ကျွန်မကလေး ဘီပိုးကူးမှာလား??
ဆေးရုံတွင် ပြာယာခတ်နေသော အလုပ်သင်ဆရာဝန် မယ်ယမင်း ၊ ဒီနေ့ မွေးမယ့်လူနာက B positive အသည်းရောင် အသားဝါ ဘီပိုး ရှိသည်ပေါ့၊ အင်းးး
ဘယ်တတ်နိုင်မလဲလေ
သူက ဗိုက်နာနေပြီ ၊ မွေးခန်းထဲမှာ၊ မွေးခန်းထဲ သွားကြည့်တော့ သူနဲ့ အမျိုးသမီးဖော် နှစ်ယောက်တည်း၊ ဟုတ်ပါရဲ့ အစကတည်းက ဂျင်မခါနာ ဘီဆောင်ဆိုတာ ပိုးရှိသူတွေကို ပို့တဲ့နေရာမလားလေ
ဆရာမ
သူ ချွေးတွေသန်တွေ ကြားက လှမ်းခေါ်သည်
ကိုယ့်ကို အနားထိ လာစေချင်ပုံရသော သူ့အား အနားထိ သွားပေးလိုက်ပါသည်၊ ရောဂါဆိုတာ ဘယ်လောက် သတိထားထား ကံပါရင် ကူးတတ်တာပဲလေ
ပြောပါ ဘာဖြစ်သလဲ
မေးစရာလေး ရှိလို့ပါ ဆရာမ
မေးပါ
ဟို ဟိုလေ
ကျွန်မရောဂါရှိတာ သိပါတယ်
ကလေးကို ကူးနိုင် မကူးနိုင်လေး…
သြော် မိခင်မေတ္တာ
ကျွနု်ပ် သူမကုတင်ပေါ် တင်ပါးလွှဲထိုင်ရင်း
အမေ့မှာ အခုစစ်ထားတာတော့ ဘီပိုးရှိတာတော့ မှန်တယ်
ကူးစက်နိုင်ခြေ (HbeAg) မတွေ့ဘူး
ဒါကြောင့် ဆရာမတို့က ကလေးမွေးမွေးချင်း ဘီပိုးကာကွယ်ဆေး ထိုးပေးမှာ
ဒါ့အပြင် ကလေးအသက် တစ်လ၊ နှစ်လ နဲ့ တစ်နှစ်မှာ ထပ်ထိုးဦးမှာ
သတ်မှတ်တဲ့ ဆေးပမာဏ ပြည့်ပြိဆို စိတ်သိပ်မပူရတော့ပါဘူး
ဒါဆို ကျွန်မသာ ကူးနိုင်ခြေ ရှိနေခဲ့ရင်ရော
အသင့်ဖျော်စပ်ထားတဲ့ ကာကွယ်ဆေး နောက်တစ်မျိုး (passive immunization) ထိုးလို့ရပါတယ်
ဒါပေမယ့် ဈေးကြီးတာရယ် အခုလည်း မလိုလို့လေ
ကလေးကို မွေးမွေးချင်း ဘီပိုးစစ်လို့ ရလား
မစစ်သင့်ဘူး
အမေရဲ့ အမေ့သွေးထဲမှာ ဘီကို ပြန်တိုက်တဲ့ ပဋိပစ္စည်းတွေ ရှိနေတယ် ခုခံအားတွေပေါ့
အဲဒါ ကလေးဆီ သွားနိုင်တယ်
ကလေးဆီမှာ၆လထိ ခံတယ် အဲဒီတော့ မှားပြိး positive ထွက်တတ်တယ်
တစ်ခါတည်း တစ်နှစ်ပြည့် ကာကွယ်ဆေးထိုးခါနီးမှ စစ်ချင်စစ်ပါ၊ ဆရာမကတော့ တစ်နှစ်ခွဲ
နောက်ဆုံးကာကွယ်ဆေးထိုးပြီး ၆လအကြာမှ စစ်စေချင်တယ်
ဟုတ်ကဲ့ပါ ဆရာမ
အမေရယ်
သိပ်မစိုးရိမ်ပါနဲ့နော်
ကျေးဇူးတင်ပါတယ် ဆရာမရယ်
သြော် ယူတတ်ရင် ဒါလေးလည်း ကုသိုလ်တစ်မျိုးပေါ့လေ
ဒေါက်တာယမင်း(ဆေး ၁)
ကြၽန္မကေလး ဘီပိုးကူးမွာလား??
ေဆးရံုတြင္ ျပာယာခတ္ေနေသာ အလုပ္သင္ဆရာဝန္ မယ္ယမင္း ၊ ဒီေန႔ ေမြးမယ့္လူနာက B positive အသည္းေရာင္ အသားဝါ ဘီပိုး ရွိသည္ေပါ့၊ အင္းးး
ဘယ္တတ္နိုင္မလဲေလ
သူက ဗိုက္နာေနၿပီ ၊ ေမြးခန္းထဲမွာ၊ ေမြးခန္းထဲ သြားၾကည့္ေတာ့ သူနဲ႔ အမ်ိဳးသမီးေဖာ္ နွစ္ေယာက္တည္း၊ ဟုတ္ပါရဲ႕ အစကတည္းက ဂ်င္မခါနာ ဘီေဆာင္ဆိုတာ ပိုးရွိသူေတြကို ပို႔တဲ့ေနရာမလားေလ
ဆရာမ
သူ ေခြၽးေတြသန္ေတြ ၾကားက လွမ္းေခၚသည္
ကိုယ့္ကို အနားထိ လာေစခ်င္ပံုရေသာ သူ႔အား အနားထိ သြားေပးလိုက္ပါသည္၊ ေရာဂါဆိုတာ ဘယ္ေလာက္ သတိထားထား ကံပါရင္ ကူးတတ္တာပဲေလ
ေျပာပါ ဘာျဖစ္သလဲ
ေမးစရာေလး ရွိလို႔ပါ ဆရာမ
ေမးပါ
ဟို ဟိုေလ
ကြၽန္မေရာဂါရွိတာ သိပါတယ္
ကေလးကို ကူးနိုင္ မကူးနိုင္ေလး…
ေၾသာ္ မိခင္ေမတၱာ
ကြၽႏု္ပ္ သူမကုတင္ေပၚ တင္ပါးလႊဲထိုင္ရင္း
အေမ့မွာ အခုစစ္ထားတာေတာ့ ဘီပိုးရွိတာေတာ့ မွန္တယ္
ကူးစက္နိုင္ေျခ (HbeAg) မေတြ႕ဘူး
ဒါေၾကာင့္ ဆရာမတို႔က ကေလးေမြးေမြးခ်င္း ဘီပိုးကာကြယ္ေဆး ထိုးေပးမွာ
ဒါ့အျပင္ ကေလးအသက္ တစ္လ၊ နွစ္လ နဲ႔ တစ္နွစ္မွာ ထပ္ထိုးဦးမွာ
သတ္မွတ္တဲ့ ေဆးပမာဏ ျပည့္ၿပိဆို စိတ္သိပ္မပူရေတာ့ပါဘူး
ဒါဆို ကြၽန္မသာ ကူးနိုင္ေျခ ရွိေနခဲ့ရင္ေရာ
အသင့္ေဖ်ာ္စပ္ထားတဲ့ ကာကြယ္ေဆး ေနာက္တစ္မ်ိဳး (passive immunization) ထိုးလို႔ရပါတယ္
ဒါေပမယ့္ ေစ်းႀကီးတာရယ္ အခုလည္း မလိုလို႔ေလ
ကေလးကို ေမြးေမြးခ်င္း ဘီပိုးစစ္လို႔ ရလား
မစစ္သင့္ဘူး
အေမရဲ႕ အေမ့ေသြးထဲမွာ ဘီကို ျပန္တိုက္တဲ့ ပဋိပစၥည္းေတြ ရွိေနတယ္ ခုခံအားေတြေပါ့
အဲဒါ ကေလးဆီ သြားနိုင္တယ္
ကေလးဆီမွာ၆လထိ ခံတယ္ အဲဒီေတာ့ မွားၿပိး positive ထြက္တတ္တယ္
တစ္ခါတည္း တစ္နွစ္ျပည့္ ကာကြယ္ေဆးထိုးခါနီးမွ စစ္ခ်င္စစ္ပါ၊ ဆရာမကေတာ့ တစ္နွစ္ခြဲ
ေနာက္ဆံုးကာကြယ္ေဆးထိုးၿပီး ၆လအၾကာမွ စစ္ေစခ်င္တယ္
ဟုတ္ကဲ့ပါ ဆရာမ
အေမရယ္
သိပ္မစိုးရိမ္ပါနဲ႔ေနာ္
ေက်းဇူးတင္ပါတယ္ ဆရာမရယ္
ေၾသာ္ ယူတတ္ရင္ ဒါေလးလည္း ကုသိုလ္တစ္မ်ိဳးေပါ့ေလ
ေဒါက္တာယမင္း(ေဆး ၁)