‘‘ ဟိုဟာ လေးက ပန်းပန်လျက်ပါ ’’

‘‘ဒေါက်တာရေ သားလေး ဒီ မနက် စ, ဖျားတယ်။ ဟိုဟာ ဖြစ်နေပြီ ထင်တယ်’’
‘‘သမီးလေး ဖျားပြီး နှာစေး, ချောင်းဆိုးဖြစ်နေတာ သုံးရက်ရှိပြီ။ ဟိုဟာလား မသိဘူး ’’
‘‘ကလေးက အန်ပြီး ဝမ်းလျှောလို့ ’’ ဟို ဥစ္စာလားလို့ စိတ်ပူနေတယ်’’
စသည်ဖြင့် စသည်ဖြင့် ‘‘ဟိုဟာ’’ ‘‘ဟိုဥစ္စာ’’ ‘‘ဟိုဒင်း’’ နှင့် ‘‘ဟိုလောကကြီး’’ ဖြစ် နေသည်မှာ ကြာပါပြီ။ နှစ်လေး
ဆယ်ကျော် ပါပြီ ယခုလည်း ပန်းပန်ဆဲပါ။ သူ့ကို နည်းမျိုးစုံ ဖြင့် တိုက်ထုတ်ခဲ့ကြပါသည်။ အောင်မြင်သင့်သလောက်
အောင်မြင်ခဲ့သော်လည်း။ နောက် တစ်နည်းတစ်ဖုံဖြင့် ပြန်လည်ထကြွလာသည်သာ။ နည်းတစ်မျိုးဖြင့် တိုက်ထုတ်လိုက်၊
နောက် နည်းတစ်ဖုံဖြင့် ပြန်လာလိုက်နှင့် အတိုက်အလာ သံသရာကြီးကား ဝဲသြဃကြီးပမာလည်ပတ် လျက် ရှိနေပါသည်။
တိုက်ခိုက်သည့် အပိုင်းက လိုအပ်နေသလော? သည်လိုလည်း မဟုတ် ပေ။ ကမ္ဘာ့စံချိန်မီ စနစ်တစ်ကျတိုက်ထုတ်နေပါသည်။
တစ်ကျော့ပြီး တစ်ကျော့ဝင်လာသည့် အပိုင်းက, အားကြီးနေသလော? အားကြီးသည်ဟု မဆိုသာသော်လည်း၊ ပုံစံမျိုးစုံ
နည်းအဖုံဖုံ ဖြင့် မရိုးနိုင်အောင် ရောသမ မွှေနေသည်မှာ ကြာလှပေါ့၊ ကြာလှပေါ့။
ထို ‘‘ဟိုဟာ’’ ၊ သည် ‘‘ဟိုဒင်း’’ ဖြင့် တစ်ဟိုဟိုကို လူတိုင်း ကြောက်ကြသည်။ ထိတ်လန့်ကြသည်။ အသံပင် မကြားလိုကြပေ။
အသက်အရွယ် မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ယောက်ျားမိန်းမ, မရွေး၊ လူမျိုး ဘာသာမရွေး၊ တစ်ညီတစ်ညွတ်တည်း ကြောက်ကြ သည်သာ။

ဘာကြောင့် ပန်းပန်နေဆဲလဲ ?
ကျန်းမာရေး ဝန်ထမ်းတိုင်း ‘‘ဟိုဟာ’’ အကြောင်း ကောင်းကောင်းသိကြပါသည်။ မကြာခဏလည်း ဉာဏ်သစ်လောင်း
သင်တန်းများ၊ နိုင်ငံတစ်ကာ အစည်းအဝေးများ၊ စသည် ဖြင့် ကျန်းမာရေးဝန်းထမ်း အဆင့်ဆင့်ကို အားမွေး ပေးနေပါသည်။
ကလေးဘမိဘများလည်း ထို ‘‘ဟိုဒင်း’’ အကြောင်း သိသင့်သလောက် သိကြပါသည်။ ကလေး မိဘဟု အထူးပြု၍ တိုက်ပွဲဆင်
စမြဲပင်။ ကလေးများကို ဒုက္ခပေးသည်သာမက အသက်အန္တရာယ်ကိုပင် ဖြစ်စေ ပါသည်။ ‘‘ဟိုဟာ’’ သည် မာယာလက်နက်
လွန်ထက်မြတ်ပြီး အဖက်ဖက်မှ ပုံစံမျိုးစုံဖြင့် တိုက် စစ်ဆင်နေသည်မှ မရိုးနိုင်အောင်ပင်။ ကလေးများသည် ‘‘ဟိုဟာ’’
၏ ပုံမှန်လက္ခဏာဖြင့် ဖြစ်ပွားလျှင် မိဘများသည် စောစီးစွာ သိကြသည်ပင်။ သို့ဆိုလျှင် လိုအပ်သော ကုသချက်များ
အလျင်အမြန်ပြုလုပ်နိုင်ပြီး ကလေးလည်း အန္တရာယ်ကင်းမည်သာ ဖြစ်ပါသည်။ သို့ရာတွင် ပြဿနာမှာ ပုံစံ လက္ခဏာ အမျိုးမျိုးဖြင့်
လိုက်၍ မမီအောင် ထူးခြားဆန်းပြားနေ သဖြင့် ဆရာဝန်များ၊ မိဘများကို နည်းမျိုးစုံဖြင့် လှည့်စားနေပါတော့သည်။
ရှေးဦးစွာ လူထုကျန်းမာရေးဆိုင်ရာ လှည့်ကွက်များကို ဖော်ပြပါမည်။ ယခင်က ‘‘ဟိုဟာ’’ သည် မိုးရာသီ၏ ရောဂါဟုသာ
လူသိများခဲ့ပါသည်။ အကြောင်းမှာ၊ ထိုရောဂါ ကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးတို့ကို သယ်ဆောင်ပေးသော ခြင်ကျားတို့သည်
မိုးရာသီတွင် ပေါက် ဖွားပွားများကြသောကြောင့် ဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင်ကား ‘‘ဟိုဟာ’’ သည် ရာသီ၏
ကိုယ်စားလှယ် စစ်စစ် မဟုတ်တော့ပဲ၊ တစ်နှစ်ပတ်လုံး သတိထားစရာ ရန်သူတော်ကြီး ဖြစ်လာ ပါတော့သည်။ သူသည်လည်း
ပိတောက်ပန်းကဲ့သို တစ်နှစ် တစ်လ၊ တစ်လတွင် တစ် ရက်၊ ပွင့်သည် မဟုတ်တော့ပဲ၊ တစ်နှစ်တွင် သုံးလေးကြိမ်မျှ ပွင့်သကဲ့သို့၊
သစ္စာတရား လက်ကိုင်မထားတော့လေသလားကွယ်။ ခြင်များ တစ်ဆယ့်နှစ်လရာသီ ပေါက်ဖွား၍ ပင်လား? ဗိုင်းရပ်စ်ပိုးများ၏
ပေါက်ဖွားမှု ပြောင်းလဲသွား၍ပင်လား? ဘာလား? ညာလား? နောက်ပြဿနာ ‘‘ဟိုဟာ’’ သည် လွန်ခဲ့သော နှစ်ပေါင်း
လေးဆယ်ကျော်က မြန်မာ နိုင်ငံသို့ ချဉ်းနင်းဝင်ရောက်ခါစတွင် ‘‘မြို့ကြီးသားရောဂါ’’ ဟု သာ ဆိုရပါမည်။ မြို့ကြီးများ
တွင်သာ ဖြစ်လေ့ရှိပြီး၊ တောရွာများတွင် ဖြစ်လေ့မရှိပေ။ ကိုက်သည့် ခြင်ကျားကလည်း လူရွေး၍ ကိုက်သည်ဟုပင်
ဆိုရလေမည်လားမသိ။ အာဟာရပြည့်ဝ၍ ချစ်စဖွယ် ကလေးများ ကိုသာ ရွေး၍ ကိုက်သဖြင့် ထိုကလေးများ ‘‘ဟိုဟာ’’
အဖြစ်များကြပါသည်။ ယခု နောက်ပိုင်း တွင်မူ ‘‘ဟိုဟာ’’ သည် တောရွာအရောက် ခရီးပေါက်နေပြီး၊ ခြင်ကျားဦးရေနည်း
ပါးလှသည် ဟု ဆိုထားသော တောင်ပေါ်ဒေသအထိ နယ်ချဲ့နေပါတော့သည်။ အာဟာရပြည့်သော ကလေးကိုသာ
မကိုက်တော့ပဲ၊ လူတန်းစားကွဲပြားမှု မရှိ၊ ပိန်ပိန် ၀၀၊ ချမ်းသာဆင်းရဲ မခွဲတော့ပဲ အားလုံးကို မျှမျှတတ ကိုက်ပါတော့သည်။
သို့ဖြစ်၍ ရောဂါဖြစ်သည့် ဘောင်သည် လွန်စွာကျယ်ဝန်းလာသောကြောင့်ပင် အသေအပျောက်များလေသည်လား မဆိုနိုင်ပေ။
အထက်ပါ အချက်အလက်များသည် လူထု ကျန်းမာရေးဆိုင်ရာ လှည့်ကွက်များ ဖြစ်ပါသည်။

ရောဂါလကဏ္ခာ လှည့်ကွက်များ

ရောဂါ၏ ပုံမှနခလက္ခဏာအရ ကိုယ်ပူကိုပူရပါမည်။ ကိုယ်မပူလျှင် ‘‘ဟိုဟာ’’ မဟုတ် ဟုပင် ဆိုရမလောက်
ကိုယ်ပူခြင်းသည် အရေးကြီးပါသည်။ ရောဂါဖြစ်သူ ရာနှုန်းပြည့်တွင် ကိုယ်ပူသည် သာမက၊ ကိုယ်ပူကြီးကြပါသည်။
ခပ်နွေးနွေးပူခြင်းမဟုတ်ပါ။ ကိုယ်ပူလျှင်လည်း အောက်ထက်သုံးရက်မှ ငါးရက်ပူကြပါသည်။ တစ်ခဏဖြင့် ကျသွားသော
အဖျားမဟုတ်ပါပေ။ ကိုယ်ပူကျဆေး တိုက်လျှင်လည်း ဆေး၏ အာနိသင်ကုန်လျှင် အဖျားပြန်တက်စမြဲပင်။ ဗိုင်းရပ်စ်ပိုးများ
သွေးကြောများတွင် ပျံ့နှံ့နေချိန်တွင် ကလေးသည် ချမ်းတုန်၍ ဖျားတတ်ပါ သည်။ ထိုအခါ ငှက်ဖျားသင်၍ ငှက်ဖျားအတွက်သာ
ဦးစားပေး၍ ကုသပါတော့သည်။ လွဲပြန်ပါ ချေပြီ။
ယခုနောက်ပိုင်းတွင်မူ မန္ခာကိုယ်အတွင်းသို့ ဗိုင်းရပ်စ်ပိုးဝင်နှုန်းများ၍လား၊ ကလေး များ၏ ခုံခံမှုအားတို့ နည်းလာ၍လား
၊ ကလေးများ၏ ခုံခံမှုအားတို့နည်းလာ၍လားမသိ၊ နေ့ရောညပါ ချမ်းတုန်၍ ဖျားကြပါသည်။ ယခင်က, လို ရံခါ ချမ်းတုန်ခြင်းမှာသာ
မရပ်တံ့ တော့ပေ။ ထိုအခါ ငှက်ဖျားဖြစ်သည်ဟူသော ခံယူချက်တို့က ပို၍ မြဲလာပြန်ပါသည်။ ကုသမှု လွဲရပြန်ပါပြီ။ ငှက်ဖျားနှင့်
ဒွန်တွဲ၍ ‘‘ဟိုဟာ’’ ဖြစ်လျှင်မူ ကလေး ကံကောင်းနိုင်ပါသည်။ အရေးကြီသော အင်္ဂါများ၊ ဥပမာ အသည်း၊ နှလုံး စသည်တို့မှ
သွေးယိုခြင်းတို့မှာ ဖြစ်ခဲလှ ပါသည်။ ဖြစ်လျှင်လည်း ဖျားပြီး နောက်ပိုင်းရက်တော်တော်ကြာမှ ဖြစ်လေ့ရှိကြပါသည်။
ယခုအခါတွင်မူ ရောဂါ အစ, ပိုင်းတွင် နေရာတစ်ကာမှ သွေးယိုသော လက္ခ အစ, ပိုင်းတွင် နေရာတစ်ကာမှ သွေးယိုသော
လက္ခဏာများ ပြတတ်ပါသည်။ ထိုအခါ သွေးနှင့် ပတ်သက်သော ရောဂါများလားဟူသော သံသယများဝင်လာတတ်ပါသည်။
အရေပြားတွင် လည်း အရေပြားအောက်တွင် အနီစက်ထွက်ရုံသာမက၊ အရေပြားပေါ်တွင်လည်း အင်ပျဉ် အသွင် အနီဖုများလည်း
ပေါ်လာတတ်သဖြင့် ဝက်သက်ရောဂါနှင့် မှားတတ်ပြန်ပါသည်။ မာယာ သခင်မ, လေး ‘‘ဟိုဟာ’’ ပါကလား။

တုပ်ကွေးအသွင် လာချေပြီ
‘‘ဟိုဟာ’’ စစ်စစ် ဖျားပြီး သွေးယိုခြင်းသာ လက္ခ အမှန်ဟု ပညာရှင်တို့ ဆိုခဲ့ကြပါ သည်။ ဖျားလည်းဖျား၊ နှာယိုချောင်းဆိုး
လည်း ဖြစ်ဆိုလျှင် အသက်ရှုလမ်းကြောင်းပိုးဝင်သည် ဟုသာ သတ်မှတ်ခဲ့ကြပါသည်။ နှာယိုချောင်းဆိုးရှိလာလျှင် ‘‘ဟိုဟာ’’
မဟုတ်ဘူးဟုပင် အာမခံခဲ့ကြပါသည်။ ယခုမူ ‘‘ဟိုဟာ’’ သည် တုပ်ကွေး ရောဂါ(Influenga) ဆန်ဆန် ဖျားလည်းဖျား၊
ကိုယ်လက်ကိုက်ခဲ၍ နှာနည်းနည်းယို၊ ချောင်းလေးလည်း ဆိုးလို့ပါလား။ သို့ဆိုလျှင် ‘‘ဟိုဟာ’’ မဟုတ်ဘူး ဟု ဆရာဝန်က
ရဲရဲကြီး တာဝန်ခံရဲပါတော့မလား။
ဗိုက်နာလျှင် မပေါ့ပါနှင့်
ကိုယ်ပူပြီး နှစ်ရက် သုံးရက် မြောက်နေ့တွင် ကလေးက ဗိုက်နာသည်ဟု ဆိုလျှင် ပေါ့ပေါ့ဆဆ ခံယူ၍ မရပေ။ လေနာတာပါ၊
သန်ထတာပါ ဟု အထင်ရှိပြီး ဆေးမြီတိုဖြင့် ကုလျှင် မရဏမင်း ကို လက်ယပ်ခေါ်လိုက်သည်နှင့် အတူတူပင်။ ရောဂါ၏
ဖြစ်စဉ်အရ ဖျားပြီး နှစ်ရက်သုံးရက် ဆိုလျှင်လည်း အသည်းကြီးလာတတ်ပါသည်။ အသည်းကြီးလာခြင်းသည် သွေးလန့်ခြင်း
(Shock) ဖြစ်လာနိုင်သည် ဟု ဆိုလိုပါသည်။ သို့ဖြစ်၍ ကိုယ်ပူပြီး ဗိုက်နာလျှင် ဆရာဝန်ထံ အမြန်ပြသင့်ပါသည်။ ကိုယ်ပူခြင်းကို
ဦးစားမပေးပဲ၊ ဗိုက်နာခြင်းကိုသာ ဦးစားပေး၍ ပြောလျှင်လည်း ဆရာဝန်သည် အူအတတ်ပေါက်ခြင်း၊ အူပိတ်ခြင်းအစရှိသည့်
ခွဲစိတ်ရမည့် ရောဂါများ အကြောင်းသာ အာရုံရောက်သွားတတ်ပါသည်။ ကိုယ်ပူခြင်းနှင့် ဗိုက်နာခြင်းကို တွဲ၍ ပြောရပါမည်။
ဆရာဝန်ကလည်း ကိုယ်ပူပြီးဗိုက်နာတာလား၊ ကိုယ်မပူပဲ နာတာလား၊ ဗိုက်စ်မည်သည့် အပိုင်းမှ နာသည်လဲ စသည်ဖြင့်
သေချာစွာ မေးမြန်းစမ်းသပ်ရပါမည်။ များသောအားဖြင့် အသည်းတည်ရှိသော နေရာဖြစ်သည့် ဝမ်းဗိုက်အထက်ပိုင်း ညာဖက်က
နာတတ်အောင့်တတ်ပါသည်။ ရံခါ ဝမ်းဗိုက်အထက်ပိုငး ဘယ်ဖက်နှင့် အလယ် ဖက်တို့ အောင့်တတ်ပါသည်။ အကြောင်းမှာ
အစာအိမ်မှ သွေးယို၍သော်လည်းကောင်း၊ အသည်း၏ ဘယ်ဖက်အခြမ်းကြီးလာလျှင် သော်လည်းကောင်း၊ ဤသို့
‘‘ရင်ခေါင်း အောင့်သည်’’ ဟူသော ဝေဒနာ သည် ယခုနောက်ပိုင်းတွင် အဖြစ်များလာပါသည်။ အစာ အိမ်ရောင်သည်၊
အစာ အစာအိမ် အနာပေါက်သည် ဟု ရံခါ အထင်မှားတတ်ကြပါသည်။

အန်တယ် အန်တတ်တယ်

ယခုနောက်ပိုင်းတွင် မာယာလမ်းကြောင်း အသွင်ပြောင်းပြန်ပါပြီ။ ကလေးသည် ဖျားပြီး သွေး မယိုသေးပဲ အန်တတ်ကြပါ
သည်။ ဖျားပြီး အန်သောကြောင့် ဦးနှောက်ရောင်ခြင်း၊ ဦးနှောက် အမြှေးပါးရောင်ခြင်း စသည်တို့များလားဟု အတွေးမှားကြ
ရပြန်ပါသည်။ ကော်ဖီနှစ်ရောင် အန် လျှင်အစာလမ်းကြောင်း သွေးယိုသည့် လက္ခဏာဖြစ်ကြောင်း ပြောနိုင်ပါသည်။ သို့ ဆိုလျှင်
သွေးလွန်တုပ်ကွေးဖြစ်သည်မှာ သေချာသလောက် ဖြစ်ပါသည်။ သို့ရာတွင် အစာ အရည်များသာ တရစပ် အန်လျှင်မူကား
ဝမ်းပျက်ဝမ်းလျှောလေလား? ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါလား? ဟူ၍၊ လားပေါင်းများစွာ စဉ်းစားကြရပြန်ပါသည်။ကလေးသည်
စဖျားသည့် ပထမနေ့တွင် ကိုယ်ပူကြီးလျှင် တတ်တတ်ပါသည်။ အထူး သဖြင့် အသက် (၆) လ နှင့် (၆) နှစ် အကြား ကလေးများတွင်
အဖြစ်များတတ်ကြပါသည်။ ဖျားပြီး နှစ်ရက် သုံးရက်ကြာတွင်လည်း ဦးနှောက်ရောင်တတ်သဖြင့် တတ်ကြပါသည်။ ထိုသို့သော
သဘောတို့ကို မသိလျှင်‘‘ဟိုဟာ’’ ရောဂါ၏ လှည့်စားခြင်းကို ခံရမည်ကား ဧကန်မုချပင်။

ပန်းပန်လျက်ပဲ
အထက်ဖော်ပြခဲ့သည့် အတိုင်း ပုံစံမျိုးစုံ၊ မူဟန်သွယ်သွယ် ထိုးနှက်နေသည့် ‘‘ဟိုဟာ’’ တည်း ဟူသော
‘‘သွေးလွန်တုပ်ကွေးရောဂါ’’ သည် ‘‘ဗေဒါပျံ အန်ကိုခဲ ပန်းပန်လျက်ပဲ’’ ဟု ဆို ရမလောက်ဖြစ်နေပါသည်။ ဖြစ်မြဲ ရောဂါ
လက္ခများတည်းဟူသော ဘဲအုပ် တစ်ရာနှစ်ရာကို အန်တုလျက်သာလွန် ဆန်းပြားသော လက္ခများကြောင့် ကလေးသူငယ်များ
ကို ခြောက်လှန့် ပြီး ပန်းပန်နေပါသဖြင့် ဆရာဝန်များရော၊ မိဘများပါ သတိထားနိုင်ရန် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
စေတနာအနန္တဖြင့်

ဒေါက်တာ ယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)

‘‘ ဟိုဟာ ေလးက ပန္းပန္လ်က္ပါ ’’

‘‘ေဒါက္တာေရ သားေလး ဒီ မနက္ စ, ဖ်ားတယ္။ ဟိုဟာ ျဖစ္ေနၿပီ ထင္တယ္’’
‘‘သမီးေလး ဖ်ားၿပီး ႏွာေစး, ေခ်ာင္းဆိုးျဖစ္ေနတာ သုံးရက္ရွိၿပီ။ ဟိုဟာလား မသိဘူး ’’
‘‘ကေလးက အန္ၿပီး ၀မ္းေလၽွာလို႔ ’’ ဟို ဥစၥာလားလို႔ စိတ္ပူေနတယ္’’
စသည္ျဖင့္ စသည္ျဖင့္ ‘‘ဟိုဟာ’’ ‘‘ဟိုဥစၥာ’’ ‘‘ဟိုဒင္း’’ ႏွင့္ ‘‘ဟိုေလာကႀကီး’’ ျဖစ္ ေနသည္မွာ ၾကာပါၿပီ။ ႏွစ္ေလး
ဆယ္ေက်ာ္ ပါၿပီ ယခုလည္း ပန္းပန္ဆဲပါ။ သူ႔ကို နည္းမ်ိဳးစုံ ျဖင့္ တိုက္ထုတ္ခဲ့ၾကပါသည္။ ေအာင္ျမင္သင့္သေလာက္
ေအာင္ျမင္ခဲ့ေသာ္လည္း။ ေနာက္ တစ္နည္းတစ္ဖုံျဖင့္ ျပန္လည္ထႂကြလာသည္သာ။ နည္းတစ္မ်ိဳးျဖင့္ တိုက္ထုတ္လိုက္၊
ေနာက္ နည္းတစ္ဖုံျဖင့္ ျပန္လာလိုက္ႏွင့္ အတိုက္အလာ သံသရာႀကီးကား ၀ဲၾသဃႀကီးပမာလည္ပတ္ လ်က္ ရွိေနပါသည္။
တိုက္ခိုက္သည့္ အပိုင္းက လိုအပ္ေနသေလာ? သည္္လိုလည္း မဟုတ္ ေပ။ ကမၻာ့စံခ်ိန္မီ စနစ္တစ္က်တိုက္ထုတ္ေနပါသည္။
တစ္ေက်ာ့ၿပီး တစ္ေက်ာ့ဝင္လာသည့္ အပိုင္းက, အားႀကီးေနသေလာ? အားႀကီးသည္ဟု မဆိုသာေသာ္လည္း၊ ပုံစံမ်ိဳးစုံ
နည္းအဖုံဖုံ ျဖင့္ မရိုးနိုင္ေအာင္ ေရာသမ ေမႊေနသည္မွာ ၾကာလွေပါ့၊ ၾကာလွေပါ့။
ထို ‘‘ဟိုဟာ’’ ၊ သည္ ‘‘ဟိုဒင္း’’ ျဖင့္ တစ္ဟိုဟိုကို လူတိုင္း ေၾကာက္ၾကသည္။ ထိတ္လန႔္ၾကသည္။ အသံပင္ မၾကားလိုၾကေပ။
အသက္အရြယ္ မေရြး၊ ဆင္းရဲခ်မ္းသာ မေရြး၊ ေယာက္်ားမိန္းမ, မေရြး၊ လူမ်ိဳး ဘာသာမေရြး၊ တစ္ညီတစ္ညြတ္တည္း ေၾကာက္ၾက သည္သာ။

ဘာေၾကာင့္ ပန္းပန္ေနဆဲလဲ ?
က်န္းမာေရး ၀န္ထမ္းတို္င္း ‘‘ဟိုဟာ’’ အေၾကာင္း ေကာင္းေကာင္းသိၾကပါသည္။ မၾကာခဏလည္း ဉာဏ္သစ္ေလာင္း
သင္တန္းမ်ား၊ နို္င္ငံတစ္ကာ အစည္းအေဝးမ်ား၊ စသည္ ျဖင့္ က်န္းမာေရးဝန္းထမ္း အဆင့္ဆင့္ကို အားေမြး ေပးေနပါသည္။
ကေလးဘမိဘမ်ားလည္း ထို ‘‘ဟိုဒင္း’’ အေၾကာင္း သိသင့္သေလာက္ သိၾကပါသည္။ ကေလး မိဘဟု အထူးျပဳ၍ တိုက္ပြဲဆင္
စျမဲပင္။ ကေလးမ်ားကို ဒုကၡေပးသည္သာမက အသက္အႏၲရာယ္ကိုပင္ ျဖစ္ေစ ပါသည္။ ‘‘ဟိုဟာ’’ သည္ မာယာလက္နက္
လြန္ထက္ျမတ္ၿပီး အဖက္ဖက္မွ ပုံစံမ်ိဳးစုံျဖင့္ တိုက္ စစ္ဆင္ေနသည္မွ မရိုးနိုင္ေအာင္ပင္။ ကေလးမ်ားသည္ ‘‘ဟိုဟာ’’
၏ ပုံမွန္လကၡဏာျဖင့္ ျဖစ္ပြားလၽွင္ မိဘမ်ားသည္ ေစာစီးစြာ သိၾကသည္ပင္။ သို႔ဆိုလၽွင္ လိုအပ္ေသာ ကုသခ်က္မ်ား
အလ်င္အျမန္ျပဳလုပ္နိုင္ၿပီး ကေလးလည္း အႏၲရာယ္ကင္းမည္သာ ျဖစ္ပါသည္။ သို႔ရာတြင္ ျပႆနာမွာ ပုံစံ လကၡဏာ အမ်ိဳးမ်ိဳးျဖင့္
လိုက္၍ မမီေအာင္ ထူးျခားဆန္းျပားေန သျဖင့္ ဆရာဝန္မ်ား၊ မိဘမ်ားကို နည္းမ်ိဳးစုံျဖင့္ လွည့္စားေနပါေတာ့သည္။
ေရွးဦးစြာ လူထုက်န္းမာေရးဆိုင္ရာ လွည့္ကြက္မ်ားကို ေဖာ္ျပပါမည္။ ယခင္က ‘‘ဟိုဟာ’’ သည္ မိုးရာသီ၏ ေရာဂါဟုသာ
လူသိမ်ားခဲ့ပါသည္။ အေၾကာင္းမွာ၊ ထိုေရာဂါ ကို ျဖစ္ေစေသာ ဗိုင္းရပ္စ္ပိုးတို႔ကို သယ္ေဆာင္ေပးေသာ ျခင္က်ားတို႔သည္
မိုးရာသီတြင္ ေပါက္ ဖြားပြားမ်ားၾကေသာေၾကာင့္ ျဖစ္ပါသည္။ ယခုေနာက္ပိုင္းတြင္ကား ‘‘ဟိုဟာ’’ သည္ ရာသီ၏
ကိုယ္စားလွယ္ စစ္စစ္ မဟုတ္ေတာ့ပဲ၊ တစ္ႏွစ္ပတ္လုံး သတိထားစရာ ရန္သူေတာ္ႀကီး ျဖစ္လာ ပါေတာ့သည္။ သူသည္လည္း
ပိေတာက္ပန္းကဲ့သို တစ္ႏွစ္ တစ္လ၊ တစ္လတြင္ တစ္ ရက္၊ ပြင့္သည္ မဟုတ္ေတာ့ပဲ၊ တစ္ႏွစ္တြင္ သုံးေလးႀကိမ္မၽွ ပြင့္သကဲ့သို႔၊
သစၥာတရား လက္ကိုင္မထားေတာ့ေလသလားကြယ္။ ျခင္မ်ား တစ္ဆယ့္ႏွစ္လရာသီ ေပါက္ဖြား၍ ပင္လား? ဗိုင္းရပ္စ္ပိုးမ်ား၏
ေပါက္ဖြားမွု ေျပာင္းလဲသြား၍ပင္လား? ဘာလား? ညာလား? ေနာက္ျပႆနာ ‘‘ဟိုဟာ’’ သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း
ေလးဆယ္ေက်ာ္က ျမန္မာ နိုင္ငံသို႔ ခ်ဥ္းနင္းဝင္ေရာက္ခါစတြင္ ‘‘ၿမိဳ႕ႀကီးသားေရာဂါ’’ ဟု သာ ဆိုရပါမည္။ ၿမိဳ႕ႀကီးမ်ား
တြင္သာ ျဖစ္ေလ့ရွိၿပီး၊ ေတာရြာမ်ားတြင္ ျဖစ္ေလ့မရွိေပ။ ကိုက္သည့္ ျခင္က်ားကလည္း လူေရြး၍ ကိုက္သည္ဟုပင္
ဆိုရေလမည္လားမသိ။ အာဟာရျပည့္ဝ၍ ခ်စ္စဖြယ္ ကေလးမ်ား ကိုသာ ေရြး၍ ကိုက္သျဖင့္ ထိုကေလးမ်ား ‘‘ဟိုဟာ’’
အျဖစ္မ်ားၾကပါသည္။ ယခု ေနာက္ပိုင္း တြင္မူ ‘‘ဟိုဟာ’’ သည္ ေတာရြာအေရာက္ ခရီးေပါက္ေနၿပီး၊ ျခင္က်ားဦးေရနည္း
ပါးလွသည္ ဟု ဆိုထားေသာ ေတာင္ေပၚေဒသအထိ နယ္ခ်ဲ႕ေနပါေတာ့သည္။ အာဟာရျပည့္ေသာ ကေလးကိုသာ
မကိုက္ေတာ့ပဲ၊ လူတန္းစားကြဲျပားမွု မရွိ၊ ပိန္ပိန္ ၀၀၊ ခ်မ္းသာဆင္းရဲ မခြဲေတာ့ပဲ အားလုံးကို မၽွမၽွတတ ကိုက္ပါေတာ့သည္။
သို႔ျဖစ္၍ ေရာဂါျဖစ္သည့္ ေဘာင္သည္ လြန္စြာက်ယ္ဝန္းလာေသာေၾကာင့္ပင္ အေသအေပ်ာက္မ်ားေလသည္လား မဆိုနိုင္ေပ။
အထက္ပါ အခ်က္အလက္မ်ားသည္ လူထု က်န္းမာေရးဆိုင္ရာ လွည့္ကြက္မ်ား ျဖစ္ပါသည္။

ေရာဂါလကဏၡာ လွည့္ကြက္မ်ား

ေရာဂါ၏ ပုံမွနခလကၡဏာအရ ကိုယ္ပူကိုပူရပါမည္။ ကိုယ္မပူလၽွင္ ‘‘ဟိုဟာ’’ မဟုတ္ ဟုပင္ ဆိုရမေလာက္
ကိုယ္ပူျခင္းသည္ အေရးႀကီးပါသည္။ ေရာဂါျဖစ္သူ ရာႏွုန္းျပည့္တြင္ ကိုယ္ပူသည္ သာမက၊ ကိုယ္ပူႀကီးၾကပါသည္။
ခပ္ေႏြးေႏြးပူျခင္းမဟုတ္ပါ။ ကိုယ္ပူလၽွင္လည္း ေအာက္ထက္သုံးရက္မွ ငါးရက္ပူၾကပါသည္။ တစ္ခဏျဖင့္ က်သြားေသာ
အဖ်ားမဟုတ္ပါေပ။ ကိုယ္ပူက်ေဆး တိုက္လၽွင္လည္း ေဆး၏ အာနိသင္ကုန္လၽွင္ အဖ်ားျပန္တက္စျမဲပင္။ ဗိုင္းရပ္စ္ပိုးမ်ား
ေသြးေၾကာမ်ားတြင္ ပ်ံ႕ႏွံ့ေနခ်ိန္တြင္ ကေလးသည္ ခ်မ္းတုန္၍ ဖ်ားတတ္ပါ သည္။ ထိုအခါ ငွက္ဖ်ားသင္၍ ငွက္ဖ်ားအတြက္သာ
ဦးစားေပး၍ ကုသပါေတာ့သည္။ လြဲျပန္ပါ ေခ်ၿပီ။
ယခုေနာက္ပိုင္းတြင္မူ မႏၡာကိုယ္အတြင္းသို႔ ဗိုင္းရပ္စ္ပိုးဝင္ႏွုန္းမ်ား၍လား၊ ကေလး မ်ား၏ ခုံခံမွုအားတို႔ နည္းလာ၍လား
၊ ကေလးမ်ား၏ ခုံခံမွုအားတို႔နည္းလာ၍လားမသိ၊ ေန႔ေရာညပါ ခ်မ္းတုန္၍ ဖ်ားၾကပါသည္။ ယခင္က, လို ရံခါ ခ်မ္းတုန္ျခင္းမွာသာ
မရပ္တံ့ ေတာ့ေပ။ ထိုအခါ ငွက္ဖ်ားျဖစ္သည္ဟူေသာ ခံယူခ်က္တို႔က ပို၍ ျမဲလာျပန္ပါသည္။ ကုသမွု လြဲရျပန္ပါၿပီ။ ငွက္ဖ်ားႏွင့္
ဒြန္တြဲ၍ ‘‘ဟိုဟာ’’ ျဖစ္လၽွင္မူ ကေလး ကံေကာင္းနိုင္ပါသည္။ အေရးႀကီေသာ အဂၤါမ်ား၊ ဥပမာ အသည္း၊ ႏွလုံး စသည္တို႔မွ
ေသြးယိုျခင္းတို႔မွာ ျဖစ္ခဲလွ ပါသည္။ ျဖစ္လၽွင္လည္း ဖ်ားၿပီး ေနာက္ပိုင္းရက္ေတာ္ေတာ္ၾကာမွ ျဖစ္ေလ့ရွိၾကပါသည္။
ယခုအခါတြင္မူ ေရာဂါ အစ, ပိုင္းတြင္ ေနရာတစ္ကာမွ ေသြးယိုေသာ လကၡ အစ, ပိုင္းတြင္ ေနရာတစ္ကာမွ ေသြးယိုေသာ
လကၡဏာမ်ား ျပတတ္ပါသည္။ ထိုအခါ ေသြးႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားလားဟူေသာ သံသယမ်ားဝင္လာတတ္ပါသည္။
အေရျပားတြင္ လည္း အေရျပားေအာက္တြင္ အနီစက္ထြက္႐ုံသာမက၊ အေရျပားေပၚတြင္လည္း အင္ပ်ဥ္ အသြင္ အနီဖုမ်ားလည္း
ေပၚလာတတ္သျဖင့္ ၀က္သက္ေရာဂါႏွင့္ မွားတတ္ျပန္ပါသည္။ မာယာ သခင္မ, ေလး ‘‘ဟိုဟာ’’ ပါကလား။

တုပ္ေကြးအသြင္ လာေခ်ၿပီ
‘‘ဟိုဟာ’’ စစ္စစ္ ဖ်ားၿပီး ေသြးယိုျခင္းသာ လကၡ အမွန္ဟု ပညာရွင္တို႔ ဆိုခဲ့ၾကပါ သည္။ ဖ်ားလည္းဖ်ား၊ ႏွာယိုေခ်ာင္းဆိုး
လည္း ျဖစ္ဆိုလၽွင္ အသက္ရွုလမ္းေၾကာင္းပိုးဝင္သည္ ဟုသာ သတ္မွတ္ခဲ့ၾကပါသည္။ ႏွာယိုေခ်ာင္းဆိုးရွိလာလၽွင္ ‘‘ဟိုဟာ’’
မဟုတ္ဘူးဟုပင္ အာမခံခဲ့ၾကပါသည္။ ယခုမူ ‘‘ဟိုဟာ’’ သည္ တုပ္ေကြး ေရာဂါ(Influenga) ဆန္ဆန္ ဖ်ားလည္းဖ်ား၊
ကိုယ္လက္ကိုက္ခဲ၍ ႏွာနည္းနည္းယို၊ ေခ်ာင္းေလးလည္း ဆိုးလို႔ပါလား။ သို႔ဆိုလၽွင္ ‘‘ဟိုဟာ’’ မဟုတ္ဘူး ဟု ဆရာဝန္က
ရဲရဲႀကီး တာဝန္ခံရဲပါေတာ့မလား။
ဗိုက္နာလၽွင္ မေပါ့ပါႏွင့္
ကိုယ္ပူၿပီး ႏွစ္ရက္ သုံးရက္ ေျမာက္ေန႔တြင္ ကေလးက ဗိုက္နာသည္ဟု ဆိုလၽွင္ ေပါ့ေပါ့ဆဆ ခံယူ၍ မရေပ။ ေလနာတာပါ၊
သန္ထတာပါ ဟု အထင္ရွိၿပီး ေဆးၿမီတိုျဖင့္ ကုလၽွင္ မရဏမင္း ကို လက္ယပ္ေခၚလိုက္သည္ႏွင့္ အတူတူပင္။ ေရာဂါ၏
ျဖစ္စဥ္အရ ဖ်ားၿပီး ႏွစ္ရက္သုံးရက္ ဆိုလၽွင္လည္း အသည္းႀကီးလာတတ္ပါသည္။ အသည္းႀကီးလာျခင္းသည္ ေသြးလန႔္ျခင္း
(Shock) ျဖစ္လာနိုင္သည္ ဟု ဆိုလိုပါသည္။ သို႔ျဖစ္၍ ကိုယ္ပူၿပီး ဗိုက္နာလၽွင္ ဆရာဝန္ထံ အျမန္ျပသင့္ပါသည္။ ကိုယ္ပူျခင္းကို
ဦးစားမေပးပဲ၊ ဗိုက္နာျခင္းကိုသာ ဦးစားေပး၍ ေျပာလၽွင္လည္း ဆရာဝန္သည္ အူအတတ္ေပါက္ျခင္း၊ အူပိတ္ျခင္းအစရွိသည့္
ခြဲစိတ္ရမည့္ ေရာဂါမ်ား အေၾကာင္းသာ အာ႐ုံေရာက္သြားတတ္ပါသည္။ ကိုယ္ပူျခင္းႏွင့္ ဗိုက္နာျခင္းကို တြဲ၍ ေျပာရပါမည္။
ဆရာဝန္ကလည္း ကိုယ္ပူၿပီးဗိုက္နာတာလား၊ ကိုယ္မပူပဲ နာတာလား၊ ဗိုက္စ္မည္သည့္ အပို္င္းမွ နာသည္လဲ စသည္ျဖင့္
ေသခ်ာစြာ ေမးျမန္းစမ္းသပ္ရပါမည္။ မ်ားေသာအားျဖင့္ အသည္းတည္ရွိေသာ ေနရာျဖစ္သည့္ ၀မ္းဗိုက္အထက္ပိုင္း ညာဖက္က
နာတတ္ေအာင့္တတ္ပါသည္။ ရံခါ ၀မ္းဗိုက္အထက္ပို္ငး ဘယ္ဖက္ႏွင့္ အလယ္္ ဖက္တို႔ ေအာင့္တတ္ပါသည္။ အေၾကာင္းမွာ
အစာအိမ္မွ ေသြးယို၍ေသာ္လည္းေကာင္း၊ အသည္း၏ ဘယ္ဖက္အျခမ္းႀကီးလာလၽွင္ ေသာ္လည္းေကာင္း၊ ဤသို႔
‘‘ရင္ေခါင္း ေအာင့္သည္’’ ဟူေသာ ေဝဒနာ သည္ ယခုေနာက္ပိုင္းတြင္ အျဖစ္မ်ားလာပါသည္။ အစာ အိမ္ေရာင္သည္၊
အစာ အစာအိမ္ အနာေပါက္သည္ ဟု ရံခါ အထင္မွားတတ္ၾကပါသည္။

အန္တယ္ အန္တတ္တယ္

ယခုေနာက္ပိုင္းတြင္ မာယာလမ္းေၾကာင္း အသြင္ေျပာင္းျပန္ပါၿပီ။ ကေလးသည္ ဖ်ားၿပီး ေသြး မယိုေသးပဲ အန္တတ္ၾကပါ
သည္။ ဖ်ားၿပီး အန္ေသာေၾကာင့္ ဦးေႏွာက္ေရာင္ျခင္း၊ ဦးေႏွာက္ အေျမႇးပါးေရာင္ျခင္း စသည္တို႔မ်ားလားဟု အေတြးမွားၾက
ရျပန္ပါသည္။ ေကာ္ဖီႏွစ္ေရာင္ အန္ လၽွင္အစာလမ္းေၾကာင္း ေသြးယိုသည့္ လကၡဏာျဖစ္ေၾကာင္း ေျပာနိုင္ပါသည္။ သို႔ ဆိုလၽွင္
ေသြးလြန္တုပ္ေကြးျဖစ္သည္မွာ ေသခ်ာသေလာက္ ျဖစ္ပါသည္။ သို႔ရာတြင္ အစာ အရည္မ်ားသာ တရစပ္ အန္လၽွင္မူကား
၀မ္းပ်က္ဝမ္းေလၽွာေလလား? ဦးေႏွာက္ပိုင္းဆိုင္ရာ ေရာဂါလား? ဟူ၍၊ လားေပါင္းမ်ားစြာ စဥ္းစားၾကရျပန္ပါသည္။ကေလးသည္
စဖ်ားသည့္ ပထမေန႔တြင္ ကိုယ္ပူႀကီးလၽွင္ တတ္တတ္ပါသည္။ အထူး သျဖင့္ အသက္ (၆) လ ႏွင့္ (၆) ႏွစ္ အၾကား ကေလးမ်ားတြင္
အျဖစ္မ်ားတတ္ၾကပါသည္။ ဖ်ားၿပီး ႏွစ္ရက္ သုံးရက္ၾကာတြင္လည္း ဦးေႏွာက္ေရာင္တတ္သျဖင့္ တတ္ၾကပါသည္။ ထိုသို႔ေသာ
သေဘာတို႔ကို မသိလၽွင္‘‘ဟိုဟာ’’ ေရာဂါ၏ လွည့္စားျခင္းကို ခံရမည္ကား ဧကန္မုခ်ပင္။

ပန္းပန္လ်က္ပဲ
အထက္ေဖာ္ျပခဲ့သည့္ အတိုင္း ပုံစံမ်ိဳးစုံ၊ မူဟန္သြယ္သြယ္ ထိုးႏွက္ေနသည့္ ‘‘ဟိုဟာ’’ တည္း ဟူေသာ
‘‘ေသြးလြန္တုပ္ေကြးေရာဂါ’’ သည္ ‘‘ေဗဒါပ်ံ အန္ကိုခဲ ပန္းပန္လ်က္ပဲ’’ ဟု ဆို ရမေလာက္ျဖစ္ေနပါသည္။ ျဖစ္ျမဲ ေရာဂါ
လကၡမ်ားတည္းဟူေသာ ဘဲအုပ္ တစ္ရာႏွစ္ရာကို အန္တုလ်က္သာလြန္ ဆန္းျပားေသာ လကၡမ်ားေၾကာင့္ ကေလးသူငယ္မ်ား
ကို ေျခာက္လွန႔္ ၿပီး ပန္းပန္ေနပါသျဖင့္ ဆရာဝန္မ်ားေရာ၊ မိဘမ်ားပါ သတိထားနိုင္ရန္ တင္ျပလိုက္ရျခင္း ျဖစ္ပါသည္။
ေစတနာအနႏၲျဖင့္

ေဒါက္တာ ယုဇနေစာျမင့္ (ကေလးအထူးကုဆရာဝန္ႀကီး)