စိတ်ပိုင်းဆိုင်ရာ ခုခံမှုများ
လူတွေမှာ စိတ်ဝေဒနာ အနည်းနဲ့ အများတော့ ရှိကြပါတယ်
အဲဒီလိုပြောရင် လူတိုင်း ရူးနေတာလို့ ပြောတာလား
မြတ်စွာဘုရားတောင် ဟောထားတာပါပဲ
ပုထုဇ္ဇနော ဥမ္မတ္တကော တဲ့လေ
အောက်ပါ အချက်ကလေးများကို လုပ်နေတာကိုက ကျွန်ုပ်တို့ စိတ်ဝေဒနာ ကနေ စိတ်ရောဂါ မခံစားရအောင် လုပ်ပေးနေတာပါပဲ
ဒါကို စိတ်ပိုင်းဆိုင်ရာ ခုခံမှုတွေလု့ိ ဆေးပညာအရ ခေါ်ပါတယ်
ကိုယ် ဘယ်နှစ်ခု လုပ်ဖြစ်နေသလဲ? တိုက်ကြည့်ရအောင်လား
၁။ ဒုက္ခတွေ အရမ်း တွေ့ကြုံရလို့ မိမိ စိတ်နေစိတ်ထား ပြောင်းလဲသွားတာဟာလည်း စိတ်ထိခိုက်မှုကို ပြသပါတယ်။ ဥပမာ- မိမိ မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားလို့ စိတ်ထိခိုက်ပြီး နေထိုင်မှု ပြောင်းသွားတာမျိုးပါ။ ဒါဟာ စိတ်ရောဂါ ရတဲ့ထိ မဖြစ်အောင် ခန္ဓာကိုယ်က တားတဲ့ ခုခံမှု တစ်ခုပါပဲ
၂။ ကိန်းဂဏန်း အချက်အလက်တွေနဲ့ ပြောရင် ဖြေသာတာ။
ဥပမာ- ကိုယ် စာမေးပွဲကျလို့ စိတ်မကောင်းပေမယ့် အခန်းရဲ့ သုံးပုံတစ်ပုံ ကျတယ်ဆို ကိုယ်မအောင်တာ ဖြေသာတာမျိုးပါ။ ဒါကြောင့် မုန်တိုင်းကြောင့် ပျက်စီးမှု ခံရတာမျိုး လိုဆိုရင် တစ်နယ်လုံး ဖြစ်တာပါပဲလေ။ ငါ့မိသားစုပဲ မဟုတ်ပါဘူးဆိုတဲ့ ဒီခုခံမှုလေးက လူကို ရူးမသွားစေတာပါ။
၃။ မကောင်းမှု လုပ်မိတာတွေ နောင်တရပြီး ကောင်းတာလေးတွေ ပြန်လုပ်တာ
ဥပမာ- ရှေးခေတ်ကလို မင်းမိန့်နဲ့ ကွပ်မျက်ပြီးမှ အပိုင်စားပေးတာမျိုး၊ ညီတော် နောင်တော် ခမည်းတော်တွေကို လုပ်ကြံနန်းတက်ပြီးမှ သူတို့ကုသိုလ်ရအောင် ဘုရားတည်ပေးတယ် ဆိုတာမျိုးတွေပါ
ဒါ ကျန်ရစ်သူအတွက် စိတ်သက်သာအောင် လုပ်တာပါပဲ။ မဟုတ်ရင် တစ်သက်လုံး နောင်တစိတ်က ဖိစီးလို့ တစ်နေ့ ရူးမှာပါပဲ
၄။ ကိုယ် မလုပ်နိုင်တာ တစ်ခုကို မေ့ပြိး လုပ်နိုင်တာလေး စဉ်းစားဖြေသိမ့်တာ
ဥပမာ- စာမတော်တဲ့ သူတစ်ယောက်က ငါမှစာမတော်တာ၊ ပန်းချီပဲ ဆွဲတော့မယ် ဆိုပြီး လိုင်းပြောင်းတာမျိုးပါ
ခန္ဓာကိုယ်ဟာ မိမိတိုးတက်ရေးအတွက် လုပ်သင့်တဲ့ ခုခံမှုလေးတွေ လုပ်ပေးတယ်ဆိုတာ ဒါနဲ့တင် သိရပါတယ်။ ကိုယ်မရနိုင်တာမှာ တွယ်ကပ်နေရင် တစ်ချိန်ကျ အလိုမပြည့်မှုတွေနဲ့ ရူးမယ့်ရန်ကို ကာကွယ်ထားတာပါ
၅။ ခံစားချက်တွေကို အတင်းမျိုသိပ်လိုက်တာ
ဒီခုခံမှုက အဆိုးဆုံးပါပဲ အခန့်မသင့်ရင် ပေါက်ထွက်ပြီး စိတ်ဝေဒနာအပျော့စား ရတတ်ပါတယ်
၆။ ဖြစ်ရပ်မှန်ကို မသိစိတ်က လိမ်ညာတာ
ဥပမာ- အရမ်းချစ်တဲ့သူ ဆုံးပါးသွားပေမယ့် သူရှိနေစဉ်အတိုင်း ပြုမူပြောဆိုနေတာ
ဒါမျိုးက လူတိုင်း ခဏတော့ ဖြစ်တတ်ကြပါတယ်။ သွားလေသူရဲ့ အကျီလေးတွေ သိမ်းထားတာ၊ သူ့နာမည်လေး ရေးစရာကြုံလာရင် ကွယ်လွန်ကြောင်းပြတဲ့ (…)လေးထဲ မထည့်ချင်တာ။ ဒါလောက်ဆို မဆိုးလှပေမယ့် သူ နေထိုင်စဉ်ကအတိုင်း တစ်ယောက်တည်း စကားတွေပြောနေတဲ့ထိဆိုရင်တော့ အခြေအနေ မလှဘူးပေါ့
၇။ နိုင်တဲ့သူကို ထောင်းတာ၊ မိမိ စိတ်ဒဏ်ရာကို သူတစ်ပါးအပေါ် မဲတာ၊ သူတစ်ပါးကို အပြစ်ပုံချတာ
များသောအားဖြင့် (ကန်တော့နော်) မိဘတွေ လုပ်လေ့ရှိပါတယ်။
ဟဲ့ နင် စာမကျက်ဘူးလား၊ အမှတ်မမီလို ဘယ်ကျောင်း ပြုတ်ချင်လား ဆိုတာ တကယ်တော့ များသောအားဖြင့် သူတို့ ငယ်စဉ်က အမှတ်မမီလို့ ပြုတ်ခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် ပြန်ဖြစ်လာတဲ့ ခံစားချက်ပါ။
၈။ ကလေးလို ခဏပြန်ဖြစ်သွားတာ
များသောအားဖြင့် အသက်အရွယ် အလွန်ကြီးရင့်တဲ့ အဖိုးအဖွားတွေ အထီးကျန်တဲ့အခါမျိုး၊ နောက်တစ်ခုက နာတာရှည် ဖြစ်လာတဲ့ လူမျိုးတွေမှာ တွေ့ရပါတယ်
ကျီကျတတ်လာတာပါ
အမှန်က ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ ဝမ်းနည်းမှု ပူပန်မှုတွေကြောင့် စိတ်ထဲ တန်ပြန်မှုလေးတွေ ပေါ်လာတာပါပဲ
၉။ လက်မခံနိုင်တဲ့ အာရုံကို တွန်းအားအဖြစ် အသုံးပြုတာ
ဒါလေးက ခုခံမှုတွေထဲက အဆင့်အတန်းမြင့်ပြီး အကျိုးရှိတဲ့ ခုခံမှုလေးပါပဲ
ဒေါသထွက်လို့ အလုပ်ကျုံးလုပ်တာမျိုး၊ မကောင်းတဲ့စိတ် ပေါ်လာရင် ကောင်းတာလေးနဲ့ ပြောင်းတာတို့ဆိုတာ ဒီခုခံမှုပါပဲ
ဒီ ခုခံမှုလေးက အကောင်းဆုံးပါပဲ။ ဒါလေးသာ စိတ်ထဲ မပေါ်ရင် ဘဝမှာ နေပျော်ကြတော့မှာ မဟုတ်ပါဘူး
၁၀။ လောကဒဏ် အဆိုးတွေကို ရယ်မောနိုင်တာ
ဒုက္ခသုက္ခထဲမှာတင် ရယ်နိုင်နေပြီဆိုရင်တော့ သင်ဟာ စိတ်ခုခံမှု အဆင့်အတော်မြင့်တဲ့သူလို့ ဆိုလို့ရပါတယ်
ကဲ
သင်ရော ဘယ်အမျိုးအစား ခုခံမှုတွေ ရှိသလဲ?
ဒေါက်တာယမင်း (ဆေး ၂)
စိတ္ပိုင္းဆိုင္ရာ ခုခံမႈမ်ား
လူေတြမွာ စိတ္ေဝဒနာ အနည္းနဲ႔ အမ်ားေတာ့ ရွိၾကပါတယ္
အဲဒီလိုေျပာရင္ လူတိုင္း ရူးေနတာလို႔ ေျပာတာလား
ျမတ္စြာဘုရားေတာင္ ေဟာထားတာပါပဲ
ပုထုဇၨေနာ ဥမၼတၱေကာ တဲ့ေလ
ေအာက္ပါ အခ်က္ကေလးမ်ားကို လုပ္ေနတာကိုက ကြၽန္ုပ္တို႔ စိတ္ေဝဒနာ ကေန စိတ္ေရာဂါ မခံစားရေအာင္ လုပ္ေပးေနတာပါပဲ
ဒါကို စိတ္ပိုင္းဆိုင္ရာ ခုခံမႈေတြလု႔ိ ေဆးပညာအရ ေခၚပါတယ္
ကိုယ္ ဘယ္နွစ္ခု လုပ္ျဖစ္ေနသလဲ? တိုက္ၾကည့္ရေအာင္လား
၁။ ဒုကၡေတြ အရမ္း ေတြ႕ႀကံဳရလို႔ မိမိ စိတ္ေနစိတ္ထား ေျပာင္းလဲသြားတာဟာလည္း စိတ္ထိခိုက္မႈကို ျပသပါတယ္။ ဥပမာ- မိမိ မိသားစုဝင္တစ္ဦး ဆံုးရႈံးသြားလို႔ စိတ္ထိခိုက္ၿပီး ေနထိုင္မႈ ေျပာင္းသြားတာမ်ိဳးပါ။ ဒါဟာ စိတ္ေရာဂါ ရတဲ့ထိ မျဖစ္ေအာင္ ခႏၶာကိုယ္က တားတဲ့ ခုခံမႈ တစ္ခုပါပဲ
၂။ ကိန္းဂဏန္း အခ်က္အလက္ေတြနဲ႔ ေျပာရင္ ေျဖသာတာ။
ဥပမာ- ကိုယ္ စာေမးပြဲက်လို႔ စိတ္မေကာင္းေပမယ့္ အခန္းရဲ႕ သံုးပံုတစ္ပံု က်တယ္ဆို ကိုယ္မေအာင္တာ ေျဖသာတာမ်ိဳးပါ။ ဒါေၾကာင့္ မုန္တိုင္းေၾကာင့္ ပ်က္စီးမႈ ခံရတာမ်ိဳး လိုဆိုရင္ တစ္နယ္လံုး ျဖစ္တာပါပဲေလ။ ငါ့မိသားစုပဲ မဟုတ္ပါဘူးဆိုတဲ့ ဒီခုခံမႈေလးက လူကုိ ရူးမသြားေစတာပါ။
၃။ မေကာင္းမႈ လုပ္မိတာေတြ ေနာင္တရၿပီး ေကာင္းတာေလးေတြ ျပန္လုပ္တာ
ဥပမာ- ေရွးေခတ္ကလို မင္းမိန္႔နဲ႔ ကြပ္မ်က္ၿပီးမွ အပိုင္စားေပးတာမ်ိဳး၊ ညီေတာ္ ေနာင္ေတာ္ ခမည္းေတာ္ေတြကို လုပ္ႀကံနန္းတက္ၿပီးမွ သူတို႔ကုသိုလ္ရေအာင္ ဘုရားတည္ေပးတယ္ ဆိုတာမ်ိဳးေတြပါ
ဒါ က်န္ရစ္သူအတြက္ စိတ္သက္သာေအာင္ လုပ္တာပါပဲ။ မဟုတ္ရင္ တစ္သက္လံုး ေနာင္တစိတ္က ဖိစီးလို႔ တစ္ေန႔ ရူးမွာပါပဲ
၄။ ကိုယ္ မလုပ္နိုင္တာ တစ္ခုကို ေမ့ၿပိး လုပ္နိုင္တာေလး စဥ္းစားေျဖသိမ့္တာ
ဥပမာ- စာမေတာ္တဲ့ သူတစ္ေယာက္က ငါမွစာမေတာ္တာ၊ ပန္းခ်ီပဲ ဆြဲေတာ့မယ္ ဆိုၿပီး လိုင္းေျပာင္းတာမ်ိဳးပါ
ခႏၶာကိုယ္ဟာ မိမိတိုးတက္ေရးအတြက္ လုပ္သင့္တ့ဲ ခုခံမႈေလးေတြ လုပ္ေပးတယ္ဆိုတာ ဒါနဲ႔တင္ သိရပါတယ္။ ကိုယ္မရနိုင္တာမွာ တြယ္ကပ္ေနရင္ တစ္ခ်ိန္က် အလိုမျပည့္မႈေတြနဲ႔ ရူးမယ့္ရန္ကို ကာကြယ္ထားတာပါ
၅။ ခံစားခ်က္ေတြကို အတင္းမ်ိဳသ္ိပ္လိုက္တာ
ဒီခုခံမႈက အဆုိးဆံုးပါပဲ အခန္႔မသင့္ရင္ ေပါက္ထြက္ၿပီး စိတ္ေဝဒနာအေပ်ာ့စား ရတတ္ပါတယ္
၆။ ျဖစ္ရပ္မွန္ကုိ မသိစိတ္က လိမ္ညာတာ
ဥပမာ- အရမ္းခ်စ္တဲ့သူ ဆံုးပါးသြားေပမယ့္ သူရွိေနစဥ္အတိုင္း ျပဳမူေျပာဆိုေနတာ
ဒါမ်ိဳးက လူတိုင္း ခဏေတာ့ ျဖစ္တတ္ၾကပါတယ္။ သြားေလသူရဲ႕ အက်ီေလးေတြ သိမ္းထားတာ၊ သူ႔နာမည္ေလး ေရးစရာႀကံဳလာရင္ ကြယ္လြန္ေၾကာင္းျပတဲ့ (…)ေလးထဲ မထည့္ခ်င္တာ။ ဒါေလာက္ဆို မဆိုးလွေပမယ့္ သူ ေနထိုင္စဥ္ကအတိုင္း တစ္ေယာက္တည္း စကားေတြေျပာေနတဲ့ထိဆိုရင္ေတာ့ အေျခအေန မလွဘူးေပါ့
၇။ နိုင္တဲ့သူကို ေထာင္းတာ၊ မိမိ စိတ္ဒဏ္ရာကို သူတစ္ပါးအေပၚ မဲတာ၊ သူတစ္ပါးကို အျပစ္ပံုခ်တာ
မ်ားေသာအားျဖင့္ (ကန္ေတာ့ေနာ္) မိဘေတြ လုပ္ေလ့ရွိပါတယ္။
ဟဲ့ နင္ စာမက်က္ဘူးလား၊ အမွတ္မမီလို ဘယ္ေက်ာင္း ျပဳတ္ခ်င္လား ဆိုတာ တကယ္ေတာ့ မ်ားေသာအားျဖင့္ သူတို႔ ငယ္စဥ္က အမွတ္မမီလို႔ ျပဳတ္ခဲ့ရတဲ့ စိတ္ဒဏ္ရာေၾကာင့္ ျပန္ျဖစ္လာတဲ့ ခံစားခ်က္ပါ။
၈။ ကေလးလုိ ခဏျပန္ျဖစ္သြားတာ
မ်ားေသာအားျဖင့္ အသက္အ႐ြယ္ အလြန္ႀကီးရင့္တဲ့ အဖိုးအဖြားေတြ အထီးက်န္တဲ့အခါမ်ိဳး၊ ေနာက္တစ္ခုက နာတာရွည္ ျဖစ္လာတဲ့ လူမ်ိဳးေတြမွာ ေတြ႕ရပါတယ္
က်ီက်တတ္လာတာပါ
အမွန္က ရင္ထဲမွာ ဖံုးကြယ္ထားတဲ့ ဝမ္းနည္းမႈ ပူပန္မႈေတြေၾကာင့္ စိတ္ထဲ တန္ျပန္မႈေလးေတြ ေပၚလာတာပါပဲ
၉။ လက္မခံနိုင္တဲ့ အာရံုကို တြန္းအားအျဖစ္ အသံုးျပဳတာ
ဒါေလးက ခုခံမႈေတြထဲက အဆင့္အတန္းျမင့္ၿပီး အက်ိဳးရွိတဲ့ ခုခံမႈေလးပါပဲ
ေဒါသထြက္လို႔ အလုပ္က်ံဳးလုပ္တာမ်ိဳး၊ မေကာင္းတဲ့စိတ္ ေပၚလာရင္ ေကာင္းတာေလးနဲ႔ ေျပာင္းတာတို႔ဆိုတာ ဒီခုခံမႈပါပဲ
ဒီ ခုခံမႈေလးက အေကာင္းဆံုးပါပဲ။ ဒါေလးသာ စိတ္ထဲ မေပၚရင္ ဘဝမွာ ေနေပ်ာ္ၾကေတာ့မွာ မဟုတ္ပါဘူး
၁၀။ ေလာကဒဏ္ အဆုိးေတြကုိ ရယ္ေမာနိုင္တာ
ဒုကၡသုကၡထဲမွာတင္ ရယ္နိုင္ေနၿပီဆိုရင္ေတာ့ သင္ဟာ စိတ္ခုခံမႈ အဆင့္အေတာ္ျမင့္တဲ့သူလို႔ ဆိုလို႔ရပါတယ္
ကဲ
သင္ေရာ ဘယ္အမ်ိဳးအစား ခုခံမႈေတြ ရွိသလဲ?
ေဒါက္တာယမင္း (ေဆး ၂)