ပါဝင်သောဆေး-ဆေး ၃ မျိုးပါသော ဆေးကဒ်အစုဖြစ်ပါသည်။ lansoprazole, tinidazole, clarithromycin၊
ဆေးပုံစံ-ဆေးတောင့်နှင့် ဆေးပြားများ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ်အက်ဆစ် အထွက်များခြင်းကို သက်သာစေရန်(ကာလတို ကုသရန်)၊ အစာအိမ်အနာများ၊ အစာအိမ်တွင်းရှိ အက်ဆစ် အစာမျိုပြွန်သို့ ဆန်တက်၍ ရောင်ခြင်း၊ အစာအိမ်ဆေး တစ်မျိုးဖြစ်သော histamine H2 blocker နှင့် မသက်သာသူများ။ ပိုးသတ်ဆေးများသည် ဝမ်းကိုက်ခြင်း၊ ဝမ်လျောရောဂါများ၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ အသက်ရူလမ်းကြောင်း ပိုးဝင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်နှင့် အရေပြားပိုးဝင်ခြင်းများ။
သုံးစွဲရန်အညွှန်း- ဆေး ၃မျိုးလုံးကို ၁လုံးစီ တစ်နေ့ ၂ကြိမ် သောက်သုံးရန်။
အစာနှင့်စားရန်သင့်မသင့်- အစာစားပြီး သောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ- အစာအိမ်ကင်ဆာနှင့် အခြားကင်ဆာရှိမရှိ စစ်ဆေးပြီးမှ သောက်သုံးပါ။ သွေးရောဂါရှိသူများ၊ အသည်းမကောင်းသူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ဆေးသုံးစွဲစဉ် အရက်သောက်သုံးခြင်း ရှောင်ကြဉ်ပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားပြဿနာဖြစ်တတ်ခြင်း၊ ခံတွင်းထဲတွင် သတ္တုဓာတ်အနံ့ရခြင်း။