မိန်းကလေးချင်းမို့လက်တို့ပြောရဦးမယ်( အပိုင်း၃)
ရာသီလာရင်သုံးတဲ့ ခွက်လေးတွေအကြောင်း
အရင်ဆောင်းပါးတွေတုန်းက ရာသီလာရင် သုံးတဲ့ လစဉ်သုံး Tampon လေးတွေအကြောင်းဖော်ပြပြီးဖြစ်ပါတယ်။
ဒီတစ်ခေါက်တော့ Tampon လိုပဲ အသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။
Menstrual Cup လို့ ခုခေတ်အမျိုးသမီးလေးတွေကြားခေတ်စားလာတဲ့ရာသီလာရင် လစဉ်သုံး Pad , Tampon တို့လိုပဲ သုံးရတဲ့ပစ္စည်းလေးပါ။
*Menstrual Cup ဆိုတာဘာလဲ?
၁၉၃၀ လောက်ကမှပေါ်လာတဲ့Silicone သို့ Rubber အပျော့လေးနဲ့လုပ်ထားတဲ့ ရာသီသွေး တွေအပြင်မထွက်ဖို့ မိန်းမကိုယ်ထဲထည့်ပြီး သုံးရတဲ့ပစ္စည်းလေးပါ။
* ရွေးချယ်ဝယ်မယ်ဆိုရင်?
အရင်ဆုံးတော့ အရွယ်အစားအမျိုးမျိုးလာတာမို့ မိမိနဲ့ကိုက်ညီတဲ့ size ကိုရွေးဖို့လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ ရာသီသွေး မလုံဘဲလျှံကျတတ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ ကလေးမွေးဖူးမမွေးဖူး၊ ရာသီအနည်ူအများကိုထည့်သွင်းစဉ်းစားရမှာပါ။
* ဘယ်လိုသုံးရမလဲ?
သူလဲ Tampon လိုပါဘဲ။ အရင်ဆုံး အိမ်သာမဝင်ခင်လက်ဆေးပါ။ ပြီးရင် ခွက်ပျော့လေးကို လက်နဲ့အသာလိပ်ပြီးကိုင်ပါ။ အများအားဖြင့် C ပုံစံလိပ်ရင်အဆင်ပြေတတ်ပါတယ်။
ပြီးရင် ရာသီသွေးဆင်းရာ မိန်းမကိုယ်ထဲကို ခေါက်ထားတဲ့ခွက်လေးကိုအသာထည့်ပါ။ ထည့်တွဲနေရာမှာ မွေးလမ်းကြောင်း အနောက်ဘက်ကိုဖိပြီးထည့်ပေးပါ။ မွေးလမ်းကြောင်းထဲသေချာရောက်သွားပြီဆိုရင်တော့ ခွက်ကလေးကိုခေါက်ထားရာက လွှတ်လိုက်ပါ။ ခွက်လေးရဲ့ စုပ်ယူအားနဲ့ အံဝင်ခွင်ကျဖြစ်သွားပါလိမ့်မယ်။
* ပြန်ထုတ်မယ်ဆိုရင်?
ထည့်ထားတဲ့ အတိုင်းပဲ မွေးလမ်းကြောင်း မိန်းမကိုယ်အဝကနေ ခွက်ရဲ့ ပင်မကိုယ်ထည်ရှိရာကို ဆွဲကိုင်လိုက်ပါ။ တစ်ခါတစ်ခါ ခွက်လေးကို ထုတ်ဖို့ မွေးလမ်းကြောင်းကြွက်သားသုံးပြီး ညှစ်ချလိုက်ရင်လည်း လက်နဲ့ လက်လှမ်းမှီသွားတတ်ပါတယ်။ ခွက်ကို မိပြီဆိုတာနဲ့ အသာအယာ ဆွဲထုတ်လိုက်ရုံပါပဲ။ ပြီးရင် သန့်စင်တဲ့ရေနဲ့ပြန်ဆေးမယ်။ ရေမရှိရင် Tissue အသန့်နဲ့သုတ်ပြီး ပြန်ထည့်လု့ိရပါတယ်။
*ဘယ်နနှာရီတစ်ကြိမ်လဲရမလဲ?
၁၂နာရီ တစ်ကြိမ်ပုံမှန်လဲရပါမယ်။ တကယ်လို့ ရာသီအရမ်းများတဲ့လူဆိူရင်တော့ ၁၂နာရီမတိုင်ခင်လဲရတာမျိူးရှိနိုင်ပါတယ်။
ဒီလောက်ဆို သုံးမယ်စဉ်းစားထားတဲ့သူတွေလည်း သိလောက်ပြီလို့ထင်ပါတယ်နော်။
ဒီ ရာသီသုံးခွက်( Msnstrual Cup) နဲ့ အယူအဆလွဲများကတော့ နောက်တစ်ပတ်စောင့်ဖတ်ပါဦးလို့။
မယ်တင်( ဆေး ၁)
မိန္းကေလးခ်င္းမို႔လက္တို႔ေျပာရဦးမယ္( အပိုင္း၃)
ရာသီလာရင္သံုးတဲ့ ခြက္ေလးေတြအေၾကာင္း
အရင္ေဆာင္းပါးေတြတုန္းက ရာသီလာရင္ သံုးတဲ့ လစဥ္သံုး Tampon ေလးေတြအေၾကာင္းေဖာ္ျပၿပီးျဖစ္ပါတယ္။
ဒီတစ္ေခါက္ေတာ့ Tampon လိုပဲ အသံုးဝင္တဲ့ ပစၥည္းေလးတစ္ခုအေၾကာင္းေျပာျပခ်င္ပါတယ္။
Menstrual Cup လို႔ ခုေခတ္အမ်ိဳးသမီးေလးေတြၾကားေခတ္စားလာတဲ့ရာသီလာရင္ လစဥ္သံုး Pad , Tampon တို႔လိုပဲ သံုးရတဲ့ပစၥည္းေလးပါ။
*Menstrual Cup ဆိုတာဘာလဲ?
၁၉၃၀ ေလာက္ကမွေပၚလာတဲ့Silicone သို႔ Rubber အေပ်ာ့ေလးနဲ႔လုပ္ထားတဲ့ ရာသီေသြး ေတြအျပင္မထြက္ဖို႔ မိန္းမကိုယ္ထဲထည့္ၿပီး သံုးရတဲ့ပစၥည္းေလးပါ။
* ေရြးခ်ယ္ဝယ္မယ္ဆိုရင္?
အရင္ဆံုးေတာ့ အရြယ္အစားအမ်ိဳးမ်ိဳးလာတာမို႔ မိမိနဲ႔ကိုက္ညီတဲ့ size ကိုေရြးဖို႔လိုပါလိမ့္မယ္။ မဟုတ္ရင္ေတာ့ ရာသီေသြး မလံုဘဲလၽွံက်တတ္ပါတယ္။ ေရြးခ်ယ္တဲ့ေနရာမွာ ကေလးေမြးဖူးမေမြးဖူး၊ ရာသီအနည္ဴအမ်ားကိုထည့္သြင္းစဥ္းစားရမွာပါ။
* ဘယ္လိုသံုးရမလဲ?
သူလဲ Tampon လိုပါဘဲ။ အရင္ဆံုး အိမ္သာမဝင္ခင္လက္ေဆးပါ။ ၿပီးရင္ ခြက္ေပ်ာ့ေလးကို လက္နဲ႔အသာလိပ္ၿပီးကိုင္ပါ။ အမ်ားအားျဖင့္ C ပံုစံလိပ္ရင္အဆင္ေျပတတ္ပါတယ္။
ၿပီးရင္ ရာသီေသြးဆင္းရာ မိန္းမကိုယ္ထဲကို ေခါက္ထားတဲ့ခြက္ေလးကိုအသာထည့္ပါ။ ထည့္တဲြေနရာမွာ ေမြးလမ္းေၾကာင္း အေနာက္ဘက္ကိုဖိၿပီးထည့္ေပးပါ။ ေမြးလမ္းေၾကာင္းထဲေသခ်ာေရာက္သြားၿပီဆိုရင္ေတာ့ ခြက္ကေလးကိုေခါက္ထားရာက လႊတ္လိုက္ပါ။ ခြက္ေလးရဲ႕ စုပ္ယူအားနဲ႔ အံဝင္ခြင္က်ျဖစ္သြားပါလိမ့္မယ္။
* ျပန္ထုတ္မယ္ဆိုရင္?
ထည့္ထားတဲ့ အတိုင္းပဲ ေမြးလမ္းေၾကာင္း မိန္းမကိုယ္အဝကေန ခြက္ရဲ႕ ပင္မကိုယ္ထည္ရွိရာကို ဆြဲကိုင္လိုက္ပါ။ တစ္ခါတစ္ခါ ခြက္ေလးကို ထုတ္ဖို႔ ေမြးလမ္းေၾကာင္းႂကြက္သားသံုးၿပီး ညႇစ္ခ်လိုက္ရင္လည္း လက္နဲ႔ လက္လွမ္းမွီသြားတတ္ပါတယ္။ ခြက္ကို မိၿပီဆိုတာနဲ႔ အသာအယာ ဆြဲထုတ္လိုက္ရံုပါပဲ။ ၿပီးရင္ သန္႔စင္တဲ့ေရနဲ႔ျပန္ေဆးမယ္။ ေရမရွိရင္ Tissue အသန္႔နဲ႔သုတ္ၿပီး ၿပန္ထည့္လု႔ိရပါတယ္။
*ဘယ္နႏွာရီတစ္ႀကိမ္လဲရမလဲ?
၁၂နာရီ တစ္ႀကိမ္ပံုမွန္လဲရပါမယ္။ တကယ္လို႔ ရာသီအရမ္းမ်ားတဲ့လူဆိူရင္ေတာ့ ၁၂နာရီမတိုင္ခင္လဲရတာမ်ိဴးရွိႏိုင္ပါတယ္။
ဒီေလာက္ဆို သံုးမယ္စဥ္းစားထားတဲ့သူေတြလည္း သိေလာက္ၿပီလို႔ထင္ပါတယ္ေနာ္။
ဒီ ရာသီသံုးခြက္( Msnstrual Cup) နဲ႔ အယူအဆလြဲမ်ားကေတာ့ ေနာက္တစ္ပတ္ေစာင့္ဖတ္ပါဦးလို႔။
မယ္တင္( ေဆး ၁)