မှဲ့ (အပိုင်း၄)
အခုလမှာတော့အစက်အပြောက်မှဲ့(Nevus spilus)၊PSCN ဆိုတဲ့အရောင်ရှိတဲ့လွန်းပုံဆဲလ်မှဲ့ (Pigmented Spindle Cell Nevus)၊မှဲ့အကျိတ်(Nodal Nevus)အစရှိတဲ့မှဲ့တွေအကြောင်းကို ရေးသား ပေးသွားမှာဖြစ်ပါတယ်။ဒီမှဲ့တွေဟာတွေ့ရတာနည်းတယ်လို့ဆိုလို့ရပေမယ့်ရံဖန်ရံခါတွေ့မိတဲ့အချိန်မှာဘာမှဲ့အမျိုးအစားလဲ၊မှဲ့ကင်ဆာများလားအစရှိသဖြင့်တွေဝေမနေပဲစဉ်းစားဆုံးဖြတ်ဖို့အတွက်အထောက်အကူပြုနိုင်ပါတယ်။ဒီတော့ဒီမှဲ့တွေဟာမှဲ့ရဲ့အကြောင်းမှာချန်ထားလို့မရတဲ့မှဲ့တွေဖြစ်တာကြောင့်အပိုင်းတစ်ပိုင်းအဖြစ်ရေးသားလိုက်ရတာဖြစ်ပါတယ်။

အစက်ပြောက်မှဲ့(Nevus spilus)
Nevus spilus ဆိုတဲ့အင်္ဂလိပ်စကားလုံးကိုတိုက်ရိုက်ဘာသာပြန်ကြည့်လိုက်တာဖြစ်ပါတယ်။တစ်ကယ် တော့Spilus ဆိုတဲ့စကားလုံးဟာအင်္ဂလိပ်စကားစစ်စစ်မဟုတ်ပါဘူး။ဂရိဘာသာစကားSpilos ကနေပြီး ဆင်းသက်ကောက်ယူထားတာပါ။အဓိပ္ပါယ်ကတော့အစက်ပြောက်(spot)လို့ဆိုလိုပါတယ်။ဒါ့ကြောင့်အစက်အပြောက်မှဲ့ရယ်လို့ဘာသာပြန်လိုက်ရတာပါ။မှဲ့ရဲ့သွင်ပြင်လက္ခဏာကိုလိုက်ပြီးမှည့်ခေါ်ထားတာ ဖြစ်ပါလိမ့်မယ်။ Speckled Lentiginous Nevus, Zosteriform Lentiginous Nevus အစရှိသဖြင့် လည်း ခေါ်ဆိုတတ်ကြပါတယ်။

ဖြစ်ပါွးမှုနှုန်း
လူထုအတွင်း ၁ ရာခိုင်နှုန်းလောက်မှာဒီမှဲ့ကိုတွေ့ရှိရပါတယ်။ယောင်္ကျား၊မိန်းမရယ်လို့တော့ခွဲခြား ဖြစ်ပွါးမှုမရှိပါဘူး။ဒီမှဲ့ဖြစ်ပေါ်လာရတဲ့အကြောင်းဟာလည်းမွေးရာပါမှဲ့ကြီး(Congenital melanocytic nevus )ဖြစ်ပေါ်ရတဲ့အကြောင်းရင်းနဲ့ခပ်ဆင်ဆင်လို့ပြောရမလိုပါပဲ။ဗီဇချို့ယွင်းမှုကြောင့်နေရာတစ်ခု မှာ တည်ရှိနေနတဲ့မယ်လ်နိုဆိုဒ်ဆဲလ်တွေတိုးပါွးပြီးဖြစ်ပေါ်လာရတာပါ။ဒါပေမယ့်ဖေါက်ပြန်ချို့ယွင်း နေတဲ့ဗီဇကိုတော့အခုချိန်အထိအတိအကျမသိရသေးပါဘူး။

တွေ့ရတဲ့သွင်ပြင် ဒီမှဲ့ဟာမွေးကတည်းကပါလာတာကတော်တော်ရှားပါတယ်။အများစုဟာလသားအရွယ်၊ကလေးငယ်အရွယ်ပိုင်းတွေမှာမှစပြီးဖြစ်ပေါ်လာကြတာပါ။မွေးကတည်းကပါလာခဲ့ရင်တောင်မှပဲသိပ်ပြီးမသိသာတဲ့ပုံစံနဲ့ပဲရှိနေမှာပါ။နောက်ပိုင်းလတွေနှစ်တွေကြာလာတဲ့အခါမှာပိုပြီးသိသာထင်ရှားလာတတ်ကြတာပါ။ဒါကြောင့်လသားအရွယ်တွေ၊ကလေးအရွယ်တွေမှာတွေ့ရတာဟာပိုများပါတယ်။အစဦးဖြစ်ပေါ်ခါစမှာတော့အမည်ရောင်အစက်အပြောက်လေးတွေကိုစပြီးတွေ့ရပါတယ်။နောက်ပိုင်းမှာတော့အခြားသောအညိုရောင်အမည်းရောင်အစက်တွေတစ်ဖြည်းဖြည်းများများလာပါတယ်။ဒါကြောင့်ဒီမှဲ့ကိုအညိုရောင်ပြင်လိုက်အစက်စက်အကွက်ရဲ့အထဲမှာအမည်းရောင်မှဲ့လေးတွေကိုထပ်ပြီးတည်ရှိနေတာကိုတွေ့ရတတ်ပါတယ်။မြင်သာအောင်ပြောပြရမယ်ဆိုရင်တော့တင်းတိတ်လိုနေလောင်ကွက်လိုအကွက်ပေါ်မှာမှဲ့လေးတွေရှိနေတာမျိုးပေါ့။အညိုရောင်အကွက်ကတော့တစ်စင်တီမီတာလောက်ကနေတစ်ဆယ်စင်တီမီတာလောက်အထိရှိတတ်ပြီးအညိုရောင်အကွက်ထဲမှာအမည်းရောင်မှဲ့တွေကိုတွေ့ရမှာဖြစ်ပါတယ်။အမည်းရောင်မှဲ့အရေတွက်ကတော့အတိအကျမရှိနိုင်သလိုအစပထမမှာတွေ့ရှိခဲ့ချိန်မှာထက်လည်းတစ်ဖြည်းဖြည်းပိုပြီးများလာနိုင်ပါတယ်။အများစုသောမှဲ့အစက်အပြောက်တွေဟာခြေနဲ့လက်တွေမှာတွေ့ရတာများပါတယ်။ဒါပေမယ့်လည်းခန္ဓာကိုယ်ရဲ့နေရာတိုင်းမှာတွေ့ရနိုင်ပါတယ်။ဖြစ်ပြီးနောက်ပိုင်းမှာသိပ်ပြီးပြောင်းလဲမှုမရှိပဲတစ်သက်လုံးဒီအတိုင်းပဲဆက်လက်တည်ရှိသွားတာကများပါတယ်။သို့သော်လည်းတစ်ချို့သောသူတွေမှာအသက်အရွယ်ကြီးရင့်လာတာနဲ့အမျှဒီမှဲ့ဟာတစ်ဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သါွးတတ်ကြပါတယ်။

မှားတတ်တဲ့ပြသနာ
ဒီမှဲ့အမျိုးအစားဟာကျွန်တော်တို့နိုင်ငံမှာတော့မှဲ့လို့အမည်တပ်မခံရပဲမွေးရာပါအမှတ်အနေနဲ့ခေါ်ဝေါ်ခံရတဲ့အထဲမှာပါပါလိမ့်မယ်။ဒါကြောင့်အမှန်ရယ်လို့မှားယွင်းယူဆကာပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။ဆေးပညာမှာတော့သူ့ကိုcafé-au-lait အကွက်ဆိုတဲ့Neurofibromatosis ရောဂါရဲ့လက္ခဏာတစ်ခုနဲ့ မှားနိုင်ပါတယ်။နောက်မှားနိုင်စရာတစ်ခုကတော့ကျွန်တော်အပိုင်းတစ်မှာရေးသားဖေါ်ပြခဲ့တဲ့မွေးရာပါမှဲ့ကြီးတွေနဲ့မှားနိုင်ပါတယ်။လန်တီဂိုဆိုတဲ့နေလောင်မှဲ့တွေနဲ့လည်းမှားနိုင်ပါသေးတယ်။တစ်ခြားမှားနိုင်တဲ့ပြသနာတွေရှိပါသေးတယ်။ဒါပေမယ့်လည်းအဖြစ်နည်းတဲ့ပြသနာတွေဖြစ်တာကြောင့်မဖေါ်ပြတော့ပါဘူး။

ကာကွယ်ကုသဖို့
ဒီမှဲ့ကိုတော့ကုသတဲ့နည်းလမ်းရယ်လို့သတ်မှတ်ထားတာမရှိပါဘူး။မှဲ့ကင်ဆာရဲ့လက္ခဏာတွေဖြစ်ပေါ်လာရင်၊ဒါမှမဟုတ်မှဲ့ကင်ဆာရယ်လို့သံသယရှိလာခဲ့ရင်တော့လှီးထုတ်ဖယ်ရှားတာမျိုး၊အစားစကိုဓါတ်ခွဲခန်းကိုပေးပို့စစ်ဆေးတာမျိုးတွေလုပ်ရပါတယ်။တစ်ခါတစ်ရံတော့အလှအပအတွက်စဉ်းစားပေးရတာမျိုးတွေလည်းရှိတတ်ပါတယ်။တစ်ကယ်တော့ဒီမှဲ့တွေဟာမှဲ့ကင်ဆာအဖြစ်ကိုပြောင်းသွားနိုင်တာကြောင့်ကုသဖို့ထက်ကာကွယ်မှုကအရေးကြီးပါတယ်။နေရောင်ကိုတော့တတ်နိုင်သလောက်ရှောင်ရှားရပါမယ်။ရှိနေတဲ့မှဲ့ကိုလည်းတတ်ကျွမ်းတဲ့ဆရာဝန်နဲ့သေသေချာချာပြသစစ်ဆေးသင့်ပါတယ်။မှဲ့ကိုလည်းမှဲ့ကင်ဆာအဖြစ်ကိုပြောင်းလဲသွားခြင်းရှိမရှိသိနိုင်ဖို့အတွက်မှဲ့ကင်ဆာရဲ့ပြင်ပကနဦးလက္ခဏာတွေကိုနေ့စဉ်နေ့တိုင်းနီးပါးမိမိကိုယ်တိုင်စမ်းစစ်ကြရပါမယ်။ဒါမှလည်းဒီမှဲ့ဟာမှဲ့ကင်ဆာဖြစ်သွားခဲ့ရင်မိမိဘက်ကကုသမှုမှာလက်ဦးမှုရယူနိုင်မှာဖြစ်ပါတယ်။

အစက်အပြောက်မှဲ့အကြောင်းကိုဖေါ်ပြအပြီးမှာတော့မြန်မာလိုဘာသာပြန်နာမည်တပ်လို့အဆင်မပြေတဲ့ PSCN ဆိုတဲ့မှဲ့အကြောင်းကိုဆက်လက်ရေးသားသွားပါ့မယ်။

Pigmented spindle cell nevus(PSCN)
Reed Nevus လို့်လဲခေါ်ကြပါသေးတယ်။ဒီမှဲ့အမျိုးအစားကိုပထမဦးဆုံးဖေါ်ထုတ်ရေးသားခဲ့တဲ့သူReed ကိုအစွဲပြုပြီးခေါ်လိုက်တာပါ။ဒီမှဲ့ကိုအဏုကြည့်မှန်ဘီလူးနဲ့ဓါတ်ခွဲခန်းမှာကြည့်တဲ့အခါလွန်းပုံစံရှိတဲ့အရောင်ခြယ်ဆဲလ်တွေကိုအရေပြားရဲ့အပေါ်ယံအလွှာနဲ့ဒုတိယအလွှာတွေထဲမှာတွေ့ရတာကြောင့်ဒီနာမည်ကိုပေးလိုက်ကြတာပဲဖြစ်ပါတယ်။အရောင်ခြယ်လွန်းပုံဆဲလ်မှဲ့ရယ်လို့ဘာသာပြန်ရမလိုဖြစ်နေပါတယ်။အဆင်သိပ်မပြေပါဘူး။အင်္ဂလိပ်နာမည်နဲ့ပဲဆက်လက်ရေးသားပေးပါ့မယ်။

PSCNမှဲ့ရဲ့ဖြစ်စဉ် ဒီမှဲ့ရဲ့အစဖြစ်ပေါ်ပုံဟာမယ်လ်နိုဆိုဒ်ဆဲလ်တွေရဲ့ပင်မဇစ်မြစ်နဲ့အစဖြစ်ပေါ်ပုံခြင်းအတူတူဖြစ်ပါတယ်။ဒါပေမယ့်ဘယ်ဗီဇဖေါက်ပြန်ပြီးဒီလိုမှဲ့မျိုးဖြစ်သွားရတာလဲဆိုတာကိုတော့အခုအချိန်အထိမသိရှိရသေးပါဘူး။ အသက်၂နှစ်အရွယ်ကနေ၆၀အရွယ်လောက်အတွင်းမှာထိဒီမှဲ့မျိုးဖြစ်တာကိုတွေ့ရပါတယ်။အသက်သုံးဆယ်အရွယ်ဝန်းကျင်တွေမှာတွေ့ရတာများပါတယ်။ယောင်္ကျားနဲ့မိန်းမခွဲခြားပြီးပြောရရင်တော့မိန်းမတွေမှာဖြစ်တာများပါတယ်။အတွေ့ရများတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းကိုပြောရရင်တော့ခြေလက်တွေမှာအဖြစ်များတာကိုတွေ့ရပါတယ်။ပေါင်နေရာမှာတော့ဒီမှဲ့ဟာအတွေ့ရအများဆုံးဖြစ်ပါတယ်။ခြေလက်တွေပြီးရင်တော့ကျောပြင်ဟာဒုတိယအတွေ့ရအများဆုံးနေရာဖြစ်ပါတယ်။စပြီးဖြစ်ပေါ်တဲ့အချိန်ကနေတစ်နှစ်၂နှစ်အတွင်းမှာအရွယ်အစားဟာကြီးထွားလာပါတယ်။ရင့်ကျက်တဲ့အနေအထားတစ်ခုအထိကြီးထွားလာပြီးတဲ့အခါမှာတော့ဆက်လက်ကြီးထွားမှုမရှိတော့ပဲရပ်တန့်သွားပါတော့တယ်။

PSCNမှဲ့ရဲ့အသွင်အပြင်
ဒီမှဲ့ဟာအနက်ရောင်ဒါမှမဟုတ်အညိုရောင်သန်းတဲ့အနက်ရောင်အဆင်းရှိပါတယ်။အရောင်ဟာမျက်နှာပြင်တစ်ခုလုံးကိုညီညီညာညာနဲ့ဖြန့်ကျက်တည်ရှိနေပါတယ်။အနားသတ်တွေဟာဘေးဘက်အရေပြားအရောင်နဲ့တိကျကွဲပြားတဲ့အရောင်ခြားနားမှုရှိတာကြောင့်မှဲ့ကိုသိသာကွဲပြားစွာတွေ့ရှိရပါတယ်။ဖြစ်ခါစမှာတော့မဲမဲအဖုသေးသေးငယ်ငယ်အဖြစ်တွေ့ရနိုင်ပါတယ်။နောက်ပြီးအရွယ်အစားဟာကြီးလာပါတယ်။အဖုလုံးပုံစံဖြစ်လာပါတယ်။အနားသတ်ကိုသေသေချာချာကြည့်ရင်တော့ဘေးဘက်တွေကိုအနက်ရောင်ဟာဖြာထွက်နေတဲ့ပုံစံတွေကိုတွေ့ရပါတယ်။ဒါကိုကြယ်ပေါက်ကွဲမှုပုံစံနဲ့တူတာကြောင့် ‘Starburst’ ပုံစံရယ်လို့အင်္ဂလိပ်လို တင်စား ရေးသားကြပါတယ်။
သူ့ပုံစံကိုရေးတာရေးရတာပါတစ်ကယ်တော့တစ်ခြားမှဲ့တွေနဲ့ကွာခြားချက်ကိုပြင်ပသွင်ပြင်မှာအထင်အရှားကြီးမတွေ့ရပါဘူး။အသားစကိုယူပြီးအဏုကြည့်မှန်ဘီလူးအောက်မှာသေချာကြည့်မှသာအခြားမှဲ့တွေနဲ့မတူတဲ့လွန်းပုံစံမယ်လ်နိုဆိုဒ်ဆဲလ်တွေကိုတွေ့ရမှာပါ။ဒါကြောင့်ပြင်ပသွင်ပြင်ကိုကြည့်ပြီးအခြားမှဲ့တွေနဲ့မှားတတ်သလိုမှဲ့ကင်ဆာနဲ့လည်းမှားယွင်းတတ်ပါတယ်။

ကာကွယ်ကုသမှု
ဒီမှဲ့ဟာမဖြစ်ပွါးအောင်ကာကွယ်လို့မရနိုင်ပါဘူး။ဒါပေမယ့်ဖြစ်ပြီးသားမှဲ့ကိုတော့အခြားမှဲ့တွေလိုပဲမှဲ့ကင်ဆာမဖြစ်သွားစေဖို့နေရောင်ကိုတတ်နိုင်သလောက်ကာကွယ်သင့်ပါတယ်။အလှအပအတွက်လှီးထုတ်ဖယ်ရှားပေးရတာမျိုးတွေရှိတတ်ပါတယ်။မှဲ့ကင်ဆာဟုတ်မဟုတ်မသေချာမှုကြောင့်ဓါတ်ခွဲစမ်းသပ်မှုအတွက်လှီးထုတ်မယ်ဆိုရင်လည်းအနားသတ်ပတ်ပတ်လည်ကိုအရေပြားအများကြီးပါအောင်လှီးဖို့မလိုအပ်ပါဘူး။ဒီမှဲ့ကနေကင်ဆာကိုပြောင်းသွားတယ်ဆိုတာတော်တော်ကြီးကိုရှားပါးပါတယ်။

မှဲ့အကျိတ်(Nodular nevus)
တိုက်ရိုက်ဆိုရင်တော့အဖုမှဲ့ရယ်လို့ဘာသာပြန်ရမလိုပါပဲ။တစ်ကယ်တော့သူဟာအကျိတ်တွေထဲမှာဖြစ်တဲ့မှဲ့ပါ။(ဒီတော့အကျိတ်မှဲ့ဆိုတာထက်မှဲ့အကျိတ်ဆိုတာကပိုပြီးအဓိပ္ပါယ်ရှိသလိုပါပဲ)။ဒါကြောင့်သူ့ကိုမှဲ့အကျိတ်ရယ်လို့ဘာသာပြန်လိုက်တာဖြစ်ပါတယ်။ဆေးပညာသဘောအရမှဲ့တစ်ခုဖြစ်နေပြီးဆုံးဖြတ်ချက်ချရာမှာလည်းမှဲ့ကင်ဆာနဲ့လည်းမှားနိုင်တာကြောင့်အရေးကြီးပါတယ်။သို့သော်လည်းဒီမှဲ့ဟာလူနာတွေအတွက်တော့မှဲ့လို့မပြောနိုင်သလို၊အရေးပါမှန်းလည်းသိကြမှာမဟုတ်ပါဘူး။

မမြင်ရတဲ့မှဲ့
မမြင်ရတာကိုပဲမှဲ့ရယ်လို့ပြောလာတော့တော်တော်လေးကိုကသိကအောင့်နိုင်တဲ့မှဲ့လို့ပဲပြောရမှာပါ။တစ်ကယ်လည်းပဲအပြင်မှာမမြင်ရပါဘူး။ဒီမှဲ့ဟာကျွန်တော်တို့ရဲ့အကျိတ်ဆိုတဲ့ပြန်ရည်အဖု(Lymph Node)တွေအထဲမှာဖြစ်နေတာပါ။မယ်လ်နိုဆိုဒ်ဆိုတဲ့မှဲ့ဆဲလ်တွေကိုအဲဒီအကျိတ်တွေအထဲမှာတွေ့ကြရတာကြောင့်မှဲ့လို့ခေါ်ဆိုလိုက်ကြတာပါ။ဒီတော့မှဲ့ကိုအရေပြားပေါ်မှာမတွေ့ရပဲဖြစ်နေပါတယ်။ဒါကြောင့်လူနာရောဆရာဝန်ပါဒီမှဲ့ကိုမမြင်ကြရပါဘူး။ဒါပေမယ့်လည်းဒီမှဲ့ကိုဖြစ်စေတဲ့အခြားမှဲ့တွေကိုတော့အရေပြားပေါ်မှာတွေ့ရနိုင်ပါတယ်။

မြင်တွေ့ရနိုင်တဲ့အခြားမှဲ့တွေ
ဒီမှဲ့ကိုမမြင်ရပေမယ့်တစ်ခြားမှဲ့တွေကိုတော့မြင်တွေ့ရတတ်ပါတယ်။ဘာ့ကြောင့်လဲဆိုတာကိုရှင်းပြပါ့မယ်။Spitz Nevus,Congenital Nevomelanocytic Nevus,Common Acquired Nevomelanocytic Nevus, Blue Nevus အစရှိတဲ့မှဲ့တွေဟာဒီမှဲ့ကိုဖြစ်စေတတ်တဲ့မှဲ့တွေလို့ဆိုကြပါတယ်။ အဲဒီမှဲ့တွေမှာရှိတဲ့မှဲ့ဆဲလ်တစ်ချို့ဟာပြုတ်ထွက်သွားပြီးပြန်ရည်ကြောတွေကနေတစ်ဆင့်ပြန်ရည်အကျိတ်တွေဆီကိုရောက်ရှိလို့သွားရာကဒီမှဲ့တွေဖြစ်ပေါ်လာရတာလို့ဆိုကြပါတယ်။(ဒါပေမယ့်တိတိကျကျတော့မသိရသေးပါဘူး။)ဒါ့ကြောင့်အဲဒီမှဲ့တွေကိုတော့အရေပြားပေါ်မှာတွေ့ရှိနိုင်တယ်လို့ပြောရတာပါ။ မှဲ့အကျိတ်ကိုဘယ်လိုတွေ့ အပြင်မှာမမြင်ရတဲ့မှဲ့အကျိတ်ကိုဘယ်လိုလုပ်ပြီးတော့လူနာကတွေ့ရတာလဲလို့မေးစရာရှိလာပါတယ်။တစ်ကယ်တော့မှဲ့အကျိတ်ကိုလူနာကတွေ့တာမဟုတ်ပါဘူး။ဆရာဝန်ကတွေ့တာပါ။အကြောင်းတစ်ခုခုကြောင့်အကျိတ်ကိုခွဲထုတ်ပြီးစစ်ဆေးကြတဲ့အခါမှာဒီမှဲ့ကိုတွေ့ကြတာပါ။အဓိကအားဖြင့်တော့မှဲ့ကင်ဆာကိုကုသရာမှာမှဲ့ကင်ဆာနဲ့နီးစပ်ရာအကျိတ်ကိုပါခွဲထုတ်ပြီးကင်ဆာဆဲလ်ပျံ့နှံံ့မှုရှိမရှိကိုစစ်ဆေးကြရင်းဒီမှဲ့အမျိုးအစားကိုတွေ့ရှိတာပါ။ဒါ့ကြောင့်အဲဒီအချိန်မှာအကျိတ်ထဲမှာဒီမှဲ့ကိုတွေ့ရှိတဲ့အခါမှဲ့ကင်ဆာဆဲလ်တွေပျံ့နေပြီလို့ထင်မှတ်တတ်ကြပြန်ပါတယ်။တစ်ကယ်တော့အကျိတ်ထဲမှာတွေ့ရတဲ့မှဲ့ဆဲလ်တွေဟာကင်ဆာဆဲလ်ရဲ့လက္ခဏာတွေမရှိတာကြောင့်ကင်ဆာဆဲလ်တွေမဟုတ်တာကိုတွေ့ရှိရပါတယ်။အဲဒီအခါကျမှသာဒီမှဲ့အကျိတ်ဆိုတာကိုအတည်ပြုနိုင်ကြတာဖြစ်ပါတယ်။

ကုသရမှာလား
ကင်ဆာမဟုတ်တဲ့ဒီမှဲ့ဟာကုသစရာမလိုတဲ့ပြသနာပါ။အကျိတ်တွေကိုထုတ်ရင်းတေ့ွရှိခဲ့ရင်လည်းဓါတ်ခွဲခန်းမှာသေသေချာချာစစ်ဆေးပြီးမှဲ့ကင်ဆာဆဲလ်မဟုတ်ကြောင်းကိုအတည်ပြုနိုင်ဖို့လိုအပ်ပါတယ်။မှဲ့ကင်ဆာဆဲလ်မဟုတ်ဘူးဆိုခဲ့ရင်တော့ဘာမှလုပ်စရာမလိုအပ်ပါဘူး။

ဒီလမှာတော့ဒီမှဲ့တွေအကြောင်းနဲ့ပဲအဆုံးသတ်လိုက်ပါရစေ။နောက်လတွေမှာတော့အမှတ်မဟုတ်တဲ့မှဲ့တွေအကြောင်း၊နောက်ပြီးတော့မှဲ့ကင်ဆာတွေရဲ့အကြောင်း၊နေလောင်မှဲ့တွေရဲ့အကြောင်းစတာတွေကိုဆက်လက်ရေးသားသွားမှာဖြစ်ပါတယ်။

စေတနာများစွာဖြင့်

ဒေါက်တာလင်းထက်(အရေပြားအထူးကုဆရာဝန်)

မွဲ႔ (အပိုင္း၄)
အခုလမွာေတာ့အစက္အေျပာက္မွဲ႔(Nevus spilus)၊PSCN ဆိုတဲ့အေရာင္ရွိတဲ့လြန္းပံုဆဲလ္မွဲ႔ (Pigmented Spindle Cell Nevus)၊မွဲ႔အက်ိတ္(Nodal Nevus)အစရွိတဲ့မွဲ႔ေတြအေၾကာင္းကို ေရးသား ေပးသြားမွာျဖစ္ပါတယ္။ဒီမွဲ႔ေတြဟာေတြ႔ရတာနည္းတယ္လုိ႔ဆိုလို႔ရေပမယ့္ရံဖန္ရံခါေတြ႔မိတဲ့အခ်ိန္မွာဘာမွဲ႔အမ်ိဳးအစားလဲ၊မွဲ႔ကင္ဆာမ်ားလားအစရွိသျဖင့္ေတြေ၀မေနပဲစဥ္းစားဆံုးျဖတ္ဖို႔အတြက္အေထာက္အကူျပဳနုိင္ပါတယ္။ဒီေတာ့ဒီမွဲ႔ေတြဟာမွဲ႔ရဲ့အေၾကာင္းမွာခ်န္ထားလို႔မရတဲ႔မွဲ႔ေတြျဖစ္တာေၾကာင့္အပိုင္းတစ္ပိုင္းအျဖစ္ေရးသားလိုက္ရတာျဖစ္ပါတယ္။

အစက္ေျပာက္မွဲ႔(Nevus spilus)
Nevus spilus ဆိုတဲ့အဂၤလိ္ပ္စကားလံုးကိုတုိက္ရိုက္ဘာသာျပန္ၾကည့္လုိက္တာျဖစ္ပါတယ္။တစ္ကယ္ ေတာ့Spilus ဆိုတဲ့စကားလံုးဟာအဂၤလိပ္စကားစစ္စစ္မဟုတ္ပါဘူး။ဂရိဘာသာစကားSpilos ကေနျပီး ဆင္းသက္ေကာက္ယူထားတာပါ။အဓိပၸါယ္ကေတာ့အစက္ေျပာက္(spot)လို႔ဆိုလိုပါတယ္။ဒါ့ေၾကာင့္အစက္အေျပာက္မွဲ႔ရယ္လို႔ဘာသာျပန္လိုက္ရတာပါ။မွဲ႔ရဲ့သြင္ျပင္လကၡဏာကိုလုိက္ျပီးမွည့္ေခၚထားတာ ျဖစ္ပါလိမ့္မယ္။ Speckled Lentiginous Nevus, Zosteriform Lentiginous Nevus အစရွိသျဖင့္ လည္း ေခၚဆိုတတ္ၾကပါတယ္။

ျဖစ္ပါြးမႈႏႈန္း
လူထုအတြင္း ၁ ရာခိုင္ႏႈန္းေလာက္မွာဒီမွဲ႔ကိုေတြ႔ရွိရပါတယ္။ေယာက်ၤား၊မိန္းမရယ္လို႔ေတာ့ခြဲျခား ျဖစ္ပြါးမႈမရွိပါဘူး။ဒီမွဲ႔ျဖစ္ေပၚလာရတဲ့အေၾကာင္းဟာလည္းေမြးရာပါမွဲ႔ၾကီး(Congenital melanocytic nevus )ျဖစ္ေပၚရတဲ့အေၾကာင္းရင္းနဲ႔ခပ္ဆင္ဆင္လို႔ေျပာရမလိုပါပဲ။ဗီဇခ်ိဳ႕ယြင္းမႈေၾကာင့္ေနရာတစ္ခု မွာ တည္ရွိေနနတဲ့မယ္လ္နုိဆိုဒ္ဆဲလ္ေတြတုိးပါြးျပီးျဖစ္ေပၚလာရတာပါ။ဒါေပမယ့္ေဖါက္ျပန္ခ်ိဳ႕ယြင္း ေနတဲ့ဗီဇကိုေတာ့အခုခ်ိန္အထိအတိအက်မသိရေသးပါဘူး။

ေတြ႔ရတဲ့သြင္ျပင္ ဒီမွဲ႔ဟာေမြးကတည္းကပါလာတာကေတာ္ေတာ္ရွားပါတယ္။အမ်ားစုဟာလသားအရြယ္၊ကေလးငယ္အရြယ္ပိုင္းေတြမွာမွစျပီးျဖစ္ေပၚလာၾကတာပါ။ေမြးကတည္းကပါလာခဲ့ရင္ေတာင္မွပဲသိပ္ျပီးမသိသာတဲ့ပံုစံနဲ႔ပဲရွိေနမွာပါ။ေနာက္ပိုင္းလေတြႏွစ္ေတြၾကာလာတဲ့အခါမွာပိုျပီးသိသာထင္ရွားလာတတ္ၾကတာပါ။ဒါေၾကာင့္လသားအရြယ္ေတြ၊ကေလးအရြယ္ေတြမွာေတြ႔ရတာဟာပိုမ်ားပါတယ္။အစဦးျဖစ္ေပၚခါစမွာေတာ့အမည္ေရာင္အစက္အေျပာက္ေလးေတြကိုစျပီးေတြ႔ရပါတယ္။ေနာက္ပုိုင္းမွာေတာ့အျခားေသာအညိဳေရာင္အမည္းေရာင္အစက္ေတြတစ္ျဖည္းျဖည္းမ်ားမ်ားလာပါတယ္။ဒါေၾကာင့္ဒီမွဲ႔ကိုအညိဳေရာင္ျပင္လုိက္အစက္စက္အကြက္ရဲ့အထဲမွာအမည္းေရာင္မွဲ႔ေလးေတြကိုထပ္ျပီးတည္ရွိေနတာကိုေတြ႔ရတတ္ပါတယ္။ျမင္သာေအာင္ေျပာျပရမယ္ဆိုရင္ေတာ့တင္းတိတ္လုိေနေလာင္ကြက္လိုအကြက္ေပၚမွာမွဲ႔ေလးေတြရွိေနတာမ်ိဳးေပါ့။အညိဳေရာင္အကြက္ကေတာ့တစ္စင္တီမီတာေလာက္ကေနတစ္ဆယ္စင္တီမီတာေလာက္အထိရွိတတ္ျပီးအညိဳေရာင္အကြက္ထဲမွာအမည္းေရာင္မွဲ႔ေတြကိုေတြ႔ရမွာျဖစ္ပါတယ္။အမည္းေရာင္မွဲ႔အေရတြက္ကေတာ့အတိအက်မရွိနုိင္သလိုအစပထမမွာေတြ႔ရွိခဲ့ခ်ိန္မွာထက္လည္းတစ္ျဖည္းျဖည္းပိုျပီးမ်ားလာနုိင္ပါတယ္။အမ်ားစုေသာမွဲ႔အစက္အေျပာက္ေတြဟာေျခနဲ႔လက္ေတြမွာေတြ႔ရတာမ်ားပါတယ္။ဒါေပမယ့္လည္းခႏၶာကိုယ္ရဲ့ေနရာတုိင္းမွာေတြ႔ရနုိင္ပါတယ္။ျဖစ္ျပီးေနာက္ပိုင္းမွာသိပ္ျပီးေျပာင္းလဲမႈမရွိပဲတစ္သက္လံုးဒီအတိုင္းပဲဆက္လက္တည္ရွိသြားတာကမ်ားပါတယ္။သို႔ေသာ္လည္းတစ္ခ်ိဳ႕ေသာသူေတြမွာအသက္အရြယ္ၾကီးရင့္လာတာနဲ႔အမ်ွဒီမွဲ႔ဟာတစ္ျဖည္းျဖည္းေမွးမွိန္ေပ်ာက္ကြယ္သါြးတတ္ၾကပါတယ္။

မွားတတ္တဲ့ျပသနာ
ဒီမွဲ႔အမ်ိဳးအစားဟာကြ်န္ေတာ္တို႔နုိင္ငံမွာေတာ့မွဲ႔လို႔အမည္တပ္မခံရပဲေမြးရာပါအမွတ္အေနနဲ႔ေခၚေ၀ၚခံရတဲ့အထဲမွာပါပါလိမ့္မယ္။ဒါေၾကာင့္အမွန္ရယ္လို႔မွားယြင္းယူဆကာေပါ့ေပါ့ဆဆေနတတ္ၾကပါတယ္။ေဆးပညာမွာေတာ့သူ႕ကိုcafé-au-lait အကြက္ဆိုတဲ့Neurofibromatosis ေရာဂါရဲ့လကၡဏာတစ္ခုနဲ႔ မွားနုိင္ပါတယ္။ေနာက္မွားနုိင္စရာတစ္ခုကေတာ့ကြ်န္ေတာ္အပိုင္းတစ္မွာေရးသားေဖၚျပခဲ့တဲ့ေမြးရာပါမွဲ႔ၾကီးေတြနဲ႔မွားနုိင္ပါတယ္။လန္တီဂိုဆိုတဲ့ေနေလာင္မွဲ႔ေတြနဲ႔လည္းမွားနုိင္ပါေသးတယ္။တစ္ျခားမွားနုိင္တဲ့ျပသနာေတြရွိပါေသးတယ္။ဒါေပမယ့္လည္းအျဖစ္နည္းတဲ့ျပသနာေတြျဖစ္တာေၾကာင့္မေဖၚျပေတာ့ပါဘူး။

ကာကြယ္ကုသဖုိ႔
ဒီမွဲ႔ကိုေတာ့ကုသတဲ့နည္းလမ္းရယ္လို႔သတ္မွတ္ထားတာမရွိပါဘူး။မွဲ႔ကင္ဆာရဲ့လကၡဏာေတြျဖစ္ေပၚလာရင္၊ဒါမွမဟုတ္မွဲ႔ကင္ဆာရယ္လုိ႔သံသယရွိလာခဲ့ရင္ေတာ့လွီးထုတ္ဖယ္ရွားတာမ်ိဳး၊အစားစကိုဓါတ္ခြဲခန္းကိုေပးပို႔စစ္ေဆးတာမ်ိဳးေတြလုပ္ရပါတယ္။တစ္ခါတစ္ရံေတာ့အလွအပအတြက္စဥ္းစားေပးရတာမ်ိဳးေတြလည္းရွိတတ္ပါတယ္။တစ္ကယ္ေတာ့ဒီမွဲ႔ေတြဟာမွဲ႔ကင္ဆာအျဖစ္ကိုေျပာင္းသြားနုိင္တာေၾကာင့္ကုသဖို႔ထက္ကာကြယ္မႈကအေရးၾကီးပါတယ္။ေနေရာင္ကိုေတာ့တတ္နုိ္င္သေလာက္ေရွာင္ရွားရပါမယ္။ရွိေနတဲ့မွဲ႔ကိုလည္းတတ္ကြ်မ္းတဲ့ဆရာ၀န္နဲ႔ေသေသခ်ာခ်ာျပသစစ္ေဆးသင့္ပါတယ္။မွဲ႔ကိုလည္းမွဲ႔ကင္ဆာအျဖစ္ကိုေျပာင္းလဲသြားျခင္းရွိမရွိသိနုိင္ဖို႔အတြက္မွဲ႔ကင္ဆာရဲ့ျပင္ပကနဦးလကၡဏာေတြကိုေန႔စဥ္ေန႔တုိင္းနီးပါးမိမိကို္ယ္တိုင္စမ္္းစစ္ၾကရပါမယ္။ဒါမွလည္းဒီမွဲ႔ဟာမွဲ႔ကင္ဆာျဖစ္သြားခဲ့ရင္မိမိဘက္ကကုသမႈမွာလက္ဦးမႈရယူနုိင္မွာျဖစ္ပါတယ္။

အစက္အေျပာက္မွဲ႔အေၾကာင္းကိုေဖၚျပအျပီးမွာေတာ့ျမန္မာလိုဘာသာျပန္နာမည္တပ္လို႔အဆင္မေျပတဲ့ PSCN ဆိုတဲ့မွဲ႔အေၾကာင္းကိုဆက္လက္ေရးသားသြားပါ့မယ္။

Pigmented spindle cell nevus(PSCN)
Reed Nevus လို္႔လဲေခၚၾကပါေသးတယ္။ဒီမွဲ႔အမ်ိဳးအစားကိုပထမဦးဆံုးေဖၚထုတ္ေရးသားခဲ႔တဲ့သူReed ကိုအစြဲျပဳျပီးေခၚလုိက္တာပါ။ဒီမွဲ႔ကိုအဏုၾကည့္မွန္ဘီလူးနဲ႔ဓါတ္ခြဲခန္းမွာၾကည့္တဲ့အခါလြန္းပံုစံရွိတဲ့အေရာင္ျခယ္ဆဲလ္ေတြကိုအေရျပားရဲ့အေပၚယံအလႊာနဲ႔ဒုတိယအလႊာေတြထဲမွာေတြ႔ရတာေၾကာင့္ဒီနာမည္ကိုေပးလုိက္ၾကတာပဲျဖစ္ပါတယ္။အေရာင္ျခယ္လြန္းပံုဆဲလ္မွဲ႔ရယ္လုိ႔ဘာသာျပန္ရမလိုျဖစ္ေနပါတယ္။အဆင္သိပ္မေျပပါဘူး။အဂၤလိပ္နာမည္နဲ႔ပဲဆက္လက္ေရးသားေပးပါ့မယ္။

PSCNမွဲ႔ရဲ့ျဖစ္စဥ္ ဒီမွဲ႔ရဲ့အစျဖစ္ေပၚပံုဟာမယ္လ္နိုဆိုဒ္ဆဲလ္ေတြရဲ့ပင္မဇစ္ျမစ္နဲ႔အစျဖစ္ေပၚပံုျခင္းအတူတူျဖစ္ပါတယ္။ဒါေပမယ့္ဘယ္ဗီဇေဖါက္ျပန္ျပီးဒီလိုမွဲ႔မ်ိဳးျဖစ္သြားရတာလဲဆိုတာကိုေတာ့အခုအခ်ိန္အထိမသိရွိရေသးပါဘူး။ အသက္၂ႏွစ္အရြယ္ကေန၆၀အရြယ္ေလာက္အတြင္းမွာထိဒီမွဲ႔မ်ိဳးျဖစ္တာကိုေတြ႔ရပါတယ္။အသက္သံုးဆယ္အရြယ္၀န္းက်င္ေတြမွာေတြ႔ရတာမ်ားပါတယ္။ေယာက်ၤားနဲ႔မိန္းမခြဲျခားျပီးေျပာရရင္ေတာ့မိန္းမေတြမွာျဖစ္တာမ်ားပါတယ္။အေတြ႔ရမ်ားတဲ့ကိုယ္ခႏၶာအစိတ္အပိုင္းကိုေျပာရရင္ေတာ့ေျခလက္ေတြမွာအျဖစ္မ်ားတာကိုေတြ႔ရပါတယ္။ေပါင္ေနရာမွာေတာ့ဒီမွဲ႔ဟာအေတြ႔ရအမ်ားဆံုးျဖစ္ပါတယ္။ေျခလက္ေတြျပီးရင္ေတာ့ေက်ာျပင္ဟာဒုတိယအေတြ႔ရအမ်ားဆံုးေနရာျဖစ္ပါတယ္။စျပီးျဖစ္ေပၚတဲ့အခ်ိန္ကေနတစ္ႏွစ္၂ႏွစ္အတြင္းမွာအရြယ္အစားဟာၾကီးထြားလာပါတယ္။ရင့္က်က္တဲ့အေနအထားတစ္ခုအထိၾကီးထြားလာျပီးတဲ့အခါမွာေတာ့ဆက္လက္ၾကီးထြားမႈမရွိေတာ့ပဲရပ္တန႔္သြားပါေတာ့တယ္။

PSCNမွဲ႔ရဲ့အသြင္အျပင္
ဒီမွဲ႔ဟာအနက္ေရာင္ဒါမွမဟုတ္အညိဳေရာင္သန္းတဲ့အနက္ေရာင္အဆင္းရွိပါတယ္။အေရာင္ဟာမ်က္ႏွာျပင္တစ္ခုလံုးကိုညီညီညာညာနဲ႔ျဖန္႔က်က္တည္ရွိေနပါတယ္။အနားသတ္ေတြဟာေဘးဘက္အေရျပားအေရာင္နဲ႔တိက်ကြဲျပားတဲ့အေရာင္ျခားနားမႈရွိတာေၾကာင့္မွဲ႔ကိုသိသာကြဲျပားစြာေတြ႔ရွိရပါတယ္။ျဖစ္ခါစမွာေတာ့မဲမဲအဖုေသးေသးငယ္ငယ္အျဖစ္ေတြ႔ရနုိင္ပါတယ္။ေနာက္ျပီးအရြယ္အစားဟာၾကီးလာပါတယ္။အဖုလံုးပံုစံျဖစ္လာပါတယ္။အနားသတ္ကိုေသေသခ်ာခ်ာၾကည့္ရင္ေတာ့ေဘးဘက္ေတြကိုအနက္ေရာင္ဟာျဖာထြက္ေနတဲ့ပံုစံေတြကိုေတြ႔ရပါတယ္။ဒါကိုၾကယ္ေပါက္ကြဲမႈပံုစံနဲ႔တူတာေၾကာင့္ ‘Starburst’ ပံုစံရယ္လုိ႔အဂၤလိပ္လို တင္စား ေရးသားၾကပါတယ္။
သူ႔ပံုစံကိုေရးတာေရးရတာပါတစ္ကယ္ေတာ့တစ္ျခားမွဲ႔ေတြနဲ႔ကြာျခားခ်က္ကိုျပင္ပသြင္ျပင္မွာအထင္အရွားၾကီးမေတြ႔ရပါဘူး။အသားစကိုယူျပီးအဏုၾကည့္မွန္ဘီလူးေအာက္မွာေသခ်ာၾကည့္မွသာအျခားမွဲ႔ေတြနဲ႔မတူတဲ့လြန္းပံုစံမယ္လ္နုိဆိုဒ္ဆဲလ္ေတြကိုေတြ႔ရမွာပါ။ဒါေၾကာင့္ျပင္ပသြင္ျပင္ကိုၾကည့္ျပီးအျခားမွဲ႔ေတြနဲ႔မွားတတ္သလိုမွဲ႔ကင္ဆာနဲ႔လည္းမွားယြင္းတတ္ပါတယ္။

ကာကြယ္ကုသမႈ
ဒီမွဲ႔ဟာမျဖစ္ပြါးေအာင္ကာကြယ္လုိ႔မရနုိင္ပါဘူး။ဒါေပမယ့္ျဖစ္ျပီးသားမွဲ႔ကိုေတာ့အျခားမွဲ႔ေတြလုိပဲမွဲ႔ကင္ဆာမျဖစ္သြားေစဖုိ႔ေနေရာင္ကိုတတ္နုိင္သေလာက္ကာကြယ္သင့္ပါတယ္။အလွအပအတြက္လွီးထုတ္ဖယ္ရွားေပးရတာမ်ိဳးေတြရွိတတ္ပါတယ္။မွဲ႔ကင္ဆာဟုတ္မဟုတ္မေသခ်ာမႈေၾကာင့္ဓါတ္ခြဲစမ္းသပ္မႈအတြက္လွီးထုတ္မယ္ဆိုရင္လည္းအနားသတ္ပတ္ပတ္လည္ကိုအေရျပားအမ်ားၾကီးပါေအာင္လွီးဖို႔မလိုအပ္ပါဘူး။ဒီမွဲ႔ကေနကင္ဆာကိုေျပာင္းသြားတယ္ဆိုတာေတာ္ေတာ္ၾကီးကိုရွားပါးပါတယ္။

မွဲ႔အက်ိတ္(Nodular nevus)
တုိက္ရိုက္ဆိုရင္ေတာ့အဖုမွဲ႔ရယ္လို႔ဘာသာျပန္ရမလိုပါပဲ။တစ္ကယ္ေတာ့သူဟာအက်ိတ္ေတြထဲမွာျဖစ္တဲ့မွဲ႔ပါ။(ဒီေတာ့အက်ိတ္မွဲ႔ဆိုတာထက္မွဲ႔အက်ိတ္ဆိုတာကပိုျပီးအဓိပၸါယ္ရွိသလိုပါပဲ)။ဒါေၾကာင့္သူ႔ကိုမွဲ႔အက်ိတ္ရယ္လုိ႔ဘာသာျပန္လုိက္တာျဖစ္ပါတယ္။ေဆးပညာသေဘာအရမွဲ႔တစ္ခုျဖစ္ေနျပီးဆံုးျဖတ္ခ်က္ခ်ရာမွာလည္းမွဲ႔ကင္ဆာနဲ႔လည္းမွားနုိင္တာေၾကာင့္အေရးၾကီးပါတယ္။သို႔ေသာ္လည္းဒီမွဲ႔ဟာလူနာေတြအတြက္ေတာ့မွဲ႔လို႔မေျပာနုိင္သလို၊အေရးပါမွန္းလည္းသိၾကမွာမဟုတ္ပါဘူး။

မျမင္ရတဲ့မွဲ႔
မျမင္ရတာကိုပဲမွဲ႔ရယ္လို႔ေျပာလာေတာ့ေတာ္ေတာ္ေလးကိုကသိကေအာင့္နုိင္တဲ့မွဲ႔လုိ႔ပဲေျပာရမွာပါ။တစ္ကယ္လည္းပဲအျပင္မွာမျမင္ရပါဘူး။ဒီမွဲ႔ဟာကြ်န္ေတာ္တို႔ရဲ့အက်ိတ္ဆိုတဲ့ျပန္ရည္အဖု(Lymph Node)ေတြအထဲမွာျဖစ္ေနတာပါ။မယ္လ္နို္ဆိုဒ္ဆိုတဲ့မွဲ႔ဆဲလ္ေတြကိုအဲဒီအက်ိတ္ေတြအထဲမွာေတြ႔ၾကရတာေၾကာင့္မွဲ႔လုိ႔ေခၚဆိုလုိက္ၾကတာပါ။ဒီေတာ့မွဲ႔ကိုအေရျပားေပၚမွာမေတြ႔ရပဲျဖစ္ေနပါတယ္။ဒါေၾကာင့္လူနာေရာဆရာ၀န္ပါဒီမွဲ႔ကိုမျမင္ၾကရပါဘူး။ဒါေပမယ့္လည္းဒီမွဲ႔ကိုျဖစ္ေစတဲ့အျခားမွဲ႔ေတြကိုေတာ့အေရျပားေပၚမွာေတြ႔ရနုိင္ပါတယ္။

ျမင္ေတြ႔ရနုိင္တဲ့အျခားမွဲ႔ေတြ
ဒီမွဲ႔ကိုမျမင္ရေပမယ့္တစ္ျခားမွဲ႔ေတြကိုေတာ့ျမင္ေတြ႔ရတတ္ပါတယ္။ဘာ့ေၾကာင့္လဲဆိုတာကိုရွင္းျပပါ့မယ္။Spitz Nevus,Congenital Nevomelanocytic Nevus,Common Acquired Nevomelanocytic Nevus, Blue Nevus အစရွိတဲ့မွဲ႔ေတြဟာဒီမွဲ႔ကိုျဖစ္ေစတတ္တဲ့မွဲ႔ေတြလို႔ဆိုၾကပါတယ္။ အဲဒီမွဲ႔ေတြမွာရွိတဲ့မွဲ႔ဆဲလ္တစ္ခ်ိဳ႕ဟာျပဳတ္ထြက္သြားျပီးျပန္ရည္ေၾကာေတြကေနတစ္ဆင့္ျပန္ရည္အက်ိတ္ေတြဆီကိုေရာက္ရွိလို႔သြားရာကဒီမွဲ႔ေတြျဖစ္ေပၚလာရတာလုိ႔ဆိုၾကပါတယ္။(ဒါေပမယ့္တိတိက်က်ေတာ့မသိရေသးပါဘူး။)ဒါ့ေၾကာင့္အဲဒီမွဲ႔ေတြကိုေတာ့အေရျပားေပၚမွာေတြ႔ရွိနုိင္တယ္လို႔ေျပာရတာပါ။ မွဲ႔အက်ိတ္ကိုဘယ္လိုေတြ႔ အျပင္မွာမျမင္ရတဲ့မွဲ႔အက်ိတ္ကိုဘယ္လိုလုပ္ျပီးေတာ့လူနာကေတြ႔ရတာလဲလို႔ေမးစရာရွိလာပါတယ္။တစ္ကယ္ေတာ့မွဲ႔အက်ိတ္ကိုလူနာကေတြ႔တာမဟုတ္ပါဘူး။ဆရာ၀န္ကေတြ႔တာပါ။အေၾကာင္းတစ္ခုခုေၾကာင့္အက်ိတ္ကိုခြဲထုတ္ျပီးစစ္ေဆးၾကတဲ့အခါမွာဒီမွဲ႔ကိုေတြ႔ၾကတာပါ။အဓိကအားျဖင့္ေတာ့မွဲ႔ကင္ဆာကိုကုသရာမွာမွဲ႔ကင္ဆာနဲ႔နီးစပ္ရာအက်ိတ္ကိုပါခြဲထုတ္ျပီးကင္ဆာဆဲလ္ပ်ံ႕ႏွံံ႔မႈရွိမရွိကိုစစ္ေဆးၾကရင္းဒီမွဲ႔အမ်ိဳးအစားကိုေတြ႔ရွိတာပါ။ဒါ့ေၾကာင့္အဲဒီအခ်ိန္မွာအက်ိတ္ထဲမွာဒီမွဲ႔ကိုေတြ႔ရွိတဲ့အခါမွဲ႔ကင္ဆာဆဲလ္ေတြပ်ံ႕ေနျပီလုိ႔ထင္မွတ္တတ္ၾကျပန္ပါတယ္။တစ္ကယ္ေတာ့အက်ိတ္ထဲမွာေတြ႔ရတဲ့မွဲ႔ဆဲလ္ေတြဟာကင္ဆာဆဲလ္ရဲ့လကၡဏာေတြမရွိတာေၾကာင့္ကင္ဆာဆဲလ္ေတြမဟုတ္တာကိုေတြ႕ရွိရပါတယ္။အဲဒီအခါက်မွသာဒီမွဲ႔အက်ိတ္ဆိုတာကိုအတည္ျပဳနုိင္ၾကတာျဖစ္ပါတယ္။

ကုသရမွာလား
ကင္ဆာမဟုတ္တဲ့ဒီမွဲ႔ဟာကုသစရာမလိုတဲ့ျပသနာပါ။အက်ိတ္ေတြကိုထုတ္ရင္းေတ႔ြရွိခဲ့ရင္လည္းဓါတ္ခြဲခန္းမွာေသေသခ်ာခ်ာစစ္ေဆးျပီးမွဲ႔ကင္ဆာဆဲလ္မဟုတ္ေၾကာင္းကိုအတည္ျပဳနုိင္ဖို႔လုိအပ္ပါတယ္။မွဲ႔ကင္ဆာဆဲလ္မဟုတ္ဘူးဆုိခဲ့ရင္ေတာ့ဘာမွလုပ္စရာမလိုအပ္ပါဘူး။

ဒီလမွာေတာ့ဒီမွဲ႔ေတြအေၾကာင္းနဲ႔ပဲအဆံုးသတ္လုိက္ပါရေစ။ေနာက္လေတြမွာေတာ့အမွတ္မဟုတ္တဲ့မွဲ႔ေတြအေၾကာင္း၊ေနာက္ျပီးေတာ့မွဲ႔ကင္ဆာေတြရဲ့အေၾကာင္း၊ေနေလာင္မွဲ႔ေတြရဲ့အေၾကာင္းစတာေတြကိုဆက္လက္ေရးသားသြားမွာျဖစ္ပါတယ္။

ေစတနာမ်ားစြာျဖင့္

ေဒါက္တာလင္းထက္(အေရျပားအထူးကုဆရာ၀န္)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *