တိတ်တဆိတ် ကိုယ်ဝန်ပျက်ကျခြင်း

Missed abortion ဆိုတာ… ကိုယ်ဝန်ဆောင်အမျိူးသမီးအနေနဲ့ မိမိကိုယ်ဝန်ပျက်ကျတယ်ဆိုတာ မသိလိုက်ဘဲ… မိန်းမကိုယ်ကနေ သွေးဆင်းတာ၊ ဆီးစပ်ကိုက်တာတွေမဖြစ်ဘဲနဲ့ သားပျက်သားလျှောခြင်းကို ခေါ်တာပါ…. ကိုယ်ဝန်ပထမ သုံးလနဲ့ ဒုတိယ သုံးလ မှာ ဖြစ်နိုင်သော်လည်း အဖြစ်အများဆုံးကတော့… ကိုယ်ဝန်ပထမသုံးလမှာ ဖြစ်ပါတယ်….

Missed abortion လို့ ဘယ်လိုအချိန်မှာ သတ်သမှတ်သလဲဆိုရင်… သွေးထဲမှာရှိတဲ့ ကိုယ်ဝန်ရှိချိန်မှာထုတ်တဲ့ hCG လို့ခေါ်တဲ့ ဟော်မုန်းဓာတ်က ဖြစ်သင့်သလောက်တက်မလာတာ…. အာလ်ထရာဆောင်းမှာ ကြည့်လိုက်ရင် ဗိုက်ထဲမှာ သန္ဓေသားလောင်းမရှိတာ…. ဒါမှမဟုတ် သန္ဓေသားလောင်းမှာ နှလုံးခုန်နှူန်းမရှိတာ မျိူးတွေနဲ့ သတ်မှတ်ပါတယ်…

ရိုးရိုး ကိုယ်ဝန်ပျက်ကျခြင်းတွေဟာ…. သွေးဆင်းတာ၊ ဒါမှမဟုတ် ကလေးအသားစတွေ အပိုင်းအစတွေဆင်းတာ စတဲ့ လက္ခဏာမျိူးတွေပြတတ်ပါတယ်…သို့ပေမယ့် တိတ်တဆိတ် ကိုယ်ဝန်ပျက်ခြင်းမှာတော့ သွေးဆင်းတာ၊ ဒါမှမဟုတ် အရည်ကြည်ဆင်းတာလောက်ပဲရှိပြီး ကလေးအပိုင်းအစတစ်သျူးတွေဆင်းတာမျိူးမရှိပါဘူး…. ကလေးဟာ ဒီလိုလက္ခဏာတွေမပြမီ ရက်သတ္တပတ်အနည်းငယ်ကတည်းက သေဆုံးခဲ့ပြီး ဖြစ်ပါတယ်…
ရိုးရိုး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ တိတ်တဆိတ် ကိုယ်ဝန်ပျက်ကျခြင်းကို ….. ခွဲခြားချင်တယ်ဆိုရင်တော့ အာလ်ထရာဆောင်းရိုက်တာ… ကလေးနှလုံးခုန်သံမရှိတာ…သွေးစစ်တာ တွေနဲ့ ခွဲခြားနိုင်ပါတယ်…

ကုသမှူ

တိတ်တဆိတ် ကိုယ်ဝန်ပျက်ကျခြင်းကို ကုသမှူ နည်းလမ်းသုံးခုရှိပါတယ်….

(1) စောင့်ကြည့်ကုသမှူ

ဆေးပေးကုသတာ ခြစ်ထုတ်တာတွေမလုပ်ဘဲ…. သဘာဝအတိုင်း ထားလိုက်တာမျိူးဖြစ်ပါတယ်..

(2) သားအိမ်ခြစ်ခြင်း

သားအိမ်ခေါင်းအဝကို ချဲ့ပြီး အကြွင်းအကျန်တွေကို စင်အောင် ခြစ်ထုတ်ပစ်တာဖြစ်ပါတယ်

(3) ဆေးပေးကုသခြင်း

မိန်းမကိုယ်ထဲကို သားအိမ်ပွင့်ဆေးပေးပြီး သားအိမ်ကို ညှစ်စေပြီး သားအိမ်ထဲက ကလေးပစ္စည်း အကြွင်းအကျန်တွေ ကို တဖြည်းဖြည်း ထွက်သွားစေတဲ့နည်းလမ်းဖြစ်ပါတယ်

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်


Missed abortion ဆိုတာ… ကိုယ်ဝန်ဆောင်အမျိုးသမီးအနေနဲ့ မိမိကိုယ်ဝန်ပျက်ကျတယ်ဆိုတာ မသိလိုက်ဘဲ… မိန်းမကိုယ်ကနေ သွေးဆင်းတာ၊ ဆီးစပ်ကိုက်တာတွေမဖြစ်ဘဲနဲ့ သားပျက်သားလျှောခြင်းကို ခေါ်တာပါ…. ကိုယ်ဝန်ပထမ သုံးလနဲ့ ဒုတိယ သုံးလ မှာ ဖြစ်နိုင်သော်လည်း အဖြစ်အများဆုံးကတော့… ကိုယ်ဝန်ပထမသုံးလမှာ ဖြစ်ပါတယ်….

Missed abortion လို့ ဘယ်လိုအချိန်မှာ သတ်သမှတ်သလဲဆိုရင်… သွေးထဲမှာရှိတဲ့ ကိုယ်ဝန်ရှိချိန်မှာထုတ်တဲ့ hCG လို့ခေါ်တဲ့ ဟော်မုန်းဓာတ်က ဖြစ်သင့်သလောက်တက်မလာတာ…. အာလ်ထရာဆောင်းမှာ ကြည့်လိုက်ရင် ဗိုက်ထဲမှာ သန္ဓေသားလောင်းမရှိတာ…. ဒါမှမဟုတ် သန္ဓေသားလောင်းမှာ နှလုံးခုန်နှူန်းမရှိတာ မျိုးတွေနဲ့ သတ်မှတ်ပါတယ်…

ရိုးရိုး ကိုယ်ဝန်ပျက်ကျခြင်းတွေဟာ…. သွေးဆင်းတာ၊ ဒါမှမဟုတ် ကလေးအသားစတွေ အပိုင်းအစတွေဆင်းတာ စတဲ့ လက္ခဏာမျိုးတွေပြတတ်ပါတယ်…သို့ပေမယ့် တိတ်တဆိတ် ကိုယ်ဝန်ပျက်ခြင်းမှာတော့ သွေးဆင်းတာ၊ ဒါမှမဟုတ် အရည်ကြည်ဆင်းတာလောက်ပဲရှိပြီး ကလေးအပိုင်းအစတစ်သျူးတွေဆင်းတာမျိုးမရှိပါဘူး…. ကလေးဟာ ဒီလိုလက္ခဏာတွေမပြမီ ရက်သတ္တပတ်အနည်းငယ်ကတည်းက သေဆုံးခဲ့ပြီး ဖြစ်ပါတယ်…

ကုသမှူ


(1) စောင့်ကြည့်ကုသမှူ

ဆေးပေးကုသတာ ခြစ်ထုတ်တာတွေမလုပ်ဘဲ…. သဘာဝအတိုင်း ထားလိုက်တာမျိုးဖြစ်ပါတယ်..

(2) သားအိမ်ခြစ်ခြင်း


(3) ဆေးပေးကုသခြင်း


မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *