AIDS အိတ် စ်ခေါ် ခုခံအားကျဆင်းဝေဒနာရှင်မိခင်များနဲ့ ART ကုထုံးများ

ရောဂါပိုးဝင်လို့ဝေဒနာ တစ်ခုခု ခံစားလာရရင်၊ ချက်ချင်းဆိုသလိုပဋိဇီဝဆေးတွေ နဲ့

တိုက်ဖျက် တားဆီးရတာ၊ ကုရိုးကုစဉ် ထုံးစံဖြစ်ပါတယ်။ အဲဒါတွေနဲ့ မတူတာက၊ အိတ်ချ် အိုင်ဗီခေါ်၊ ခု

ခံအားကျ ဗိုင်းရပ်ပိုးဝင်ရောက်ခံရတဲ့အခါ၊ ဗိုင်းရပ်သေဆေး ( Antiretroviral Therapy. ART )ချက်ချင်း

မပေးသေးဘဲ၊ သူရဲ့ CD 4 ခုခံဆဲလ် တစ်မျိုးရဲ့ ပမာဏကို၊ အချိန်မှန်လေ့လာစစ်ဆေးပြီး၊ အဲဒီပမာဏ

(ယခင်က ၂၀၀). အခုတော့ (၄၀၀-၅၀၀) အထိ ကျဆင်းလာပြီဆိုမှ၊ (ART ) ဆေးပေးကုသပါတယ်။

ဘာလို့ဆိုတော့၊ ဆေးတွေက ပြင်းထန်ဆိုးကျိုးပေးနိုင်တာရယ်၊ စသောက်ပြီဆိုကတည်းက၊ နေ့စဉ်မ

ပျက်မကွက် တစ်သက်လုံး၊ အချိန်အတိအကျ သောက်ဘို့ လိုအပ်တာရယ်၊ ဆေးသောက်ပျက်ကွက်ရင်

အချိန်မမှန်ရင်၊ ဆေးယဉ်လာပြီး ဆေးမတိုးတော့ဘဲ၊ ရောဂါပိုဆိုးရွားးလာမှာရယ်၊ ဆေးယဉ်ပါးပိုးတွေက

တခြားလူတွေဆီသို့၊ ကူးစက်ပျံ့ပွားမှာရယ်၊ ဆေးဈေးတွေ ကြီးမားရှားပါးတာတွေရယ်ကြောင့်၊ WHO

guide line ၊ သတ်မှတ်ထားတဲ့အတိုင်း၊ CD4 ပမာဏ အဲဒီလာက်ကျလာမှ၊ ( ART) ကုသမှု စတင်ပေး

ကြတယ်။ နေ့စဉ် ၂ကြိမ် အချိန်အတိအကျ သောက်သုံး စေ ပြီး၊ အချိန်မှန် ရက်ချိန်းအတိုင်း ပြန်လာ ပြ

စေတယ်။

မိခင်မှ ကလေးသို့ ကူးစက်မှု ကာကွယ်ခြင်း ( Prevention of mother to children transmission

PMCT )

ရွေးချယ်ပိုင်ခွင့်မရှိတဲ့၊ ကလေးတွေအတွက် အဲ့ဒီရောဂါရှိတဲ့၊ မိခင်ထံမှာ သန္ဓေစတင်ရှိပြီဆိုရင်၊

ကိုယ်ဝန်ဆောင်ကာလကတည်းက၊ မိခင်ထံမှ ကလေးဆီသို့ ချက်ကြိုးကတဆင့် ကူးစက်နှုန်းဟာ

၁၅-၂၀% အထိရှိနိုင်တယ်။ အဲလို မကူးစက်စေဘို့၊ PMCT ကုသခြင်းနဲ့ မိခင်ကို၊ ကိုယ်ဝန်ဆောင်

ကာလအတွင်း၊ ဗိုင်းရပ်သေဆေးတွေကြိုတင်တိုက်ကျွေးထားရင်၊ အဆိုပါ ကူးစက်မှုကို အတော်လေး

လျှော့ချ ပေးနိုင်တယ်။

အဲလိုဆေးသောက်သုံးဘို့ကို၊ ဘေးထွက်ဆိုးကျိုးကြောက်တဲ့အတွက်မိဘတွေက၊ ဆေးသောက်

်ချိန် ပျက်ကွက်ရင်၊ ဆေးယဉ်လာမှာ စိုးရိမ်တဲ့အတွက်၊ ကလေးကို ဘေးထွက်ဆိုးကျိုးရမှာ စိုးရိမ်တဲ့ အ

တွက် ၊ PMCT ကုထုံးကို ငြင်းပယ်ချင်ကြတယ်။ သေချာ ရှင်းပြပြီး၊ အကျိုးရှိမှန်းသိတဲ့ မိခင်တွေ ကတော့

၊ ကုထုံးကို လက်ခံပြီး အချိန်မှန်ဆေးသောက်ဘို့၊ အထူးသတိထားကြတာ လည်း၊ တွေ့ရ ပါတယ်။

WHO ကတော့၊ ART ဆေး(သို့) PMCT ဆေးကုထုံးတွေကို၊ မိဘတွေနဲ့သေချာ ဆွေး နွေး အပြီး၊ ကုသ

မှု လက်ခံမှာလား၊ ငြင်းပယ်မှာလား ဆိုတာ၊ သူတို့ စိတ်တိုင်းကျ ရွေးချယ်ခွင့်ပြုထားပါတယ်။

တကယ်ကတော့၊ မိဘတွေအနေနဲ့ မိမိတို့ရဲ့၊ အပြစ်မဲ့ ရင်သွေးလေးဆီရောဂါဆိုးအချောင် ရရှိ

မသွား အောင်၊ ကာကွယ်ပေးနိုင်စွမ်းရှိတဲ့၊ PMCT ကုထုံးကို လက်ခံရယူသင့်တယ်။

ယုံမှားသံသယများ

အသက်ငယ်ရွယ်တဲ့ HIV ရှိနေသူ လူယ်လူရွယ်တွေကလည်း၊ သူတို့ကိုယ်သူတို့ နေကောင်းနေ

တယ်လို့၊ ထင်ရတဲ့ အစောပိုင်း၊ ကာလတွေမှာ ( ART) ကုသမှုကို စောစောစီးစီးစတင်၊ မ သောက်ချင်ကြ

သေးဘူး။ တသက်လုံး အချိန်နာရီ မိနစ်,စက္ကန့်မလွဲစေဘဲ၊ နေ့စဉ်အချိန်မှန်သောက်ရမဲ့ ကိစ္စကို ဝန်လေး

တတ်ကြ သေးတယ်။ ဒါတောင်မှဆေးကိုတနေ့တကြိမ်သာအချိန်မှန်သောက်စေတဲ့ရိုးရှင်းတဲ့ နည်းလမ်း

နဲ့စတင် တဲ့၊ ပထမလိုင်း ကုထုံးကိုတောင် ငြင်းပယ်ချင်ကြတာ ဖြစ်တယ်။ ဒီကုထုံးက၊ တနေ့တခါပဲ ေ

မပူရပေမဲ့၊ သတိမေ့မှာ မပူရပါဘူး။ ဒါပေမဲ့ ဆေးသောက်တာ၊ နှစ်,ကာလ ကြာလာရင်၊ လူ၁၀ယောက်ရှိ

ရင် ၂ယောက်လောက်မှာ၊ ရောဂါပိုးက ခုခံနိုင်စွမ်းပေါ်လာစေတယ်၊၊ အဲဒီအခါ ပိုပြင်းတဲ့ ပိုပြီးလည်း၊

ဈေးကြီးတဲ့၊ ဒုတိယစား (သို့) တတိယတန်းစား ဆေးတွေအထိ တိုးမြှင့်သောက်သုံးဘို့ လိုအပ်

လာကြပါတယ်။

အာဖရိက က၊ ယူဂန်ဒါ လိုနိုင်ငံတွေမှာ၊ ( PMCT ) ကုထုံးနဲ့၊ ကလေးဆီသို့ မိခင်ထံမှ ခုခံအားကျ

ရောဂါမကူးအောင် ကာကွယ်တာက ၂၀၀၁ ခုနှစ်ကတည်းက၊ အောင်မြင်နေခဲ့တယ်။ ဥပမာအားဖြင့်၊ အဲ

ဒီက လူမှုရေးတက်ကြွလှုပ်ရှားသူ၊ မူလာနီ ဘီရီမူမာဆိုနဲ့ သူရဲ့အမျိုးသမီးတို့ဟာ၊ HIV ရောဂါပိုးရှိသူ

အဖြစ်၊ နေထိုင်နေကြတာ ၁၅နှစ်ရှိပြီဖြစ်ပေမဲ့၊ ( PMCT) ကုထုံးနဲ့၊ ကာကွယ်မှုရယူနိုင်တဲ့အတွက်၊

သူတို့သမီး၂ယောက်လုံးမှာ၊ ( HIV) ပိုး ကင်းစင်ကြပါတယ်။ သူတို့ဆီမှာတော့ (HIV) ရှိတဲ့ ဖခင်တွေက

ပါ၊ ကိုယ်ဝန်ဆောင်တွေကိုပေးတဲ့၊ ဗိုင်းရပ်သေဆေးတွေ ရယူသုံးစွဲလိုနေကြတာ၊ တွေ့ခဲ့ကြရတယ်။

မြန်မာနိုင်ငံမှာလည်း၊

ဂလိုဘယ် ဖန်း (Global fund ,WHO, union စတဲ့ အဖွဲ့တွေရဲ့၊ ကူညီပံ့ပိုးမှုနဲ့၊ PMCT ကုထုံး

စတင်နေပြီဖြစ်တယ်။ အကောင်းဆုံးကတော့၊ HIV ရှိသူအချင်းချင်း အိမ်ထောင်ပြုကြရင်ဖြစ်စေ၊ မိဘ

တစ်ယောက်ယောက်က၊ ရောဂါပိုးမရှိသေးသူဖြစ်နေရင်ဖြစ်စေ၊ ကလေးမယူတာ အကောင်းဆုံးပါပဲ။

၂ယောက်လုံး ရောဂါပိုးရှိနေသူဖြစ်နေရင်တောင်မှ၊ တစ်ယောက်နဲ့တစ်ယောက် က၊ ပိုးအရေ အတွက်

်ချင်း၊ ပိုးအ မျိုးအ စားချင်း မတူညီကြဘူးဆိုတော့၊ တစ်ယောက်ကနေ၊ နောက်တစ်ယောက်ကို၊ ထပ်မံ

မကူးစက်ဘို့၊ ကွန် ဒုန်း ( Condom) ကိုသာ အမြဲသုံးသင့်ပါတယ်။ ကလေးမယူသင့်ပါဘူး။ တကယ်လို့

ကလေးယူ မယ်ဆို ရင်လည်း၊ သက်ဆိုင်ရာ ဆရာဝန်များနဲ့၊ ဆွေး နွေးတိုင်ပင်သင့်ပါတယ်။

မမျှော်လင့်ဘဲ၊ ကိုယ်ဝန် ရလာ ရင်လည်း၊ ကလေးဆီရောဂါမကူးစက်အောင်၊ ( PMCT ) ကုထုံးကို

အချိန်မှီယူဘို့၊ သက်ဆိုင်ရာ ဆရာ ဝန်တွေနဲ့၊ အမြန်ဆက်သွယ် သင့်တယ်။ ညွှန် ကြားတဲ့အတိုင်း၊

စနစ်တကျသာ လိုက်နာသောက် သုံးရင်၊ ကလေးဆီကို ရောဂါပိုး မကူးစက်နိုင်အောင်၊ ကာကွယ်နိုင်

်ပါလိမ့်မယ်။ အချိန်မှန်ဆေးသောက် ဘို့၊ အချိန်မှန်ပြသဘို့ကတော့၊ အလွန်အရေးကြီးပါတယ်။

ကလေးမွေးပြီးရင်

မိခင်နို့ကနေလည်း၊ ကလေးဆီသို့ ( HIV ) ရောဂါပိုးက (၁၅%)ခန့်၊ ကူးစက်စေနိုင်သေးတယ်။

အထူသဖြင့်၊ မိခင်နို့သီးခေါင်းမှာ အက်ကွဲနေတာနဲ့ အနာအဆာရှိရင်၊ နို့တိုက်ရာကတဆင့်၊ ကူးစက်

စေတယ်။ နို့ဗူးပဲတိုက်မယ်ဆိုရင်လည်း၊မသန့်ရှင်းရင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါရပြီး၊ ကလေးကအ

လွယ်တကူ ၊ သေဆုံးစေနိုင်တယ်။ နို့မှုန့်အမျိုးအစားညံ့ရင်(သို့) ဖျော်နည်းမမှန်ရင်လည်း၊ ကလေး

ပေါက်စမှာ၊ ပိန်လှီ်ပြီး အာဟာရ ချို့တဲ့တာကြောင့်၊ ရောဂါဘယဝင်လွယ်ကာ၊ အသက်တိုလွယ် စေပြန်

်ပါတယ်။အဲဒါကြောင့်၊ မွေးပြီးရင် နို့ချိုပဲတိုက်မလား။ အစားထိုးနို့မှုန့်ပဲတိုက်မလားဆိုတာ၊ရွေးချယ်

်နိုင်ဘို့ ၊ ကျန်းမာရေးဝန် ထမ်းတွေက အကြောင်းအကျိုးများနဲ့တကွ၊ မိဘတွေကို ရှင်းပြပြီးသူတို့

တတ်နိုင်တာကို စိတ်တိုင်းကျ ရွေးချယ်စေတယ်။ သူတို့ရွေးတဲ့နည်းလမ်းအတိုင်း၊ အောင်မြင်စွာ

တိုက်ကျွေးနိုင်ဘို့၊ အကူအညီပေးနိုင်ဘို့ ကြိုးစားကြ တယ်။ တစ်ခုသတိထားရမှာက၊ နို့တိုက်လိုက်

နို့ဗူးတိုက်လိုက် ထမင်းကျွေးလိုက်နဲ့၊ mixed Diet ကျွေးနည်းမဖြစ်ဘို့ သေချာရှောင်ကျဉ်ရမယ်။

မိခင်နို့တိုက်မယ်ဆိုရင်လည်း၊ အသက်၆လအထိသာ၊ မိခင်နို့တစ်မျိုးထဲတိုက်ပြီး ၆လပြည့်တာ

နဲ့မိခင်နို့ဖြတ်ကာ၊ ဖြည့်စွက်စာပြည့်စုံအောင်ကျွေးတာ၊ အစားထိုးနို့မှုန့်(သို့) နွားနို့ ဆိတ်နို့ တမျိုးမျိုး

ပြောင်းလဲ တိုက်ကျွေးတာ ပြုလုပ်ရပါမယ်။ ၆လကျော်အထိရောဂါပိုးရှိသူရဲ့ နို့ဆက်တိုက်နေမယ်ဆိုရင်၊

ကလေးဆီသို့ HIV ပိုးကူးစက်နိုင်ခြေ ပိုမို မြင့်မားတဲ့အတွက်၊ မိခင်နို့ကို ဖြတ်ပစ်သင့်တာ ပါ။ အသေး

စိတ် အချက်အလက်တွေ သိနားလည် လိုက်နာနိုင်အောင်၊ သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေမှာ၊ အမြဲ

ပြသ နေဘို့လည်း၊ အထူးလိုအပ်ပါတယ်။

အာဖရိက က၊ ကမ်ပါလာဆေးရုံရဲ့ လေ့လာမှုတစ်ခုမှာ၊တွေ့ရတာက၊ ကုထုံးခံယူတဲ့အမျိုးသမီး

၁၉၀ အနက် ၂၀% ကသာ၊ အချိန်မှန်လည်းလာပြပြီး CD4 အရေအတွက် နဲ့ ကျန်းမာရေးစစ်ဆေးမှု

တွေခံယူခဲ့တာကို၊ ၂၀၁၂ ခုနှစ်က တွေ့ခဲ့ရတယ်။ ဒီလို (follow up ) ပျက်ကွက်မှုက၊ ဆေးကုသမှု

မအောင်မြင်နှုန်းမြင့်တက်လာစေတယ်။ ဆေးယဉ်ပါးမှု ဖြစ်ပေါ်စေသလို၊ ရောဂါကိုလည်း ပိုဆိုး လာစေ

တယ်။အဲဒါကြောင့်၊ ( defaulters ) ပျက်ကွက်သူတွေမဖြစ်အောင်၊ လူမှုအဖွဲ့အစည်းတွေကရော

မိသားစုဝင်တွေကပါ၊ ကူညီပံ့ပိုးပေးပြီး အချိန်မှန် ပြန်လည်ပြသစေသင့်တယ်။ လူနရရဲ့နေရပ်လိပ်စာ

နဲ့ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေကိုလည်း၊ သေချာ အတိအကျ ပေးထားသင့်ပါတယ်။

စီဒီ၄ CD4 ပမာဏကိုရေတွက်တဲ့စက်နဲ့ ဗိုင်းရပ်ကောင်ရေ စစ်တဲ့စက်တွေက၊ ဆေးရုံတိုင်းမှာ

မရှိတာကလည်း၊ ကုသရေးမှာ နှောင့်နှေးမှု အခက်အခဲ ဖြစ်စေပါတယ်။ အဝေးကိုပို့စစ်ရတဲ့၊ အဲဒီစက်

တွေရဲ့ အဖြေမရသေးခင်မှာ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ များပြားတဲ့ အတွေ့အကြုံတွေက၊ ရောဂါကို

ကြိုတင် စစ်ဆေး ပိုင်းဖြတ်ပေးနိုင်တာကလည်း၊ အထောက်အကူကောင်းရစေတယ်။ မိသားစုဝင်တွေနဲ့

ဗော်လံတီ ယာ လူမှုရေးအဖွဲ့တွေရဲ့၊ ကူညီစောင့်ရှောက်မှု၊ နားလည်မှုရှိစွာ၊ ဖေးမမှုတွေကလည်း၊

ရောဂါကာကွယ် ကုသရာမှာ အထူးလိုအပ်ပါတယ်။

တချို့က ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ကြားဖူးနားဝနဲ့ ၊ ကြောက်လန့်ပြီး၊ ဘယ်ကုထုံးကိုမှ

မခံယူလိုကြဘဲ၊ ဆေးမြီးတိုတွေနဲ့ အချိန်ဖြုန်းကြတာမျိုးလည်း၊ တွေ့ရတတ်ပါတယ်။ အဲဒီလို မဖြစ်သင့်

ဘဲ၊ ( HIV) ရောဂါပိုး မကူးစက်အောင်၊ တလင်တမယားစနစ်ကျင့်သုံးခြင်း၊ လိင်အပျော်အပါးမလိုက်စား

ခြင်း၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးတွေမသုံးခြင်း၊ အပြုအမူအနေအထိုင် မဆင်ခြင်

နိုင်ရင်၊ ကွန်ဒုန်ကို စနစ်တကျသုံးစွဲခြင်း၊ ဆေးဝန်ထမ်းတွေအနေနဲ့ သူတပါးထံမှ၊ မိမိထံသို့ရောဂါမကူး

စက်ခံရ အောင် တိကျတဲ့အကာအကွယ်များသေချာလိုက်နာကျင့်သုံးခြင်း စတာတွေ၊ ဆောင်ရွက်

သင့်တယ်။

တကယ်လို့HIVကူးစက်ခံထားရပြီဆိုရင်လိင်မှတဆင့်ကူးစက်တဲ့ရောဂါကုဆေးခန်းတွေနဲ့ဆက်သွယ်ပြီး၊

နှစ်သိမ့်ဆွေးနွေးကာ တိုင်ပင်သင့်တယ်။ ဆောင်ရန်ရှောင်ရန်အားလုံး သိရှိအောင်ပြုလုပ်ပြီး အတိအ

ကျလိုက်နာ သင့်တယ်။

အချုပ်အားဖြင့်ဆိုရရင်၊ ခုခံအားကျရောဂါမရအောင် အနေအထိုင် ဆင်ခြင်၊ ရလာခဲ့ရင်လည်း

ဆေးရုံဆေးခန်းသို့ ပြသပြီး၊ အကောင်းဆုံးအကြံဉာဏ်နဲ့ လိုအပ်တဲ့ ကုသမှုတွေကို အချိန်မီ၊

ခံယူသင့်ကြောင်း၊ နိုးဆော်ပေးလိုက်ပါတယ်။

ဒေါက်တာမြမြချယ် ( ကလေးအထူးကုဆရာဝန်ကြီး)AIDS အိတ္ စ္ေခၚ ခုခံအားက်ဆင္းေဝဒနာရွင္မိခင္မ်ားနဲ႔ ART ကုထုံးမ်ား

ေရာဂါပိုးဝင္လို႕ေဝဒနာ တစ္ခုခု ခံစားလာရရင္၊ ခ်က္ခ်င္းဆိုသလိုပဋိဇီဝေဆးေတြ နဲ႕

တိုက္ဖ်က္ တားဆီးရတာ၊ ကုရုိးကုစဥ္ ထုံးစံျဖစ္ပါတယ္။ အဲဒါေတြနဲ႕ မတူတာက၊ အိတ္ခ်္ အိုင္ဗီေခၚ၊ ခု

ခံအားက် ဗိုင္းရပ္ပိုးဝင္ေရာက္ခံရတ့ဲအခါ၊ ဗိုငး္ရပ္ေသေဆး ( Antiretroviral Therapy. ART )ခ်က္ခ်င္း

မေပးေသးဘဲ၊ သူရဲ႕ CD 4 ခုခံဆဲလ္ တစ္မ်ိဳးရဲ႕ ပမာဏကို၊ အခ်ိန္မွန္ေလ့လာစစ္ေဆးျပီး၊ အဲဒီပမာဏ

(ယခင္က ၂၀၀). အခုေတာ့ (၄၀၀-၅၀၀) အထိ က်ဆင္းလာျပိီဆိုမွ၊ (ART ) ေဆးေပးကုသပါတယ္။

ဘာလ္ို႕ဆိုေတာ့၊ ေဆးေတြက ျပင္းထန္ဆိုးက်ိဳးေပးနိဳင္တာရယ္၊ စေသာက္ျပီဆိုကတည္းက၊ ေန႕စဥ္မ

ပ်က္မကြက္ တစ္သက္လုံး၊ အခ်ိန္အတိအက် ေသာက္ဘို႕ လိုအပ္တာရယ္၊ ေဆးေသာက္ပ်က္ကြက္ရင္

အခ်ိန္မမွန္ရင္၊ ေဆးယဥ္လာျပီး ေဆးမတိုးေတာ့ဘဲ၊ ေရာဂါပိုဆိုးရြားးလာမွာရယ္၊ ေဆးယဥ္ပါးပိုးေတြက

တျခားလူေတြဆီသို႕၊ ကူးစက္ပ်ံ႕ပြားမွာရယ္၊ ေဆးေစ်းေတြ ၾကီးမားရွားပါးတာေတြရယ္ေၾကာင့္၊ WHO

guide line ၊ သတ္မွတ္ထားတ့ဲအတိုင္း၊ CD4 ပမာဏ အဲဒီလာက္က်လာမွ၊ ( ART) ကုသမႈ စတင္ေပး

ၾကတယ္။ ေန႕စဥ္ ၂ၾကိမ္ အခ်ိန္အတိအက် ေသာက္သုံး ေစ ျပီး၊ အခ်ိန္မွန္ ရက္ခ်ိန္းအတိုင္း ျပန္လာ ျပ

ေစတယ္။

မိခင္မွ ကေလးသို႕ ကူးစက္မႈ ကာကြယ္ျခင္း ( Prevention of mother to children transmission

PMCT )

ေရြးခ်ယ္ပိုင္ခြင့္မရွိတ့ဲ၊ ကေလးေတြအတြက္ အ့ဲဒီေရာဂါရွိတ့ဲ၊ မိခင္ထံမွာ သေႏၶစတင္ရွိျပီဆိုရင္၊

ကိုယ္ဝန္ေဆာင္ကာလကတည္းက၊ မိခင္ထံမွ ကေလးဆီသို႕ ခ်က္ၾကိဳးကတဆင့္ ကူးစက္ႏႈန္းဟာ

၁၅-၂၀% အထိရွိနိဳင္တယ္။ အဲလို မကူးစက္ေစဘို႕၊ PMCT ကုသျခင္းနဲ႕ မိခင္ကို၊ ကိုယ္ဝန္ေဆာင္

ကာလအတြင္း၊ ဗိုင္းရပ္ေသေဆးေတြၾကိဳတင္တိုက္ေကြ်းထားရင္၊ အဆိုပါ ကူးစက္မႈကို အေတာ္ေလး

ေလ်ွာ့ခ် ေပးနိဳင္တယ္။

အဲလိုေဆးေသာက္သုံးဘို႕ကို၊ ေဘးထြက္ဆိုးက်ိဳးေၾကာက္တ့ဲအတြက္မိဘေတြက၊ ေဆးေသာက္

္ခ်ိန္ ပ်က္ကြက္ရင္၊ ေဆးယဥ္လာမွာ စိုးရိမ္တ့ဲအတြက္၊ ကေလးကို ေဘးထြက္ဆိုးက်ိဳးရမွာ စိုးရိမ္တ့ဲ အ

တြက္ ၊ PMCT ကုထုံးကို ျငင္းပယ္ခ်င္ၾကတယ္။ ေသခ်ာ ရွင္းျပျပီး၊ အက်ိဳးရွိမွန္းသိတ့ဲ မိခင္ေတြ ကေတာ့

၊ ကုထုံးကို လက္ခံျပီး အခ်ိန္မွန္ေဆးေသာက္ဘို႕၊ အထူးသတိထားၾကတာ လည္း၊ ေတြ႕ရ ပါတယ္။

WHO ကေတာ့၊ ART ေဆး(သို႕) PMCT ေဆးကုထုံးေတြကို၊ မိဘေတြနဲ႕ေသခ်ာ ေဆြး ေႏြး အျပီး၊ ကုသ

မႈ လက္ခံမွာလား၊ ျငင္းပယ္မွာလား ဆိုတာ၊ သူတို႕ စိတ္တိုင္းက် ေရြးခ်ယ္ခြင့္ျပဳထားပါတယ္။

တကယ္ကေတာ့၊ မိဘေတြအေနနဲ႕ မိမိတို႕ရဲ႕၊ အျပစ္မ့ဲ ရင္ေသြးေလးဆီေရာဂါဆိုးအေခ်ာင္ ရရွိ

မသြား ေအာင္၊ ကာကြယ္ေပးနိဳင္စြမ္းရွိတ့ဲ၊ PMCT ကုထုံးကို လက္ခံရယူသင့္တယ္။

ယုံမွားသံသယမ်ား

အသက္ငယ္ရြယ္တ့ဲ HIV ရွိေနသူ လူယ္လူရြယ္ေတြကလည္း၊ သူတို႕ကိုယ္သူတို႕ ေနေကာင္းေန

တယ္လို႕၊ ထင္ရတ့ဲ အေစာပိုင္း၊ ကာလေတြမွာ ( ART) ကုသမႈကို ေစာေစာစီးစီးစတင္၊ မ ေသာက္ခ်င္ၾက

ေသးဘူး။ တသက္လုံး အခ်ိန္နာရီ မိနစ္,စကၠန္႕မလြဲေစဘဲ၊ ေန႕စဥ္အခ်ိန္မွန္ေသာက္ရမ့ဲ ကိစၥကို ဝန္ေလး

တတ္ၾက ေသးတယ္။ ဒါေတာင္မွေဆးကိုတေန႕တၾကိမ္သာအခ်ိန္မွန္ေသာက္ေစတ့ဲရုိးရွင္းတ့ဲ နည္းလမ္း

နဲ႕စတင္ တ့ဲ၊ ပထမလိုင္း ကုထုံးကိုေတာင္ ျငင္းပယ္ခ်င္ၾကတာ ျဖစ္တယ္။ ဒီကုထုံးက၊ တေန႕တခါပဲ ေ

မပူရေပမ့ဲ၊ သတိေမ့မွာ မပူရပါဘူး။ ဒါေပမ့ဲ ေဆးေသာက္တာ၊ ႏွစ္,ကာလ ၾကာလာရင္၊ လူ၁၀ေယာက္ရွိ

ရင္ ၂ေယာက္ေလာက္မွာ၊ ေရာဂါပိုးက ခုခံနိဳင္စြမ္းေပၚလာေစတယ္၊၊ အဲဒီအခါ ပိုျပင္းတ့ဲ ပိုျပီးလည္း၊

ေစ်းၾကီးတ့ဲ၊ ဒုတိယစား (သို႕) တတိယတန္းစား ေဆးေတြအထိ တိုးျမွင့္ေသာက္သုံးဘို႕ လိုအပ္

လာၾကပါတယ္။

အာဖရိက က၊ ယူဂန္ဒါ လိုနိဳင္ငံေတြမွာ၊ ( PMCT ) ကုထုံးနဲ႕၊ ကေလးဆီသို႕ မိခင္ထံမွ ခုခံအားက်

ေရာဂါမကူးေအာင္ ကာကြယ္တာက ၂၀၀၁ ခုႏွစ္ကတည္းက၊ ေအာင္ျမင္ေနခ့ဲတယ္။ ဥပမာအားျဖင့္၊ အဲ

ဒီက လူမႈေရးတက္ၾကြလႈပ္ရွားသူ၊ မူလာနီ ဘီရီမူမာဆိုနဲ႕ သူရဲ႕အမ်ိဳးသမီးတို႕ဟာ၊ HIV ေရာဂါပိုးရွိသူ

အျဖစ္၊ ေနထိုင္ေနၾကတာ ၁၅ႏွစ္ရွိျပီျဖစ္ေပမ့ဲ၊ ( PMCT) ကုထုံးနဲ႕၊ ကာကြယ္မႈရယူနိဳင္တ့ဲအတြက္၊

သူတို႕သမီး၂ေယာက္လုံးမွာ၊ ( HIV) ပိုး ကင္းစင္ၾကပါတယ္။ သူတို႕ဆီမွာေတာ့ (HIV) ရွိတ့ဲ ဖခင္ေတြက

ပါ၊ ကိုယ္ဝန္ေဆာင္ေတြကိုေပးတ့ဲ၊ ဗိုင္းရပ္ေသေဆးေတြ ရယူသုံးစြဲလိုေနၾကတာ၊ ေတြ႕ခ့ဲၾကရတယ္။

ျမန္မာနိဳင္ငံမွာလည္း၊

ဂလိုဘယ္ ဖန္း (Global fund ,WHO, union စတ့ဲ အဖြဲ႕ေတြရဲ႕၊ ကူညိီပ့ံပိုးမႈနဲ႕၊ PMCT ကုထုံး

စတင္ေနျပီျဖစ္တယ္။ အေကာင္းဆုံးကေတာ့၊ HIV ရွိသူအခ်င္းခ်င္း အိမ္ေထာင္ျပဳၾကရင္ျဖစ္ေစ၊ မိဘ

တစ္ေယာက္ေယာက္က၊ ေရာဂါပိုးမရွိေသးသူျဖစ္ေနရင္ျဖစ္ေစ၊ ကေလးမယူတာ အေကာင္းဆုံးပါပဲ။

၂ေယာက္လုံး ေရာဂါပိုးရွိေနသူျဖစ္ေနရင္ေတာင္မွ၊ တစ္ေယာက္နဲ႕တစ္ေယာက္ က၊ ပိုးအေရ အတြက္

္ခ်င္း၊ ပိုးအ မ်ိဳးအ စားခ်င္း မတူညီၾကဘူးဆိုေတာ့၊ တစ္ေယာက္ကေန၊ ေနာက္တစ္ေယာက္ကို၊ ထပ္မံ

မကူးစက္ဘို႕၊ ကြန္ ဒုန္း ( Condom) ကိုသာ အျမဲသုံးသင့္ပါတယ္။ ကေလးမယူသင့္ပါဘူး။ တကယ္လို႕

ကေလးယူ မယ္ဆို ရင္လည္း၊ သက္ဆိုင္ရာ ဆရာဝန္မ်ားနဲ႕၊ ေဆြး ေႏြးတိုင္ပင္သင့္ပါတယ္။

မေမ်ွာ္လင့္ဘဲ၊ ကိုယ္ဝန္ ရလာ ရင္လည္း၊ ကေလးဆီေရာဂါမကူးစက္ေအာင္၊ ( PMCT ) ကုထုံးကို

အခ်ိန္မွီယူဘို႕၊ သက္ဆိုင္ရာ ဆရာ ဝန္ေတြနဲ႕၊ အျမန္ဆက္သြယ္ သင့္တယ္။ ညႊန္ ၾကားတ့ဲအတိုင္း၊

စနစ္တက်သာ လိုက္နာေသာက္ သုံးရင္၊ ကေလးဆီကို ေရာဂါပိုး မကူးစက္နိဳင္ေအာင္၊ ကာကြယ္နိဳင္

္ပါလိမ့္မယ္။ အခ်ိန္မွန္ေဆးေသာက္ ဘို႕၊ အခ်ိန္မွန္ျပသဘို႕ကေတာ့၊ အလြန္အေရးၾကီးပါတယ္။

ကေလးေမြးျပီးရင္

မိခင္နိဳ႕ကေနလည္း၊ ကေလးဆီသို႕ ( HIV ) ေရာဂါပိုးက (၁၅%)ခန္႕၊ ကူးစက္ေစနိဳင္ေသးတယ္။

အထူသျဖင့္၊ မိခင္နိဳ႕သီးေခါင္းမွာ အက္ကြဲေနတာနဲ႕ အနာအဆာရွိရင္၊ နိဳ႕တိုက္ရာကတဆင့္၊ ကူးစက္

ေစတယ္။ နိဳ႕ဗူးပဲတိုက္မယ္ဆိုရင္လည္း၊မသန္႕ရွင္းရင္၊ ဝမ္းပ်က္ဝမ္းေလ်ွာေရာဂါရျပီး၊ ကေလးကအ

လြယ္တကူ ၊ ေသဆုံးေစနိဳင္တယ္။ နိဳ႕မႈန္႕အမ်ိဳးအစားည့ံရင္(သို႕) ေဖ်ာ္နည္းမမွန္ရင္လည္း၊ ကေလး

ေပါက္စမွာ၊ ပိန္လွီ္ျပီး အာဟာရ ခ်ိဳ႕တ့ဲတာေၾကာင့္၊ ေရာဂါဘယဝင္လြယ္ကာ၊ အသက္တိုလြယ္ ေစျပန္

္ပါတယ္။အဲဒါေၾကာင့္၊ ေမြးျပီးရင္ နိဳ႕ခ်ိဳပဲတိုက္မလား။ အစားထိုးနိဳ႕မႈန္႕ပဲတိုက္မလားဆိုတာ၊ေရြးခ်ယ္

္နိဳင္ဘို႕ ၊ က်န္းမာေရးဝန္ ထမ္းေတြက အေၾကာင္းအက်ိဳးမ်ားနဲ႔တကြ၊ မိဘေတြကို ရွင္းျပျပီးသူတို႕

တတ္နိဳင္တာကို စိတ္တိုင္းက် ေရြးခ်ယ္ေစတယ္။ သူတို႕ေရြးတ့ဲနည္းလမ္းအတိုင္း၊ ေအာင္ျမင္စြာ

တိုက္ေကြ်းနိဳင္ဘို႕၊ အကူအညီေပးနိဳင္ဘ္ို႔ ၾကိဳးစားၾက တယ္။ တစ္ခုသတိထားရမွာက၊ နိဳ႕တိုက္လိုက္

နို႕ဗူးတိုက္လိုက္ ထမင္းေကြ်းလိုက္နဲ႕၊ mixed Diet ေကြ်းနည္းမျဖစ္ဘို႕ ေသခ်ာေရွာင္က်ဥ္ရမယ္။

မိခင္နိဳ႕တိုက္မယ္ဆိုရင္လည္း၊ အသက္္၆လအထိသာ၊ မိခင္နိဳ႕တစ္မ်ိဳးထဲတိုက္ျပီး ၆လျပည့္တာ

နဲ႕မိခင္နိဳ႕ျဖတ္ကာ၊ ျဖည့္စြက္စာျပည့္စုံေအာင္ေကြ်းတာ၊ အစားထိုးနိဳ႕မႈန္႕(သို႕) ႏြားနိဳ႕ ဆိတ္နိဳ႕ တမ်ိဳးမ်ိဳး

ေျပာင္းလဲ တိုက္ေကြ်းတာ ျပဳလုပ္ရပါမယ္။ ၆လေက်ာ္အထိေရာဂါပိုးရွိသူရဲ႕ နိဳ႕ဆက္တိုက္ေနမယ္ဆိုရင္၊

ကေလးဆီသို႕ HIV ပိုးကူးစက္နိဳင္ေျခ ပိုမို ျမင့္မားတ့ဲအတြက္၊ မိခင္နိဳ႕ကို ျဖတ္ပစ္သင့္တာ ပါ။ အေသး

စိတ္ အခ်က္အလက္ေတြ သိနားလည္ လိုက္နာနိဳင္ေအာင္၊ သက္ဆိုင္ရာ ေဆးရုံေဆးခန္းေတြမွာ၊ အျမဲ

ျပသ ေနဘို႕လည္း၊ အထူးလိုအပ္ပါတယ္။

အာဖရိက က၊ ကမ္ပါလာေဆးရုံရဲ႕ ေလ့လာမႈတစ္ခုမွာ၊ေတြ႕ရတာက၊ ကုထုံးခံယူတ့ဲအမ်ိဳးသမီး

၁၉၀ အနက္ ၂၀% ကသာ၊ အခ်ိန္မွန္လည္းလာျပျပီး CD4 အေရအတြက္ နဲ႕ က်န္းမာေရးစစ္ေဆးမႈ

ေတြခံယူခ့ဲတာကို၊ ၂၀၁၂ ခုႏွစ္က ေတြ႕ခ့ဲရတယ္။ ဒီလို (follow up ) ပ်က္ကြက္မႈက၊ ေဆးကုသမႈ

မေအာင္ျမင္ႏႈန္းျမင့္တက္လာေစတယ္။ ေဆးယဥ္ပါးမႈ ျဖစ္ေပၚေစသလို၊ ေရာဂါကိုလည္း ပိုဆိုး လာေစ

တယ္။အဲဒါေၾကာင့္၊ ( defaulters ) ပ်က္ကြက္သူေတြမျဖစ္ေအာင္၊ လူမႈအဖြဲ႕အစည္းေတြကေရာ

မိသားစုဝင္ေတြကပါ၊ ကူညီပ့ံပိုးေပးျပီး အခ်ိန္မွန္ ျပန္လည္ျပသေစသင့္တယ္။ လူနရရဲ႕ေနရပ္လိပ္စာ

နဲ႕ဆက္သြယ္ရမ့ဲ ဖုန္းနံပါတ္ေတြကိုလည္း၊ ေသခ်ာ အတိအက် ေပးထားသင့္ပါတယ္။

စီဒီ၄ CD4 ပမာဏကိုေရတြက္တ့ဲစက္နဲ႕ ဗိုင္းရပ္ေကာင္ေရ စစ္တ့ဲစက္ေတြက၊ ေဆးရုံတိုင္းမွာ

မရွိတာကလည္း၊ ကုသေရးမွာ ေႏွာင့္ေႏွးမႈ အခက္အခဲ ျဖစ္ေစပါတယ္။ အေဝးကိုပို႕စစ္ရတ့ဲ၊ အဲဒီစက္

ေတြရဲ႕ အေျဖမရေသးခင္မွာ၊ က်န္းမာေရးဝန္ထမ္းေတြရဲ႕ မ်ားျပားတ့ဲ အေတြ႕အၾကံဳေတြက၊ ေရာဂါကို

ၾကိဳတင္ စစ္ေဆး ပိုင္းျဖတ္ေပးနိဳင္တာကလည္း၊ အေထာက္အကူေကာင္းရေစတယ္။ မိသားစုဝင္ေတြနဲ႕

ေဗာ္လံတီ ယာ လူမႈေရးအဖြဲ႕ေတြရဲ႕၊ ကူညီေစာင့္ေရွာက္မႈ၊ နားလည္မႈရွိစြာ၊ ေဖးမမႈေတြကလည္း၊

ေရာဂါကာကြယ္ ကုသရာမွာ အထူးလိုအပ္ပါတယ္။

တခ်ိဳ႕က ေဆးဝါးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးကို ၾကားဖူးနားဝနဲ႔ ၊ ေၾကာက္လန္႕ျပီး၊ ဘယ္ကုထုံးကိုမွ

မခံယူလိုၾကဘဲ၊ ေဆးျမီးတိုေတြနဲ႕ အခ်ိန္ျဖဳန္းၾကတာမ်ိဳးလည္း၊ ေတြ႕ရတတ္ပါတယ္။ အဲဒီလို မျဖစ္သင့္

ဘဲ၊ ( HIV) ေရာဂါပိုး မကူးစက္ေအာင္၊ တလင္တမယားစနစ္က်င့္သုံးျခင္း၊ လိင္အေပ်ာ္အပါးမလိုက္စား

ျခင္း၊ မူးယစ္ေဆးဝါးနဲ႕ စိတ္ကို ေျပာင္းလဲေစတ့ဲ ေဆးေတြမသုံးျခင္း၊ အျပဳအမူအေနအထိုင္ မဆင္ျခင္

နိဳင္ရင္၊ ကြန္ဒုန္ကို စနစ္တက်သုံးစြဲျခင္း၊ ေဆးဝန္ထမ္းေတြအေနနဲ႕ သူတပါးထံမွ၊ မိမိထံသို႕ေရာဂါမကူး

စက္ခံရ ေအာင္ တိက်တ့ဲအကာအကြယ္မ်ားေသခ်ာလိုက္နာက်င့္သုံးျခင္း စတာေတြ၊ ေဆာင္ရြက္

သင့္တယ္။

တကယ္လို႔HIVကူးစက္ခံထားရျပီဆိုရင္လိင္မွတဆင့္ကူးစက္တ့ဲေရာဂါကုေဆးခန္းေတြနဲ႕ဆက္သြယ္ျပီး၊

ႏွစ္သိမ့္ေဆြးေႏြးကာ တိုင္ပင္သင့္တယ္။ ေဆာင္ရန္ေရွာင္ရန္အားလုံုး သိရွိေအာင္ျပဳလုပ္ျပီး အတိအ

က်လိုက္နာ သင့္တယ္။

အခ်ဳပ္အားျဖင့္ဆိုရရင္၊ ခုခံအားက်ေရာဂါမရေအာင္ အေနအထိုင္ ဆင္ျခင္၊ ရလာခ့ဲရင္လည္း

ေဆးရုံေဆးခန္းသို႕ ျပသျပီး၊ အေကာင္းဆုံးအၾကံဥာဏ္နဲ႕ လိုအပ္တ့ဲ ကုသမႈေတြကို အခ်ိန္မီ၊

ခံယူသင့္ေၾကာင္း၊ နိဳးေဆာ္ေပးလိုက္ပါတယ္။

ေဒါက္တာျမျမခ်ယ္ ( ကေလးအထူးကုဆရာဝန္ၾကီး)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *