ပါဝင်သောဆေး-Mupirocin
ဆေးပုံစံ-လိမ်းဆေးအဆီပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-Staphylococcus & Streptococcus ပိုးများကြောင့် ဖြစ်သော အပေါ်ယံ အရေပြား ပိုးရောဂါများ၊ အနာစက်များ။
သုံးစွဲရန်အညွှန်း-တစ်နေ့ ၃ကြိမ် အနာပေါ်သို့ ခပ်ပါးပါး လိမ်းပေးပါ။ ၁၀ ခန့် လိမ်းပေးရပါမည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-မျက်လုံးတွင်းနှင့် အချွဲလွှာအရေပြားများတွင် အသုံးမပြုရပါ။ polyethylene glycol ဆေး စုပ်ယူအားများသောအခြေအနေများတွင် မသုံးသင့်ပါ။ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဆေးလိမ်းထားသောနေရာတွင် ပူခြင်း၊ နာခြင်း၊ ယားယံခြင်း၊ ဆေးမတည့်ခြင်း၊ ပျို့ခြင်း၊ အသားခြောက်ခြင်း၊ အရေပြားရောင်ရမ်းခြင်းနှင့် မန်းရည်အထွက်များခြင်း။
ဒေါက်တာချို(ဆေး ၁)