ခြင်ကိုက်ဖုက အနာဖြစ်လာလျှင်

လူတိုင်း ခြင်ကိုက်ခံရဖူးကြမှာပါ။

ခြင်ကိုက်ခံရတဲ့အခါ ပုံမှန်ဆိုရင်တော့ အယားဖုလေးဖြစ်ပြီးနောက်တော့ ပျောက်သွားတာပါပဲ။ဒါက အဆန်းတကျယ်ကိစ္စမဟုတ်ပါဘူး။

ဒါပေမယ့် တစ်ခါတစ်လေကျ အဖုအပိန့်လေးကနေမှ မန်းရည်ဖုများဖြစ်လာပြီး အနာဖြစ်သည်အထိ ဖြစ်တတ်ပါတယ်။

ဘယ်လိုအခြေအနေမှာ အနာတွေဖြစ်တတ်သလဲ?

ဓါတ်မတည့်ရောဂါရှိတဲ့လူတွေမှာဖြစ်တတ်သလို ခြင်ကိုက်ဖုကိုကုတ်မိလို့ပဲ့ပြီးတော့လဲ အနာဖြစ်တတ်ပါတယ်။

ခြင်ကိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်သလဲ?

ခြင်မဟာ နှုတ်သီးနဲ့ လူ့အရေပြားကိုဖောက်ပြီး သွေးကြောသေးသေးလေးတွေထဲကို သူ့ရဲ့တံတွေးရည်တွေထိုးသွင်းလိုက်ပါတယ်။ပြီးတာနဲ့ လူ့သွေးကို ပြန်စုပ်ယူသွားပါတယ်။ခြင်ရဲ့တံတွေးရည်မှာပါတဲ့ ဓါတ်ပစ္စည်းတွေဟာ သွေးခဲခြင်းကိုတားဆီးပြီး ကိုက်ခံရတဲ့နေရာမှာ ပူခြင်း၊နီခြင်း၊ယောင်ခြင်း၊နာခြင်း၊ယားခြင်းစတဲ့ ရောင်ရမ်းခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ်။ပုံမှန်ဆိုရင်တော့ ကိုက်ခံရတဲ့နေရာမှာ အယားဖုသေးသေးလေးဖြစ်ပြီး နာရီပိုင်းအကြာမှာပျောက်သွားတတ်ပေမယ့် အချို့လူတွေမှာ ထို့ထက်ပိုဆိုးတဲ့ဖြစ်စဉ်တွေဖြစ်တတ်ကြပါတယ်။ခြင်ရဲ့ တံတွေးရည်မှာပါတဲ့ ဓါတ်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ကြတဲ့လူအချို့မှာ မန်းရည်ဖုတွေ အနာတွေပေါ်လာတတ်ပါတယ်၊၊ အချို့ဆို ပြင်းထန်တဲ့ဓါတ်မတည့်ခြင်း(Anaphylaxis)တောင် ရတတ်ပါတယ်။ဒါပေမယ့် ဒီဖြစ်စဉ်ဟာ ခြင်ထက်စာရင် အခြားအင်းဆက်တွေဖြစ်တဲ့ ပျား၊ပိတုန်းတို့ ကင်းတို့အကိုက်ခံရတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ အကယ်၍ ဓါတ်မတည့်မှုဖြစ်ပေါ်ပါက နီးစပ်ရာဆေးခန်းသို့အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။

ခြင်ကိုက်ခံရသောအနာ၊ရောင်ရမ်းခြင်းကို ဘယ်လိုသက်သာအောင်လုပ်မလဲ?

၁။ကိုက်ခံရသော ခြေထောက်ကိုမြှောက်ထားပြီး အနာ/ရောင်တဲ့နေရာကို ရေခဲကပ်ပေးနိုင်ပါတယ်။

၂။မန်းရည်နာကို ဆပ်ပြာ၊ရေဖြင့် အသာအယာမပေါက်မပြဲအောင် သန့်ရှင်းပေးပါ။

၃။ယားယံခြင်း၊ရောင်ခြင်းမသက်သာလျှင် စတီးရွိုက်ပါသောလိမ်းဆေးလိမ်းခြင်း၊ယားယံမှုကိုသက်သာစေသောဆေးများ(ဥပမာ-cetirizine,loratadine)တို့ကို ဆေးညွှန်းအတိုင်း သောက်သုံးနိုင်ပါတယ်။

၄။အကယ်၍ ခြင်ကိုက်နာတွင် ပိုးဝင်ခြင်းလက္ခဏာ(ပြည်တည်ခြင်း၊ရောင်ရမ်းမှုမကျခြင်း)ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသ၍ကုသမှုခံယူသင့်ပါသည်။

ဒီလိုတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

လွယ်ကူရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်ဖို့ပါပဲ။

ကိုက်ခံရတဲ့အခါမှာလဲ အရေပြားပေါက်ပြဲအောင် ကုတ်တာဖဲ့တာတွေ မလုပ်ဖို့၊လက်သည်းပုံမှန် ညှပ်ထားဖို့ လိုပါတယ်။လက်သည်းပုံမှန်ညှပ်ခြင်း၊လက်ကိုသန့်ရှင်းစွာထားခြင်းဟာ ကူးစက်ရောဂါပိုးအတော်များများကို ကာကွယ်ထားစေပြီးလဲ ဖြစ်ပါတယ်။

ခြင်ဟာ အထက်ပါဖြစ်စဉ်များအပြင် အသက်အန္တာရယ်ခြိမ်းခြောက်နိုင်သော သွေးလွန်တုပ်ကွေး၊ငှက်ဖျား စတာတွေကိုဖြစ်စေတဲ့တရားခံဖြစ်တဲ့အတွက် ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းဖြင့် မိမိအသက်ကိုကာကွယ်ရာလဲရောက်ပါတယ်။

drye’lwin

ျခင္ကိုက္ဖုက အနာျဖစ္လာလွ်င္

လူတိုင္း ျခင္ကိုက္ခံရဖူးၾကမွာပါ။

ျခင္ကိုက္ခံရတဲ့အခါ ပံုမွန္ဆိုရင္ေတာ့ အယားဖုေလးျဖစ္ၿပီးေနာက္ေတာ့ ေပ်ာက္သြားတာပါပဲ။ဒါက အဆန္းတက်ယ္ကိစၥမဟုတ္ပါဘူး။

ဒါေပမယ့္ တစ္ခါတစ္ေလက် အဖုအပိန္႔ေလးကေနမွ မန္းရည္ဖုမ်ားျဖစ္လာၿပီး အနာျဖစ္သည္အထိ ျဖစ္တတ္ပါတယ္။

ဘယ္လိုအေျခအေနမွာ အနာေတြျဖစ္တတ္သလဲ?

ဓါတ္မတည့္ေရာဂါရွိတဲ့လူေတြမွာျဖစ္တတ္သလို ျခင္ကိုက္ဖုကိုကုတ္မိလို႔ပဲ့ၿပီးေတာ့လဲ အနာျဖစ္တတ္ပါတယ္။

ျခင္ကိုက္တဲ့အခါ ခႏၶာကိုယ္မွာ ဘယ္လိုျဖစ္သလဲ?

ျခင္မဟာ ႏႈတ္သီးနဲ႔ လူ႔အေရျပားကိုေဖာက္ၿပီး ေသြးေၾကာေသးေသးေလးေတြထဲကို သူ႔ရဲ႕တံေတြးရည္ေတြထိုးသြင္းလိုက္ပါတယ္။ၿပီးတာနဲ႔ လူ႔ေသြးကို ျပန္စုပ္ယူသြားပါတယ္။ျခင္ရဲ႕တံေတြးရည္မွာပါတဲ့ ဓါတ္ပစၥည္းေတြဟာ ေသြးခဲျခင္းကိုတားဆီးၿပီး ကိုက္ခံရတဲ့ေနရာမွာ ပူျခင္း၊နီျခင္း၊ေယာင္ျခင္း၊နာျခင္း၊ယားျခင္းစတဲ့ ေရာင္ရမ္းျခင္းျဖစ္စဥ္ကို ျဖစ္ေပၚေစပါတယ္။ပံုမွန္ဆိုရင္ေတာ့ ကိုက္ခံရတဲ့ေနရာမွာ အယားဖုေသးေသးေလးျဖစ္ၿပီး နာရီပိုင္းအၾကာမွာေပ်ာက္သြားတတ္ေပမယ့္ အခ်ိဳ႕လူေတြမွာ ထို႔ထက္ပိုဆိုးတဲ့ျဖစ္စဥ္ေတြျဖစ္တတ္ၾကပါတယ္။ျခင္ရဲ႕ တံေတြးရည္မွာပါတဲ့ ဓါတ္ပစၥည္းေတြနဲ႔ ဓါတ္မတည့္ၾကတဲ့လူအခ်ိဳ႕မွာ မန္းရည္ဖုေတြ အနာေတြေပၚလာတတ္ပါတယ္၊၊ အခ်ိဳ႕ဆို ျပင္းထန္တဲ့ဓါတ္မတည့္ျခင္း(Anaphylaxis)ေတာင္ ရတတ္ပါတယ္။ဒါေပမယ့္ ဒီျဖစ္စဥ္ဟာ ျခင္ထက္စာရင္ အျခားအင္းဆက္ေတြျဖစ္တဲ့ ပ်ား၊ပိတုန္းတို႔ ကင္းတို႔အကိုက္ခံရတဲ့လူေတြမွာ ပိုအျဖစ္မ်ားပါတယ္။ အကယ္၍ ဓါတ္မတည့္မႈျဖစ္ေပၚပါက နီးစပ္ရာေဆးခန္းသို႔အျမန္ဆံုးသြားေရာက္ၿပီး ကုသမႈခံယူသင့္ပါတယ္။

ျခင္ကိုက္ခံရေသာအနာ၊ေရာင္ရမ္းျခင္းကို ဘယ္လိုသက္သာေအာင္လုပ္မလဲ?

၁။ကိုက္ခံရေသာ ေျခေထာက္ကိုေျမႇာက္ထားၿပီး အနာ/ေရာင္တဲ့ေနရာကို ေရခဲကပ္ေပးႏိုင္ပါတယ္။

၂။မန္းရည္နာကို ဆပ္ျပာ၊ေရျဖင့္ အသာအယာမေပါက္မၿပဲေအာင္ သန္႔ရွင္းေပးပါ။

၃။ယားယံျခင္း၊ေရာင္ျခင္းမသက္သာလွ်င္ စတီးရြိဳက္ပါေသာလိမ္းေဆးလိမ္းျခင္း၊ယားယံမႈကိုသက္သာေစေသာေဆးမ်ား(ဥပမာ-cetirizine,loratadine)တို႔ကို ေဆးၫႊန္းအတိုင္း ေသာက္သံုးႏိုင္ပါတယ္။

၄။အကယ္၍ ျခင္ကိုက္နာတြင္ ပိုးဝင္ျခင္းလကၡဏာ(ျပည္တည္ျခင္း၊ေရာင္ရမ္းမႈမက်ျခင္း)ျဖစ္ေပၚပါက ဆရာဝန္ႏွင့္ ျပသ၍ကုသမႈခံယူသင့္ပါသည္။

ဒီလိုေတြ မျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ?

လြယ္ကူ႐ိုးရွင္းဆံုးနဲ႔အထိေရာက္ဆံုးနည္းလမ္းကေတာ့ ျခင္ကိုက္မခံရေအာင္ ကာကြယ္ဖို႔ပါပဲ။

ကိ္ုက္ခံရတဲ့အခါမွာလဲ အေရျပားေပါက္ၿပဲေအာင္ ကုတ္တာဖဲ့တာေတြ မလုပ္ဖို႔၊လက္သည္းပံုမွန္ ၫွပ္ထားဖို႔ လိုပါတယ္။လက္သည္းပံုမွန္ၫွပ္ျခင္း၊လက္ကိုသန္႔ရွင္းစြာထားျခင္းဟာ ကူးစက္ေရာဂါပိုးအေတာ္မ်ားမ်ားကို ကာကြယ္ထားေစၿပီးလဲ ျဖစ္ပါတယ္။

ျခင္ဟာ အထက္ပါျဖစ္စဥ္မ်ားအျပင္ အသက္အႏၲာရယ္ၿခိမ္းေျခာက္ႏိုင္ေသာ ေသြးလြန္တုပ္ေကြး၊ငွက္ဖ်ား စတာေတြကိုျဖစ္ေစတဲ့တရားခံျဖစ္တဲ့အတြက္ ျခင္ကိုက္မခံရေအာင္ကာကြယ္ျခင္းျဖင့္ မိမိအသက္ကိုကာကြယ္ရာလဲေရာက္ပါတယ္။

drye’lwin

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…