” မေ့သွားလို့ ” ဆိုတဲ့ အမျိုးသမီးတွေ….
ယခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ တစ်နေ့တစ်လုံးပုံမှန်သောက်ရတဲ့ 28 လုံးပါသန္ဓေတားဆေး သုံးစွဲနေကြသူ အမျိုးသမီးများအနေနဲ့ ဆေးသောက်ဖို့မေ့သွားရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။
နိစ္စဓူဝလုပ်ငန်းဆောင်တာများ၊ ရုံးအလုပ်များနဲ့ အလုပ်ရှုပ်နေတဲ့ ရက်မျိုးမှာ ဆေးသောက်ဖို့မေ့သွားခဲ့ရင်
- ကိုယ်ဝန်ရသွားနိုင်လား?
- ဆေးဆက်သောက်ရမှာလား?
- နောက်အသစ်တစ်ကဒ် အစကပြန်သောက်ရမှာလား?
စသဖြင့် မေးစရာများစွာပေါ်ပေါက်လာလေ့ရှိတာကြောင့် ယခု ဒီဆောင်းပါးလေးကတစ်ဆင့် အခြေအနေအလိုက် ဆောင်ရွက်ရမယ့် အချက်အလက်များကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
1)ပုံမှန်သောက်နေကျ အချိန်ထက်နောက်ကျသွားခဲ့လျှင်?
->အမျိုးသမီးတစ်ဦးအနေနဲ့ ပုံမှန်ဆေးသောက်နေကျအချိန်ထက် နောက်ကျသွားခဲ့မယ်၊သို့သော် ၂၄နာရီမကျော်မီသတိရမယ် ဆိုရင်တော့ သတိရရချင်း ထိုနေ့အတွက်သောက်ရမယ့်ဆေးကို သောက်လိုက်ပါ။
->နောက်နေ့တွေမှာ သောက်နေကျအချိန်မှာ သောက်နေကျအတိုင်းပုံမှန်ဆက်သောက်ပါ။
2)ဆေးကဒ်ပထမအတန်းမှာ ဆေးတစ်လုံးနှင့်အထက်မေ့သွားခဲ့လျှင်?
->သတိရရချင်းမေ့သွားတဲ့ အလုံးကိုသောက်ပါ။ ->ထိုနေ့အတွက်သောက်ရမယ့်ဆေးလုံးကို သောက်နေကျအချိန်အတိုင်းဆက်သောက်ပါ(တစ်ရက်အတွင်း ဆေး ၂လုံးဖြစ်သွားတာပေါ့ )။
->တစ်ပတ်အတွင်း အမျိုးသားနှင့်အတူနေခြင်းကိုရှောင်ရှားပါ။ မရှောင်နိုင်ပါက ကွန်ဒုံးလို့ခေါ်တဲ့ဲ့ အလွှာပါးအကာအကွယ်သုံးပါ။ (သို့မဟုတ်)အတူနေပြီးပါက အရေးပေါ်သန္ဓေတားဆေး သောက်ပါ။
3)ဆေးကဒ်ဒုတိယတန်း (သို့) တတိယတန်းမှာမေ့သွားခဲ့လျှင်?
“ဆေး 3လုံးအောက် ဆိုပါက”
-> သတိရရချင်းမေ့သွားတဲ့ အလုံးကိုသောက်ပါ။
->ထိုနေ့အတွက်သောက်ရမယ့်ဆေးလုံးကို သောက်နေကျအချိန်အတိုင်းဆက်သောက်ပါ(တစ်ရက်အတွင်း ဆေး ၂လုံးဖြစ်သွားပါတယ် )။
->ဆေးကဒ် ၃တန်းကုန်တဲ့အထိပဲသောက်ပါ။ (4တန်းမြောက် တစ်တန်းလုံး မသောက်ပဲထားခဲ့လိုက်ပါ။)
-> ဆေးကဒ်၃တန်းမြောက်ကုန်တာနဲ့ ဆေးကဒ်အသစ်ကို အစက ပြန်စသောက်ပါ။
“ဆေး ၃လုံးထက်ပိုမေ့သွားပါက “
-> သတိရရချင်းမေ့သွားတဲ့ အလုံးကိုသောက်ပါ။
->ထိုနေ့အတွက်သောက်ရမယ့်ဆေးလုံးကို သောက်နေကျအချိန်အတိုင်းဆက်သောက်ပါ(တစ်ရက်အတွင်း ဆေး ၂လုံးဖြစ်သွားပါတယ် )။
->ဆေးကဒ် ၃တန်းကုန်တဲ့အထိပဲသောက်ပါ။ (4တန်းမြောက် တစ်တန်းလုံး မသောက်ပဲထားခဲ့လိုက်ပါ။)
-> ဆေးကဒ်၃တန်းမြောက်ကုန်တာနဲ့ ဆေးကဒ်အသစ်ကို အစက ပြန်စသောက်ပါ။
->တစ်ပတ်အတွင်း အမျိုးသားနှင့်အတူနေခြင်းကိုရှောင်ရှားပါ။ မရှောင်နိုင်ပါက ကွန်ဒုံးလို့ခေါ်တဲ့ဲ့ အလွှာပါးအကာအကွယ်သုံးပါ။ (သို့မဟုတ်)အတူနေပြီးပါက အရေးပေါ်သန္ဓေတားဆေး သောက်ပါ။
4)နောက်ဆုံးတန်းမှာသောက်ဖို့မေ့သွားခဲ့လျှင်
-> ထိုကဒ်လက်ကျန်ကို လွှင့်ပစ်လိုက်ပြီး ကဒ်အသစ်ဝယ်ကာ အစမှာပုံမှန်အတိုင်းပြန်သောက်ပါ။
အထက်မှာဖော်ပြထားတာတွေကတော့ စုံသလောက်ရှိပါပြီ။ ထပ်ဆောင်းအကြံဉာဏ်ပေးလိုတာကတော့ ဆေးသောက်ဖို့ မမေ့ရအောင် နေ့စဉ် နာရီ(သို့)ဖုန်း alarmပေးထားဖို့ပါ။
ဒေါက်တာမျိုး (UM 1)
" ေမ့သြားလို႔ " ဆိုတဲ့ အမ်ိဳးသမီးေတြ....
ယခုတစ္ခါေျပာျပေပးခ်င္တဲ့ အေၾကာင္းအရာကေတာ့ တစ္ေန႔တစ္လံုးပံုမွန္ေသာက္ရတဲ့ 28 လံုးပါသေႏၶတားေဆး သံုးစြဲေနၾကသူ အမ်ိဳးသမီးမ်ားအေနနဲ႔ ေဆးေသာက္ဖို႔ေမ့သြားရင္ ဘယ္လို လုပ္ရမလဲဆိုတဲ့ အေၾကာင္းေလးပဲျဖစ္ပါတယ္။
နိစၥဓူဝလုပ္ငန္းေဆာင္တာမ်ား၊ ရံုးအလုပ္မ်ားနဲ႔ အလုပ္႐ႈပ္ေနတဲ့ ရက္မ်ိဳးမွာ ေဆးေသာက္ဖို႔ေမ့သြားခဲ့ရင္
- ကိုယ္ဝန္ရသြားႏိုင္လား?
- ေဆးဆက္ေသာက္ရမွာလား?
- ေနာက္အသစ္တစ္ကဒ္ အစကျပန္ေသာက္ရမွာလား?
စသျဖင့္ ေမးစရာမ်ားစြာေပၚေပါက္လာေလ့႐ွိတာေၾကာင့္ ယခု ဒီေဆာင္းပါးေလးကတစ္ဆင့္ အေျခအေနအလိုက္ ေဆာင္ရြက္ရမယ့္ အခ်က္အလက္မ်ားကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။
1)ပံုမွန္ေသာက္ေနက် အခ်ိန္ထက္ေနာက္က်သြားခဲ့လ်ွင္?
->အမ်ိဳးသမီးတစ္ဦးအေနနဲ႔ ပံုမွန္ေဆးေသာက္ေနက်အခ်ိန္ထက္ ေနာက္က်သြားခဲ့မယ္၊သို႔ေသာ္ ၂၄နာရီမေက်ာ္မီသတိရမယ္ ဆိုရင္ေတာ့ သတိရရခ်င္း ထိုေန႔အတြက္ေသာက္ရမယ့္ေဆးကို ေသာက္လိုက္ပါ။
->ေနာက္ေန႔ေတြမွာ ေသာက္ေနက်အခ်ိန္မွာ ေသာက္ေနက်အတိုင္းပံုမွန္ဆက္ေသာက္ပါ။
2)ေဆးကဒ္ပထမအတန္းမွာ ေဆးတစ္လံုးႏွင့္အထက္ေမ့သြားခဲ့လ်ွင္?
->သတိရရခ်င္းေမ့သြားတဲ့ အလံုးကိုေသာက္ပါ။ ->ထိုေန႔အတြက္ေသာက္ရမယ့္ေဆးလံုးကို ေသာက္ေနက်အခ်ိန္အတိုင္းဆက္ေသာက္ပါ(တစ္ရက္အတြင္း ေဆး ၂လံုးျဖစ္သြားတာေပါ့ )။
->တစ္ပတ္အတြင္း အမ်ိဳးသားႏွင့္အတူေနျခင္းကိုေ႐ွာင္႐ွားပါ။ မေ႐ွာင္ႏိုင္ပါက ကြန္ဒံုးလို့ေခၚတဲ့ဲ့ အလြွာပါးအကာအကြယ္သံုးပါ။ (သို႔မဟုတ္)အတူေနၿပီးပါက အေရးေပၚသေႏၶတားေဆး ေသာက္ပါ။
3)ေဆးကဒ္ဒုတိယတန္း (သို႔) တတိယတန္းမွာေမ့သြားခဲ့လ်ွင္?
"ေဆး 3လံုးေအာက္ ဆိုပါက"
-> သတိရရခ်င္းေမ့သြားတဲ့ အလံုးကိုေသာက္ပါ။
->ထိုေန႔အတြက္ေသာက္ရမယ့္ေဆးလံုးကို ေသာက္ေနက်အခ်ိန္အတိုင္းဆက္ေသာက္ပါ(တစ္ရက္အတြင္း ေဆး ၂လံုးျဖစ္သြားပါတယ္ )။
->ေဆးကဒ္ ၃တန္းကုန္တဲ့အထိပဲေသာက္ပါ။ (4တန္းေျမာက္ တစ္တန္းလံုး မေသာက္ပဲထားခဲ့လိုက္ပါ။)
-> ေဆးကဒ္၃တန္းေျမာက္ကုန္တာနဲ႔ ေဆးကဒ္အသစ္ကို အစက ျပန္စေသာက္ပါ။
"ေဆး ၃လံုးထက္ပိုေမ့သြားပါက "
-> သတိရရခ်င္းေမ့သြားတဲ့ အလံုးကိုေသာက္ပါ။
->ထိုေန႔အတြက္ေသာက္ရမယ့္ေဆးလံုးကို ေသာက္ေနက်အခ်ိန္အတိုင္းဆက္ေသာက္ပါ(တစ္ရက္အတြင္း ေဆး ၂လံုးျဖစ္သြားပါတယ္ )။
->ေဆးကဒ္ ၃တန္းကုန္တဲ့အထိပဲေသာက္ပါ။ (4တန္းေျမာက္ တစ္တန္းလံုး မေသာက္ပဲထားခဲ့လိုက္ပါ။)
-> ေဆးကဒ္၃တန္းေျမာက္ကုန္တာနဲ႔ ေဆးကဒ္အသစ္ကို အစက ျပန္စေသာက္ပါ။
->တစ္ပတ္အတြင္း အမ်ိဳးသားႏွင့္အတူေနျခင္းကိုေ႐ွာင္႐ွားပါ။ မေ႐ွာင္ႏိုင္ပါက ကြန္ဒံုးလို့ေခၚတဲ့ဲ့ အလြွာပါးအကာအကြယ္သံုးပါ။ (သို႔မဟုတ္)အတူေနၿပီးပါက အေရးေပၚသေႏၶတားေဆး ေသာက္ပါ။
4)ေနာက္ဆံုးတန္းမွာေသာက္ဖို႔ေမ့သြားခဲ့လ်ွင္
-> ထိုကဒ္လက္က်န္ကို လႊင့္ပစ္လိုက္ၿပီး ကဒ္အသစ္ဝယ္ကာ အစမွာပံုမွန္အတိုင္းျပန္ေသာက္ပါ။
အထက္မွာေဖာ္ျပထားတာေတြကေတာ့ စံုသေလာက္႐ွိပါၿပီ။ ထပ္ေဆာင္းအၾကံဥာဏ္ေပးလိုတာကေတာ့ ေဆးေသာက္ဖို့ မေမ့ရေအာင္ ေန႕စဥ္ နာရီ(သို႔)ဖုန္း alarmေပးထားဖို႔ပါ။
ေဒါက္တာမ်ိဳး (UM 1)