ကိုယ်ဝန်ပျက်ကျခြင်း
မမဗိုက်တစ်ယောက်အတွက် မိမိမှာ ရင်သွေးလေးကို လွယ်ထားရတဲ့အချိန်မှာ ဆောင်ရ ရှောင်ရတာတွေလဲ များသလို ကျန်းမာရေးအခက်အခဲတွေလည်း တွေ့ရတတ်ပါတယ်… ဒီထဲကမှ ကိုယ်ဝန်ပျက်ခြင်းနဲ့ဆိုင်တဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်…
ကိုယ်ဝန်ပျက်ခြင်း ဆိုတာ ?
“ကိုးလလွယ် ဆယ်လဖွား” ဆိုသလို ကိုယ်ဝန်ဆောင်ချိန်ဟာ ကာလအတန် ကြာမြင့်ပြီး ဒီအချိန်တွင်း တွေ့ရတတ်တဲ့ ပြသနာတွေထဲမှာ ကိုယ်ဝန်ပျက်ကျခြင်း (သားလျှောခြင်း) ဟာလည်း တစ်ခုအပါအဝင်ပါ….
ကိုယ်ဝန် အပတ်(၂၀) မတိုင်ခင်မှာ မိခင်၏ ဝမ်းတိုက်ထဲမှ လမစေ့သေးသော၊အသက်ရှင်ရန် မဖြစ်နိုင်သေးသော ရင်သွေး ထွက်ကျ၊မွေးဖွားလာခြင်းကို ကိုယ်ဝန်ပျက်ခြင်းလို့ ခေါ်နိုင်ပါတယ်…
ကိုယ်ဝန်ဆောင်မိခင်တွေထဲကမှ ၁၀-၂၀ ရာခိုင်နှုန်းလောက်ဟာ ကိုယ်ဝန်ပျက်ကျခြင်း အန္တရာယ်ကို ကြုံနိုင်ပါတယ်… အများစုဟာ ကိုယ်ဝန် ၁၄ ပတ်(ပထမသုံးလအပိုင်းအခြား)မတိုင်ခင်မှာ အဖြစ်များတာမို့ .. သတိပြုစရာပါ..
ကိုယ်ဝန်ပျက်ကျနိုင်သော ရှေ့ပြေးလက္ခဏာများ
- သွေးဆင်းခြင်း(ညိုညစ်ညစ် အရောင်များဆင်းခြင်း)
- အလွန်အမင်း ကြွက်သားတက်ခြင်း
- ဗိုက်အောင့်ခြင်း
- နောက်ကျော အောင့်ခြင်း
- အားအင် ချိနဲ့ခြင်း
- ဖျားနာခြင်း တွေပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ပျက်ခြင်းဟာ များသောအားဖြင့် သန္ဓေသားဖြစ်လာဖို့ အတွက်လိုအပ်သော မျိုးဥ (သို့) သုတ်ပိုးရဲ့ ပုံမမှန်မှု၊ ခရိုမိုဆုန်း လွဲမှားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်..ဒါ့ပြင် မိခင်ဟာ
- အသက်ကြီးခြင်း(၃၅ အထက်အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်)
- ယခင် သားပျက်သားလျှောရှိဖူးသူ
- ဆီးချိုရောဂါ၊ လည်ပင်းအကျိတ်ရောဂါ၊ သွေးနဲ့ဆိုင်သော ရောဂါ ရှိသူ
- သားအိမ်အနေအထား မမှန်ကန်ခြင်း၊ခွဲမွေးထားဖူးရာမှ သားအိမ်တွင် အမာရွတ် များလှခြင်း
- ယခင် ကိုယ်ဝန်တွင်း ကလေးမွေးဖွားရခက်ခြင်း၊ကလေးပုံမမှန်ခြင်း ရှိဖူးသူ
- ဝက်သတ်၊ဂျိုက်သိုး၊HIV၊ဂနို ရောဂါပိုး ကူးစက်ထားဖူးသူ
- ဆေးလိပ်၊ အရက်သောက်သုံးသူ
- အဝလွန်သူ
အစရှိတဲ့ အချက်တွေကြောင့်လဲ ကိုယ်ဝန်ပျက်ခြင်း ကြုံရနိုင်ပါတယ်… မွေးဖွားပြီး သုံးလအကြာမှာ နောက်ထပ် ကိုယ်ဝန်ဆောင်ပါကလည်း ပျက်ကျဖို့ နှုန်းများပါတယ်…
( ဒါ့ပြင် ကိုယ်ဝန်ဒုတိယသုံးလအပိုင်းအခြားမှာ သားအိမ်ခေါင်း တိုခြင်း၊ကိုယ်ဝန်ကို ထိန်းထားနိုင်ရန် မလုံလောက်ခြင်းကြောင့် ရုတ်တရက် ဗိုက်ထဲမှ ဖိအားတစ်ခုဖြစ်ပြီး ရေမွှာပေါက်မယ်..ကလေးရော အချင်းပါ ထွက်ကျလာနိုင်ပါတယ်…ဤဖြစ်စဉ်ကို ကာကွယ်ရန်အတွက် နောက်ကိုယ်ဝန်မတိုင်ခင်မှာ သားအိမ်ခေါင်းပတ်လည်အား ချုပ်ရိုးဖြင့် စက်ပိုင်းပုံတွယ်ကပ်ထားခြင်း လုပ်နိုင်ပါတယ်…)
ဒါကြောင့် မိမိဟာ သွေးအလွန်အမင်းဆင်းခြင်း၊ဗိုက်အောင့်ခြင်းတွေ ကြုံရပီဆိုပါက ဆေးခန်းပြသင့်ပါတယ်.. ဆရာဝန်မှ
- အာထရာဆောင်း(ultrasound) ရိုက်ခြင်း
- သွေးစစ်ခြင်း အစရှိတာတွေနဲ့ ကိုယ်ဝန် ပျက်ကျခြင်း ရှိမရှိ အတည်ပြုမယ်…
ကိုယ်ဝန်ပျက်ကျပြီး သားအိမ်တွင်း သန္ဓေသား အပိုင်းအစများ မကျန်ပါက သွေးဆက်ဆင်းခြင်းရှိမရှိ ၊တခြားနောက်ဆက်တွဲပြသနာ ရှိမရှိ ဆက်စစ်ဆေးရပါမယ်..
သားအိမ်တွင်း သန္ဓေသားအပိုင်းအစများကျန်နေပါက သားအိမ်လမ်းကြောင်းတွင်း ရောဂါပိုးဝင်ခြင်း၊ခန္ဓာကိုယ်တွင်း ရောဂါ ပျံ့နံှ့ခြင်း စတာတွေ ကြုံနိုင်တာမို့ .. ဆေးရုံတက်ပြီး ပိုးသတ်ဆေးသွင်းခြင်း၊ သားအိမ်ခြစ်ခြင်းစတဲ့ ဆရာဝန်ညွှန်ကြားတဲ့ လိုအပ်တဲ့ကုသမှုများ ခံယူသင့်ပါတယ်။
ကိုယ်ဝန်ခဏခဏ ပျက်ကျခြင်း၊ဆက်တိုက်ပျက်ကျခြင်း ရှိပါက မျိုးရိုးနှင့်ဆိုင်သော၊သွေးနှင့်ဆိုင်သော ဆေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်..ပြီးလျှင် လိုအပ်သော ဆေးကုသမှုကို ခံယူရပါမယ်…
ကိုယ်ဝန်ပျက်ကျထားပါက နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်သလား?
- ပုံမှန် ကိုယ်ဝန် ပြန်ဆောင်နိုင်ပါတယ်…
- ဒါ့ပြင် ကိုယ်ဝန်ပျက်ကျခြင်းဟာ မိမိမှာ မျိုးပွားခြင်းနဲ့ ဆိုင်သော ပြသနာ ရှိနေခြင်း မဟုတ်ပါ…
- နောက်ထပ် ကိုယ်ဝန်ပျက်ကျဖို့ ရာခိုင်နှုန်းလဲ နည်းပါးပါတယ်
သို့သော် ကိုယ်ဝန် ခဏခဏ ပျက်ကျထားဖူးများ အဖို့ကတော့ နောက်ထပ်ကိုယ်ဝန်ယူပါက သေချာဂရုစိုက်သင့်ပါတယ်… ကိုယ်ဝန်နုတည်းက သေချာ အပ်ပါ…ပုံမှန် ဆေးခန်းပြပါ.. တစ်စုံတစ်ရာ စိုးရိမ်ရပါက ဆေးရုံ ဆေးခန်း အမြန်သွားပြသင့်ပါတယ်
ဘယ်ချိန်မှာ ကိုယ်ဝန် ပြန်ဆောင်နိုင်သလဲ?
- ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ
- စိတ်ရော ကိုယ်ပါ ပြန်လည်ကောင်းမွန်ရန် လိုအပ်သော အချိန်တစ်ခု ယူပါ
- ကိုယ်ဝန်ပျက်ကျခြင်းကြောင့် မိမိကိုယ်ကို ပြစ်တင်တာမျိုး မလုပ်ပါနဲ့..
- မိမိဇနီး၊မယားအား နှစ်သိမ့်နွေးထွေးမှုပေးပါ
- ကိုယ်ဝန်ပျက်ပြီးနောက် ကိုယ်ဝန်ထပ်ယူခြင်းနဲ့ပတ်သက်ပြီး
အသေးစိတ်ကို နောက်ဆောင်းပါးတစ်ပုဒ်မှာ ဆွေးနွေးတင်ပြပေးသွားမှာမို့ My Doctor ကို See First လေးလုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။
ပိုင်နီမောင်
ကိုယ္ဝန္ပ်က္က်ျခင္း
မမဗိုက္တစ္ေယာက္အတြက္ မိမိမွာ ရင္ေသြးေလးကို လြယ္ထားရတဲ့အခ်ိန္မွာ ေဆာင္ရ ေ႐ွာင္ရတာေတြလဲ မ်ားသလို က်န္းမာေရးအခက္အခဲေတြလည္း ေတြ႔ရတတ္ပါတယ္… ဒီထဲကမွ ကိုယ္ဝန္ပ်က္ျခင္းနဲ႔ဆိုင္တဲ့ အေၾကာင္းေလးကို ေျပာျပခ်င္ပါတယ္…
ကိုယ္ဝန္ပ်က္ျခင္း ဆိုတာ ?
“ကိုးလလြယ္ ဆယ္လဖြား” ဆိုသလို ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ ကာလအတန္ ၾကာျမင့္ၿပီး ဒီအခ်ိန္တြင္း ေတြ႔ရတတ္တဲ့ ျပသနာေတြထဲမွာ ကုိယ္ဝန္ပ်က္က်ျခင္း (သားေလွ်ာျခင္း) ဟာလည္း တစ္ခုအပါအဝင္ပါ….
ကုိယ္ဝန္ အပတ္(၂၀) မတိုင္ခင္မွာ မိခင္၏ ဝမ္းတိုက္ထဲမွ လမေစ့ေသးေသာ၊အသက္႐ွင္ရန္ မျဖစ္ႏိုင္ေသးေသာ ရင္ေသြး ထြက္က်၊ေမြးဖြားလာျခင္းကို ကုိယ္ဝန္ပ်က္ျခင္းလုိ႔ ေခၚႏိုင္ပါတယ္…
ကုိယ္ဝန္ေဆာင္မိခင္ေတြထဲကမွ ၁၀-၂၀ ရာခိုင္ႏႈန္းေလာက္ဟာ ကုိိယ္ဝန္ပ်က္က်ျခင္း အႏၱရာယ္ကို ၾကံဳႏိုင္ပါတယ္… အမ်ားစုဟာ ကုိယ္ဝန္ ၁၄ ပတ္(ပထမသံုးလအပုိင္းအျခား)မတိုင္ခင္မွာ အျဖစ္မ်ားတာမို႔ .. သတိျပဳစရာပါ..
ကုုိယ္ဝန္ပ်က္က်ႏိုင္ေသာ ေ႐ွ႕ေျပးလကၡဏာမ်ား
- ေသြးဆင္းျခင္း(ညိဳညစ္ညစ္ အေရာင္မ်ားဆင္းျခင္း)
- အလြန္အမင္း ႂကြက္သားတက္ျခင္း
- ဗိုက္ေအာင့္ျခင္း
- ေနာက္ေက်ာ ေအာင့္ျခင္း
- အားအင္ ခ်ိနဲ႔ျခင္း
- ဖ်ားနာျခင္း ေတြပဲ ျဖစ္ပါတယ္။
ကုိယ္ဝန္ပ်က္ျခင္းဟာ မ်ားေသာအားျဖင့္ သေႏၶသားျဖစ္လာဖို႔ အတြက္လိုအပ္ေသာ မ်ိဳးဥ (သို႔) သုတ္ပိုးရဲ႕ ပံုမမွန္မႈ၊ ခ႐ိုမိုဆုန္း လဲြမွားမႈေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္..ဒါ့ျပင္ မိခင္ဟာ
- အသက္ႀကီးျခင္း(၃၅ အထက္အမ်ိဳးသမီးေတြမွာ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္)
- ယခင္ သားပ်က္သားေလွ်ာ႐ွိဖူးသူ
- ဆီးခ်ိဳေရာဂါ၊ လည္ပင္းအက်ိတ္ေရာဂါ၊ ေသြးနဲ႔ဆိုင္ေသာ ေရာဂါ ႐ွိသူ
- သားအိမ္အေနအထား မမွန္ကန္ျခင္း၊ခဲြေမြးထားဖူးရာမွ သားအိမ္တြင္ အမာရြတ္ မ်ားလွျခင္း
- ယခင္ ကုိယ္ဝန္တြင္း ကေလးေမြးဖြားရခက္ျခင္း၊ကေလးပံုမမွန္ျခင္း ႐ွိဖူးသူ
- ဝက္သတ္၊ဂ်ိဳက္သိုး၊HIV၊ဂႏို ေရာဂါပိုး ကူးစက္ထားဖူးသူ
- ေဆးလိပ္၊ အရက္ေသာက္သံုးသူ
- အဝလြန္သူ
အစ႐ွိတဲ့ အခ်က္ေတြေၾကာင့္လဲ ကုိယ္ဝန္ပ်က္ျခင္း ၾကံဳရႏိုင္ပါတယ္… ေမြးဖြားၿပီး သံုးလအၾကာမွာ ေနာက္ထပ္ ကုိယ္ဝန္ေဆာင္ပါကလည္း ပ်က္က်ဖို႔ ႏႈန္းမ်ားပါတယ္…
( ဒါ့ျပင္ ကုိယ္ဝန္ဒုတိယသံုးလအပိုင္းအျခားမွာ သားအိမ္ေခါင္း တုိျခင္း၊ကုိယ္ဝန္ကို ထိန္းထားႏိုင္ရန္ မလံုေလာက္ျခင္းေၾကာင့္ ႐ုတ္တရက္ ဗိုက္ထဲမွ ဖိအားတစ္ခုျဖစ္ၿပီး ေရမႊာေပါက္္မယ္..ကေလးေရာ အခ်င္းပါ ထြက္က်လာႏိုင္ပါတယ္…ဤျဖစ္စဥ္ကုိ ကာကြယ္ရန္အတြက္ ေနာက္ကိုယ္ဝန္မတိုင္ခင္မွာ သားအိမ္ေခါင္းပတ္လည္အား ခ်ဳပ္႐ိုးျဖင့္ စက္ပိုင္းပံုတြယ္ကပ္ထားျခင္း လုပ္ႏိုင္ပါတယ္…)
ဒါေၾကာင့္ မိမိဟာ ေသြးအလြန္အမင္းဆင္းျခင္း၊ဗိုက္ေအာင့္ျခင္းေတြ ၾကံဳရပီဆိုပါက ေဆးခန္းျပသင့္ပါတယ္.. ဆရာဝန္မွ
- အာထရာေဆာင္း(ultrasound) ႐ိုက္ျခင္း
- ေသြးစစ္ျခင္း အစ႐ွိတာေတြနဲ႔ ကုိယ္ဝန္ ပ်က္က်ျခင္း ႐ွိမ႐ွိ အတည္ျပဳမယ္…
ကုိယ္ဝန္ပ်က္က်ၿပီး သားအိမ္တြင္း သေႏၶသား အပိုင္းအစမ်ား မက်န္ပါက ေသြးဆက္ဆင္းျခင္း႐ွိမ႐ွိ ၊တျခားေနာက္ဆက္တဲြျပသနာ ႐ွိမ႐ွိ ဆက္စစ္ေဆးရပါမယ္..
သားအိမ္တြင္း သေႏၶသားအပိုင္းအစမ်ားက်န္ေနပါက သားအိမ္လမ္းေၾကာင္းတြင္း ေရာဂါပိုးဝင္ျခင္း၊ခႏၶာကုိယ္တြင္း ေရာဂါ ပ်ံ ့ႏံွ ့ျခင္း စတာေတြ ၾကံဳႏိုင္တာမို႔ .. ေဆးရံုတက္ၿပီး ပိုးသတ္ေဆးသြင္းျခင္း၊ သားအိမ္ျခစ္ျခင္းစတဲ့ ဆရာဝန္ၫႊန္ၾကားတဲ့ လိုအပ္တဲ့ကုသမႈမ်ား ခံယူသင့္ပါတယ္။
ကုိယ္ဝန္ခဏခဏ ပ်က္က်ျခင္း၊ဆက္တိုက္ပ်က္က်ျခင္း ႐ွိပါက မ်ိဳး႐ိုးႏွင့္ဆိုင္ေသာ၊ေသြးႏွင့္ဆိုင္ေသာ ေဆးစစ္ေဆးမႈမ်ား ျပဳလုပ္သင့္ပါတယ္..ၿပီးလွ်င္ လိုအပ္ေသာ ေဆးကုသမႈကို ခံယူရပါမယ္…
ကုိယ္ဝန္ပ်က္က်ထားပါက ေနာက္ထပ္ ကုိယ္ဝန္ေဆာင္ႏိုင္သလား?
- ပံုမွန္ ကိုယ္ဝန္ ျပန္ေဆာင္ႏိုင္ပါတယ္…
- ဒါ့ျပင္ ကုိယ္ဝန္ပ်က္က်ျခင္းဟာ မိမိမွာ မ်ိဳးပြားျခင္းနဲ႔ ဆိုင္ေသာ ျပသနာ ႐ွိေနျခင္း မဟုတ္ပါ…
- ေနာက္ထပ္ ကိုယ္ဝန္ပ်က္က်ဖို႔ ရာခိုင္ႏႈန္းလဲ နည္းပါးပါတယ္
သို႔ေသာ္ ကိုယ္ဝန္ ခဏခဏ ပ်က္က်ထားဖူးမ်ား အဖို႔ကေတာ့ ေနာက္ထပ္ကိုယ္ဝန္ယူပါက ေသခ်ာဂ႐ုစိုက္သင့္ပါတယ္… ကိုယ္ဝန္ႏုတည္းက ေသခ်ာ အပ္ပါ…ပံုမွန္ ေဆးခန္းျပပါ.. တစ္စုံတစ္ရာ စိုးရိမ္ရပါက ေဆးရံု ေဆးခန္း အျမန္သြားျပသင့္ပါတယ္
ဘယ္ခ်ိန္မွာ ကုိယ္ဝန္ ျပန္ေဆာင္ႏိုင္သလဲ?
- ဆရာဝန္ႏွင့္ ေဆြးေႏြးတိုင္ပင္ပါ
- စိတ္ေရာ ကိုယ္ပါ ျပန္လည္ေကာင္းမြန္ရန္ လိုအပ္ေသာ အခ်ိန္တစ္ခု ယူပါ
- ကိုယ္ဝန္ပ်က္က်ျခင္းေၾကာင့္ မိမိကုိယ္ကို ျပစ္တင္တာမ်ိဳး မလုပ္ပါနဲ႔..
- မိမိဇနီး၊မယားအား ႏွစ္သိမ့္ေႏြးေထြးမႈေပးပါ
- ကိုယ္ဝန္ပ်က္ၿပီးေနာက္ ကိုယ္ဝန္ထပ္ယူျခင္းနဲ႔ပတ္သက္ၿပီး
အေသးစိတ္ကို ေနာက္ေဆာင္းပါးတစ္ပုဒ္မွာ ေဆြးေႏြးတင္ျပေပးသြားမွာမို႔ My Doctor ကို See First ေလးလုပ္ၿပီး ေစာင့္ေမ်ွာ္ဖတ္႐ႈေပးၾကပါဦးေနာ္။
ပိုင္နီေမာင္