ကလေးတို့ အားဖြစ်ဖို့ ဘာတွေလိုသလဲ
ဒီနေ့တော့ ကလေးတို့သောက်တဲ့ အားဆေးလေးတွေမှာ ဘာတွေပါသလဲ တီတီ ပြောပြမယ်နော်
၁။ ဗီတာမင် အေ
ဗီတာမင် အေ ကလေ ပူတူတူးလေးတို့ မျက်စိအားကောင်းဖို့ လိုတယ်လေ။ ဗီတာမင် အေ ပြည့်ဝနေမှ ပူတူးတို့ အမြင်စူးရှမှာပေါ့။ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် အသီးအရွက်တွေ များများ စားပေးရမယ်နော်
၂။ ဗီတာမင် ဘီ အုပ်စု
ဗီတာမင် ဘီ ပြည့်ဝရင်တော့ ပူတူတူးတို့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာမှာပါ။ ဒီအုပ်စုက ဦးနှောက်နဲ့ အာရုံကြော ဆဲလ်တွေအတွက် မရှိမဖြစ်လေ။ သူတို့မရှိရင် နှလုံးဖောက်တာတောင် ဖြစ်တတ်တယ်။ ဘီအုပ်စုက အသားမှာ ပါတာဆိုတော့ ပူတူးတို့ အသားလေးလည်းစား၊ ကြေးမများရဘူးနော်
၃။ ဗီတာမင် စီ
ဗီတာမင်စီ ကတော့ ပူတူးတို့ကို ရောဂါတွေက ကာကွယ်ပေးပြီး တက်တက်ကြွကြွ ဆော့ကစား နေစေမှာပါ?
၄။ ဗီတာမင် အီး
သူကတော့ ပူတူးလေးတို့ အသားအရေလေးတွေ လှပြိး ဆံပင်လေးတွေ သန်ဖို့ လိုတာပေါ့?
၅။ သွပ်ဓာတ်
သွပ်ပြားတို့ မရှိရင်လေ ပူတူးလေးတို့ ခဏခဏ အီအီးပန်းတတ်တယ် သိလား။ ဒါကြောင့် ခဏခဏ အီအီးပန်းတဲ့ ပူတူးတွေ Zinc ပါတာလေး သောက်ရမယ်နော်
၆။ ကယ်လဆီယမ် ဓာတ်
အရိုးခိုင်မာ၊ သွားကျန်းမာဖို့၊ ပူတူးတို့လိုတာ ကယ်လ်ဆီယမ်ပါ!
၇။ လိုင်စင်း
လိုင်စင်း ရှိမှ ပူတူးတို့က အစားကြေးမများပဲ များများစားမှာပေါ့?
၈။ ဗီတာမင် ဒီ
သူကတော့ ပူတူးတို့ အရိုးတွေ ပျော့ခွေတဲ့ ရောဂါကို ကာကွယ်ပေးတယ်။ ဗီတာမင် ဒီ ချို့တဲ့ရင် ပူတူးတို့ ခြေခွင်တတ်တယ်နော်
၉။ တော်လွင်း
တော်လွင်းလေးပါ ပါတာလေး ရွေးတိုက်လိုက်ရင် ပူတူးတို့တွေ ဉာဏ်တွေကောင်းပြီး စာတွေ ပိုမှတ်နိုင်လာတာပေါ့ နော့
ဒါကတော့ ပူတူးလေးတို့အတွက် အားဆေးသောက်ရင် ဘာပါတာလေးကို ရွေးသင့်တယ်ဆိုတာ တီတီဒေါက်တာက ပြောပြချင်တာပါ
ချစ်တဲ့ ပူတူးလေးတွေ ပန်းကလေးတွေလို လန်းဆန်းကြပါစေ…?
၁။ ဗီတာမင် အေ
၂။ ဗီတာမင် ဘီ အုပ်စု
၃။ ဗီတာမင် စီ
၎။ ဗီတာမင် အီး
၅။ သွပ်ဓာတ်
၆။ ကယ်လဆီယမ် ဓာတ်
၇။ လိုင်စင်း
၈။ ဗီတာမင် ဒီ
၉။ တော်လွင်း