ဆယ်ကျော်သက်အရွယ် စိတ်နုနယ်
ကလေးအရွယ်ကနေ လူပျိုဖော် အပျိုဖော်ဝင်လာပြီဆိုရင် လူကြီးမိဘတွေနဲ့ အဆင်မပြေမှုလေးတွေဖြစ်လာတတ်ပါတယ်။ အဲလိုဖြစ်ရတာဟာ များသောအားဖြင့် လူကြီးတို့ဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုတွေကို နားလည်မှုအပြည့်အဝမပေးနိုင်လို့ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတာဟာ သဘာဝပါ။ အဲဒီသဘာဝတရားလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
*စိတ်ခံစားမှုအလွန်လွယ်လာမယ်
ဆယ်ကျော်သက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေများစွာဖြစ်ပါတယ်။ အဲဒီပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့အသွင်ပုံစံကို အလိုမကျမှုတွေ၊ မနှစ်မြို့မှုတွေ ဖြစ်လာတတ်ပါတယ်။ ဘာမဟုတ်တဲ့ ဝက်ခြံလေးတစ်ဖုကြောင့်လည်း အရုပ်ဆိုးလိုက်တာလို့ တွေးပြီး စိတ်အားငယ်နိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်မျိုးစုံတွေးပြီး စိတ်တိုင်းမကျဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်တွေအနားမှာ သူတို့စိတ်ထဲရှိသမျှ ပေါ့ပေါ့ပါးပါးဖွင့်ပြောနိုင်မယ့် လူကြီးတွေရှိဖို့လိုအပ်ပါတယ်။
*လူကြီးဖြစ်ပြီလို့ ခံစားနေရမယ်
ဒီအချိန်မှာ လူငယ်တွေဟာ မိဘနဲ့မောင်နှမ မိသားစုထက် သူငယ်ချင်းအပေါင်းအသင်းတွေကို ပိုခင်တွယ်တတ်ပါတယ်။ ငါဘယ်လိုလူပါဆိုပြီး ပတ်ဝန်းကျင်ကို ပြသနိုင်ဖို့စိတ်ကူးတွေရှိတတ်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းလွန်ကဲနေတတ်ပါတယ်။
*မသေချာမှုတွေ မရေရာမှုတွေခံစားလာရမယ်
လူကြီးဖြစ်ပြီလို့ မိမိကိုယ်ကိုအတင်းသတ်မှတ်နေပေမယ့် ကိုယ့်ရဲ့အတွင်းစိတ်တစ်ပိုင်းတစ်စကနေ ”မင်းဟာလူကြီးမဖြစ်သေးဘူး။ ကလေးပဲရှိသေးတယ်”လို့ ပြန်ခံစားနေရပြန်ပါတယ်။ ဘဝအတွက်ဆိုပြီး မျှော်လင့်ချက်အကြီးကြီးတွေထားပြီး တွေးတတ်ပေမယ့် တစ်ဖက်ကလည်း ဒါတွေဟာ မရေရာပါလားဆိုပြီး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဒီလို မရေရာ၊မသေချာတဲ့စိတ်ခံစားချက်တွေကို ရေရာသေချာအောင် အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
*ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု
အတုမြင် အတတ်သင် ဆိုတဲ့စကားရှိပါတယ်။ ဆယ်ကျော်သက်အရွယ်ဟာ အတုခိုးမြန်ပါတယ်။ဘေးကတစ်စုံတစ်ခုလုပ်နေတာကိုကြည့်ပြီး လိုက်လုပ်ချင်တဲ့ စိတ်ရှိတတ်ကြပါတယ်။ ဘေးပတ်ဝန်းကျင်အပေါ်မူတည်ပြီး ကိုယ့်ရဲ့အကြိုက်တွေ ပါလိုက်လံပြောင်းလဲနိုင်ပါတယ်။ ဒီအချိန်ဟာ လူကြီးမိဘတွေအနေနဲ့ နားလည်မှုရှိရှိနဲ့ ပါးနပ်စွာ ထိန်းသိမ်းပဲ့ပြင်ပေးရမယ့်အခြေအနေပါ။ ဇွတ်အတင်းအကြပ် အမိန့်ပေး တားမြစ်တာမျိုးကိုတော့ ရှောင်သင့်ပါတယ်။
*ရယ်ချင်ရယ်မယ် ငိုချင်ငိုမယ်
သစ်ရွက်လှုပ်တာတောင် ရယ်ချင်တဲ့အရွယ်လို့ ဆယ်ကျော်သက်အရွယ်ကို တင်စားကြပါတယ်။တကယ်တော့ ဆယ်ကျော်သက်အရွယ်ဟာ သစ်ရွက်လှုပ်တာကို ရယ်တာတစ်မျိုးထက်တောင် ပိုပါတယ်။ ခုရယ်နေပေမယ့် မကြာခင် ငိုချင်နေတတ်ပါတယ်။ ခုပျော်ရွှင်နေပေမယ့် မကြာခင် စိတ်ဓာတ်ကျနေတတ်ပါတယ်။ အပြောင်းအလဲများလိုက်တာလို့ ဆယ်ကျော်သက်တွေကို အပြစ်မတင်ပါနဲ့။ဒါဟာ ပြောင်းလဲနေတဲ့ ခန္ဓာကိုယ်နဲ့ ဟော်မုန်းဓာတ်တွေပေါ်မူတည်ပြီး သူတို့လိုက်ခံစားနေရတာပါ။
*ကိုယ့်အကြောင်းကိုယ်ပိုသိချင်လာတယ်
ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ပိုသတိထားမိလာပါတယ်။ သူများနဲ့မတူဘဲ အပျိုဖော် လူပျိုဖော်ဝင်တာစောရင် ပိုပြီးသိချင်စိတ်ဖြစ်တတ်ပါတယ်။ ငါဟာ ဘာကြောင့် သူတို့နဲ့ မတူရတော့တာလဲဆိုတဲ့စိတ်ဖြစ်လာပါလိမ့်မယ်။ မိန်းကလေးတွေဟာ ဒီလိုကိစ္စပိုဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုရင် မိန်းကလေးများဟာ ယောကျာ်းလေးများထက် ကြီးကောင်ဝင်တာစောတဲ့အတွက်ကြောင့်ပါ။
*ဆန့်ကျင်ဘက်လိင်အပေါ်စိတ်ဝင်စားလာမယ်
ဒါဟာလည်း သဘာဝပါ။ လူရယ်လို့ဖြစ်လာပြီး အပျို လူပျိုဖြစ်လာပြီဆိုရင် ဆန့်ကျင်ဖက်လိင်အပေါ် စိတ်ဝင်စားတတ်ပါတယ်။ ဒါကိုအပြစ်ရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ လိင်ကိစ္စနဲ့ပတ်သက်ပြီး စူးစမ်းချင်စိတ်တွေလည်းရှိလာတတ်ပါတယ်။ အဲဒီလိုအချိန်မှာ ဆယ်ကျော်သက်တွေအဖို့ မိမိပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလို့ရမယ့်လူ ကိုမေးသင့်ပါတယ်။ မိခင်ဖြစ်စေ ဆရာဝန်တစ်ဦးဦးဖြစ်စေ တိုင်ပင်ဆွေးနွေးလို့ရမယ့် စိတ်ချရတဲ့လူတော့ဖြစ်သင့်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေနဲ့ အနီးကပ်ဆုံးရှိတဲ့ မိဘအုပ်ထိန်းသူမှာတော့ တာဝန်အရှိဆုံးဖြစ်ပါတယ်။ နားလည်မှုအပြည့်နဲ့ လမ်းဖွင့်ပေးထားဖို့လိုအပ်ပါတယ်။ ဒါမှသာ မဖြစ်သင့်တဲ့ လက်တည့်စမ်းမှုတွေ၊ ဆယ်ကျော်သက်တို့ မတော်တဆမှားယွင်းပြီး မလိုလားတဲ့ကိုယ်ဝန်ရလာမှုတွေ မဖြစ်အောင် တားဆီးပေးနိုင်မှာဖြစ်ပါတယ်။
ဆယ်ကျော်သက်လေးတွေဟာ သဘာဝတရားကြောင့် စိတ်ပိုင်းဆိုင်ရာအထွေထွေပြောင်းလဲနေကြပါတယ်။ သူတို့ကိုနားလည်မှုအပြည့်အဝပေးနိုင်ဖို့နဲ့ လမ်းမှန်ရောက်အောင် ကူညီတည့်မတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီးရေးသားဖော်ပြလိုက်ပါတယ်။
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ..။
မောင်(ဆေး၁)
ဆယ္ေက်ာ္သက္အရြယ္ စိတ္ႏုနယ္
ကေလးအရြယ္ကေန လူပ်ိဳေဖာ္ အပ်ိဳေဖာ္ဝင္လာၿပီဆိုရင္ လူႀကီးမိဘေတြနဲ႔ အဆင္မေျပမႈေလးေတြျဖစ္လာတတ္ပါတယ္။ အဲလိုျဖစ္ရတာဟာ မ်ားေသာအားျဖင့္ လူႀကီးတို႔ဟာ ဆယ္ေက်ာ္သက္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲလာမႈေတြကို နားလည္မႈအျပည့္အဝမေပးႏိုင္လို႔ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မွာ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြျဖစ္လာတာဟာ သဘာဝပါ။ အဲဒီသဘာဝတရားေလးေတြက ဘာေတြျဖစ္မလဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။
*စိတ္ခံစားမႈအလြန္လြယ္လာမယ္
ဆယ္ေက်ာ္သက္အရြယ္မွာ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြမ်ားစြာျဖစ္ပါတယ္။ အဲဒီေျပာင္းလဲမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ကိုယ့္ရဲ႕အသြင္ပံုစံကို အလိုမက်မႈေတြ၊ မႏွစ္ၿမိဳ႕မႈေတြ ျဖစ္လာတတ္ပါတယ္။ ဘာမဟုတ္တဲ့ ဝက္ျခံေလးတစ္ဖုေၾကာင့္လည္း အ႐ုပ္ဆိုးလိုက္တာလို႔ ေတြးၿပီး စိတ္အားငယ္ႏိုင္ၾကပါတယ္။ ကိုယ့္ကိုယ္ကိုယ္မ်ိဳးစံုေတြးၿပီး စိတ္တိုင္းမက်ျဖစ္ေနတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြအနားမွာ သူတို႔စိတ္ထဲရွိသမွ် ေပါ့ေပါ့ပါးပါးဖြင့္ေျပာႏိုင္မယ့္ လူႀကီးေတြရွိဖို႔လိုအပ္ပါတယ္။
*လူႀကီးျဖစ္ၿပီလို႔ ခံစားေနရမယ္
ဒီအခ်ိန္မွာ လူငယ္ေတြဟာ မိဘနဲ႔ေမာင္ႏွမ မိသားစုထက္ သူငယ္ခ်င္းအေပါင္းအသင္းေတြကို ပိုခင္တြယ္တတ္ပါတယ္။ ငါဘယ္လိုလူပါဆိုၿပီး ပတ္ဝန္းက်င္ကို ျပသႏိုင္ဖို႔စိတ္ကူးေတြရွိတတ္ပါတယ္။ တစ္ခါတစ္ရံ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈလည္းလြန္ကဲေနတတ္ပါတယ္။
*မေသခ်ာမႈေတြ မေရရာမႈေတြခံစားလာရမယ္
လူႀကီးျဖစ္ၿပီလို႔ မိမိကိုယ္ကိုအတင္းသတ္မွတ္ေနေပမယ့္ ကိုယ့္ရဲ႕အတြင္းစိတ္တစ္ပိုင္းတစ္စကေန ”မင္းဟာလူႀကီးမျဖစ္ေသးဘူး။ ကေလးပဲရွိေသးတယ္”လို႔ ျပန္ခံစားေနရျပန္ပါတယ္။ ဘဝအတြက္ဆိုၿပီး ေမွ်ာ္လင့္ခ်က္အႀကီးႀကီးေတြထားၿပီး ေတြးတတ္ေပမယ့္ တစ္ဖက္ကလည္း ဒါေတြဟာ မေရရာပါလားဆိုၿပီး ျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ ဒီလို မေရရာ၊မေသခ်ာတဲ့စိတ္ခံစားခ်က္ေတြကို ေရရာေသခ်ာေအာင္ အခ်ိန္က ဆံုးျဖတ္ေပးသြားပါလိမ့္မယ္။
*ပတ္ဝန္းက်င္ရဲ႕ လႊမ္းမိုးမႈ
အတုျမင္ အတတ္သင္ ဆိုတဲ့စကားရွိပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ဟာ အတုခိုးျမန္ပါတယ္။ေဘးကတစ္စံုတစ္ခုလုပ္ေနတာကိုၾကည့္ၿပီး လိုက္လုပ္ခ်င္တဲ့ စိတ္ရွိတတ္ၾကပါတယ္။ ေဘးပတ္ဝန္းက်င္အေပၚမူတည္ၿပီး ကိုယ့္ရဲ႕အႀကိဳက္ေတြ ပါလိုက္လံေျပာင္းလဲႏိုင္ပါတယ္။ ဒီအခ်ိန္ဟာ လူႀကီးမိဘေတြအေနနဲ႔ နားလည္မႈရွိရွိနဲ႔ ပါးနပ္စြာ ထိန္းသိမ္းပဲ့ျပင္ေပးရမယ့္အေျခအေနပါ။ ဇြတ္အတင္းအၾကပ္ အမိန္႔ေပး တားျမစ္တာမ်ိဳးကိုေတာ့ ေရွာင္သင့္ပါတယ္။
*ရယ္ခ်င္ရယ္မယ္ ငိုခ်င္ငိုမယ္
သစ္ရြက္လႈပ္တာေတာင္ ရယ္ခ်င္တဲ့အရြယ္လို႔ ဆယ္ေက်ာ္သက္အရြယ္ကို တင္စားၾကပါတယ္။တကယ္ေတာ့ ဆယ္ေက်ာ္သက္အရြယ္ဟာ သစ္ရြက္လႈပ္တာကို ရယ္တာတစ္မ်ိဳးထက္ေတာင္ ပိုပါတယ္။ ခုရယ္ေနေပမယ့္ မၾကာခင္ ငိုခ်င္ေနတတ္ပါတယ္။ ခုေပ်ာ္ရႊင္ေနေပမယ့္ မၾကာခင္ စိတ္ဓာတ္က်ေနတတ္ပါတယ္။ အေျပာင္းအလဲမ်ားလိုက္တာလို႔ ဆယ္ေက်ာ္သက္ေတြကို အျပစ္မတင္ပါနဲ႔။ဒါဟာ ေျပာင္းလဲေနတဲ့ ခႏၶာကိုယ္နဲ႔ ေဟာ္မုန္းဓာတ္ေတြေပၚမူတည္ၿပီး သူတို႔လိုက္ခံစားေနရတာပါ။
*ကိုယ့္အေၾကာင္းကိုယ္ပိုသိခ်င္လာတယ္
ကိုယ့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြကို ပိုသတိထားမိလာပါတယ္။ သူမ်ားနဲ႔မတူဘဲ အပ်ိဳေဖာ္ လူပ်ိဳေဖာ္ဝင္တာေစာရင္ ပိုၿပီးသိခ်င္စိတ္ျဖစ္တတ္ပါတယ္။ ငါဟာ ဘာေၾကာင့္ သူတို႔နဲ႔ မတူရေတာ့တာလဲဆိုတဲ့စိတ္ျဖစ္လာပါလိမ့္မယ္။ မိန္းကေလးေတြဟာ ဒီလိုကိစၥပိုျဖစ္တတ္ပါတယ္။ဘာေၾကာင့္လဲဆိုရင္ မိန္းကေလးမ်ားဟာ ေယာက်ာ္းေလးမ်ားထက္ ႀကီးေကာင္ဝင္တာေစာတဲ့အတြက္ေၾကာင့္ပါ။
*ဆန္႔က်င္ဘက္လိင္အေပၚစိတ္ဝင္စားလာမယ္
ဒါဟာလည္း သဘာဝပါ။ လူရယ္လို႔ျဖစ္လာၿပီး အပ်ိဳ လူပ်ိဳျဖစ္လာၿပီဆိုရင္ ဆန္႔က်င္ဖက္လိင္အေပၚ စိတ္ဝင္စားတတ္ပါတယ္။ ဒါကိုအျပစ္ရွိတယ္လို႔ သတ္မွတ္လို႔မရပါဘူး။ လိင္ကိစၥနဲ႔ပတ္သက္ၿပီး စူးစမ္းခ်င္စိတ္ေတြလည္းရွိလာတတ္ပါတယ္။ အဲဒီလိုအခ်ိန္မွာ ဆယ္ေက်ာ္သက္ေတြအဖို႔ မိမိပြင့္ပြင့္လင္းလင္းတိုင္ပင္ေဆြးေႏြးလို႔ရမယ့္လူ ကိုေမးသင့္ပါတယ္။ မိခင္ျဖစ္ေစ ဆရာဝန္တစ္ဦးဦးျဖစ္ေစ တိုင္ပင္ေဆြးေႏြးလို႔ရမယ့္ စိတ္ခ်ရတဲ့လူေတာ့ျဖစ္သင့္ပါတယ္။ ဆယ္ေက်ာ္သက္လူငယ္ေတြနဲ႔ အနီးကပ္ဆံုးရွိတဲ့ မိဘအုပ္ထိန္းသူမွာေတာ့ တာဝန္အရွိဆံုးျဖစ္ပါတယ္။ နားလည္မႈအျပည့္နဲ႔ လမ္းဖြင့္ေပးထားဖို႔လိုအပ္ပါတယ္။ ဒါမွသာ မျဖစ္သင့္တဲ့ လက္တည့္စမ္းမႈေတြ၊ ဆယ္ေက်ာ္သက္တို႔ မေတာ္တဆမွားယြင္းၿပီး မလိုလားတဲ့ကိုယ္ဝန္ရလာမႈေတြ မျဖစ္ေအာင္ တားဆီးေပးႏိုင္မွာျဖစ္ပါတယ္။
ဆယ္ေက်ာ္သက္ေလးေတြဟာ သဘာဝတရားေၾကာင့္ စိတ္ပိုင္းဆိုင္ရာအေထြေထြေျပာင္းလဲေနၾကပါတယ္။ သူတို႔ကိုနားလည္မႈအျပည့္အဝေပးႏိုင္ဖို႔နဲ႔ လမ္းမွန္ေရာက္ေအာင္ ကူညီတည့္မတ္ေပးႏိုင္ဖို႔ ရည္ရြယ္ၿပီးေရးသားေဖာ္ျပလိုက္ပါတယ္။
အားလံုး က်န္းမာေပ်ာ္ရႊင္ၾကပါေစ..။
ေမာင္(ေဆး၁)