ဒေါက်တာစုနှင့် တီတီတာတာလေးများ
ဒေါက်တာစု ဆေးခန်းတွင် ယခုတလော ရာသီအကူးအပြောင်းလေးနှင့်အတူ
ကိုယ်ပူဖျားနာသော ကလေးများ အများဆုံးဖြစ်နေသည်
နွေဦးလည်း မရောက်တရောက်မို့ ဖုန်ကထူ ပိုးမွားများလည်း ဖုန်နှင့်အတူ
လေရူးသုန်သုန်ထဲပါလာပြီး စာမေးပွဲပြီးလို့ အတိုးချဆော့ကစားနေသော ကလေးတွေ
ဖျားကြလေတော့သည်
ကလေးဖျားပြီဆို မိဘများကလည်း စိုးရိမ်မှုများစွာနှင့်
“ဆရာမ သားသားကလေ အဖျားကြီးတာ ၂ရက်ရှိပီ” အစချီကာ မေးကြေလေတော့သည်
ဒေါက်တာစုတစ်ယောက် ကလေးနှင့်ပတ်သက်ပြီး
“သားသား ပါးစပ်ဟလို့ရဘူး” သားထွေး တစ်ယောက် သူ့ထုံးစံ အတိုင်း စကားတတ်သမျှ
ပြောပြနေသည်၊ အခြားကလေးများနှင့်မတူ သားထွေးတစ်ယောက် ဆေးခန်းလာပြီဆို သူမနက်က
ဘာစားပြီး၊ ဘာဆော့တယ်က အစ ညနေ မေမေက ဘယ်လို ဆူတယ်အဆုံး လုံးစေ့ပတ်စေ့ အကုန်ပြော
တတ်သည်
“ဟုတ်ပါပီ သားရယ်” “ဆရာမကို ပါးစပ်လေး ဟ ပြပါဦး “ဆရာမ သားသား နားကလဲနာတယ်”
“ဟုတ်လား ပြပါဦး” တွေ့ပါပီ သားထွေးကို ဒုက္ခပေးနေသော တရားခံကို! နားရွက်နော်မှာ ယောင်ကိုင်းနေသော
ပါးချိတ်ကြီး! သားထွေးအမေဘက် လှည့်ပြီး ” မေမေရေ ခုကလေးက ပါးချိတ်ယောင် ပြီးဖျားတာ”
“ဟုတ်လား ဆရာမ အိမ်နားက လူတွေက ပြည်တည်နာ ဖောက်လိုက်ပါလား? ပြောနေကြလို့ ကျွန်မက ဆရာမဆီ အရင်ပြကြည့်မယ်ဆို ပြီးခေါ်လာတာ”
“မေမေရယ် ကြံကြီးစီရာ ဒါ ပါးကျိတ်ယောင်တာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာ”
“လေထဲ က ဖုန်၊အမှုန်လေးတွေက တစ်ဆင့် အသက်ရူရင်းနဲ့ပိုးဝင်သွားတာ မေမေရေ”
“ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် နောက်ဆက်တွဲ ရောဂါမဝင်ရင် ပိုးသတ်ဆေးသောက်စရာမလိုဘူး၊
ကလေး ကိုယ်ခံအားနှင့်တိုက်ထုတ်ရုံနှင့်ကောင်းသွားတတ်တာမျိုး၊ ကလေးအပူချိန်မတက်အောင် အပူကျဆေး၊
တိုက်ပြီး အာဟာရပြည့်ဝအောင် ကျွေးမယ်ဆို ပျောက်ကင်းနိုင်ပါတယ်:
ကြာမြင့်ချိန်က ၁ပတ်လောက် ဖြစ်တတ်ပြီး အဓိက ဖျားနေတဲ့အချိန်မှာ ရေနှင့် စွပ်ပြုတ်လိုမျိုးကို များများတိုက်
ပေးဖို့လိုပါတယ်”
မယိတငိ( ဆေး-၁)
ေဒါက္တာစုႏွင့္ တီတီတာတာေလးမ်ား
ေဒါက္တာစု ေဆးခန္းတြင္ ယခုတေလာ ရာသီအကူးအေျပာင္းေလးႏွင့္အတူ
ကိုယ္ပူဖ်ားနာေသာ ကေလးမ်ား အမ်ားဆံုးျဖစ္ေနသည္
ေႏြဦးလည္း မေရာက္တေရာက္မို႔ ဖုန္ကထူ ပိုးမြားမ်ားလည္း ဖုန္ႏွင့္အတူ
ေလရူးသုန္သုန္ထဲပါလာၿပီး စာေမးပြဲၿပီးလို႔ အတိုးခ်ေဆာ့ကစားေနေသာ ကေလးေတြ
ဖ်ားၾကေလေတာ့သည္
ကေလးဖ်ားၿပီဆို မိဘမ်ားကလည္း စိုးရိမ္မႈမ်ားစြာႏွင့္
“ဆရာမ သားသားကေလ အဖ်ားႀကီးတာ ၂ရက္ရွိပီ” အစခ်ီကာ ေမးၾကေေလေတာ့သည္
ေဒါက္တာစုတစ္ေယာက္ ကေလးႏွင့္ပတ္သက္ၿပီး
“သားသား ပါးစပ္ဟလို႔ရဘူး” သားေထြး တစ္ေယာက္ သူ႔ထံုးစံ အတိုင္း စကားတတ္သမၽွ
ေျပာျပေနသည္၊ အျခားကေလးမ်ားႏွင့္မတူ သားေထြးတစ္ေယာက္ ေဆးခန္းလာၿပီဆို သူမနက္က
ဘာစားၿပီး၊ ဘာေဆာ့တယ္က အစ ညေန ေမေမက ဘယ္လို ဆူတယ္အဆံုး လံုးေစ့ပတ္ေစ့ အကုန္ေျပာ
တတ္သည္
“ဟုတ္ပါပီ သားရယ္” “ဆရာမကို ပါးစပ္ေလး ဟ ျပပါဦး “ဆရာမ သားသား နားကလဲနာတယ္”
“ဟုတ္လား ျပပါဦး” ေတြ႕ပါပီ သားေထြးကို ဒုကၡေပးေနေသာ တရားခံကို! နားရြက္ေနာ္မွာ ေယာင္ကိုင္းေနေသာ
ပါးခ်ိတ္ႀကီး! သားေထြးအေမဘက္ လွည့္ၿပီး ” ေမေမေရ ခုကေလးက ပါးခ်ိတ္ေယာင္ ၿပီးဖ်ားတာ”
“ဟုတ္လား ဆရာမ အိမ္နားက လူေတြက ျပည္တည္နာ ေဖာက္လိုက္ပါလား? ေျပာေနၾကလို႔ ကၽြန္မက ဆရာမဆီ အရင္ျပၾကည့္မယ္ဆို ၿပီးေခၚလာတာ”
“ေမေမရယ္ ၾကံႀကီးစီရာ ဒါ ပါးက်ိတ္ေယာင္တာ ဗိုင္းရပ္စ္ပိုးတစ္မ်ိဳးေၾကာင့္ျဖစ္တာ”
“ေလထဲ က ဖုန္၊အမႈန္ေလးေတြက တစ္ဆင့္ အသက္ရူရင္းနဲ႔ပိုးဝင္သြားတာ ေမေမေရ”
“ဗိုင္းရပ္စ္ပိုးျဖစ္တာေၾကာင့္ ေနာက္ဆက္တြဲ ေရာဂါမဝင္ရင္ ပိုးသတ္ေဆးေသာက္စရာမလိုဘူး၊
ကေလး ကိုယ္ခံအားႏွင့္တိုက္ထုတ္ရံုႏွင့္ေကာင္းသြားတတ္တာမ်ိဳး၊ ကေလးအပူခ်ိန္မတက္ေအာင္ အပူက်ေဆး၊
တိုက္ၿပီး အာဟာရျပည့္ဝေအာင္ ေကၽြးမယ္ဆို ေပ်ာက္ကင္းႏိုင္ပါတယ္:
ၾကာျမင့္ခ်ိန္က ၁ပတ္ေလာက္ ျဖစ္တတ္ၿပီး အဓိက ဖ်ားေနတဲ့အခ်ိန္မွာ ေရႏွင့္ စြပ္ျပဳတ္လိုမ်ိဳးကို မ်ားမ်ားတိုက္
ေပးဖို႔လိုပါတယ္”
မယိတငိ( ေဆး-၁)