ခေတ်မှီ မေမေ

ညှစ်ထုတ်ထားသော မေ့မေ့နို့ချို သိမ်းဆည်းနည်း
ယခုခေတ်အခါ မှာ မောင်တစ်ထမ်း မယ်တစ်ရွက် အပြေးအလွားအလုပ်လုပ်ကြရသည်မို့ နို့တိုက်မိခင်များအတွက် မိအတွက်ရော ကလေးအတွက်ပါ အဆင်ပြေသည့် ခေတ်မှီ နည်းစနစ်များလိုအပ် လာပါသည်၊ အလုပ်လည်းလုပ်ချင် ကလေးကို နို့ဗူးလည်းမတိုက်ချင်သူမိခင်များအတွက် မိမိနို့ကို ညှစ်ကာ သိမ်းဆည်းနည်း ဖော်ပြလိုက်ပါသည်

(၁) မိမိနို့ကို ဘယ်လိုညှစ်မလဲ?
မိမိနို့ကို သန့်ရှင်းစင်ကြယ်ပြီးနောက် လက်သန့်သန့်ဖြင့် ညှစ်၍ဖြစ်စေ၊ မိခင်နို့ညစ်ပစ္စည်း(breast pump) နှင့် လိုအပ်သောပမာဏကို ကြိုညှစ်ထားပါ။

(၂) မည်သို့ သိမ်းဆည်းရမည်နည်း?
သန့်စင်ထားသော အဖုံးပါသော ဗူး(သို့) ခွက်(သို့) ဇစ်ဆွဲပိတ်နိုင်သော ပလတ်စတစ်အိတ်နေရာပို ဆန့်နိုင်ရန်မှာ ဇစ်ပါသော အိတ်က ပိုမိုသင့်တော်ပါသည်။

(၃) သိမ်းဆည်းပုံ
ဖော်ပြပါ နို့ အိတ်(သို့) ဗူးများကို ပမာဏ နှင့် ရက်စွဲ တပ်၍ စနစ်တကျ သိမ်းဆည်းနိုင်ပါပီ။
ပုံမှန် အခန်းအပူချိန် ( ၂၆ ဒီဂရီ ဆင်တီဂရိတ်အောက်) ဆိုပါက
၆နာရီ မှ ၈နာရီ အထိထားနိုင်သည်
ရေခဲ သေတ္တာတွင် ( ၄ ဒီဂရီ ဆင်တီဂရိတ်အောက် ထားမည် ဆိုပါက)
၇၂နာရီ (သို့) ၃ ရက်ထိထားနိုင်သည်

မိခင်နို့များကို အသုံးပြုမည်ဆိုပါက အထက်အောက်လှုပ်ခြင်း ၊ microwaveနှင့် အပူပြန်ပေးခြင်း လုံးဝ မလုပ်သင့်ပါ၊ ရေ ခပ်နွေးနွေးတွင်သာ ခဏ စိမ်၍ သုံးသင့်ပါသည်၊ ရေနွေးစိမ်ပြီးသော နို့ကို မတိုက်ဖြစ်ပါက ရေခဲသေတ္တာထဲ ပြန်ထည့်ခြင်း မပြုလုပ်သင့်ပါ။

မယ်တင် (ဆေး ၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *