မှဲ့(အပိုင်း၃)

မှဲ့အကြောင်း(အပိုင်း၂)မှာတုန်းကမွေးရာပါမဟုတ်တဲ့မှဲ့တွေအထဲကပထမအမျိုးအစားဖြစ်တဲ့အဖြစ်များပြီးမွေးရာပါမဟုတ်တဲ့မှဲ့(Common Acquired Nevomelanocytic Nevus)အကြောင်းကိုရေးသား ဖေါ် ပြခဲ့ပြီးပါပြီ။ အခုအပိုင်း(၃)မှာတော့မွေးရာပါမဟုတ်တဲ့မှဲ့တွေအထဲကကျန်တဲ့မှဲ့တွေအကြောင်းကိုဆက် လက်ရေးသားပေးသွားပါ့မယ်။ Acquired Nevomelanocytic Nevus ထဲကကျန်တဲ့မှဲ့တွေကတော့

  • Spitz Nevus
  • Blue Nevus
  • Atypical or dysplastic Nevus စတာတွေပဲဖြစ်ပါတယ်။

စပဇ်မှဲ့(Spitz Nevus)

မြန်မာလိုပြန်ထားတာမရှိတဲ့မွေးရာပါမဟုတ်တဲ့မှဲ့တစ်မျိုးပါပဲ။Sophie Spitz ဆိုတဲ့သူကတွေ့ရှိ တင်ပြ ခဲ့လို့ဒီမှဲ့ကိုသူ့နာမည်တပ်ခေါ်လိုက်တာဖြစ်ပါတယ်။သိပ်ပြီးအတွေ့ရမများပါဘူး။တွေ့ခဲ့ရင်လည်းအသက်ငယ်ငယ်တွေမှာပဲအတွေ့ရများပါတယ်။ဒီမှဲ့တွေရဲ့တွေ့ရှိမှု၅၀ရာနှုန်းကျော်ကျော်လောက်ဟာအသက်၁၄နှစ်အောက်တွေမှာတွေ့ရပြီး၂၅ရာနှုန်းလောက်ဟာအသက်၁၄နဲ့၃၀နှစ်ကြားမှာတွေ့ရပါတယ်။ကျန်တဲ့ရာနှုန်းကတော့အသက်၃၀နှစ်အထက်မှာတွေ့ရပါတယ်။

သွင်ပြင်လက္ခဏာ

ဒီစပဇ်မှဲ့ဟာကလေးဘဝမှာစပြီးဖြစ်ပေါ်လာတာများပါတယ်။အစပထမမှာတော့အရေပြားမှာလုံးလုံးခုံးခုံးဖုဖုလေးပေါ့။ပန်းရောင်၊အနီရောင်ဒါမှမဟုတ်နီညိုရောင်ရှိတဲ့အဖုလေးပါ။သုံးလေးမီလီမီတာအရွယ်အစားလောက်ကနေတစ်စင်တီမီတာနှစ်စင်တီမီတာအရွယ်အစားလောက်အထိရှိတတ်ပါတယ်။၃-၄-၅ လအတွင်းမှာရုတ်တစ်ရက်ကြီးလာတတ်ပြီး၁-၂ စင်တီမီတာအရွယ်လောက်အထိကြီးတတ်ကြပါ တယ်။အဲဒီနောက်မှာတော့နှစ်တော်တော်ကြာကြာအထိမပြောင်းမလဲပဲငြိမ်သက်နေတတ်ကြပါတယ်။ ဒီမှဲ့ဟာတစ်လုံးတည်းပဲဖြစ်ပေါ်လာတာများပါတယ်။ဖြစ်ပြီးရင်လဲဘေးဘက်ကိုပဲတစ်ဖြည်းဖြည်းကျယ်ပြန့်လာတတ်ပါတယ်။အများစုကတော့ယားယံခြင်း၊နာကျင်ခြင်းမရှိပဲပေါ်လာကြပါတယ်။ဒါပေမယ့်တစ်ခါတစ်ရံမှာတော့ယားယံတာတို့၊နာကျင်တာတို့၊သွေးထွက်တာတို့ဖြစ်တတ်ပါတယ်။မျက်နှာပြင်ကတော့ချောမွေ့တယ်လို့ဆိုရမှာပါ။ဒါပေမယ့်တစ်ခါတစ်ရံမှာအဖတ်လန်နေတာမျိုး၊အနည်းငယ်မညီမညာဖြစ်နေတာမျိုးတော့ရှိတတ်ပါတယ်။ပါးလွှာတဲ့အပေါ်ယံအရေပြားအလွှာနဲ့သာဖုံးထားတာကြောင့်ထိခိုက်ဒဏ်ရာရသွေးထွက်တာမျိုးဖြစ်တတ်ပါတယ်။လည်ပင်း၊ဦးခေါင်းနဲ့ခြေလက်တွေမှာဖြစ်တာများပါတယ်။ဒါပေမယ့်လက်ဖဝါး၊ခြေဖဝါးမှာဖြစ်လေ့ဖြစ်ထမရှိပါဘူး။

လွဲမှားနိုင်တဲ့ပြသနာ

ဒီစပဇ်မှဲ့ရဲ့အရောင်ဟာအနီရောင်၊ပန်းရောင်ဆိုတဲ့အရောင်တွေနဲ့တွေ့ရတဲ့အခါမှာတော့သွေးကြောထုံး၊သွေးကြောလုံး(Haemangioma)တွေနဲ့မှားတတ်ကြပါတယ်။နောက်ပြီးပိုင်ရိုဂျီးန်နစ်ဂရန်ူလိုမား (Pyogenic granuloma) ၊ histiocytoma ၊ Juvenile xanthogranuloma စတဲ့ပြသနာတွေနဲ့မှားနိုင်ပါ သေးတယ်။တစ်ခါတစ်ရံမှာစပဇ်မှဲ့ဟာစမ်းကြည့်လိုက်ရင်အနည်းငယ်တင်းနေတာကြောင့်ကီးလွိုက်ဆိုတဲ့မန်းသီးတွေနဲ့လည်းမှားတတ်ကြပါတယ်။ စပဇ်မှဲ့ဟာများသောအားဖြင့်တစ်လုံးတည်းဖြစ်ပေါ်တတ်ပေမယ့်ရံဖန်ရံခါမှာတော့အရေအတွက်များပြားစွာဖြစ်ပေါ်တွေ့ရှိရတတ်ပါတယ်။ဒီလိုအခါမျိုးမှာတော့ပျံ့နှံ့နေတဲ့မှဲ့ကင်ဆာနဲ့တူတာကြောင့်မှားယွင်းဆုံးဖြတ်တတ်ကြပါတယ်။

ကုသမှု

ကုသမှုအနေနဲ့ကတော့ထွေထွေထူးထူးကြီးမရှိပါဘူး။လှီးထုတ်ဖယ်ရှားပြစ်လိုက်တာပါပဲ။ဒီလိုလုပ်ခြင်းဟာလည်းလူနာကဖယ်ရှားချင်တာမျိုးရှိမှပါ။ဒါပေမယ့်လည်းအခြားသောရောဂါတွေနဲ့လွဲမှားနိုင်တဲ့အခြေအနေမျိုးမှာတော့သေချာတဲ့အဖြေတစ်ခုအတွက်အသားစယူစစ်ဆေးခြင်းပြုလုပ်ဖို့လှီးထုတ်ရတာမျိုးလည်းရှိပါတယ်။အဲဒီအခါမျိုးမှာတော့အနားသတ်တွေကိုသေသေချာချာမကျန်အောင်လှီးထုတ်ဖို့လိုပါတယ်။ဒါမှလည်းရောဂါဗေဒဆိုင်ရာအဖြေဟာပိုပြီးတိကျနိုင်မှာဖြစ်ပါတယ်။

မှဲ့ပြာ(Blue Nevus)

အပြာရောင်ရှိတဲ့မှဲ့ကိုခေါ်လိုက်တာဖြစ်ပါတယ်။ဒါပေမယ့်လည်းနက်ပြာရောင်ရှိတဲ့မှဲ့တွေကိုလည်းမှဲ့ပြာလို့ခေါ်ပါသေးတယ်။ဒီမှဲ့ပြာအမျိုးအစားကတော့သိပ်ပြီးရှားပါးတဲ့မှဲ့မျိုးမဟုတ်ပါဘူး။ဥရောပသားတွေ၊ဂျပန်လူမျိုးတွေမှာဆိုရင်တော်တော်လေးတွေ့ရတတ်တဲ့မှဲ့အမျိုးအစားပါ။တစ်ရာမှာတစ်ယောက်လောက်တော့တွေ့ရတတ်ပါတယ်။အသက်ငါးနှစ်အရွယ်လောက်မှာစပြီးတွေ့ရတတ်ပြီး၊တစ်ချို့ကတော့အရွယ်ရောက်မှပေါ်လာတတ်ကြပါတယ်။အရွယ်အစားအနေနဲ့ကတော့တစ်စင်တီမီတာထက်ကြီးတဲ့မှဲ့ပြာဟာတော်တော်ကြီးကိုရှားပါတယ်။တစ်ကယ်လို့များမှဲ့ပြာဟာတစ်စင်တီမီတာထက်ကြီးနေမယ်ဆိုရင်လည်းအဲဒီမှဲ့ပြာကိုမှဲ့ကင်ဆာပြောင်းနိုင်တဲ့မှဲ့အဖြစ်သတ်မှတ်ပြီးလှီးထုတ်ဖယ်ရှားဖို့စဉ်းစားရပါလိမ့်မယ်။အရေတွက်အနေနဲ့ကတော့တစ်လုံးတည်းပဲတွေ့ရတာများပြီးအများကြီးတွေ့ရပြီဆိုရင်လဲရောဂါစုတွေကိုထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ခန္ဓာကိုယ်ရဲ့ခြေ၊လက်၊မျက်နှာနဲ့တင်ပါးနေရာတွေမှာမှဲ့ပြာကိုတွေ့ရတာများပါတယ်။အပြာရောင်ဒါမှမဟုတ်နက်ပြာရောင်ရှိတဲ့မျက်နှာပြင်ဟာကြမ်းတမ်းမှုမရှိပဲညီညာနေပြီးအရေပြားမျက်နှာပြင်အထက်ကိုကြွတက်နေပါတယ်။အချိုးကျပြီးညီညာတဲ့သဏ္ဍန်ရှိပါတယ်။ဖြစ်ပေါ်ပြီးတဲ့မှဲ့ပြာတွေဟာပြောင်းလဲမှုမရှိသလောက်ပါပဲ။ငြိမ်နေတတ်ကြတာများပါတယ်။တစ်ချို့သောပညာရှင်တွေကတော့ဒီမှဲ့အမျိုးအစားကို Nevus of Ito, Nevus of Ota, Mongolian spot အစရှိတဲ့ မှဲ့တို့နဲ့ဖြစ်ပေါ်ပုံသဘာဝခြင်းဆင်တူကြတယ်လို့ဆိုကြပါတယ်။

မှားနိုင်တာတွေ

ဒီမှဲ့ပြာဟာအခြားသောအရေပြားပြသနာတွေနဲ့မှားယွင်းနိုင်ပါတယ်။ဥပမာ-Glomus Tumor , Pyogenic granuloma,Dermatofibroma စတဲ့ပြသနာတွေနဲ့မှားနိုင်သလို၊မှဲ့ကင်ဆာတွေနဲ့လည်း မှားယွင်းနိုင်ပါတယ်။

သတိထားရမယ့်မှဲ့

ဒီမှဲ့ပြာဟာမှဲ့ကင်ဆာဖြစ်နေတဲ့မှဲ့ပြာအမျိုးအစား(Malignant Blue Nevus)နဲ့ခွဲခြားဖို့သိပ်မလွယ်ကူပါ ဘူး။နဂိုရှိပြီးမှဲ့ပြာကိုသိရှိထားပြီးသူ့ရဲ့ပြောင်းလဲမှုကိုသတိထားမိပါမှကင်ဆာဖြစ်နေတဲ့မှဲ့ပြာကင်ဆာကိုသိရှိနိုင်မှာဖြစ်ပါတယ်။နောက်ပြီးရိုးရိုးမဲှ့ကင်ဆာတွေနဲ့လည်းမှားနိုင်ပါတယ်။ဒါကြောင့်ဒီမှဲ့ပြာဟာသတိထားပြီးစောင့်ကြည့်ကာတတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့သေသေချာချာတိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်။မှဲ့ကင်ဆာကိုပြောင်းလဲသွားတဲ့လက္ခဏာတွေမရှိရင်တော့ဒီမှဲ့ပြာကိုဘာမှကုသမှုပေးဖို့မလိုအပ်ပါဘူး။အလှအပအတွက်ကတော့လှီးထုတ်ဖယ်ရှားပြစ်လိုက်လို့ရပါတယ်။ဒီလိုလုပ်တဲ့ခွဲစိတ်မှုမျိုးကတော့မျက်နှာပေါ်မှာရှိနေတဲ့မှဲ့ပြာတွေကိုလုပ်ပေးရတာကများပါတယ်။ဘာပဲဖြစ်ဖြစ်ဒီမှဲ့ပြာအမျိုးအစားဟာမှဲ့ကင်ဆာတွေနဲ့မှားယွင်းနိုင်တာကြောင့်သတိထားစောင့်ကြည့်ပြီးဆရာဝန်တွေနဲ့တိုင်ပင်ပြသနေသင့်တဲ့မှဲ့လို့ပဲဆိုရမှာပါ။

Atypical or Dysplastic Nevus

ဒီမှဲ့ကတော့မှဲ့ကင်ဆာနဲ့တူတဲ့မှဲ့လို့ဘာသာပြန်ရင်သိပ်ပြီးမမှားလောက်ဘူးလို့ထင်ပါတယ်။တိုက်ရိုက်ပြန်ကြည့်ရင်တော့ဖေါက်ပြန်နေတဲ့မှဲ့လို့ပြန်ရမလား၊ဒါမှမဟုတ်မူမမှန်တဲ့မှဲ့လို့ပဲပြန်ရမလား၊အသွင်ထူးမှဲ့လို့ပဲပြန်ရမလားပေါ့။မှဲ့ကင်ဆာရဲ့ပုံစံသဏ္ဍန်တွေကိုအပြင်မှာတွေ့နေရပြီးတစ်ကယ်တော့မှဲ့ကင်ဆာမဟုတ်သေးတဲ့မှဲ့ပါ။ဒါကြောင့်သူ့ကိုClinically atypical Naevus လို့လဲခေါ်ကြပါတယ်။

အတွေ့ရများသလား

တစ်ကယ်တော့ဒီမှဲ့ဟာကျွန်တော်တို့နိုင်ငံမှာသိပ်ပြီးမတွေ့ရပါဘူး။အသားဖြူတဲ့ဥရောပသားတွေမှာပဲအတွေ့ရများတာပါ။သူတို့ဆီမှာဆိုရင်တော့လူဦးရေရဲ့တစ်ဆယ်ကနေသုံးဆယ့်ငါးရာနှုန်းလောက်အထိတွေ့နိုင်ပါတယ်။

သူ့အသွင်သဏ္ဍန်

မှဲ့တော့မှဲ့ပါပဲ။မှဲ့ကင်ဆာနဲ့တူတဲ့မှဲ့ပေါ့။အရွယ်အစားအားဖြင့်၅မီလီမီတာကျော်ကျော်လောက်ရှိပြီးမှဲ့ရဲ့ဘေးအနားသတ်တွေကမညီမညာဖြစ်နေပါတယ်။မှဲ့မျက်နှာပြင်ရဲ့အရောင်တည်ရှိမှုဟာလည်းမညီမညာပါပဲ။ဒီလိုမညီမညာဖြစ်နေတဲ့အနားသတ်တွေနဲ့အရောင်အဆင်းကြောင့်သူ့ကိုမူမမှန်ဘူးလို့သတ်မှတ်လိုက်တာပါ။ဘာကြောင့်မူမမှန်တာလို့သတ်မှတ်ကြသလဲဆိုတာကတော့အနားသတ်တွေမညီမညာဖြစ်နေခြင်းဟာမှဲ့ကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်သလို၊မှဲ့မျက်နှာပြင်အရောင်မညီမညာဖြစ်နေခြင်းဟာလည်းမှဲ့ကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်နေလို့ပါပဲ။ဒီတော့ကင်ဆာမဟုတ်တဲ့သာမန်မှဲ့လို့ဆိုပေမယ့်လည်းမှဲ့ကင်ဆာရဲ့သဏ္ဍန်တွေပါရှိနေတာကြောင့်သူ့ကိုမှဲ့ကင်ဆာတွေနဲ့မှားကြသလို၊မှဲ့ကင်ဆာဟုတ်မဟုတ်ဆိုတာကိုလည်းမသိနိုင်ဖြစ်ကြရပါတယ်။အရေပြားအသားစယူပြီးစစ်ဆေးကြည့်မှသာမှဲ့ကင်ဆာမဟုတ်မှန်းသိရမှာဖြစ်ပါတယ်။

မှဲ့ကင်ဆာနဲ့မလွဲအောင်

မှဲ့ကင်ဆာနဲ့တူတဲ့ဒီမှဲ့ကိုမှဲ့ကင်ဆာနဲ့မမှားကြဖို့လိုအပ်သလို၊မှဲ့ကင်ဆာဖြစ်နေတဲ့မှဲ့ကိုဒီမှဲ့နဲ့မမှားမိဖို့ကလည်းအရေးကြီးလှပါတယ်။ဒီတော့ဒီမှဲ့ဟာစပြီးပေါ်လာကတည်းကပုံစံဟာမှဲ့ကင်ဆာလိုပုံပါ။ရိုးရိုးမှဲ့ကနေအခုလိုပုံကိုပြောင်းလာတာမဟုတ်ပါဘူး။ဒါ့ကြောင့်ကနဦးမှဲ့ရဲ့သဏ္ဍန်ကိုသိထားဖို့လိုအပ်ပါတယ်။ပုံစံပြောင်းလဲပြီးဖြစ်ပေါ်လာတဲ့မှဲ့မဟုတ်တာကြောင့်Atypical Nevus ပဲဆိုပြီးတော့လည်းပစ်ထားလို့မရပြန်ပါ ဘူး။သူကိုယ်တိုင်ကကနဦးမှာကင်ဆာမှဲ့မဟုတ်သေးပေမယ့်ကင်ဆာကိုပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်သူ့ကိုလည်းစောင့်ပြီးကြည့်ရှုဖို့တော့လိုအပ်ပါတယ်။ဖြစ်နိုင်ရင်ကနဦးပုံစံကိုဓါတ်ပုံရိုက်ပြီးမှတ်တမ်းတင်ထားသင့်ပါတယ်။ဒါမှလည်းပြောင်းလဲမှုရှိလာတဲ့အခါမှာသိသာနိုင်မှာဖြစ်ပါတယ်။မှဲ့ကင်ဆာရယ်ဆိုပြီးသံသယရှိခဲ့လို့ဒီမှဲ့မျိုးကိုဓါတ်ခွဲစစ်ဆေးကြည့်ဖို့အသားစယူတဲ့အခါမျိုးမှာလည်းမှဲ့တစ်ခုလုံးပြည့်စုံလုံလောက်အောင်ပါမယ့်အသားစလှီးထုတ်ခြင်းမျိုးကိုသာလုပ်ရမှာဖြစ်ပါတယ်။မှဲ့ရဲ့တစ်စိတ်တစ်ပိုင်းသားပါမယ့်Punch Biopsy တို့ Incisional Biopsy တို့လုံးဝမလုပ်ရပါဘူး။ဘာကြောင့်လဲဆိုတော့ မပြည့်စုံ တဲ့အသားစတွေဟာစောစီးတဲ့မှဲ့ကင်ဆာရဲ့လက္ခဏာတွေကိုမတွေ့ရတတ်ပါဘူး။ဒါကြောင့်မှဲ့ကင်ဆာများဖြစ်နေခဲ့ရင်မှန်ကန်တဲ့အဖြေမရပဲလွတ်သွားနိုင်လို့ဖြစ်ပါတယ်။

ကာကွယ်ကြဖို့

တစ်ကယ်တော့ဒီမှဲ့အမျိုးအစားဟာကင်ဆာမဟုတ်ပါဘူး။ဒါပေမယ့်လည်းမှဲ့ကင်ဆာနဲ့တူတဲ့လက္ခဏာတွေကိုတွေ့လိုက်ရတဲ့အခါမှာမှားယွင်းတတ်ကြပါတယ်။တစ်ချို့မှာတော့မှဲ့ဟာဖြစ်ကတည်းကဒီလိုပုံစံပဲဆိုပြီးဂရုမစိုက်ပဲနေတတ်ကြပြန်ပါတယ်။အဲဒီမှဲ့ဟာမှဲ့ကင်ဆာအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့မသိလိုက်ပဲဒုက္ခလှလှတွေ့ကြရတတ်ပါတယ်။ဒီတော့ဒီလိုမှဲ့မျိုးပိုင်ဆိုင်ထားတဲ့သူဟာမှဲ့ကင်ဆာဟုတ်မဟုတ်ကိုသေသေချာချာပြသတိုင်ပင်ဆွေးနွေးထားသင့်သလို၊ကိုယ်ကိုယ်တိုင်ကလည်းအဲဒီမှဲ့ကိုနေ့စဉ်ကြည့်ရှု့စစ်ဆေးသင့်လှပါတယ်။ဒါမှလည်းမှဲ့ကင်ဆာအဖြစ်ပြောင်းလဲမှုကိုသိရှိပြီးလက်ဦးမှုရယူနိုင်မှာဖြစ်ပါတယ်။နောက်ပြီးဒီလိုမှဲ့မျိုးရှိနေတဲ့သူတွေဟာနေရောင်ကိုတတ်နိုင်သလောက်ရှောင်ရှားသင့်လှပါတယ်။ဒါမှလည်းမှဲ့ကင်ဆာအန္တရာယ်ဘေးကကင်းဝေးနိုင်မှာဖြစ်ပါတယ်။

ဒီတစ်လမှာတော့မှဲ့ရဲ့အကြောင်းတွေအထဲက မွေးရာပါမဟုတ်တဲ့မှဲ့ (Acquired Melanocytic Nevus) အကြောင်းကိုအဆုံးသတ်ရေးသားလိုက်ရပါပြီ။နောက်လမှာတော့ Nevus spilus,Pigmented spindle cell nevus(PSCN) နဲ့ Nodular nevus တွေရဲ့အကြောင်းကိုဆက်လက်ရေးသားသွားပါ ဦးမယ်လို့သတင်းစကားပါးရင်း….

စေတနာများစွာဖြင့်

ဒေါက်တာလင်းထက်(အရေပြားအထူးကုဆရာဝန်)

မွဲ႔(အပိုင္း၃)

မွဲ႔အေၾကာင္း(အပိုင္း၂)မွာတုန္းကေမြးရာပါမဟုတ္တဲ့မွဲ႔ေတြအထဲကပထမအမ်ိဳးအစားျဖစ္တဲ့အျဖစ္မ်ားျပီးေမြးရာပါမဟုတ္တဲ့မွဲ႔(Common Acquired Nevomelanocytic Nevus)အေၾကာင္းကိုေရးသား ေဖၚ ျပခဲ့ျပီးပါျပီ။ အခုအပိုင္း(၃)မွာေတာ့ေမြးရာပါမဟုတ္တဲ့မွဲ႔ေတြအထဲကက်န္တဲ့မွဲ႔ေတြအေၾကာင္းကိုဆက္ လက္ေရးသားေပးသြားပါ့မယ္။ Acquired Nevomelanocytic Nevus ထဲကက်န္တဲ့မွဲ႔ေတြကေတာ့

  • Spitz Nevus
  • Blue Nevus
  • Atypical or dysplastic Nevus စတာေတြပဲျဖစ္ပါတယ္။

စပဇ္မွဲ႔(Spitz Nevus)

ျမန္မာလိုျပန္ထားတာမရွိတဲ့ေမြးရာပါမဟုတ္တဲ့မွဲ႔တစ္မ်ိဳးပါပဲ။Sophie Spitz ဆိုတဲ့သူကေတြ႔ရွိ တင္ျပ ခဲ႔လို႔ဒီမွဲ႔ကိုသူ႔နာမည္တပ္ေခၚလိုက္တာျဖစ္ပါတယ္။သိပ္ျပီးအေတြ႔ရမမ်ားပါဘူး။ေတြ႔ခဲ့ရင္လည္းအသက္ငယ္ငယ္ေတြမွာပဲအေတြ႔ရမ်ားပါတယ္။ဒီမွဲ႔ေတြရဲ့ေတြ႔ရွိမႈ၅၀ရာႏႈန္းေက်ာ္ေက်ာ္ေလာက္ဟာအသက္၁၄ႏွစ္ေအာက္ေတြမွာေတြ႔ရျပီး၂၅ရာႏႈန္းေလာက္ဟာအသက္၁၄နဲ႔၃၀ႏွစ္ၾကားမွာေတြ႔ရပါတယ္။က်န္တဲ့ရာႏႈန္းကေတာ့အသက္၃၀ႏွစ္အထက္မွာေတြ႔ရပါတယ္။

သြင္ျပင္လကၡဏာ

ဒီစပဇ္မွဲ႔ဟာကေလးဘ၀မွာစျပီးျဖစ္ေပၚလာတာမ်ားပါတယ္။အစပထမမွာေတာ့အေရျပားမွာလံုးလံုးခံုးခံုးဖုဖုေလးေပါ့။ပန္းေရာင္၊အနီေရာင္ဒါမွမဟုတ္နီညိဳေရာင္ရွိတဲ့အဖုေလးပါ။သံုးေလးမီလီမီတာအရြယ္အစားေလာက္ကေနတစ္စင္တီမီတာႏွစ္စင္တီမီတာအရြယ္အစားေလာက္အထိရွိတတ္ပါတယ္။၃-၄-၅ လအတြင္းမွာရုတ္တစ္ရက္ၾကီးလာတတ္ျပီး၁-၂ စင္တီမီတာအရြယ္ေလာက္အထိၾကီးတတ္ၾကပါ တယ္။အဲဒီေနာက္မွာေတာ့ႏွစ္ေတာ္ေတာ္ၾကာၾကာအထိမေျပာင္းမလဲပဲျငိမ္သက္ေနတတ္ၾကပါတယ္။ ဒီမွဲ႔ဟာတစ္လံုးတည္းပဲျဖစ္ေပၚလာတာမ်ားပါတယ္။ျဖစ္ျပီးရင္လဲေဘးဘက္ကိုပဲတစ္ျဖည္းျဖည္းက်ယ္ျပန္႔လာတတ္ပါတယ္။အမ်ားစုကေတာ့ယားယံျခင္း၊နာက်င္ျခင္းမရွိပဲေပၚလာၾကပါတယ္။ဒါေပမယ့္တစ္ခါတစ္ရံမွာေတာ့ယားယံတာတို႔၊နာက်င္တာတို႔၊ေသြးထြက္တာတို႔ျဖစ္တတ္ပါတယ္။မ်က္ႏွာျပင္ကေတာ့ေခ်ာေမြ႔တယ္လို႔ဆိုရမွာပါ။ဒါေပမယ့္တစ္ခါတစ္ရံမွာအဖတ္လန္ေနတာမ်ိဳး၊အနည္းငယ္မညီမညာျဖစ္ေနတာမ်ိဳးေတာ့ရွိတတ္ပါတယ္။ပါးလႊာတဲ့အေပၚယံအေရျပားအလႊာနဲ႔သာဖံုးထားတာေၾကာင့္ထိခုိက္ဒဏ္ရာရေသြးထြက္တာမ်ိဳးျဖစ္တတ္ပါတယ္။လည္ပင္း၊ဦးေခါင္းနဲ႔ေျခလက္ေတြမွာျဖစ္တာမ်ားပါတယ္။ဒါေပမယ့္လက္ဖ၀ါး၊ေျခဖ၀ါးမွာျဖစ္ေလ့ျဖစ္ထမရွိပါဘူး။

လြဲမွားနုိင္တဲ့ျပသနာ

ဒီစပဇ္မွဲ႔ရဲ့အေရာင္ဟာအနီေရာင္၊ပန္းေရာင္ဆိုတဲ့အေရာင္ေတြနဲ႔ေတြ႔ရတဲ့အခါမွာေတာ့ေသြးေၾကာထံုး၊ေသြးေၾကာလံုး(Haemangioma)ေတြနဲ႔မွားတတ္ၾကပါတယ္။ေနာက္ျပီးပိုင္ရိုဂ်ီးန္နစ္ဂရန္ဴလုိမား (Pyogenic granuloma) ၊ histiocytoma ၊ Juvenile xanthogranuloma စတဲ့ျပသနာေတြနဲ႔မွားနိုင္ပါ ေသးတယ္။တစ္ခါတစ္ရံမွာစပဇ္မွဲ႔ဟာစမ္းၾကည့္လိုက္ရင္အနည္းငယ္တင္းေနတာေၾကာင့္ကီးလြိဳက္ဆိုတဲ့မန္းသီးေတြနဲ႔လည္းမွားတတ္ၾကပါတယ္။ စပဇ္မွဲ႔ဟာမ်ားေသာအားျဖင့္တစ္လံုးတည္းျဖစ္ေပၚတတ္ေပမယ့္ရံဖန္ရံခါမွာေတာ့အေရအတြက္မ်ားျပားစြာျဖစ္ေပၚေတြ႔ရွိရတတ္ပါတယ္။ဒီလိုအခါမ်ိဳးမွာေတာ့ပ်ံ႕ႏွ႔ံေနတဲ့မွဲ႔ကင္ဆာနဲ႔တူတာေၾကာင့္မွားယြင္းဆံုးျဖတ္တတ္ၾကပါတယ္။

ကုသမႈ

ကုသမႈအေနနဲ႔ကေတာ့ေထြေထြထူးထူးၾကီးမရွိပါဘူး။လွီးထုတ္ဖယ္ရွားျပစ္လိုက္တာပါပဲ။ဒီလုိလုပ္ျခင္းဟာလည္းလူနာကဖယ္ရွားခ်င္တာမ်ိဳးရွိမွပါ။ဒါေပမယ့္လည္းအျခားေသာေရာဂါေတြနဲ႔လြဲမွားနုိင္တဲ့အေျခအေနမ်ိဳးမွာေတာ့ေသခ်ာတဲ့အေျဖတစ္ခုအတြက္အသားစယူစစ္ေဆးျခင္းျပဳလုပ္ဖုိ႔လွီးထုတ္ရတာမ်ိဳးလည္းရွိပါတယ္။အဲဒီအခါမ်ိဳးမွာေတာ့အနားသတ္ေတြကိုေသေသခ်ာခ်ာမက်န္ေအာင္လွီးထုတ္ဖို႔လိုပါတယ္။ဒါမွလည္းေရာဂါေဗဒဆိုင္ရာအေျဖဟာပိုျပီးတိက်နုိင္မွာျဖစ္ပါတယ္။

မွဲ႔ျပာ(Blue Nevus)

အျပာေရာင္ရွိတဲ့မွဲ႔ကိုေခၚလုိက္တာျဖစ္ပါတယ္။ဒါေပမယ့္လည္းနက္ျပာေရာင္ရွိတဲ့မွဲ႔ေတြကိုလည္းမွဲ႔ျပာလို႔ေခၚပါေသးတယ္။ဒီမွဲ႔ျပာအမ်ိဳးအစားကေတာ့သိပ္ျပီးရွားပါးတဲ့မွဲ႔မ်ိဳးမဟုတ္ပါဘူး။ဥေရာပသားေတြ၊ဂ်ပန္လူမ်ိဳးေတြမွာဆိုရင္ေတာ္ေတာ္ေလးေတြ႔ရတတ္တဲ့မွဲ႔အမ်ိဳးအစားပါ။တစ္ရာမွာတစ္ေယာက္ေလာက္ေတာ့ေတြ႔ရတတ္ပါတယ္။အသက္ငါးႏွစ္အရြယ္ေလာက္မွာစျပီးေတြ႔ရတတ္ျပီး၊တစ္ခ်ိဳ႕ကေတာ့အရြယ္ေရာက္မွေပၚလာတတ္ၾကပါတယ္။အရြယ္အစားအေနနဲ႔ကေတာ့တစ္စင္တီမီတာထက္ၾကီးတဲ့မွဲ႔ျပာဟာေတာ္ေတာ္ၾကီးကိုရွားပါတယ္။တစ္ကယ္လို႔မ်ားမွဲ႔ျပာဟာတစ္စင္တီမီတာထက္ၾကီးေနမယ္ဆိုရင္လည္းအဲဒီမွဲ႔ျပာကိုမွဲ႔ကင္ဆာေျပာင္းနုိင္တဲ့မွဲ႔အျဖစ္သတ္မွတ္ျပီးလွီးထုတ္ဖယ္ရွားဖို႔စဥ္းစားရပါလိမ့္မယ္။အေရတြက္အေနနဲ႔ကေတာ့တစ္လံုးတည္းပဲေတြ႔ရတာမ်ားျပီးအမ်ားၾကီးေတြ႔ရျပီဆိုရင္လဲေရာဂါစုေတြကိုထည့္သြင္းစဥ္းစားရပါလိမ့္မယ္။ခႏၶာကိုယ္ရဲ့ေျခ၊လက္၊မ်က္ႏွာနဲ႔တင္ပါးေနရာေတြမွာမွဲ႔ျပာကိုေတြ႔ရတာမ်ားပါတယ္။အျပာေရာင္ဒါမွမဟုတ္နက္ျပာေရာင္ရွိတဲ့မ်က္ႏွာျပင္ဟာၾကမ္းတမ္းမႈမရွိပဲညီညာေနျပီးအေရျပားမ်က္ႏွာျပင္အထက္ကိုၾကြတက္ေနပါတယ္။အခ်ိဳးက်ျပီးညီညာတဲ့သ႑န္ရွိပါတယ္။ျဖစ္ေပၚျပီးတဲ့မွဲ႔ျပာေတြဟာေျပာင္းလဲမႈမရွိသေလာက္ပါပဲ။ျငိမ္ေနတတ္ၾကတာမ်ားပါတယ္။တစ္ခ်ိဳ႕ေသာပညာရွင္ေတြကေတာ့ဒီမွဲ႔အမ်ိဳးအစားကို Nevus of Ito, Nevus of Ota, Mongolian spot အစရွိတဲ့ မွဲ႔တုိ႔နဲ႔ျဖစ္ေပၚပံုသဘာ၀ျခင္းဆင္တူၾကတယ္လုိ႔ဆိုၾကပါတယ္။

မွားနုိင္တာေတြ

ဒီမွဲ႔ျပာဟာအျခားေသာအေရျပားျပသနာေတြနဲ႔မွားယြင္းနိုင္ပါတယ္။ဥပမာ-Glomus Tumor , Pyogenic granuloma,Dermatofibroma စတဲ့ျပသနာေတြနဲ႔မွားနုိင္သလို၊မွဲ႔ကင္ဆာေတြနဲ႔လည္း မွားယြင္းနုိင္ပါတယ္။

သတိထားရမယ့္မွဲ႔

ဒီမွဲ႔ျပာဟာမွဲ႔ကင္ဆာျဖစ္ေနတဲ့မွဲ႔ျပာအမ်ိဳးအစား(Malignant Blue Nevus)နဲ႔ခြဲျခားဖို႔သိပ္မလြယ္ကူပါ ဘူး။နဂိုရွိျပီးမွဲ႔ျပာကိုသိရွိထားျပီးသူ႔ရဲ့ေျပာင္းလဲမႈကိုသတိထားမိပါမွကင္ဆာျဖစ္ေနတဲ့မွဲ႔ျပာကင္ဆာကိုသိရွိနုိင္မွာျဖစ္ပါတယ္။ေနာက္ျပီးရိုးရိုးမဲွ႔ကင္ဆာေတြနဲ႔လည္းမွားနုိင္ပါတယ္။ဒါေၾကာင့္ဒီမွဲ႔ျပာဟာသတိထားျပီးေစာင့္ၾကည့္ကာတတ္ကြ်မ္းတဲ့ဆရာ၀န္ေတြနဲ႔ေသေသခ်ာခ်ာတုိင္ပင္ေဆြးေႏြးျပသသင့္ပါတယ္။မွဲ႔ကင္ဆာကိုေျပာင္းလဲသြားတဲ့လကၡဏာေတြမရွိရင္ေတာ့ဒီမွဲ႔ျပာကိုဘာမွကုသမႈေပးဖုိ႔မလိုအပ္ပါဘူး။အလွအပအတြက္ကေတာ့လွီးထုတ္ဖယ္ရွားျပစ္လိုက္လို႔ရပါတယ္။ဒီလိုလုပ္တဲ့ခြဲစိတ္မႈမ်ိဳးကေတာ့မ်က္ႏွာေပၚမွာရွိေနတဲ့မွဲ႔ျပာေတြကိုလုပ္ေပးရတာကမ်ားပါတယ္။ဘာပဲျဖစ္ျဖစ္ဒီမွဲ႔ျပာအမ်ိဳးအစားဟာမွဲ႔ကင္ဆာေတြနဲ႔မွားယြင္းနိုင္တာေၾကာင့္သတိထားေစာင့္ၾကည့္ျပီးဆရာ၀န္ေတြနဲ႔တုိင္ပင္ျပသေနသင့္တဲ့မွဲ႔လို႔ပဲဆိုရမွာပါ။

Atypical or Dysplastic Nevus

ဒီမွဲ႔ကေတာ့မွဲ႔ကင္ဆာနဲ႔တူတဲ့မွဲ႔လို႔ဘာသာျပန္ရင္သိပ္ျပီးမမွားေလာက္ဘူးလို႔ထင္ပါတယ္။တုိက္ရိုက္ျပန္ၾကည့္ရင္ေတာ့ေဖါက္ျပန္ေနတဲ့မွဲ႔လို႔ျပန္ရမလား၊ဒါမွမဟုတ္မူမမွန္တဲ့မွဲ႔လို႔ပဲျပန္ရမလား၊အသြင္ထူးမွဲ႔လို႔ပဲျပန္ရမလားေပါ့။မွဲ႔ကင္ဆာရဲ့ပံုစံသ႑န္ေတြကိုအျပင္မွာေတြ႔ေနရျပီးတစ္ကယ္ေတာ့မွဲ႔ကင္ဆာမဟုတ္ေသးတဲ့မွဲ႔ပါ။ဒါေၾကာင့္သူ႔ကိုClinically atypical Naevus လို႔လဲေခၚၾကပါတယ္။

အေတြ႔ရမ်ားသလား

တစ္ကယ္ေတာ့ဒီမွဲ႔ဟာကြ်န္ေတာ္တို႔နုိင္ငံမွာသိပ္ျပီးမေတြ႔ရပါဘူး။အသားျဖဴတဲ့ဥေရာပသားေတြမွာပဲအေတြ႔ရမ်ားတာပါ။သူတို႔ဆီမွာဆုိရင္ေတာ့လူဦးေရရဲ့တစ္ဆယ္ကေနသံုးဆယ့္ငါးရာႏႈန္းေလာက္အထိေတြ႔နုိင္ပါတယ္။

သူ႔အသြင္သ႑န္

မွဲ႔ေတာ့မွဲ႔ပါပဲ။မွဲ႔ကင္ဆာနဲ႔တူတဲ့မွဲ႔ေပါ့။အရြယ္အစားအားျဖင့္၅မီလီမီတာေက်ာ္ေက်ာ္ေလာက္ရွိျပီးမွဲ႔ရဲ့ေဘးအနားသတ္ေတြကမညီမညာျဖစ္ေနပါတယ္။မွဲ႔မ်က္ႏွာျပင္ရဲ့အေရာင္တည္ရွိမႈဟာလည္းမညီမညာပါပဲ။ဒီလိုမညီမညာျဖစ္ေနတဲ့အနားသတ္ေတြနဲ႔အေရာင္အဆင္းေၾကာင့္သူ႔ကိုမူမမွန္ဘူးလို႔သတ္မွတ္လိုက္တာပါ။ဘာေၾကာင့္မူမမွန္တာလို႔သတ္မွတ္ၾကသလဲဆိုတာကေတာ့အနားသတ္ေတြမညီမညာျဖစ္ေနျခင္းဟာမွဲ႔ကင္ဆာရဲ့လကၡဏာတစ္ခုျဖစ္သလို၊မွဲ႔မ်က္ႏွာျပင္အေရာင္မညီမညာျဖစ္ေနျခင္းဟာလည္းမွဲ႔ကင္ဆာရဲ့လကၡဏာတစ္ခုျဖစ္ေနလို႔ပါပဲ။ဒီေတာ့ကင္ဆာမဟုတ္တဲ့သာမန္မွဲ႔လို႔ဆိုေပမယ့္လည္းမွဲ႔ကင္ဆာရဲ့သ႑န္ေတြပါရွိေနတာေၾကာင့္သူ႔ကိုမွဲ႔ကင္ဆာေတြနဲ႔မွားၾကသလို၊မွဲ႔ကင္ဆာဟုတ္မဟုတ္ဆိုတာကိုလည္းမသိနုိင္ျဖစ္ၾကရပါတယ္။အေရျပားအသားစယူျပီးစစ္ေဆးၾကည့္မွသာမွဲ႔ကင္ဆာမဟုတ္မွန္းသိရမွာျဖစ္ပါတယ္။

မွဲ႔ကင္ဆာနဲ႔မလြဲေအာင္

မွဲ႔ကင္ဆာနဲ႔တူတဲ့ဒီမွဲ႔ကိုမွဲ႔ကင္ဆာနဲ႔မမွားၾကဖို႔လိုအပ္သလို၊မွဲ႔ကင္ဆာျဖစ္ေနတဲ့မွဲ႔ကိုဒီမွဲ႔နဲ႔မမွားမိဖို႔ကလည္းအေရးၾကီးလွပါတယ္။ဒီေတာ့ဒီမွဲ႔ဟာစျပီးေပၚလာကတည္းကပံုစံဟာမွဲ႔ကင္ဆာလိုပံုပါ။ရိုးရိုးမွဲ႔ကေနအခုလိုပံုကိုေျပာင္းလာတာမဟုတ္ပါဘူး။ဒါ့ေၾကာင့္ကနဦးမွဲ႔ရဲ့သ႑န္ကိုသိထားဖို႔လိုအပ္ပါတယ္။ပံုစံေျပာင္းလဲျပီးျဖစ္ေပၚလာတဲ့မွဲ႔မဟုတ္တာေၾကာင့္Atypical Nevus ပဲဆိုျပီးေတာ့လည္းပစ္ထားလို႔မရျပန္ပါ ဘူး။သူကိုယ္တုိင္ကကနဦးမွာကင္ဆာမွဲ႔မဟုတ္ေသးေပမယ့္ကင္ဆာကိုေျပာင္းလဲသြားနုိင္ပါတယ္။ဒါေၾကာင့္သူ႔ကိုလည္းေစာင့္ျပီးၾကည့္ရႈဖို႔ေတာ့လိုအပ္ပါတယ္။ျဖစ္နုိင္ရင္ကနဦးပံုစံကိုဓါတ္ပံုရိုက္ျပီးမွတ္တမ္းတင္ထားသင့္ပါတယ္။ဒါမွလည္းေျပာင္းလဲမႈရွိလာတဲ့အခါမွာသိသာနုိင္မွာျဖစ္ပါတယ္။မွဲ႔ကင္ဆာရယ္ဆိုျပီးသံသယရွိခဲ့လို႔ဒီမွဲ႔မ်ိဳးကိုဓါတ္ခြဲစစ္ေဆးၾကည့္ဖို႔အသားစယူတဲ့အခါမ်ိဳးမွာလည္းမွဲ႔တစ္ခုလံုးျပည့္စံုလံုေလာက္ေအာင္ပါမယ့္အသားစလွီးထုတ္ျခင္းမ်ိဳးကိုသာလုပ္ရမွာျဖစ္ပါတယ္။မွဲ႔ရဲ့တစ္စိတ္တစ္ပိုင္းသားပါမယ့္Punch Biopsy တုိ႔ Incisional Biopsy တို႔လံုး၀မလုပ္ရပါဘူး။ဘာေၾကာင့္လဲဆိုေတာ့ မျပည့္စံု တဲ့အသားစေတြဟာေစာစီးတဲ့မွဲ႔ကင္ဆာရဲ့လကၡဏာေတြကိုမေတြ႔ရတတ္ပါဘူး။ဒါေၾကာင့္မွဲ႔ကင္ဆာမ်ားျဖစ္ေနခဲ့ရင္မွန္ကန္တဲ့အေျဖမရပဲလြတ္သြားနုိင္လို႔ျဖစ္ပါတယ္။

ကာကြယ္ၾကဖို႔

တစ္ကယ္ေတာ့ဒီမွဲ႔အမ်ိဳးအစားဟာကင္ဆာမဟုတ္ပါဘူး။ဒါေပမယ့္လည္းမွဲ႔ကင္ဆာနဲ႔တူတဲ့လကၡဏာေတြကိုေတြ႔လုိက္ရတဲ့အခါမွာမွားယြင္းတတ္ၾကပါတယ္။တစ္ခ်ိဳ႕မွာေတာ့မွဲ႔ဟာျဖစ္ကတည္းကဒီလိုပံုစံပဲဆိုျပီးဂရုမစုိက္ပဲေနတတ္ၾကျပန္ပါတယ္။အဲဒီမွဲ႔ဟာမွဲ႔ကင္ဆာအျဖစ္ေျပာင္းလဲသြားတဲ့အခါမွာေတာ့မသိလိုက္ပဲဒုကၡလွလွေတြ႔ၾကရတတ္ပါတယ္။ဒီေတာ့ဒီလိုမွဲ႔မ်ိဳးပိုင္ဆုိင္ထားတဲ့သူဟာမွဲ႔ကင္ဆာဟုတ္မဟုတ္ကိုေသေသခ်ာခ်ာျပသတုိင္ပင္ေဆြးေႏြးထားသင့္သလို၊ကိုယ္ကို္ယ္တုိင္ကလည္းအဲဒီမွဲ႔ကိုေန႔စဥ္ၾကည့္ရႈ႕စစ္ေဆးသင့္လွပါတယ္။ဒါမွလည္းမွဲ႔ကင္ဆာအျဖစ္ေျပာင္းလဲမႈကိုသိရွိျပီးလက္ဦးမႈရယူနုိင္မွာျဖစ္ပါတယ္။ေနာက္ျပီးဒီလိုမွဲ႔မ်ိဳးရွိေနတဲ့သူေတြဟာေနေရာင္ကိုတတ္နုိင္သေလာက္ေရွာင္ရွားသင့္လွပါတယ္။ဒါမွလည္းမွဲ႔ကင္ဆာအႏၱရာယ္ေဘးကကင္းေ၀းနုိင္မွာျဖစ္ပါတယ္။

ဒီတစ္လမွာေတာ့မွဲ႔ရဲ့အေၾကာင္းေတြအထဲက ေမြးရာပါမဟုတ္တဲ့မွဲ႔ (Acquired Melanocytic Nevus) အေၾကာင္းကိုအဆံုးသတ္ေရးသားလိုက္ရပါျပီ။ေနာက္လမွာေတာ့ Nevus spilus,Pigmented spindle cell nevus(PSCN) နဲ႔ Nodular nevus ေတြရဲ့အေၾကာင္းကိုဆက္လက္ေရးသားသြားပါ ဦးမယ္လို႔သတင္းစကားပါးရင္း….

ေစတနာမ်ားစြာျဖင့္

ေဒါက္တာလင္းထက္(အေရျပားအထူးကုဆရာ၀န္)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *