ကလေးဆိုးလေးများ
” ဒီကလေးနှယ်! ပြောမရဆိုမရ.. ချော့မရ ခြောက်မရနဲ့! ငါ့နှယ် စိတ်တွေလည်းကုန်ပါတယ် ”
ဒါတွေက မဆန်းတော့တဲ့အသံတွေ။ဘေးအိမ်မှ ဒေါ်ဘုမတစ်ယောက် သူ့သားနဲ့တိုက်ပြွဲဖစ်နေသံ။ဟုတ်တော့လည်း ဟုတ်သည်။သားဖြစ်သူက ခုမှ အသက် 4 နှစ်စွန်းစွန်း။ကဲချက်က မျောက်ရှုံးသည်။အမေရော အဖေရောမနိုင်။ရိုက်လည်း ရိုက်ရိုက်ပဲ။အကြောအတော်မာသည်။ဒီလိုကလေးမျိုးတွေ ပတ်ဝန်းကျင်မှာမနဲရှိသည်။
သို့သော် သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုသိထားရင်တော့ ဒေါ်ဘမလို ဆူနေ ရိုက်နေစရာမလိုဘဲ ထိန်းသိမ်းဆုံးမဖို့လွယ်ပါသည်။ရိုးရှင်းလွယ်ကူတဲ့ အောက်ပါနည်းလမ်းလေးတွေက ကလေးဆိုးကလေးများကို လိမ္မာစေဖို့ အထောက်အကူပြုစေမည်ဖြစ်သည် –
– ချစ်ကြောင်းပြသပါ။
အချို့ကလေးတွေဆိုးတယ်ဆိုတာ မိဘဆီက ဂရုစိုက်မှုလိုချင်ကြလို့ဖြစ်ပါတယ်။မိဘတွေအနေနဲ့ သူတို့အပေါ် ချစ်ကြောင်းဂရုစိုက်ကြောင်းပြသခြင်းဖြင့် ကလေးဆိုးလေးတွေကို ထိန်းချုပ်ရလွယ်ကူလာပါလိမ့်မယ်။သို့သော် အရမ်းအလိုလိုက်ရမည်ဟုမဆိုလိုပါ။ပြောဆိုဆုံးမစရာရှိလာပါက ခပ်တင်းတင်းပြောပါ။
– ကလေးအား နားလည်မှုပေးပါ။
ကလေးရဲ့အသက်အရွယ်၊အခြေအနေပေါ်မူတည်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက်တွေကို နားလည်ပေးပါ။
– စည်းကမ်းကြပ်မတ်ပါ။သို့သော် မချုပ်ချယ်ပါနှင့်။
ကလေးများအား သူတို့ကို လွပ်လပ်ခွင့်ပေးထားသည့် အတိုင်းအတာကို ရှင်းလင်းစွာပြောပြထားပါ။အရာရာတစ်ခုချင်းကြည့်ပြီး အပြစ်တင်ဆုံးမခြင်းမပြုဘဲ မိမိသတ်မှတ်ပေးထားသောေ ရှိသင့်ရှိထ်ုက်သည့် ဘောင်အတွင်း လွပ်လပ်ခွင့်ပေးထားပါ။
– ကောင်းမွန်တဲ့အမူအကျင့်လေးတွေကို လေ့ကျင့်သင်ကြားပေးပါ။
ငယ်စဉ်ကတည်းက အမူအကျင့်ကောင်းလေးတွေ သင်ကြားပေးပါ။ကလေးဆိုးလာမှ ဆုံးမခြင်းထက် အစောအလျင်တည်းက ပြောပြဆုံးမထားခြင်းက ပိုအကျိုးရှိစေပါလိမ့်မယ်။မိမိကိုယ်တိုင်လည်း ကလေးအတွက် စံပြဖြစ်ပါစေ။ကလေးကို မရိုင်းစေချင်ပါက မိမိကိုယ်တိုင် ကလေးရှေ့တွင် ရုန့်ရင်းကြမ်းတမ်းသော အပြောအဆို အပြုအမူများကို ရှောင်ကြဉ်ပါ။
– ဒေါသမထွက်ပြပါနဲ့။
ကလေးအပေါ်ဒေါသတကြီးတုန့်ပြန်ခြင်းက မှန်ကန်တဲ့နည်းလမ်းမဟုတ်သလို ဤနည်းလမ်းက သင့်ကလေးကို လိမ္မာမလာစေတဲ့အပြင် သင်နဲ့ကလေးကြား ပိုမိုဆိုးရွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားနိုင်ပါတယ်။
– ကလေးအပေါ် အလေးထား လေးစားပါ။
လူကြားသူကြားထဲတွင် ဆူငေါက်ခြင်း၊အော်ခြင်း၊ရိုက်နှက်ဆုံးမခြင်းများသည် ကလေးအားအရှက်ရစေသဖြင့် လုံးဝရှောင်ကြဉ်ပါ။အရင်က ပြုလုပ်ခဲဖူးသော အမှားအပြစ်များကို မကြာခဏပြန်လည်ပြောဆိုခြင်း၊အကြိမ်ကြိမ်အပြစ်တင်ခြင်းများ မပြုလုပ်သင့်ပါ။ကလေးမှ ကောင်းတဲ့အပြုအမူ လုပ်ရပ်တစ်ခုလုပ်တဲ့အခါ “သားလေးကတော်လိုက်တာ” ၊ “သမီးလေးက လိမ္မာလိုက်တာ” စသဖြင့် အသိအမှတ်ပြု ချီးကျူးစကားဆိုခြင်းဖြင့် ကလေးအား သူ့ကိုယ်သူယုံကြည်မှုပိုရှိစေသည့်အပြင် မိမိစကားလည်း ပိုမိုနားထောင်လာမည်ဖြစ်သည်။
ဒေါက်တာဝင်း (UM 2)
ကေလးဆိုးေလးမ်ား
” ဒီကေလးႏွယ္! ေျပာမရဆိုမရ.. ေခ်ာ့မရ ေျခာက္မရနဲ႔! ငါ့ႏွယ္ စိတ္ေတြလည္းကုန္ပါတယ္ ”
ဒါေတြက မဆန္းေတာ့တဲ့အသံေတြ။ေဘးအိမ္မွ ေဒၚဘုမတစ္ေယာက္ သူ႔သားနဲ႔တိုက္ပျြဲဖစ္ေနသံ။ဟုတ္ေတာ့လည္း ဟုတ္သည္။သားျဖစ္သူက ခုမွ အသက္ 4 ႏွစ္စြန္းစြန္း။ကဲခ်က္က ေမ်ာက္ရံႈးသည္။အေမေရာ အေဖေရာမႏိုင္။႐ိုက္လည္း ႐ိုက္႐ိုက္ပဲ။အေၾကာအေတာ္မာသည္။ဒီလိုကေလးမ်ိဳးေတြ ပတ္ဝန္းက်င္မွာမနဲ႐ွိသည္။
သို႔ေသာ္ သူတို႔ကို ဘယ္လိုကိဳင္တြယ္ရမလဲဆိုတဲ့ နည္းလမ္းေတြကိုသိထားရင္ေတာ့ ေဒၚဘမလို ဆူေန ႐ိုက္ေနစရာမလိုဘဲ ထိန္းသိမ္းဆံုးမဖို႔လြယ္ပါသည္။႐ိုး႐ွင္းလြယ္ကူတဲ့ ေအာက္ပါနည္းလမ္းေလးေတြက ကေလးဆိုးကေလးမ်ားကို လိမၼာေစဖို႔ အေထာက္အကူျပဳေစမည္ျဖစ္သည္ –
– ခ်စ္ေၾကာင္းျပသပါ။
အခ်ိဳ႕ကေလးေတြဆိုးတယ္ဆိုတာ မိဘဆီက ဂ႐ုစိုက္မႈလိုခ်င္ၾကလို႔ျဖစ္ပါတယ္။မိဘေတြအေနနဲ႔ သူတို႔အေပၚ ခ်စ္ေၾကာင္းဂ႐ုစိုက္ေၾကာင္းျပသျခင္းျဖင့္ ကေလးဆိုးေလးေတြကို ထိန္းခ်ဳပ္ရလြယ္ကူလာပါလိမ့္မယ္။သို႔ေသာ္ အရမ္းအလိုလိုက္ရမည္ဟုမဆိုလိုပါ။ေျပာဆိုဆံုးမစရာ႐ွိလာပါက ခပ္တင္းတင္းေျပာပါ။
– ကေလးအား နားလည္မႈေပးပါ။
ကေလးရဲ႕အသက္အရြယ္၊အေျခအေနေပၚမူတည္ၿပီး ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ခံစားခ်က္ေတြကို နားလည္ေပးပါ။
– စည္းကမ္းၾကပ္မတ္ပါ။သို႔ေသာ္ မခ်ဳပ္ခ်ယ္ပါႏွင့္။
ကေလးမ်ားအား သူတို႔ကို လြပ္လပ္ခြင့္ေပးထားသည့္ အတိုင္းအတာကို ႐ွင္းလင္းစြာေျပာျပထားပါ။အရာရာတစ္ခုခ်င္းၾကည့္ၿပီး အျပစ္တင္ဆံုးမျခင္းမျပဳဘဲ မိမိသတ္မွတ္ေပးထားေသာေ ႐ွိသင့္႐ွိထ္ုက္သည့္ ေဘာင္အတြင္း လြပ္လပ္ခြင့္ေပးထားပါ။
– ေကာင္းမြန္တဲ့အမူအက်င့္ေလးေတြကို ေလ့က်င့္သင္ၾကားေပးပါ။
ငယ္စဥ္ကတည္းက အမူအက်င့္ေကာင္းေလးေတြ သင္ၾကားေပးပါ။ကေလးဆိုးလာမွ ဆံုးမျခင္းထက္ အေစာအလ်င္တည္းက ေျပာျပဆံုးမထားျခင္းက ပိုအက်ိဳး႐ွိေစပါလိမ့္မယ္။မိမိကိုယ္တိုင္လည္း ကေလးအတြက္ စံျပျဖစ္ပါေစ။ကေလးကို မ႐ိုင္းေစခ်င္ပါက မိမိကိုယ္တိုင္ ကေလးေ႐ွ႕တြင္ ႐ုန္႔ရင္းၾကမ္းတမ္းေသာ အေျပာအဆို အျပဳအမူမ်ားကို ေ႐ွာင္ၾကဥ္ပါ။
– ေဒါသမထြက္ျပပါနဲ႔။
ကေလးအေပၚေဒါသတႀကီးတုန္႔ျပန္ျခင္းက မွန္ကန္တဲ့နည္းလမ္းမဟုတ္သလို ဤနည္းလမ္းက သင့္ကေလးကို လိမၼာမလာေစတဲ့အျပင္ သင္နဲ႔ကေလးၾကား ပိုမိုဆိုးရြားတဲ့အေျခအေနတစ္ခုေရာက္႐ွိသြားႏိုင္ပါတယ္။
– ကေလးအေပၚ အေလးထား ေလးစားပါ။
လူၾကားသူၾကားထဲတြင္ ဆူေငါက္ျခင္း၊ေအာ္ျခင္း၊႐ိုက္ႏွက္ဆံုးမျခင္းမ်ားသည္ ကေလးအားအ႐ွက္ရေစသျဖင့္ လံုးဝေ႐ွာင္ၾကဥ္ပါ။အရင္က ျပဳလုပ္ခဲဖူးေသာ အမွားအျပစ္မ်ားကို မၾကာခဏျပန္လည္ေျပာဆိုျခင္း၊အႀကိမ္ႀကိမ္အျပစ္တင္ျခင္းမ်ား မျပဳလုပ္သင့္ပါ။ကေလးမွ ေကာင္းတဲ့အျပဳအမူ လုပ္ရပ္တစ္ခုလုပ္တဲ့အခါ “သားေလးကေတာ္လိုက္တာ” ၊ “သမီးေလးက လိမၼာလိုက္တာ” စသျဖင့္ အသိအမွတ္ျပဳ ခ်ီးက်ဴးစကားဆိုျခင္းျဖင့္ ကေလးအား သူ႔ကိုယ္သူယံုၾကည္မႈပို႐ွိေစသည့္အျပင္ မိမိစကားလည္း ပိုမိုနားေထာင္လာမည္ျဖစ္သည္။
ေဒါက္တာဝင္း (UM 2)