” အနီရောင်မှတ်တမ်း “
ယောင်းယောင်းတို့ရေ
လစဉ်လတိုင်း ရာသီသွေးပေါ်တဲ့ရက်လေးတွေမို့ အနီရောင်နေ့ရက် လေးတွေလို့ ခေါင်းစဉ်တပ်လိုက်တာပါ…
ယောင်းယောင်းတို့ရဲ့ လစဉ်အနီရောင်နေ့ရက်လေးတွေကို
->ပြက္ခဒိန်မှာရေးမှတ်တာမျိုးပြဲဖစ်ဖြစ်
->ဖုန်းထဲက ပြက္ခဒိန်မှာမှတ်သားထားတာမျိုးပဲဖြစ်ဖြစ် လစဉ်မှတ်ထားသင့်ပါတယ်နော်။
ဘာတွေမှတ်မလဲ?
- ရာသီစလာတဲ့ရက်ကစပြီး ပြီးတဲ့ရက်အထိ ရေးမှတ်မယ်(သို့) အမှတ်အသားလေးလုပ်ပြီးမှတ်ထားမယ်။
- တစ်ရက်တစ်ရက်ဆင်းတဲ့ ရာသီသွေးအရောင်(နီရဲ/နီညို/အမဲရောင်)၊ တစ်ရက်လျှင်အမျိုးသမီးသုံးပစ္စည်း(pad)ဘယ်နခုကုန်လဲ မှတ်မယ်။
- ဆီးစပ်ကိုက်၊ခါးကိုက်၊ဗိုက်အောင့်တာတွေရှိရင်လည်း ရေးမှတ်ထားမယ်။
ဘယ်လိုအကျိုးရှိမလဲ?
- ကိုယ်ဝန်မလိုချင်သေးတဲ့ယောင်းယောင်းတို့အတွက်လည်း ကိုယ်ဝန်ရနိုင်ချေများတဲ့ရက်တွေရှောင်ရှားနိုင်မယ်။
- ဘေဘီလေးမျှော်နေတဲ့မေမေလောင်းတို့အတွက်လည်း ဘေဘီလေးရနိုင်ချေများတဲ့ ရက်တွေမှာ ကြိုးစားကြည့်နိုင်မယ်။
- ကိုယ်ဝန်ရသွားခဲ့ရင်လည်း မီးဖွားမယ့်ရက်ကို အနီးစပ်ဆုံးတွက်ချက်နိုင်မယ်။(မီးဖွားမယ့်ရက်ကို နောက်ဆုံးရာသီလာခဲ့တဲ့ ပထမဆုံးရက်ကို အခြေခံပြီးတွက်တာကြောင့်ပါ။)
- ရာသီစောလာတာ၊နောက်ကျတာ၊ရာသီသွေးမပေါ်တာတွေကို ချက်ချင်းသတိထားမိနိုင်လို့ အမျိုးသမီးရောဂါတွေကို စောစောသတိထားမိနိုင်မယ်။
- နောက်လရာသီလာမယ့်ရက်ကို အနီးစပ်ဆုံးကြိုတင်ခန့်မှန်းနိုင်တာကြောင့် အမျိုးသမီးသုံးလစဉ်ပစ္စည်း(pad)ကို ကြိုဆောင်ထားနိုင်မယ် (ကျောင်းတို့၊အလုပ်တို့မှာ pad မပါလာလို့ ဒုက္ခရောက်တာမျိုးမဖြစ်တော့ဘူးပေါ့။)
- ခရီးသွားရမယ့်ရက်တွေနဲ့ ကြိုတင်ချိန်ဆနိုင်တယ်။ (ခရီးသွားနေတုန်း ရာသီလာနေရင် အရမ်းအလုပ်ရှုပ်ပြီး မလွပ်လပ်ဘူးလေ)
- လစဉ်ရာသီသွေး အနည်းအများ၊ကိုက်ခဲမှုတွေ၊ အခြားပြသနာတွေပါ မှတ်သားထားတာမို့ ဆရာဝန်သွားပြတဲ့အခါ ဆရာဝန်အနေနဲ့ ယောင်းယောင်းတို့ရဲ့ ရာသီမှတ်တမ်းကိုကြည့်ပြီး ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေကို အလွယ်တကူအဖြေရှာနိုင်မှာ ဖြစ်ပါတယ်။
ကဲ….ယောင်းယောင်းတို့ရေ… ဒီလကစပြီး အနီရောင်နေ့ရက်လေးတွေကို မှတ်သားထားလိုက်ကြစို့နော်။
မေ (ဆေး ၂)
” အနီေရာင္မွတ္တမ္း “
ေယာင္းေယာင္းတို႔ေရ
လစဥ္လတိုင္း ရာသီေသြးေပၚတဲ့ရက္ေလးေတြမို႔ အနီေရာင္ေန႔ရက္ ေလးေတြလို႔ ေခါင္းစဥ္တပ္လိုက္တာပါ…
ေယာင္းေယာင္းတို႔ရဲ႕ လစဥ္အနီေရာင္ေန႔ရက္ေလးေတြကို
->ျပကၡဒိန္မွာေရးမွတ္တာမ်ိဳးပျဲဖစ္ျဖစ္
->ဖုန္းထဲက ျပကၡဒိန္မွာမွတ္သားထားတာမ်ိဳးပဲျဖစ္ျဖစ္ လစဥ္မွတ္ထားသင့္ပါတယ္ေနာ္။
ဘာေတြမွတ္မလဲ?
- ရာသီစလာတဲ့ရက္ကစၿပီး ၿပီးတဲ့ရက္အထိ ေရးမွတ္မယ္(သို႔) အမွတ္အသားေလးလုပ္ၿပီးမွတ္ထားမယ္။
- တစ္ရက္တစ္ရက္ဆင္းတဲ့ ရာသီေသြးအေရာင္(နီရဲ/နီညိဳ/အမဲေရာင္)၊ တစ္ရက္လ်ွင္အမ်ိဳးသမီးသံုးပစၥည္း(pad)ဘယ္နခုကုန္လဲ မွတ္မယ္။
- ဆီးစပ္ကိုက္၊ခါးကိုက္၊ဗိုက္ေအာင့္တာေတြ႐ွိရင္လည္း ေရးမွတ္ထားမယ္။
ဘယ္လိုအက်ိဳး႐ွိမလဲ?
- ကိုယ္ဝန္မလိုခ်င္ေသးတဲ့ေယာင္းေယာင္းတို႔အတြက္လည္း ကိုယ္ဝန္ရႏိုင္ေခ်မ်ားတဲ့ရက္ေတြေ႐ွာင္႐ွားႏိုင္မယ္။
- ေဘဘီေလးေမ်ွာ္ေနတဲ့ေမေမေလာင္းတို႔အတြက္လည္း ေဘဘီေလးရႏိုင္ေခ်မ်ားတဲ့ ရက္ေတြမွာ ႀကိဳးစားၾကည့္ႏိုင္မယ္။
- ကိုယ္ဝန္ရသြားခဲ့ရင္လည္း မီးဖြားမယ့္ရက္ကို အနီးစပ္ဆံုးတြက္ခ်က္ႏိုင္မယ္။(မီးဖြားမယ့္ရက္ကို ေနာက္ဆံုးရာသီလာခဲ့တဲ့ ပထမဆံုးရက္ကို အေျခခံၿပီးတြက္တာေၾကာင့္ပါ။)
- ရာသီေစာလာတာ၊ေနာက္က်တာ၊ရာသီေသြးမေပၚတာေတြကို ခ်က္ခ်င္းသတိထားမိႏိုင္လို႔ အမ်ိဳးသမီးေရာဂါေတြကို ေစာေစာသတိထားမိႏိုင္မယ္။
- ေနာက္လရာသီလာမယ့္ရက္ကို အနီးစပ္ဆံုးႀကိဳတင္ခန္႔မွန္းႏိုင္တာေၾကာင့္ အမ်ိဳးသမီးသံုးလစဥ္ပစၥည္း(pad)ကို ႀကိဳေဆာင္ထားႏိုင္မယ္ (ေက်ာင္းတို႔၊အလုပ္တို႔မွာ pad မပါလာလို႔ ဒုကၡေရာက္တာမ်ိဳးမျဖစ္ေတာ့ဘူးေပါ့။)
- ခရီးသြားရမယ့္ရက္ေတြနဲ႔ ႀကိဳတင္ခ်ိန္ဆႏိုင္တယ္။ (ခရီးသြားေနတုန္း ရာသီလာေနရင္ အရမ္းအလုပ္႐ႈပ္ၿပီး မလြပ္လပ္ဘူးေလ)
- လစဥ္ရာသီေသြး အနည္းအမ်ား၊ကိုက္ခဲမႈေတြ၊ အျခားျပသနာေတြပါ မွတ္သားထားတာမို႔ ဆရာဝန္သြားျပတဲ့အခါ ဆရာဝန္အေနနဲ႔ ေယာင္းေယာင္းတို႔ရဲ႕ ရာသီမွတ္တမ္းကိုၾကည့္ၿပီး ျဖစ္ႏိုင္ေခ်႐ွိတဲ့ေရာဂါေတြကို အလြယ္တကူအေျဖ႐ွာႏိုင္မွာ ျဖစ္ပါတယ္။
ကဲ….ေယာင္းေယာင္းတို႔ေရ… ဒီလကစျပီး အနီေရာင္ေန႔ရက္ေလးေတြကို မွတ္သားထားလိုက္ၾကစို႔ေနာ္။
ေမ (ေဆး ၂)