အိမ်သားတွေနားမှာ ခြင်ဆေးခွေထွန်းသင့်လား
ခြင်ဆေးခွေထွန်းတဲ့အလေ့အကျင့်ဟာ နောက်ပိုင်းမှာ ခြင်ကိုက်မခံရအောင်ကာကွယ်တဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ ခြင်အရမ်းများလာရင် လက်နဲ့မဖယ်ရှားနိုင်တော့ပဲ ခြင်ဆေးထွန်းလိုက်တာနဲ့ ခြင်တွေနည်းသွားတယ်ဆိုပြီး ခြင်ဆေးတွေကိုများများစားစားသုံးလာကြပါတယ်။ ရေတိုအနေနဲ့တော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ အထူးသဖြင့်နုနယ်သေးတဲ့ကလေးတွေမှာပိုပြီးတော့ဂရုစိုက်ရပါတယ်။
ခြင်ဆေးခွေတွေမှာပါဝင်တဲ့ဓာတုပစ္စည်းတွေက ခြင်တွေကိုဆိုးကျိုးဖြစ်စေနိုင်သလို ကလေးငယ်တွေပေါ်မှာလည်း သက်ရောက်နိုင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါအခံရှိသူတွေကို ပိုဆိုးစေနိုင်သလို အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေဖြစ်စေနိုင်ပါတယ်။ အသက်ရှူကြပ်တာ၊ ချောင်းဆိုးတာ၊ ရင်ကြပ်တာ၊ ချွဲထတာတွေအပြင် မူးဝေတာ၊ ခေါင်းကိုက်တာ၊ နေထိုင်မကောင်းဖြစ်တာတွေနဲ့ တွဲနေနိုင်ပါတယ်။ ခြင်ဆေးခွေတစ်ခွေရဲ့အငွေ့ကိုရှူတာဟာ ဆေးလိပ်အလိပ်100ခန့်သောက်တာနဲ့ညီမျှတယ်လို့ဆိုထားပါတယ်။ ဒါကြောင့် ခြင်ဆေးခွေကို အိမ်သားတွေနားမှာမထွန်းတာပိုကောင်းပါတယ်။
ဒါ့အပြင်ခြင်ဆေးခွေထွန်းရင် အလုံပိတ်အခန်းတွေမှာမထွန်းသင့်ပါဘူး။ လေဝင်လေထွက်ရှိနေတဲ့နေရာမှာထွန်းထားမှ အဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင် ခြင်ဆေးအငွေ့ကိုထပ်ခါထပ်ခါရှူနေရရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်နိုင်ပါတယ်။ အကောင်း ဆုံးကတော့ ခြင်ဝင်လာနိုင်တဲ့နေရာတွေမှာထွန်းထားပြီး အိမ်သားတွေကဝေးဝေးမှာနေတာပိုကောင်းပါတယ်။ ခြင်ဆေးငွေ့ပြယ်ပြီး ခြင်လည်းပြေးမှအခန်းထဲပြန်ဝင်တာပိုသင့်တော်ပါတယ်။
သတိထားရမှာက ခြင်ပြေးဖို့အတွက် ခြင်ဆေးခွေထွန်းတာက တစ်ခုတည်းသောနည်းလမ်းမဟုတ်တာပါပဲ။ ခြင်ထောင်ထောင်တာ၊ အင်္ကျီရှည်၊ ဘောင်းဘီရှည်တွေဝတ်တာ၊ ခြင်ပြေးတဲ့ဆေးတွေလိမ်းတာတွေအပြင် ခြင်တွေမပေါက်အောင်လည်းကာကွယ်သင့်ပါတယ်။ ခြင်ဆေးခွေကနေထွက်တဲ့အနံ့တွေဟာ လူတွေကောခြင်တွေအတွက်ပါ ဘေးတွေ့နိုင်တာကို
သတိထားဖို့လိုပါတယ်။
ဒါကြောင့်ခြင်ဆေးခွေထွန်းတာတစ်ခုတည်းနဲ့ ခြင်ကိစ္စကိုမကာကွယ်ပဲ အခြားနည်းလမ်းတွေနဲ့ကာကွယနိုင်အောင်လည်းကြိုးစားရပါမယ်။ အတတ်သာလို့ထွန်းရပြီဆိုရင်လည်း အိမ်သားတွေနဲ့ဝေးဝေးမှာထွန်းပြီး ခြင်ဆေးခွေကြောင့်ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချရပါမယ်။
Dr. ZZ
အိမ္သားေတြနားမွာ ျခင္ေဆးေခြထြန္းသင့္လား
ျခင္ေဆးေခြထြန္းတဲ့အေလ့အက်င့္ဟာ ေနာက္ပိုင္းမွာ ျခင္ကိုက္မခံရေအာင္ကာကြယ္တဲ့နည္းလမ္းတစ္ခုျဖစ္လာပါတယ္။ ျခင္အရမ္းမ်ားလာရင္ လက္နဲ႔မဖယ္ရွားႏိုင္ေတာ့ပဲ ျခင္ေဆးထြန္းလိုက္တာနဲ႔ ျခင္ေတြနည္းသြားတယ္ဆိုၿပီး ျခင္ေဆးေတြကိုမ်ားမ်ားစားစားသံုးလာၾကပါတယ္။ ေရတိုအေနနဲ႔ေတာ့ အလုပ္ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ေရရွည္မွာေတာ့ ဆိုးက်ဳိးေတြရိွလာႏိုင္ပါတယ္။ အထူးသျဖင့္ႏုနယ္ေသးတဲ့ကေလးေတြမွာပိုၿပီးေတာ့ဂ႐ုစိုက္ရပါတယ္။
ျခင္ေဆးေခြေတြမွာပါဝင္တဲ့ဓာတုပစၥည္းေတြက ျခင္ေတြကိုဆိုးက်ဳိးျဖစ္ေစႏိုင္သလို ကေလးငယ္ေတြေပၚမွာလည္း သက္ေရာက္ႏိုင္ပါတယ္။ ပန္းနာရင္ၾကပ္ေရာဂါအခံရိွသူေတြကို ပိုဆိုးေစႏိုင္သလို အသက္႐ႉလမ္းေၾကာင္းဆိုင္ရာေဝဒနာေတြျဖစ္ေစႏိုင္ပါတယ္။ အသက္႐ႉၾကပ္တာ၊ ေခ်ာင္းဆိုးတာ၊ ရင္ၾကပ္တာ၊ ခြၽဲထတာေတြအျပင္ မူးေဝတာ၊ ေခါင္းကိုက္တာ၊ ေနထိုင္မေကာင္းျဖစ္တာေတြနဲ႔ တြဲေနႏိုင္ပါတယ္။ ျခင္ေဆးေခြတစ္ေခြရဲ႕အေငြ႕ကို႐ႉတာဟာ ေဆးလိပ္အလိပ္100ခန္႔ေသာက္တာနဲ႔ညီမွ်တယ္လို႔ဆိုထားပါတယ္။ ဒါေၾကာင့္ ျခင္ေဆးေခြကို အိမ္သားေတြနားမွာမထြန္းတာပိုေကာင္းပါတယ္။
ဒါ့အျပင္ျခင္ေဆးေခြထြန္းရင္ အလံုပိတ္အခန္းေတြမွာမထြန္းသင့္ပါဘူး။ ေလဝင္ေလထြက္ရိွေနတဲ့ေနရာမွာထြန္းထားမွ အဆင္ေျပပါလိမ့္မယ္။ မဟုတ္ရင္ ျခင္ေဆးအေငြ႕ကိုထပ္ခါထပ္ခါ႐ႉေနရရင္ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အထိျဖစ္ႏိုင္ပါတယ္။ အေကာင္း ဆံုးကေတာ့ ျခင္ဝင္လာႏိုင္တဲ့ေနရာေတြမွာထြန္းထားၿပီး အိမ္သားေတြကေဝးေဝးမွာေနတာပိုေကာင္းပါတယ္။ ျခင္ေဆးေငြ႕ျပယ္ၿပီး ျခင္လည္းေျပးမွအခန္းထဲျပန္ဝင္တာပိုသင့္ေတာ္ပါတယ္။
သတိထားရမွာက ျခင္ေျပးဖို႔အတြက္ ျခင္ေဆးေခြထြန္းတာက တစ္ခုတည္းေသာနည္းလမ္းမဟုတ္တာပါပဲ။ ျခင္ေထာင္ေထာင္တာ၊ အက်ႌရွည္၊ ေဘာင္းဘီရွည္ေတြဝတ္တာ၊ ျခင္ေျပးတဲ့ေဆးေတြလိမ္းတာေတြအျပင္ ျခင္ေတြမေပါက္ေအာင္လည္းကာကြယ္သင့္ပါတယ္။ ျခင္ေဆးေခြကေနထြက္တဲ့အနံ႔ေတြဟာ လူေတြေကာျခင္ေတြအတြက္ပါ ေဘးေတြ႕ႏိုင္တာကို
သတိထားဖို႔လိုပါတယ္။
ဒါေၾကာင့္ျခင္ေဆးေခြထြန္းတာတစ္ခုတည္းနဲ႔ ျခင္ကိစၥကိုမကာကြယ္ပဲ အျခားနည္းလမ္းေတြနဲ႔ကာကြယႏိုင္ေအာင္လည္းႀကိဳးစားရပါမယ္။ အတတ္သာလို႔ထြန္းရၿပီဆိုရင္လည္း အိမ္သားေတြနဲ႔ေဝးေဝးမွာထြန္းၿပီး ျခင္ေဆးေခြေၾကာင့္ျဖစ္ႏိုင္တဲ့ ေဘးထြက္ဆိုးက်ဳိးေတြကို ေလွ်ာ့ခ်ရပါမယ္။
Dr. ZZ