များပြားလှတဲ့ရာသီသွေး
”ဆရာမရေ”
ခေါ်သံနဲ့အတူ ဆေးခန်းထဲသို့ ဝင်လာတာက အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးတစ်ဦးနဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး။
”ဘာဖြစ်လဲပြောပါဦး”
”သမီးလေးက ရာသီလာရင် အရမ်းများတယ်လို့ပြောလို့ပါ ဆရာမ”
”ဟုတ်လား တစ်ရက်ကို အမျိုးသမီးသုံးပစ္စည်း ဘယ်နှစ်ခုလောက်ကုန်လဲ သမီး”
”တစ်နာရီတစ်ခါလောက် လဲနေရတယ် ဆရာမ။ ပြီးတော့ရာသီလာတာများလွန်းတော့ လူကနုံးနေတယ်။ သမီးကျောင်းလည်းမသွားနိုင်ဘူး။”
ကလေးမလေးမျက်နှာကလည်း အနည်းငယ်ဖျော့တော့နေသည်။ စမ်းသပ်ကြည့်တော့ သွေးအားနည်းသည့်လက္ခဏာလည်း ရှိသည်။ ဒီကလေးမသည် ရာသီလာလျှင် များလွန်း၍ အမျိုးသမီးသုံးပစ္စည်း နှစ်ခုလောက်ခံသုံးရသည်ဟုလည်းဆိုသည်။ ညအိပ်ချိန်တွင်လည်း ထ၍ အမျိုးသမီးသုံးလစဉ်သုံးပစ္စည်းခဏခဏထလဲနေရသည်တဲ့။
”သွေးခဲတွေရော ပါလားသမီး”
”ပါတယ်ဆရာမ”
”ခုရာသီလာတာရော ဘယ်လောက်ကြာနေပြီလဲ”
”ခုတစ်ပတ်ကျော်ပြီ ဆရာမ မရပ်သေးဘူး”
ဒီကလေးမလေးတွင် Menorrhagia ဟုခေါ်သော ဓမ္မတာများပြား ပုံမမှန်သည့်ရောဂါဖြစ်နေသည်မှာသေချာသလောက်ရှိနေလေပြီ။ Menorrhagia သည် ပုံမှန်ထက် များပြားပြီး ပုံမှန်ရက်ထက် ကြာရှည်သည့် မူမမှန်သော ဓမ္မတာစက်ဝန်းတစ်ခုဖြစ်ပါတယ်။ ဒီရောဂါအကြောင်း အတိုချုပ်ပြီး ရေးသားလိုက်ပါတယ်။
ရောဂါလက္ခဏာတွေကတော့
- Sanitary pad ကိုတစ်နာရီတစ်ကြိမ်လဲနေရတာ နာရီပေါင်းများစွာဆက်တိုက်ဖြစ်နေခြင်း
- တစ်ပတ်ထက်ပိုပြီး သွေးဆင်းနေခြင်း
- ညဘက်တွင်လည်း မကြာခဏထ၍ Pads လဲလှယ်ရသည်အထိ ရာသီသွေးများခြင်း
- သွးခဲများဆင်းခြင်း
- နေ့စဉ်လုပ်ငန်းဆောင်တာများပျက်ကွက်သည်အထိ ရာသီသွေးဆင်းများခြင်း
- မောပန်းလွယ်ခြင်း၊ နုံးခွေခြင်း၊ ဖျော့တော့ခြင်း
အစရှိသည့် သွေးအားနည်းလက္ခဏာများပေါ်လာခြင်း စတာတွေပဲဖြစ်ပါတယ်။
ဘာကြောင့်ဖြစ်ရသလဲဆိုရင်တော့
- ဟော်မုန်းဓာတ်မညီမျှခြင်း
ပုံမှန်ရာသီစက်ဝိုင်းမှာ Estrogen နဲ့ Progesterone ဆိုတဲ့ဟော်မုန်းနှစ်ခုဟာ သားအိမ်နံရံကြွေကျပျက်စီးခြင်းကို ထိန်းညှိပေးထားပါတယ်။ ဟော်မုန်းဓာတ်တွေ မညီမျှတဲ့အခါမှာတော့ သားအိမ်ရဲ့နံရံဟာ ဖွံ့ဖြိုးမှုတွေများလွန်းလာပြီး ကြွေကျတဲ့အခါမှာလည်း သွေးတွေအများကြီးဆင်းတတ်ပါတယ်။ Polycystic Ovary Syndrome လို့ခေါ်တဲ့ ရောဂါ၊ လည်ပင်းကသိုင်းရွိုက်အကြိတ်မူမမှန်တဲ့ရောဂါ၊ အဝလွန်ရောဂါ၊ Insulin Resistance ရနေတဲ့အခြေအနေ စတာတွေမှာ ဖြစ်တတ်ပါတယ်။
- သားဥအိမ်ပုံမှန်အလုပ်မလုပ်ခြင်း
- သားအိမ်ထဲတွင် အလုံးရှိခြင်း
- သားအိမ်ထဲထည့်သော ကိုယ်ဝန်တားပစ္စည်းများကြောင့် သွေးဆင်းများခြင်း
- Adenomyosis ဟုခေါ်သော သားအိမ်တွင်းရှိ ဂလင်းများ ပွားများနစ်မြှုပ်နေသောအခြေအနေကြောင့် သွေးဆင်းများခြင်း
- သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာကြောင့် သွေးဆင်းများခြင်း
- မျိုးရိုးလိုက်သော သွေးမတိတ်သောရောဂါရှိခြင်း
- ကိုယ်ဝန်ပျက်ကျခြင်းကြောင့် သွေးဆင်းခြင်း
စတာတွေဟာဖြစ်တတ်တဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် လိုအပ်တဲ့စစ်ဆေးမှုတွေကတော့
- သွေးစစ်ခြင်း
- သားအိမ်ခေါင်းမှဆဲလ်ကိုယူပြီးစစ်ဆေးခြင်း (Pap test)
- သားအိမ်မှအသားစယူခြင်း
- တီဗီဓာတ်မှန်ရိုက်ခြင်း
စတာတွေပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေပြသနေရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။
- NSAID ခေါ် Non steroidal anti-inflammatory drugs တွေ
- Tranexamic Acid
- Oral Contraceptive (သန္ဓေတားဆေးများ)
- Oral Progesterone (ဟော်မုန်းဆေးများ)
စတဲ့ဆေးဝါးတွေနဲ့လိုအပ်သလို ဆရာဝန်ညွှန်ကြားချက်နဲ့ ဆေးကုသမှုခံယူလို့ရပါတယ်လို့ ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
မ်ားျပားလွတဲ့ရာသီေသြး
”ဆရာမေရ”
ေခၚသံနဲ႔အတူ ေဆးခန္းထဲသို႔ ဝင္လာတာက အသက္ငါးဆယ္အရြယ္အမ်ိဳးသမီးႀကီးတစ္ဦးနဲ႔ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ဦး။
”ဘာျဖစ္လဲေျပာပါဦး”
”သမီးေလးက ရာသီလာရင္ အရမ္းမ်ားတယ္လို႔ေျပာလို႔ပါ ဆရာမ”
”ဟုတ္လား တစ္ရက္ကို အမ်ိဳးသမီးသံုးပစၥည္း ဘယ္ႏွစ္ခုေလာက္ကုန္လဲ သမီး”
”တစ္နာရီတစ္ခါေလာက္ လဲေနရတယ္ ဆရာမ။ ၿပီးေတာ့ရာသီလာတာမ်ားလြန္းေတာ့ လူကနံုးေနတယ္။ သမီးေက်ာင္းလည္းမသြားႏိုင္ဘူး။”
ကေလးမေလးမ်က္ႏွာကလည္း အနည္းငယ္ေဖ်ာ့ေတာ့ေနသည္။ စမ္းသပ္ၾကည့္ေတာ့ ေသြးအားနည္းသည့္လကၡဏာလည္း ရွိသည္။ ဒီကေလးမသည္ ရာသီလာလွ်င္ မ်ားလြန္း၍ အမိ်ဳးသမီးသံုးပစၥည္း ႏွစ္ခုေလာက္ခံသံုးရသည္ဟုလည္းဆိုသည္။ ညအိပ္ခ်ိန္တြင္လည္း ထ၍ အမ်ိဳးသမီးသံုးလစဥ္သံုးပစၥည္းခဏခဏထလဲေနရသည္တဲ့။
”ေသြးခဲေတြေရာ ပါလားသမီး”
”ပါတယ္ဆရာမ”
”ခုရာသီလာတာေရာ ဘယ္ေလာက္ၾကာေနၿပီလဲ”
”ခုတစ္ပတ္ေက်ာ္ၿပီ ဆရာမ မရပ္ေသးဘူး”
ဒီကေလးမေလးတြင္ Menorrhagia ဟုေခၚေသာ ဓမၼတာမ်ားျပား ပံုမမွန္သည့္ေရာဂါျဖစ္ေနသည္မွာေသခ်ာသေလာက္ရွိေနေလၿပီ။ Menorrhagia သည္ ပံုမွန္ထက္ မ်ားျပားၿပီး ပံုမွန္ရက္ထက္ ႀကာရွည္သည့္ မူမမွန္ေသာ ဓမၼတာစက္ဝန္းတစ္ခုျဖစ္ပါတယ္။ ဒီေရာဂါအေၾကာင္း အတိုခ်ဳပ္ၿပီး ေရးသားလိုက္ပါတယ္။
ေရာဂါလကၡဏာေတြကေတာ့
- Sanitary pad ကိုတစ္နာရီတစ္ႀကိမ္လဲေနရတာ နာရီေပါင္းမ်ားစြာဆက္တိုက္ျဖစ္ေနျခင္း
- တစ္ပတ္ထက္ပိုၿပီး ေသြးဆင္းေနျခင္း
- ညဘက္တြင္လည္း မၾကာခဏထ၍ Pads လဲလွယ္ရသည္အထိ ရာသီေသြးမ်ားျခင္း
- သြးခဲမ်ားဆင္းျခင္း
- ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားပ်က္ကြက္သည္အထိ ရာသီေသြးဆင္းမ်ားျခင္း
- ေမာပန္းလြယ္ျခင္း၊ နံုးေခြျခင္း၊ ေဖ်ာ့ေတာ့ျခင္း
အစရွိသည့္ ေသြးအားနည္းလကၡဏာမ်ားေပၚလာျခင္း စတာေတြပဲျဖစ္ပါတယ္။
ဘာေၾကာင့္ျဖစ္ရသလဲဆိုရင္ေတာ့
- ေဟာ္မုန္းဓာတ္မညီမွ်ျခင္း
ပံုမွန္ရာသီစက္ဝိုင္းမွာ Estrogen နဲ႔ Progesterone ဆိုတဲ့ေဟာ္မုန္းႏွစ္ခုဟာ သားအိမ္နံရံေႂကြက်ပ်က္စီးျခင္းကို ထိန္းညွိေပးထားပါတယ္။ ေဟာ္မုန္းဓာတ္ေတြ မညီမွ်တဲ့အခါမွာေတာ့ သားအိမ္ရဲ႕နံရံဟာ ဖြံ႕ၿဖိဳးမႈေတြမ်ားလြန္းလာၿပီး ေႂကြက်တဲ့အခါမွာလည္း ေသြးေတြအမ်ားႀကီးဆင္းတတ္ပါတယ္။ Polycystic Ovary Syndrome လို႔ေခၚတဲ့ ေရာဂါ၊ လည္ပင္းကသိုင္းရြိဳက္အႀကိတ္မူမမွန္တဲ့ေရာဂါ၊ အဝလြန္ေရာဂါ၊ Insulin Resistance ရေနတဲ့အေျခအေန စတာေတြမွာ ျဖစ္တတ္ပါတယ္။
- သားဥအိမ္ပံုမွန္အလုပ္မလုပ္ျခင္း
- သားအိမ္ထဲတြင္ အလံုးရွိျခင္း
- သားအိမ္ထဲထည့္ေသာ ကိုယ္ဝန္တားပစၥည္းမ်ားေၾကာင့္ ေသြးဆင္းမ်ားျခင္း
- Adenomyosis ဟုေခၚေသာ သားအိမ္တြင္းရွိ ဂလင္းမ်ား ပြားမ်ားနစ္ျမႇုပ္ေနေသာအေျခအေနေၾကာင့္ ေသြးဆင္းမ်ားျခင္း
- သားအိမ္ကင္ဆာနဲ႔ သားအိမ္ေခါင္းကင္ဆာေၾကာင့္ ေသြးဆင္းမ်ားျခင္း
- မ်ိဳး႐ိုးလိုက္ေသာ ေသြးမတိတ္ေသာေရာဂါရွိျခင္း
- ကိုယ္ဝန္ပ်က္က်ျခင္းေၾကာင့္ ေသြးဆင္းျခင္း
စတာေတြဟာျဖစ္တတ္တဲ့ အေၾကာင္းအရင္းေတြပဲျဖစ္ပါတယ္။ ဒီလိုျဖစ္လာရင္ လိုအပ္တဲ့စစ္ေဆးမႈေတြကေတာ့
- ေသြးစစ္ျခင္း
- သားအိမ္ေခါင္းမွဆဲလ္ကိုယူၿပီးစစ္ေဆးျခင္း (Pap test)
- သားအိမ္မွအသားစယူျခင္း
- တီဗီဓာတ္မွန္႐ိုက္ျခင္း
စတာေတြပဲျဖစ္ပါတယ္။
ေရာဂါလကၡဏာေတြျပသေနရင္ေတာ့ ဆရာဝန္နဲ႔သြားေရာက္ျပသသင့္ပါတယ္။
- NSAID ေခၚ Non steroidal anti-inflammatory drugs ေတြ
- Tranexamic Acid
- Oral Contraceptive (သေႏၶတားေဆးမ်ား)
- Oral Progesterone (ေဟာ္မုန္းေဆးမ်ား)
စတဲ့ေဆးဝါးေတြနဲ႔လိုအပ္သလို ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ ေဆးကုသမႈခံယူလို႔ရပါတယ္လို႔ ေရးသားလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)