးတဲ့ ေဆးလည္း ေရာဂါေပ်ာက္တာပဲ မဟုတ္လား”
“သာမန္ေရာဂါေတြက ေဆးမေသာက္ဘဲေတာင္ ေပ်ာက္ႏုိင္တာေတြရွိတယ္။ ေနာက္ၿပီး ဘယ္သူေတြက ဘာေဆးနဲ႔မတည့္ဘူးဆိုတာ ဆရာ၀န္ေတြက မွတ္ထားၾကေပမယ့္ ေဆးဆိုင္ေတြက ဘယ္မွတ္ထားမွာတံုး။ မတည့္တဲ့ေဆးေတြ ေပးမိလို႔ အစာအိမ္ေပါက္ထြက္သြားတာေတြ၊ ေက်ာက္ကပ္ပ်က္စီး သြားတာေတြ၊ ရင္က်ပ္ပန္းနာထတာေတြ၊ အဆင္မသင့္တာေတြမ်ားတတ္တယ္။ ေနာက္ၿပီး ေဆးေသာက္ဖို႔ အခ်ိန္ေတြ၊ ေဆးအခ်ိန္အဆေတြလည္း အတိအက်သိတာမဟုတ္ဘူး။ ဆိုင္တာမဆိုင္တာလည္း သိတာမဟုတ္ ဘူး။ ဒါဆိုရင္ေဆးယဥ္တဲ့ ျပႆနာေတြလည္း အမ်ားႀကီးျဖစ္လာမွာ။ ေခတ္မီတဲ့ႏုိင္ငံမွာဆိုရင္ ဒီလိုေဆးဆိုင္ ေတြက ဆရာ၀န္လက္မွတ္ထိုးထားတဲ့ ေဆးစာ၊ ရက္စြဲပါတဲ့ေဆးစာနဲ႔မွ ေဆးေရာင္းတာ။ ရက္စြဲလို႔ ေျပာတာ ကလည္း ဟိုအရင္ကေသာက္ထားတာကို အခုေရာဂါနဲ႔ဆိုင္၊ မဆိုင္မသိဘဲ ၀ယ္ေသာက္တာ ျဖစ္မွာစိုးလို႔ ဟုတ္ၿပီလား။ အခုဆိုရင္ ေဆးေသာက္တာ မမွန္တာရယ္၊ ေရာဂါပိုး ျပင္းတာရယ္ေၾကာင့္ နင္ေဆးေသာက္ ေသာ္လည္း မေပ်ာက္။ ေငြကုန္၊ အနာခံရတာေပါ့”
“ဆရာ ရွင္းျပတာ မွတ္ထားပါ့မယ္။ ဒါနဲ႔ဆရာက ခုတင္ႏွစ္လံုးေတာင္ ဘာျဖစ္လို႔ထားထားတာလဲ”
“ငါ့ေဆးခန္းက နင္အခုျဖစ္သလို အနာေတြ၊ ျပည္တည္နာေတြ အမ်ားခ်ည္း လာတတ္တယ္။ ေနာက္ၿပီး အနာကိုင္ၿပီးရင္ျဖစ္ျဖစ္၊ ေဆးထိုးၿပီးရင္ျဖစ္ျဖစ္ လူနာေတြက ခ်က္ခ်င္းထသြားဖို႔ မေကာင္းဘူး။ ခဏေတာ့ လွဲေနဖို႔ေကာင္းတယ္။ ႏို႔မဟုတ္ရင္ အျပင္ထြက္ၿပီးမွ မူးလဲတတ္တဲ့ လူေတြမ်ားတယ္။ အဲဒီေတာ့ ခုတင္ႏွစ္လံုးရွိရင္ လူနာလည္း ခ်က္ခ်င္းမဆင္းရေတာ့ဘူး။ ဟိုဘက္ခုတင္မွာ ေနာက္လူနာကို စစ္ေဆးေပးလို႔ရ တယ္။ အလယ္မွာခန္းဆီးကာထားေတာ့ တစ္ေယာက္ကို တစ္ေယာက္မျမင္ရပါဘူး။ တစ္ဘက္က ေမးေနသံ ကိုေတာ့ ၾကားႏိုင္တယ္ေပါ့။ ဒါေပမယ့္ မၾကားေစခ်င္တာရွိရင္ေတာ့ ဟိုဘက္ကလူနာ ထြက္သြားၿပီးမွပဲ ဒီဘက္က လူနာကို ေမးျမန္းတာလုပ္ပါတယ္။ နင္တို႔အေၾကာင္းေတြ သူမ်ားမသိေစရပါဘူး၊ ဟုတ္ၿပီလား”
“မခြဲဘူးေနာ္၊ ေၾကာက္တယ္”
“ေအးပါ၊ နင့္ျပည္ဘုက မွည့္ေတာင္ မွည့္ေနၿပီ။ ကဲ … အန္တီေရ၊ ေသြးျမင္ရင္ လန္႔တတ္သလား၊ မူးလဲတတ္သလား။ မူးတတ္ရင္ေတာ့ အျပင္ကပဲေစာင့္ေနာ္။ ဆရာမ ရွိတယ္၊ သူ ကူညီေပးလိမ့္မယ္။ စိတ္ခ်၊ ဘာမွ မျဖစ္ေစရဘူး။ ေတာ္ေတာ္ၾကာ ေဘးကလူ မူးလဲရင္ ကၽြန္ေတာ့မွာ လူနာကို ဆက္ၾကည့္ရမွာလား၊ မူးလဲတဲ့လူကို ၾကည့္ရမွာလားျဖစ္ေနဦးမယ္။ ေနာက္ၿပီး မူးလဲသြားရင္ ေခါင္းကြဲ၊ ဘာညာနဲ႔ဆို ေနာက္ထပ္လူနာ တိုး လာရင္ အန္တီတို႔အတြက္ မေကာင္းဘူးေလ၊ ကဲ … ငါေရေဆးၾကည့္မယ္ေနာ္၊ ေရေႏြးနဲ႔ပါ”
“ပူလိုက္တာ”
“မပူပါဘူး၊ ငါေတာင္လက္နဲ႔ ကိုင္လို႔ရတာပဲ”
“ဒီမွာ ေရာင္ေနေတာ့ ပူတာေပါ့”
“နည္းနည္းပါ၊ ကဲ … ငါ့ေဆးခန္းေခါင္မိုးကို ၾကည့္လိုက္စမ္း၊ ဘာနဲ႔မိုးထားသလဲ”
“သြပ္မိုးထားတာ ျမင္သားပဲ။ ဆရာကလည္း ဘာေတြေမးေနျပန္ၿပီလဲ။ ဒီမွာ နာေနရတဲ့ၾကားထဲ”
“ေအးေလ၊ သြပ္မိုးမွန္းေတာ့ သိတာေပါ့။ ဘယ္ႏွဂိတ္လဲ နင္သိသလား” (မင္းသိလား ဆိုတဲ့ သီခ်င္း ဆိုျပတာေတာ့ မဟုတ္ပါ)
“ဆရာကလည္း ဘယ္ႏွဂိတ္လဲဆိုတာ ဘာကိုေျပာတာလဲ”
“ေအး … နင္တုိ႔ ေက်ာင္းစာရယ္၊ အင္တာနက္ခ်က္ေနတာနဲ႔ပဲ ဂ်မခါနာ ေဟာလစ္ေတြနည္းကုန္ၾကၿပီ”
“ဘာလဲ ၊ဂ်မခါနာ ေဟာလစ္ဆိုတာ”
“ဂ်မခါနာဆိုတာ အခုဗဟိုအမ်ိဳးသမီးေဆးရံုကိုေခၚတာ။ အခု ငါေျပာတာက လူရႊင္ေတာ္ျပက္လံုးမွာပါ တယ္။ ဂ်င္နရယ္ေနာလိပ္၊ အေထြေထြ ဗဟုသုတကိုေျပာတာ”
“အား”
“ေဟာ …ျပည္ေတြ ထြက္သြားၿပီ၊ နည္းနည္းနာမယ္။ ေဆးထည့္ေနၿပီ။ ငါ့မွာေလ နင္စိတ္ေျပာင္းေအာင္ လို႔ ေျပာေနရတာ။ ငါတို႔ျပင္ပေဆးခန္းေတြက ေဆးရံုေတြလို ေမ့ေဆးလည္းေပးလို႔မရ၊ လူနာေတြကိုလည္း သက္သာေစခ်င္ေတာ့ စိတ္ေျပာင္းေအာင္ လွည့္စားၿပီး ဒီလိုအျမန္လုပ္တဲ့နည္းကိုသံုးရတယ္။ ႏုိင္ငံျခားမွာဆိုရင္ ေတာ့ တရားစြဲခံရကိန္းေပါ့။ ဒါေပမယ့္ သူတို႔ဆီမွာက ဘာလုပ္လုပ္ လူနာေတြက နင့္ခနဲေနေအာင္ေပးရတာ။ ဆရာ၀န္ကလည္း ျမက္ျမက္ကေလးရေတာ့ အားလံုးလုပ္ေပးႏိုင္ေအာင္ ျပင္ဆင္ထားႏိုင္တယ္။ တို႔ဆီမွာက လိုအပ္တာေတြရဖို႔လည္း အခက္အခဲရွိေနခ်ိန္၊ နင္တို႔ကလည္း သိပ္အကုန္အက်မခံႏိုင္ဆိုေတာ့ ႏွစ္ဦးႏွစ္ဖက္ ေျပလည္ေစ၊ အလုပ္လည္းျဖစ္ေစ၊ အႏၱရာယ္လည္းကင္းေစဆိုတဲ့ နည္းလမ္းေတြရွာရတယ္။ အႏၱရာယ္မကင္း ရင္ေတာ့ ဘယ္လုပ္ပါ့မလဲ။ ဘာျဖစ္ျဖစ္ ေဆးရံုသာသြားဆိုရင္လည္း ေဆးရံုမွာလူေတြ ပိတ္က်ပ္ေနၿပီး ဘာမွ လုပ္လို႔ရေတာ့မွာ မဟုတ္ေတာ့ဘူးေလ။ အခုလိုဆိုေတာ့ ဆရာ့ဆရာႀကီးေတြကေတာ့ ဘာေျပာမလဲမသိဘူး။ လူနာနဲ႔ ဆရာ၀န္နဲ႔ေတာ့ အဆင္ကိုေျပေနတာပဲ မဟုတ္လား”
“မနာေတာ့ဘူး ဆရာ၊ အေတာ္သက္သာသြားၿပီ”
“ေအး၊ ခ်ိဳင္းကို ကပ္ထား။ ဒါမွ အၾကြင္းအက်န္ေတြကို ညႇစ္ထုတ္လိုက္သလို ျဖစ္သြားမွာ။ အနာေျခာက္ သြားရင္ ခဏေလးနဲ႔က်က္တယ္။ ေဆးခန္းမွာဆိုေတာ့ ေဆးရံုမွာလိုအႀကီးႀကီးခြဲလို႔ မျဖစ္ဘူးေလ။ ေဖာက္ထုတ္ရံုေလာက္ပဲလုပ္တာဆိုေတာ့ လက္က်န္ေတြထြက္ဖို႔ လူနာကိုျပန္အားကိုးရတယ္။ ေဆးရံုမွာဆိုေတာ့ ေမ့ေဆးေပးၿပီးလုပ္ရင္ အကုန္အစင္ထုတ္ရလြယ္တယ္ေလ။ ငါဟိုဘက္ခုတင္က လူနာ သြားၾကည့္လိုက္ဦးမယ္။ အန္တီေရ၊ ေဆးေကာင္တာမွာ ေသာက္ေဆးသြားယူလိုက္ေတာ့ေနာ္။ နင္လည္း မွတ္ထား။ ေၾကာက္တတ္တယ္။ နာမွာ ေၾကာက္တယ္ဆိုရင္ ထိထိေရာက္ေရာက္ကုမွျဖစ္မယ္ ဆိုတာရယ္၊ တတ္ႏုိင္သမွ် ေစာေစာကုဖုိ႔လိုမယ္ ဆိုတာရယ္၊ ေၾကာက္ရမယ့္အရာကို မေၾကာက္ဘဲ မေၾကာက္သင့္တာ မေၾကာက္ဖို႔ လိုတယ္ဆိုတာပဲ။ ေၾကာက္ရမွာက ေဆးကို အလြယ္တကူမေသာက္ဖုိ႔။ ဆရာ၀န္ကို မျပဘဲ ေဆးေသာက္တာေတြ ေၾကာက္ရမယ္။ ေဆးယဥ္သြားမွာကို ေၾကာက္ရမယ္။ မေၾကာက္သင့္တာက လိုအပ္လို႔ ေဆးေသာက္ရတာ၊ ေဆးထိုးရတာ၊ ခြဲစိတ္ရတာကိုပဲ၊ မွတ္ထားေနာ္”
ခိုင္စို္း၀င္း (ေထြ-ကု)