အမေနဲ့ ကလေး သွေးမတူဘူးလား?
သွေးအုပ်စု ခွဲသော နည်းလမ်းများစွာ ရှိပါသည်။
ABO
Rh
M&N သည်ဖြင့် ရှိသည့်အထဲတွင် အေ၊ဘီ၊ အေဘီ၊ အို စနစ်သည် အသံးုများ၍ နားယဉ်သော စနစ်ဖြစ်ပါသည်
အမေနဲ့ ကလေး သွေးအမျိုးအစား မတူဘူး၊ အမေက အေ၊ ကလေးက အေဘီ ဖြစ်နိုင်ပါသည်။
အဖေက ဘီဖြစ်လို့ နေမှာပေါ့ ဒါကမဆန်းပါ
ဆန်းသည်က အခုပြောမယ့် Rh
အပေါင်းသွေး အနုတ်သွေး ခေါ်ကြသည်
ဘာများပါလိမ့်
အကယ်၍ ကျွနု်ပ်တို့ သွေးထဲတွင် သွေးနီဥပေါ်၌ Rhအမှတ်အသား ပါနေပါက အပေါင်းသွေး
မပါပါက အနုတ်သွေးသတ်မှတ်သည်
အပေါင်းသွေး သမားများသည် သွေးနီဥပေါ်တွင် အမှတ်အသားပါသည်
အနုတ်သွေးသမားများကား မပါသဖြင့် အကယ်၍ သူတို့သွေးမဟုတ်ပဲ ဝင်လာလျှင် တိုက်နိုင်ရန် အပေါင်းသွေးကို ဖျက်သော ပဋိပစ္စည်းများ ရှိနေတတ်သည်
ပြဿနာက အဲဒီက စတာပါ
အကယ်၍ အမေက အပေါင်းသွေး၊ ကလေးက အနုတ်သွေး
ကိစ္စ သိပ်မရှိပါ
ကလေးမွေးစဉ် အမေရဲ့ အပေါင်းသွေးက ကလေးရဲ့ အနုတ်ထဲ ဝင်ဦးတော့ တိုက်စရာ ပဋိပစ္စည်း မရှိသေးတာများသည်
ဒါဆိုပြောင်းပြန်
အမေအနုတ် ကလေးအပေါင်း
ဒါပြဿနာ ရှိပါသည်
မိခင်ဆီက အပေါင်းဆန့်ကျင် ပဋိပစ္စည်းတွေ ကလေးဆီရောက်သွားပြီး ကံမကောင်းအကြောင်းမလှလျှင် ဝမ်းမမကျွတ်ခင် သေဆုံးတတ်ပါသည်
ဒါကြောင့် ကိုယ်ဝန်အပ်လျှင် သွေးအုပ်စု သေချာပြန်စစ်ပါ
သင် အနုတ်သွေး ဖြစ်နေပါက သင့်ကလေးအတွက် လိုအပ်သည်များကို ဆရာဝန်နှင့် တိုင်ပင်ထားသင့်ပေသည်။
ဒေါက်တာယမင်း(ဆေး ၁)
ABO
Rh
M&N သည်ဖြင့် ရှိသည့်အထဲတွင် အေ၊ဘီ၊ အေဘီ၊ အို စနစ်သည် အသံုးများ၍ နားယဉ်သော စနစ်ဖြစ်ပါသည်
ဘာများပါလိမ့်
အကယ်၍ ကျွန်ုပ်တို့ သွေးထဲတွင် သွေးနီဥပေါ်၌ Rhအမှတ်အသား ပါနေပါက အပေါင်းသွေး
ပြဿနာက အဲဒီက စတာပါ
ကိစ္စ သိပ်မရှိပါ
ဒါဆိုပြောင်းပြန်
အမေအနုတ် ကလေးအပေါင်း
ဒါပြဿနာ ရှိပါသည်
ဒေါက်တာယမင်း(ဆေး ၁)