Monkeypox (မျောက်ကျောက်)ရောဂါကို ဘယ်လို ကာကွယ်ကြမလဲ?🐒
Monkeypox ရောဂါအကြောင်းကို မနေ့က မျှဝေပေးထားပြီးပြီဆိုတော့ ဒီ Post မှာတော့ Monkeypox ရောဂါကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
Monkeypox ရောဂါအကြောင်းမဖတ်ရသေးတဲ့ မိတ်ဆွေတွေအတွက် အရင်တင်ပြီးသား ဒီ Post ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/333998543644889/posts/1676815056029891/

Monkeypox ရောဂါက Small Pox (ကျောက်ရောဂါ) နဲ့ မျိုးရိုးဆင်တူပါတယ်။ အဲဒါကြောင့် Small Pox Vaccine (ကျောက်ရောဂါ ကာကွယ်ဆေး) ထိုးထားရင် မျောက်ကျောက်ကို 85%ကာကွယ်နိုင်တယ်လို့ WHO က ဆိုထားပါတယ်။ ကူးစက်နိုင်ခြေ များတဲ့သူတွေကို ကာကွယ်ဆေး ထိုးပေးနိုင်ရန် ဆောင်ရွက်နေဆဲသာ ဖြစ်ပြီး ယခုလက်ရှိမှာတော့ ကာကွယ်ဆေးကို ပြည်သူတွေကို မထိုးနှံနိုင်သေးပါဘူး။
Monkeypox မဖြစ်အောင် ရှောင်ရန်တွေကတော့
❌ virusပိုးခိုအောင်းနိုင်တဲ့ တိရစ္ဆာန်များ(ဖျားနာနေသော တိရစ္ဆာန်များ သို့မဟုတ် မျောက်ကျောက်ရောဂါ ဖြစ်ပွားသည့် နေရာများတွင် သေဆုံးနေတဲ့ တိရစ္ဆာန်များ )နဲ့ ထိတွေ့ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
❌ virus ပိုး ကူးစက်နိုင်ခြေရှိတဲ့ တိရစ္ဆာန်တွေရဲ့ မကျက်တကျက်ချက်ထားတဲ့အသားတွေကို မစားသုံးသင့်ပါဘူး။
❌ ရောဂါဖြစ်နေတဲ့သူ ၊ ရောဂါကူးစက်နိုင်ခြေရှိတဲ့သူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပါမယ်။
❌ ရောဂါဖြစ်တဲ့သူ ထိတွေ့ထားတဲ့ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
ဆောင်ရန်တွေကတော့
✅ ရောဂါရှိတဲ့လူ၊ တိရစ္ဆာန်တွေနဲ့ ထိတွေ့မှုရှိပါက လက်ကို ဆပ်ပြာနဲ့ရေ သို့မဟုတ် alcohol based hand gel(လက်သန့်ဆေးရည်) ဖြင့် စနစ်တကျဆေးကြောရပါမယ်။
✅ ရောဂါပိုးရှိတဲ့သူနားသွားပါက mask ကိုသေချာတပ်ထားရပါမယ်။
✅ ရောဂါပိုးရှိတဲ့လူနာကိုပြုစုတဲ့အခါ PPE (အကာအကွယ်ဝတ်စုံ) ကို ဝတ်ထားသင့်ပါတယ်။
✅ ရောဂါပိုးမကူးအောင် စနစ်တကျသေချာချက်ပြုတ်ထားတဲ့အသားတွေကိုသာ စားသုံးသင့်ပါတယ်။
ဒါဆိုရင်တော့ မိတ်ဆွေတို့လည်း monkeypox ရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိသွားကြမယ်လို့ ထင်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အချိန်မရွေး ဆွေးနွေးတိုင်ပင်ချင်ရင်တော့ myDoctor က ကူညီဖို့ အသင့်ရှိနေပါတယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #Monkeypox
#မျောက်ကျောက် #MAY(UM-2)
#Telemdeicine